ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

မုံရြာၿမိဳ႕သုသာန္ႏွစ္ခုမွ  ပရေလာကသား ၀ိညာဥ္မ်ားကိုၾသ ဂုတ္ ၁၁ ရက္က ကားေျခာက္စီး ျဖင့္ ဖယ္ရွားေျပာင္းေရႊ႕ခဲ့ေၾကာင္းမုံရြာၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီဥကၠ႒ ဦးေက်ာ္မ်ဳိး၀င္းက ေျပာသည္။

လူေနအိမ္မ်ားႏွင့္ နီးကပ္ ေနေသာေၾကာင့္ ၿမိဳ႕သစ္ရပ္ကြက္ ႏွင့္ အိုးဘိုေထာင္ရပ္ကြက္ သု သာန္ႏွစ္ခုကို ဇြန္လ ၂၂ ရက္က စတင္ပိတ္ထားသည္။ ထို႔ေနာက္ ပရေလာက ၀ိညာဥ္မ်ားအား ၾသဂုတ္ ၁၁ ရက္ မြန္းလဲြပိုင္းက ဆားက်င္းေက်းရြာအနီး ၿမိဳ႕မသုသာန္သို႔ေျပာင္းေရႊ႕ခဲ့သည္။

‘‘၀ိညာဥ္ေတြ၊ ပရေလာက သားေတြကို စည္ပင္လုပ္ထုံးလုပ္ နည္းနဲ႔အညီ ေျပာင္းေရႊ႕ၿပီးၿပီဆုိ ေတာ့ စက္ယႏၲရားေတြနဲ႔ ရွင္း လင္းေရး လုပ္ငန္းေတြ ေဆာင္ ရြက္မယ္။ ထုံးစံအတုိင္းကေတာ့ သုသာန္ ပိတ္သိမ္းၿပီးၿပီဆုိရင္ တုိင္းေဒသႀကီးအစုိးရ ပိုင္ေျမျဖစ္ သြားၿပီ။ တုိင္းေဒသႀကီး အစိုးရ ကေန စည္ပင္ကေျမလိုအပ္ရင္ စည္ပင္ခ်ေပးတယ္။ ေဆာက္ လုပ္ေရးကလိုရင္ ေဆာက္လုပ္ ေရးခ်ေပးတယ္။ လႊတ္ေတာ္က လုိရင္လႊတ္ေတာ္ကို ခ်ေပးတာ ေတြ လုပ္တယ္’’ဟု ဦးေက်ာ္မ်ဳိး ၀င္းက ေျပာသည္။

လက္ရွိတြင္ ပိတ္သိမ္းသည့္ သုသာန္ႏွစ္ခုအစား ဆားက်င္းႏွင့္ ျမနႏၵာရပ္ကြက္ သုသာန္မ်ား၌ အသုံးျပဳေနေၾကာင္း အိုးဘုိေထာင္ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးေအးေဇာ္၀င္းက ဆုိသည္။

‘‘အိုးဘိုေထာင္သုသာန္က ေတာ့ ႏွစ္ေပါင္းၾကာၿပီ။ရြာစတည္ကတည္းကလုိ႔ ေျပာလို႔ရတယ္။ အခုအသက္ႀကီးတဲ့သူေတြလည္း ဘယ္တုန္းက ရြာတည္တာဆိုတာ အတိအက်မသိၾကဘူး။ ႏွစ္ေပါင္းရာေက်ာ္ေနၿပီေပါ့။ ၿမိဳ႕သစ္သုသာန္ကေတာ့ ၁၉၉၈ ေလာက္မွာ အိုးဘိုေထာင္ရြာက လယ္ယာေျမေတြကို ၀ယ္ၿပီး သုသာန္ျပဳလုပ္ခဲ့တာပါ။ အခုေတာ့ သုသာန္ႏွစ္ခုစလုံး အသုံးမျပဳေတာ့ဘဲ ဆားက်င္းသုသာန္နဲ႔ ျမနႏၵာသုသာန္ကိုပဲ အသုံးျပဳေနတယ္’’ဟု ၎ကေျပာသည္။

ယင္းသုသာန္ႏွစ္ခု ပိတ္ သိမ္းခဲ့သျဖင့္ နာေရး ျဖစ္ေပၚလာပါက နာေရးေထာက္ပံ့ေငြ က်ပ္သုံးေသာင္းႏွင့္ ဆားက်င္းႏွင့္ ျမနႏၵာသုသာန္တြင္ သၿဂႋဳဟ္စရိတ္အခမဲ့ျဖင့္ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီက ကူညီေထာက္ပ့ံမည္ ျဖစ္သည္။

အုိးဘုိေထာင္ ရပ္ကြက္ႏွင့္ ၿမိဳ႕သစ္ရပ္ကြက္ ေဒသခံမ်ားက မုံရြာၿမိဳ႕၏ ေျမာက္ဘက္အပိုင္းတြင္ သုသာန္၊သၿဂႋဳဟ္စက္ ျပဳလုပ္ေပးရန္ ေတာင္းဆုိမႈမ်ားရွိခဲ့ၿပီး အဆုိပါ သၿဂႋဳဟ္စက္ပါရွိေသာ သုသာန္ေျမတည္ေဆာက္ေပးႏုိင္မည့္ အခ်ိန္ကာလအထိ ကူညီေထာက္ပံ့မႈမ်ား ဆက္လက္ေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း ဦးေအးေဇာ္၀င္းက ဆုိသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
မုံရွာမြို့သုသာန်နှစ်ခုမှ  ပရလောကသား ဝိညာဉ်များကိုသြ ဂုတ် ၁၁ ရက်က ကားခြောက်စီး ဖြင့် ဖယ်ရှားပြောင်းရွှေ့ခဲ့ကြောင်းမုံရွာမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မျိုးဝင်းက ပြောသည်။

လူနေအိမ်များနှင့် နီးကပ် နေသောကြောင့် မြို့သစ်ရပ်ကွက် နှင့် အိုးဘိုထောင်ရပ်ကွက် သု သာန်နှစ်ခုကို ဇွန်လ ၂၂ ရက်က စတင်ပိတ်ထားသည်။ ထို့နောက် ပရလောက ဝိညာဉ်များအား သြဂုတ် ၁၁ ရက် မွန်းလွဲပိုင်းက ဆားကျင်းကျေးရွာအနီး မြို့မသုသာန်သို့ပြောင်းရွှေ့ခဲ့သည်။

‘‘ဝိညာဉ်တွေ၊ ပရလောက သားတွေကို စည်ပင်လုပ်ထုံးလုပ် နည်းနဲ့အညီ ပြောင်းရွှေ့ပြီးပြီဆို တော့ စက်ယန္တရားတွေနဲ့ ရှင်း လင်းရေး လုပ်ငန်းတွေ ဆောင် ရွက်မယ်။ ထုံးစံအတိုင်းကတော့ သုသာန် ပိတ်သိမ်းပြီးပြီဆိုရင် တိုင်းဒေသကြီးအစိုးရ ပိုင်မြေဖြစ် သွားပြီ။ တိုင်းဒေသကြီး အစိုးရ ကနေ စည်ပင်ကမြေလိုအပ်ရင် စည်ပင်ချပေးတယ်။ ဆောက် လုပ်ရေးကလိုရင် ဆောက်လုပ် ရေးချပေးတယ်။ လွှတ်တော်က လိုရင်လွှတ်တော်ကို ချပေးတာ တွေ လုပ်တယ်’’ဟု ဦးကျော်မျိုး ဝင်းက ပြောသည်။

လက်ရှိတွင် ပိတ်သိမ်းသည့် သုသာန်နှစ်ခုအစား ဆားကျင်းနှင့် မြနန္ဒာရပ်ကွက် သုသာန်များ၌ အသုံးပြုနေကြောင်း အိုးဘိုထောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးဇော်ဝင်းက ဆိုသည်။

‘‘အိုးဘိုထောင်သုသာန်က တော့ နှစ်ပေါင်းကြာပြီ။ရွာစတည်ကတည်းကလို့ ပြောလို့ရတယ်။ အခုအသက်ကြီးတဲ့သူတွေလည်း ဘယ်တုန်းက ရွာတည်တာဆိုတာ အတိအကျမသိကြဘူး။ နှစ်ပေါင်းရာကျော်နေပြီပေါ့။ မြို့သစ်သုသာန်ကတော့ ၁၉၉၈ လောက်မှာ အိုးဘိုထောင်ရွာက လယ်ယာမြေတွေကို ဝယ်ပြီး သုသာန်ပြုလုပ်ခဲ့တာပါ။ အခုတော့ သုသာန်နှစ်ခုစလုံး အသုံးမပြုတော့ဘဲ ဆားကျင်းသုသာန်နဲ့ မြနန္ဒာသုသာန်ကိုပဲ အသုံးပြုနေတယ်’’ဟု ၎င်းကပြောသည်။

ယင်းသုသာန်နှစ်ခု ပိတ် သိမ်းခဲ့သဖြင့် နာရေး ဖြစ်ပေါ်လာပါက နာရေးထောက်ပံ့ငွေ ကျပ်သုံးသောင်းနှင့် ဆားကျင်းနှင့် မြနန္ဒာသုသာန်တွင် သင်္ဂြိုဟ်စရိတ်အခမဲ့ဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီက ကူညီထောက်ပံ့မည် ဖြစ်သည်။

အိုးဘိုထောင် ရပ်ကွက်နှင့် မြို့သစ်ရပ်ကွက် ဒေသခံများက မုံရွာမြို့၏ မြောက်ဘက်အပိုင်းတွင် သုသာန်၊သင်္ဂြိုဟ်စက် ပြုလုပ်ပေးရန် တောင်းဆိုမှုများရှိခဲ့ပြီး အဆိုပါ သင်္ဂြိုဟ်စက်ပါရှိသော သုသာန်မြေတည်ဆောက်ပေးနိုင်မည့် အချိန်ကာလအထိ ကူညီထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဦးအေးဇော်ဝင်းက ဆိုသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top