Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

လိပ္ကြၽန္းလူသတ္မႈျဖင့္ ေသဒဏ္က်ခံေနရေသာ ျမန္မာလုပ္သား ႏွစ္ဦးအမႈအတြက္ ေနာက္ဆံုးတင္သြင္းရမည့္ အယူခံကို ဩဂုတ္ ၂၁ ရက္တြင္ တင္သြင္းမည္ျဖစ္ေၾကာင္း သတင္း ရရွိသည္။

ဩဂုတ္ ၁၅ ရက္တြင္ ျမန္မာသံအမတ္ႀကီးအပါအဝင္ လိပ္ ကြၽန္းလူသတ္မႈ ျမန္မာသံ႐ံုးအထူးအဖြဲ႕ တာဝန္ရွိသူမ်ားက ထိုင္း ႏုိင္ငံေရွ႕ေနမ်ားေကာင္စီႏွင့္ ေတြ႕ဆံုေဆြးေႏြးခဲ့သည္။ ထိုေတြ႕ဆံုမႈ အၿပီးတြင္ ထိုင္းႏုိင္ငံေရွ႕ေနမ်ား ေကာင္စီ အတြင္းေရးမွဴး ေရွ႕ေန တစ္ဦးက ဩဂုတ္ ၁၈ ရက္တြင္ တင္သြင္းမည္ဟု ေျပာၾကားခဲ့ ေၾကာင္း ျမန္မာသံ႐ံုးအထူးအဖြဲ႕ ေရွ႕ေန ဦးေအာင္မ်ိဳးသန္႔က ေျပာ သည္။


 ‘‘ထိုင္းေ႐ွ႕ေနေတြကလည္း တင္ဖို႔အတြက္အဆင္သင့္ျဖစ္ေနၿပီေပါ့။ အယူခံကို ၂၁ရက္မွာ တင္သြားမွာေပါ့။ျမန္မာဘက္က ေပးပို႔တဲ့ အခ်က္ေတြရယ္ေပါင္းၿပီး တင္သြားမွာပါ’’ဟု ျမန္မာသံ႐ုံးအထူးအဖြဲ႔မွ ဦးထူးခ်စ္က ေျပာသည္။

 ေသဒဏ္က်ခံေနရေသာ ျမန္မာလုပ္သားႏွစ္ဦး အမႈအတြက္ ေနာက္ဆံုးတင္သြင္းရမည့္ အယူခံကို ဩဂုတ္ ၂၁ ရက္ေနာက္ဆံုးထားတင္သြင္းရန္ ေကာ့စမြီ တရား႐ံုးက ဆံုးျဖတ္ထားသည္။

ျမန္မာလုပ္သားႏွစ္ဦးအမႈ အတြက္ ေနာက္ဆံုးတင္သြင္းရ မည့္ အယူခံတြင္ ထည့္သြင္းအ သံုးျပဳရန္ ျမန္မာဥပေဒအႀကံေပး ကိုယ္စားလွယ္အဖြဲ႕က စာမ်က္ ႏွာ ခုနစ္မ်က္ႏွာပါရွိသည့္ အထူး အႀကံျပဳခ်က္မ်ားကို ထိုင္းႏိုင္ငံ ေရွ႕ေနမ်ားေကာင္စီသို႔ ေပးအပ္ ထားေၾကာင္း ျမန္မာသံ႐ံုးအထူး အဖြဲ႕မွ ဦးထူးခ်စ္က ေျပာသည္။

 ျမန္မာအႀကံေပးအဖြဲ႕က ေပးပုိ႔သည့္အခ်က္ႏွင့္ ထိုင္းႏုိင္ငံ ေရွ႕ေနမ်ားေကာင္စီက ေရြးခ်ယ္ ထားသည့္အခ်က္မ်ားကို စုေပါင္း တင္ျပမည္ျဖစ္ေၾကာင္း ကိုမင္းဦး က ေျပာသည္။

ယခုကဲ့သို႔ ျမန္မာဥပေဒအ ႀကံေပးအဖြဲ႕က လိပ္ကြၽန္းအမႈႏွင့္ ပတ္သက္၍ ဥပေဒအႀကံျပဳခ်က္ ေပးပို႔ျခင္းသည္ ပထမဆံုးျဖစ္ၿပီး ယခင္က အမႈအမိန္႔ခ်ခဲ့သည့္ အ ဆင့္ဆင့္တြင္ ဥပေဒအႀကံျပဳခ်က္ ေပးပို႔ခဲ့ျခင္းမရွိေပ။ ေသဒဏ္အ ျပစ္ေပးခံထားရေသာ ျမန္္မာလုပ္ သားႏွစ္ဦးကို အျပစ္မွလြတ္ၿငိမ္း ခ်မ္းသာခြင့္ေပးရန္ ထိုင္းလူမ်ိဳး မ်ား ယံုၾကည္အားထားေသာ အၾကားအျမင္ဆရာမအီးတီက ေမလ ၃ ရက္၌ ျမန္မာႏုိင္ငံဆုိင္ရာ ထိုင္းသံအမတ္ႀကီးႏွင့္ ေတြ႕ဆံု၍ အသနားခံစာ ေပးပို႔ခဲ့သည္။

အယူခံတင္သြင္းမႈကို ထိုင္း အစိုးရက မတ္လ ၂၃ ရက္အ တြင္း တင္သြင္းရန္ မူလက သတ္ မွတ္ထားေသာ္လည္း ျပင္ဆင္ခ်ိန္ မလံုေလာက္မႈေၾကာင့္ အခ်ိန္တိုး ေပးရန္ ျမန္မာသံ႐ံုးအထူးအဖြဲ႕က ပထမဆံုးအႀကိမ္ ေတာင္းဆုိရာ ဧၿပီ ၂၃ ရက္အထိ တိုးေပးခဲ့သည္။

 ယင္းသတ္မွတ္ခ်ိန္သည္ လည္း မလံုေလာက္ေသာေၾကာင့္ ထပ္မံ၍ ငါးႀကိမ္ေျမာက္အထိ ထပ္တိုးေပးရန္ ေတာင္းဆုိသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
 လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ကျခံနေရသော မြန်မာ လုပ်သား နှစ်ဦးအမှုအတွက် နောက်ဆုံးတင်သွင်းရမည့် အယူ ခံကို ဩဂုတ် ၂၁ ရက်တွင် တင် သွင်းမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ဩဂုတ် ၁၅ ရက်တွင် မြန်မာသံအမတ်ကြီးအပါအဝင် လိပ် ကျွန်းလူသတ်မှု မြန်မာသံရုံးအထူးအဖွဲ့ တာဝန်ရှိသူများက ထိုင်း နိုင်ငံရှေ့နေများကောင်စီနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုတွေ့ဆုံမှု အပြီးတွင် ထိုင်းနိုင်ငံရှေ့နေများ ကောင်စီ အတွင်းရေးမှူး ရှေ့နေ တစ်ဦးက ဩဂုတ် ၁၈ ရက်တွင် တင်သွင်းမည်ဟု ပြောကြားခဲ့ ကြောင်း မြန်မာသံရုံးအထူးအဖွဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြော သည်။


 ‘‘ထိုင်းရှေ့နေတွေကလည်း တင်ဖို့အတွက်အဆင်သင့်ဖြစ်နေပြီပေါ့။ အယူခံကို ၂၁ရက်မှာ တင်သွားမှာပေါ့။မြန်မာဘက်က ပေးပို့တဲ့ အချက်တွေရယ်ပေါင်းပြီး တင်သွားမှာပါ’’ဟု မြန်မာသံရုံးအထူးအဖွဲ့မှ ဦးထူးချစ်က ပြောသည်။

 သေဒဏ်ကျခံနေရသော မြန်မာလုပ်သားနှစ်ဦး အမှုအ တွက် နောက်ဆုံးတင်သွင်းရမည့် အယူခံကို ဩဂုတ် ၂၁ ရက်နောက်ဆုံးထားတင်သွင်းရန် ကော့စမွီ တရားရုံးက ဆုံးဖြတ်ထားသည်။

မြန်မာလုပ်သားနှစ်ဦးအမှု အတွက် နောက်ဆုံးတင်သွင်းရ မည့် အယူခံတွင် ထည့်သွင်းအ သုံးပြုရန် မြန်မာဥပဒေအကြံပေး ကိုယ်စားလှယ်အဖွဲ့က စာမျက် နှာ ခုနစ်မျက်နှာပါရှိသည့် အထူး အကြံပြုချက်များကို ထိုင်းနိုင်ငံ ရှေ့နေများကောင်စီသို့ ပေးအပ် ထားကြောင်း မြန်မာသံရုံးအထူး အဖွဲ့မှ ဦးထူးချစ်က ပြောသည်။

 မြန်မာအကြံပေးအဖွဲ့က ပေးပို့သည့်အချက်နှင့် ထိုင်းနိုင်ငံ ရှေ့နေများကောင်စီက ရွေးချယ် ထားသည့်အချက်များကို စုပေါင်း တင်ပြမည်ဖြစ်ကြောင်း ကိုမင်းဦး က ပြောသည်။

ယခုကဲ့သို့ မြန်မာဥပဒေအ ကြံပေးအဖွဲ့က လိပ်ကျွန်းအမှုနှင့် ပတ်သက်၍ ဥပဒေအကြံပြုချက် ပေးပို့ခြင်းသည် ပထမဆုံးဖြစ်ပြီး ယခင်က အမှုအမိန့်ချခဲ့သည့် အ ဆင့်ဆင့်တွင် ဥပဒေအကြံပြုချက် ပေးပို့ခဲ့ခြင်းမရှိပေ။ သေဒဏ်အ ပြစ်ပေးခံထားရသော မြန်မာလုပ် သားနှစ်ဦးကို အပြစ်မှလွတ်ငြိမ်း ချမ်းသာခွင့်ပေးရန် ထိုင်းလူမျိုး များ ယုံကြည်အားထားသော အကြားအမြင်ဆရာမအီးတီက မေလ ၃ ရက်၌ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးနှင့် တွေ့ဆုံ၍ အသနားခံစာ ပေးပို့ခဲ့သည်။

အယူခံတင်သွင်းမှုကို ထိုင်း အစိုးရက မတ်လ ၂၃ ရက်အ တွင်း တင်သွင်းရန် မူလက သတ် မှတ်ထားသော်လည်း ပြင်ဆင်ချိန် မလုံလောက်မှုကြောင့် အချိန်တိုး ပေးရန် မြန်မာသံရုံးအထူးအဖွဲ့က ပထမဆုံးအကြိမ် တောင်းဆိုရာ ဧပြီ ၂၃ ရက်အထိ တိုးပေးခဲ့သည်။

 ယင်းသတ်မှတ်ချိန်သည် လည်း မလုံလောက်သောကြောင့် ထပ်မံ၍ ငါးကြိမ်မြောက်အထိ ထပ်တိုးပေးရန် တောင်းဆိုသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top