လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

တနသၤာရီတိုင္း ကြၽန္းစုၿမိဳ႕နယ္၊ ေတာျပားႀကီးေက်းရြာအုပ္စု၊ ေရျပည့္ေအာ္ေက်းရြာရွိ ေနအိမ္ တအိမ္မွာ ကေလးငယ္မွ မစင္စြန္႔ေသာေၾကာင့္ ပေထြးျဖစ္သူမွ ေျခနဲ႔ ကန္သတ္မႈျဖစ္ပြားခဲ့ တယ္လို႔ ကြၽန္းစုၿမိဳ႕နယ္ စခန္းမႉးက ေျပာပါတယ္။

ၾသဂုတ္လ ၆ ရက္ေန႔က ကြ်န္းစုၿမိဳ႕နယ္ ေရျပည့္ေအာ္ေက်းရြာမွာ အသက္ ၃ ႏွစ္အရြယ္ ေမာင္ဇင္ႏိုင္ေထြးကို ေနအိမ္အေပၚထပ္ ပုခက္ထဲတြင္ မစင္စြန္႔တဲ့အတြက္ ပေထြးျဖစ္သူ ဝင္းကို(ခ)ကုလား (၂၅-ႏွစ္)က ကေလးရဲ႕ ရင္ဘတ္ကို ကန္ခဲ့တာပါ။

အခင္းျဖစ္ပြားခ်ိန္မွာ အေမျဖစ္သူ အသက္ ၂၂ ႏွစ္အရြယ္ မမီးငယ္ေထြးဟာ ကေလးကို ပုခက္ထဲမွာ သိပ္ထားၿပီး ေနအိမ္အနီးရွိ ဆိပ္ကမ္းမွာ ကုန္ထမ္းေနတယ္လို႔ သိရပါတယ္။

ကြၽန္းစုၿမိဳ႕နယ္ စခန္းမႉး ဒုရဲမႉးညႊန္႔ဝင္းက “ကေလးက အိမ္ေပၚထပ္က ပုခက္ထဲမွာ အိပ္ေနတာ။ အေမက အိမ္နားက ဆိပ္ကမ္းမွာ ကုန္အငွား သြားထမ္းေနတယ္။ အိမ္မွာက ပေထြးနဲ႔ ကေလးပဲ က်န္ခဲ့တယ္၊ ကေလးက မစင္စြန္႔ေတာ့ ပေထြးက ကေလးရဲ႕ ရင္ဘတ္ကို ေလး ငါးခ်က္ ကန္လိုက္ေတာ့ ကေလးက ဆန္႔ငင္္ဆန္႔ငင္ ျဖစ္ေနတဲ့အခ်ိန္ မေအကို ေအာ္ေခၚလို႔ မေအ အိမ္ေပၚေရာက္လာခ်ိန္ ကေလးက မေအရဲ႕ လက္ထဲမွာပဲ အသက္ထြက္သြားပါတယ္။ တရားခံကိုလည္း ခ်က္ခ်င္းပဲ ဖမ္းဆီးထားပါတယ္”လို႔ ေျပာပါတယ္။

လူသတ္မႈနဲ႔ပတ္သက္ၿပီး မယားပါသားျဖစ္သူကို ေသေအာင္ျပဳလုပ္သူ ဝင္းကို(ခ)ကုလားကို ဥပေဒအရ အေရးယူေပးဖို႔ ကေလးရဲ႕မိခင္ျဖစ္သူ မီးငယ္ေထြးမွ တရားလိုျပဳလုပ္ တိုင္တန္းတဲ့အတြက္ ကြၽန္းစုၿမိဳ႕မရဲစခန္း (ပ)၁၆၀/၂၀၁၇၊ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂ နဲ႔ အမႈဖြင့္ ေဆာင္ရြက္ေနတယ္လို႔ သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVD
#Unicode Version#


တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်၊ တောပြားကြီးကျေးရွာအုပ်စု၊ ရေပြည့်အော်ကျေးရွာရှိ နေအိမ် တအိမ်မှာ ကလေးငယ်မှ မစင်စွန့်သောကြောင့် ပထွေးဖြစ်သူမှ ခြေနဲ့ ကန်သတ်မှုဖြစ်ပွားခဲ့ တယ်လို့ ကျွန်းစုမြို့နယ် စခန်းမှူးက ပြောပါတယ်။

သြဂုတ်လ ၆ ရက်နေ့က ကျွန်းစုမြို့နယ် ရေပြည့်အော်ကျေးရွာမှာ အသက် ၃ နှစ်အရွယ် မောင်ဇင်နိုင်ထွေးကို နေအိမ်အပေါ်ထပ် ပုခက်ထဲတွင် မစင်စွန့်တဲ့အတွက် ပထွေးဖြစ်သူ ဝင်းကို(ခ)ကုလား (၂၅-နှစ်)က ကလေးရဲ့ ရင်ဘတ်ကို ကန်ခဲ့တာပါ။

အခင်းဖြစ်ပွားချိန်မှာ အမေဖြစ်သူ အသက် ၂၂ နှစ်အရွယ် မမီးငယ်ထွေးဟာ ကလေးကို ပုခက်ထဲမှာ သိပ်ထားပြီး နေအိမ်အနီးရှိ ဆိပ်ကမ်းမှာ ကုန်ထမ်းနေတယ်လို့ သိရပါတယ်။

ကျွန်းစုမြို့နယ် စခန်းမှူး ဒုရဲမှူးညွှန့်ဝင်းက “ကလေးက အိမ်ပေါ်ထပ်က ပုခက်ထဲမှာ အိပ်နေတာ။ အမေက အိမ်နားက ဆိပ်ကမ်းမှာ ကုန်အငှား သွားထမ်းနေတယ်။ အိမ်မှာက ပထွေးနဲ့ ကလေးပဲ ကျန်ခဲ့တယ်၊ ကလေးက မစင်စွန့်တော့ ပထွေးက ကလေးရဲ့ ရင်ဘတ်ကို လေး ငါးချက် ကန်လိုက်တော့ ကလေးက ဆန့်ငင်ဆန့်ငင် ဖြစ်နေတဲ့အချိန် မအေကို အော်ခေါ်လို့ မအေ အိမ်ပေါ်ရောက်လာချိန် ကလေးက မအေရဲ့ လက်ထဲမှာပဲ အသက်ထွက်သွားပါတယ်။ တရားခံကိုလည်း ချက်ချင်းပဲ ဖမ်းဆီးထားပါတယ်”လို့ ပြောပါတယ်။

လူသတ်မှုနဲ့ပတ်သက်ပြီး မယားပါသားဖြစ်သူကို သေအောင်ပြုလုပ်သူ ဝင်းကို(ခ)ကုလားကို ဥပဒေအရ အရေးယူပေးဖို့ ကလေးရဲ့မိခင်ဖြစ်သူ မီးငယ်ထွေးမှ တရားလိုပြုလုပ် တိုင်တန်းတဲ့အတွက် ကျွန်းစုမြို့မရဲစခန်း (ပ)၁၆၀/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:DVD

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top