ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

အမ်ိဳးသားဒီမုိကေရစီ အဖြဲ႕ခ်ဳပ္ (NLD) ဥကၠ႒ေဟာင္း ဦးေအာင္ေရႊ၏ ႐ုပ္အေလာင္းကုိ မိသားစုဝင္မ်ား၏ ဆႏၵအရ ေန အိမ္၌ ငါးရက္ၾကာထားရိွမည္ျဖစ္ ၿပီး ၾသဂုတ္ ၁၇ ရက္တြင္ ရန္ကုန္ ၿမိဳ႕ရိွ ေရေဝးသုသာန္၌ မီး သၿဂႋဳဟ္မည္ဟု ဦးေအာင္ေရႊ၏ စ်ာပန က်င္းပေရး ေကာ္မတီ ဥကၠ႒ ေဒါက္တာမ်ိဳးၫြန္႔ကေျပာ ၾကားသည္။

ဦးေအာင္ေရႊ၏ စ်ာပနအ ခမ္းအနားေအာင္ျမင္စြာ က်င္းပ ႏုိင္ရန္ ၁၉ ဦးပါသည့္ စ်ာပန က်င္းပေရးေကာ္မတီကို ဖဲြ႕စည္း ထားသည္။ ဗဟိုအလုပ္အမႈ ေဆာင္ ဦးဉာဏ္ဝင္းႏွင့္ ရန္ကုန္ တုိင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း အပါအဝင္ NLD ေခါင္းေဆာင္ မ်ားက နာယကအျဖစ္ တာဝန္ယူ ထားသည္။

‘‘ဒါဟာ ကြၽန္ေတာ္တုိ႔ အဖြဲ႕ ခ်ဳပ္ရဲ႕ ေခါင္းေဆာင္တစ္ဦးရဲ႕ ေနာက္ဆံုးခရီးျဖစ္တဲ့အတြက္ အ ဖြဲ႕ခ်ဳပ္ရဲ႕ ညီၫြတ္မႈ၊ အင္အားရိွ မႈ၊ စည္းကမ္းရိွမႈကုိ ျပသတဲ့ ပြဲျဖစ္ရမယ္လို႔ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒က လမ္းၫႊန္ထားပါတယ္ ဗ်’’ဟု ေဒါက္တာမ်ိဳးၫြန္႔က ေျပာ သည္။ အသက္ (၉၉)ႏွစ္အရြယ္ ဦးေအာင္ေရႊသည္ ၾသဂုတ္ ၁၃ ရက္ ညက လူႀကီးေရာဂါျဖင့္ ဝိတိုရိယေဆး႐ံုတြင္ ကြယ္လြန္ခဲ့သည္။

ဦးေအာင္ေရႊ မကြယ္လြန္္မီ နာရီပုိင္းအလိုက ႏုိင္ငံေတာ္ သမၼတဦးထင္ေက်ာ္ လာေရာက္ ၾကည့္႐ႈခဲ့သည္။ ယခုဦးေအာင္ေရႊ ၏ စ်ာပနသုိ႔ ႏုိင္ငံေတာ္၏အတုိင္ ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစု ၾကည္လာေရာက္ရန္ အလားအ လာမ်ားေၾကာင္း NLD ေခါင္း ေဆာင္တစ္ဦးကေျပာသည္။

ဦးေအာင္ေရႊ၏ ႐ုပ္အ ေလာင္းကုိ အမွတ္ (၂၀/က) သုခဝတီလမ္း ၆ ရပ္ကြက္ ရန္ ကင္းၿမိဳ႕နယ္ရိွ ၎၏ ေနအိမ္တြင္ နာေရးကူညီမႈအသင္း (ရန္ကုန္) ၏ အစီအစဥ္ျဖင့္ အေအးစက္ ျဖင့္ ထားရိွသည္။

ဦးေအာင္ေရႊအား မီးသၿဂႋဳဟ္ျခင္းကို ၾသဂုတ္ ၁၇ ရက္ နံနက္ ၁၁ နာရီတြင္ ျပဳလုပ္မည္ျဖစ္ၿပီး အ႐ုိးျပာကုိ ဂူသြင္းမည္ဟု စ်ာပန က်င္းပေရးေကာ္မတီဝင္ ေဒၚလဲ့ လဲ့က ေျပာသည္။ မီးသၿဂႋဳဟ္ျခင္း မျပဳမီ အမွတ္တရ ေအာက္ေမ့ ျခင္းအခမ္းအနား ျပဳလုပ္မည္ဟု ၎ကဆုိသည္။

ဦးေအာင္ေရႊ၏ အ႐ုိးဂူတြင္ ၎ေျပာၾကားခဲ့သည့္ ‘‘ေခါင္း ေဆာင္ေကာင္း တစ္ဦးဟာ မိမိရဲ႕ ေနာက္လုိက္မ်ားကို အႏၲရာယ္ ကင္းကင္းနဲ႔ ပန္းတိုင္ဆီကုိ ေရာက္ေအာင္ ေခၚသြားႏုိင္ရ မယ္’’ဟူသည့္ အမွာစကားကုိ ေရး သားေဖာ္ျပမည္ဟုလည္း ေဒါက္ တာမ်ိဳးၫြန္႔က ေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily
#Unicode Version#
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေ၏ ရုပ်အလောင်းကို မိသားစုဝင်များ၏ ဆန္ဒအရ နေ အိမ်၌ ငါးရက်ကြာထားရှိမည်ဖြစ် ပြီး သြဂုတ် ၁၇ ရက်တွင် ရန်ကုန် မြို့ရှိ ရေဝေးသုသာန်၌ မီး သင်္ဂြိုဟ်မည်ဟု ဦးအောင်ရွှေ၏ ဈာပန ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်ကပြော ကြားသည်။

ဦးအောင်ရွှေ၏ ဈာပနအ ခမ်းအနားအောင်မြင်စွာ ကျင်းပ နိုင်ရန် ၁၉ ဦးပါသည့် ဈာပန ကျင်းပရေးကော်မတီကို ဖွဲ့စည်း ထားသည်။ ဗဟိုအလုပ်အမှု ဆောင် ဦးဉာဏ်ဝင်းနှင့် ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပါအဝင် NLD ခေါင်းဆောင် များက နာယကအဖြစ် တာဝန်ယူ ထားသည်။

‘‘ဒါဟာ ကျွန်တော်တို့ အဖွဲ့ ချုပ်ရဲ့ ခေါင်းဆောင်တစ်ဦးရဲ့ နောက်ဆုံးခရီးဖြစ်တဲ့အတွက် အ ဖွဲ့ချုပ်ရဲ့ ညီညွတ်မှု၊ အင်အားရှိ မှု၊ စည်းကမ်းရှိမှုကို ပြသတဲ့ ပွဲဖြစ်ရမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လမ်းညွှန်ထားပါတယ် ဗျ’’ဟု ဒေါက်တာမျိုးညွန့်က ပြော သည်။ အသက် (၉၉)နှစ်အရွယ် ဦးအောင်ရွှေသည် သြဂုတ် ၁၃ ရက် ညက လူကြီးရောဂါဖြင့် ဝိတိုရိယဆေးရုံတွင် ကွယ်လွန်ခဲ့သည်။

ဦးအောင်ရွှေ မကွယ်လွန်မီ နာရီပိုင်းအလိုက နိုင်ငံတော် သမ္မတဦးထင်ကျော် လာရောက် ကြည့်ရှုခဲ့သည်။ ယခုဦးအောင်ရွှေ ၏ ဈာပနသို့ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်လာရောက်ရန် အလားအ လာများကြောင်း NLD ခေါင်း ဆောင်တစ်ဦးကပြောသည်။

ဦးအောင်ရွှေ၏ ရုပ်အ လောင်းကို အမှတ် (၂၀/က) သုခဝတီလမ်း ၆ ရပ်ကွက် ရန် ကင်းမြို့နယ်ရှိ ၎င်း၏ နေအိမ်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ အစီအစဉ်ဖြင့် အအေးစက် ဖြင့် ထားရှိသည်။

ဦးအောင်ရွှေအား မီးသင်္ဂြိုဟ်ခြင်းကို သြဂုတ် ၁၇ ရက် နံနက် ၁၁ နာရီတွင် ပြုလုပ်မည်ဖြစ်ပြီး အရိုးပြာကို ဂူသွင်းမည်ဟု ဈာပန ကျင်းပရေးကော်မတီဝင် ဒေါ်လဲ့ လဲ့က ပြောသည်။ မီးသင်္ဂြိုဟ်ခြင်း မပြုမီ အမှတ်တရ အောက်မေ့ ခြင်းအခမ်းအနား ပြုလုပ်မည်ဟု ၎င်းကဆိုသည်။

ဦးအောင်ရွှေ၏ အရိုးဂူတွင် ၎င်းပြောကြားခဲ့သည့် ‘‘ခေါင်း ဆောင်ကောင်း တစ်ဦးဟာ မိမိရဲ့ နောက်လိုက်များကို အန္တရာယ် ကင်းကင်းနဲ့ ပန်းတိုင်ဆီကို ရောက်အောင် ခေါ်သွားနိုင်ရ မယ်’’ဟူသည့် အမှာစကားကို ရေး သားဖော်ပြမည်ဟုလည်း ဒေါက် တာမျိုးညွန့်က ပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top