ကန်တော်ကြီးအနီး နိုင်ငံတကာအဆင့်မီ Royal Garden View ကွန်ဒို အထူးအရောင်းပြပွဲ
×
၃။ အပြစ်အနာအဆာ
၅။ငွေရေးကြေးရေးပြဿနာ
Source- careinfo
Credit: todaybago
#Unicode Version#
ဒီနေ့ခေတ်လူတွေက ဆိုရှယ်မီဒီယာပေါ်မှာ သူတို့ရဲ့အချက်အလက်တွေကို ဝေမျှဖို့ နှစ်သက်ကြပါတယ်။ အလုပ်အကိုင်အသေးစိတ်၊ တည်နေရာတွေ၊ ပျော်စရာနေရာတွေ၊ ဓါတ်ပုံတွေ ၊ ဇာတ်လမ်းတွေစတဲ့ သတင်းအချက်အလက်စတဲ့ ပုံစံများစွာ ရှိကြပါတယ်။ သင့်ရဲ့ပတ်ဝန်းကျင်က တခြားလူတွေကို ဒါမှမဟုတ် ဆိုရှယ်မီဒီယာပေါ်မှာ သတင်းအချက်အလက်အချို့ကို ဝေမျှခြင်းက ကောင်းမွန်ပေမယ့် သင့်ရဲ့အချစ်ရေးကဲ့သို့သော ပုဂ္ဂိုလ်ရေး သတင်းအချက်အလက် အချို့ကို အမြဲတမ်း လျှို့ဝှက်ထိန်းသိမ်းသင့် ပါတယ်။
အချစ်ရေးနဲ့ ပတ်သတ်ပြီး သင့်ရဲ့လူမှုကွန်ယက်မှာ မဝေမျှသင့်ပါဘူး။ အချစ်ရေးနှင့်ပတ်သက်ပြီး ဘယ်လိုအကြောင်းအရာတွေကို ဆိုရှယ်မီဒီယာပေါ်မှာ မဝေမျှသင့်ဘူးဆိုတာ Today Bago ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။
၁။ သင်တို့နီးစပ်နေတဲ့အကြောင်း
လူအများစုက ဆိုရှယ်မီဒီယာပေါ်မှာ သူတို့ရဲ့ရင်းနှီးတဲ့ ဆက်ဆံရေးအကြောင်းနှင့်ပတ်သတ်တဲ့ သတင်းအချက်အလက်များကို ဝေမျှနေတာကို တွေ့နိုင်ပါတယ်။ ရေရှည်လက်တွဲသွားမယ့် သင့်တို့အချစ်ရေးကို ဆိုရှယ်မီဒီယာပေါ်မှာ မတင်ဘဲ လိျှု့ဝှက်ထားသင့်ပါတယ်။ ခိုင်မာပြီးရင်းနှီးတဲ့ သင့်တို့အချစ်ရေးကို ထိန်းသိမ်းဖို့ လေးနက်တဲ့သတင်းအချက်အလက်တချို့ရှိပါစေ။
၂။ အငြင်းပွားခြင်းများနဲ့ ရန်ပွဲများ
စုံတွဲတွေကြားမှာ ရန်ပွဲတွေ အငြင်းပွားမှုတွေက အမြဲတမ်းရှိနိုင်ပါတယ်။ ဒီလိုအရာတွေကို သင့်ပတ်ဝန်းကျင်က တခြားလူတွေကို ဝေမျှဖို့ မလိုအပ်ပါဘူး။ ဒါက သင်နဲ့ သင့်လက်တွဲဖော်အကြား လျှို့ဝှက်ထားသင့်တဲ့အရာ ဖြစ်ပါတယ်။ လူအများစုက သူတို့စိတ်ထဲက စိတ်ဖိစီးမှုတွေ လျော့ကျဖို့ သူတို့ရင်းနှီးသူတွေကို ပြောဆိုခြင်းဖြင့် ဝေမျှကြပါတယ်။ ဝေမျှခြင်းက ကောင်းပေမယ့် အားလုံးတော့မဟုတ်ပါဘူး။ သင့်ရဲ့စိတ်ဖိစီးမှုကို သက်သာလိမ့်မယ်လို့ သင်ထင်ပေမယ့် ဒါက လူတစ်ယောက်ရှေ့မှာ အမှားတစ်ခုကို ဖန်တီးခြင်း ဖြစ်ပါလိမ့်မယ်။
၃။ အပြစ်အနာအဆာ
လူအားလုံးက သူတို့လက်တွဲဖော်ကို ပြီးပြည့်စုံတဲ့သူ ဖြစ်ချင်ကြပေမယ့် တကယ်တာ့ ဘယ်သူကမှ မပြည့်စုံပါဘူး။ သင်တို့ အချစ်ရေးက အချိန်ကြာလာတာနဲ့အမျှ တစ်ယောက်ရဲ့အပြစ်အနာအဆာတွေကို တစ်ယောက်က သိလာပါလိမ့်မယ်။ ဒီမပြည့်စုံမှုတွေကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာ သင်လေ့လာရပါလိမ့်မယ်။ သင့်လက်တွဲဖော်ရဲ့မပြည့်စုံမှုတွေကို ထိန်းသိမ်းထားသင့်ပြီး ဒါတွေကို ဝေမျှလျှင် သင်နဲ့ သင့်လက်တွဲဖော်အကြား ပြဿနာများနဲ့ ကိစ္စတစ်ချို့ ဖြစ်လာပါလိမ့်မယ်။
၄။ လက်တွဲဖော်ရဲ့ မိသားစုပြဿနာ
စုံတွဲအများစုက မိသားစုနဲ့ပတ်သတ်နေထိုင်ကြပြီး သူတို့သည် သူတို့မိသားစုဝင်တွေဆီက သေးငယ်တဲ့ပြဿနာများကို ရင်ဆိုင်ကြရပါတယ်။ သင့်လက်တွဲဖော်ရဲ့မိသားစုမှာ ဘယ်လိုပြဿနာမျိုးဖြစ်စေရှိနေလျှင် သင့်ရဲ့အချစ်ရေးမှာ အဲ့ဒီပြဿနာတွေကို ဘယ်တော့မှ မယူလာသင့်သလို သင့်ရဲ့လက်တွဲဖော်ကို ဘယ်တော့မှ မဝဖန်သင့်ပါဘူး။ ဒီလိုပြုလုပ်လျှင် သင့်လက်တွဲဖော်ကို နာကျင်မှုဖြစ်စေပါလိမ့်မယ်။
၅။ငွေရေးကြေးရေးပြဿနာ
လူတိုင်းမှာ ငွေကြေးပြဿနာနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ သင်တို့နှစ်ယောက် ရေရှည်လက်တွဲမှာဖြစ်လျှင် ပိုက်ဆံပြဿနာကို ရင်ဆိုင်ပါ။ ဒီပြဿနာကို သင့်မိသားစုနှင့်အတူ ဒါမှမဟုတ် တခြားလူတွေကို ဘယ်တော့မှ မဝေမျှသင့်ပါဘူး။ စုံတွဲအများစုက ဒီပြဿနာအတွက် ရန်ဖြစ်ကြပြီး သူတို့အကြား ပြဿနာကို ဖန်တီးနေခြင်းဖြစ်ပါတယ်။ တစ်ခါတရံမှာ ဒါက အချစ်ရေးမှာ ပြဿနာတစ်ခုဖြစ်စေပြီး သင့်အတွက် ရှုပ်ထွေးစေပါတယ်။ ဒီကိစ္စတွေကို သင်တို့နှစ်ယောက်အကြား နားလည်မှုနဲ့ဖြေရှင်းနိုင်ပါတယ်။
၆။ သင့်တို့ဆက်ဆံရေးအကြောင်းကို အသေးစိတ်ပြောပြတာ
ကောင်းမွန်တဲ့ အချစ်ရေးမျိုးရှိတာက သင်တို့နှစ်ဦးဘဝအတွက် အလွန်ကောင်းတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။ သင့်တို့အချစ်ရေးက မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ သွားနေလျှင် တခြားလူတွေကို ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး အသေးစိတ်ဘယ်တော့မှ မဝေမျှသင့်ပါဘူး။ လူအများစုက သင့်ဘဝရဲ့ကောင်းတဲ့အစိတ်အပိုင်းကို မနာလိုခြင်းရှိကြပါတယ်။ ဒါက သင်တို့နှစ်ယောက်အကြား ကြီးမားတဲ့ပြဿနာမျာကို ဖန်တီးပေးနိုင်ပြီး သင်တို့နှစ်ယောက်ရဲ့ သံယောဇဉ်ကြိုးကို ဆုံးရှုံးနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။
ဒါ့ကြောင့် သင့်တို့အချစ်ရေးမှာ ဒါတွေကို အမြဲတမ်းစောင့်ထိန်းထားဖို့ လိုပါတယ်။
Source- careinfo
ဖိုးသူတော် (www.phothutaw.com)
Credit: todaybago
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top