လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

အလွမယ္ ဟန္ေလးကေတာ့ သူ႔ရဲ႕အခ်စ္ေရးမွာ ရန္ျဖစ္လုိက္ျပန္ခ်စ္လုိက္ဆုိတာထက္ တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္ေပးတာ ေတြ  ရွိတာေၾကာင့္ ေအးေအးေဆးေဆး ပံုမွန္ပါပဲ လုိ႔ Duwun Media ကုိေျပာျပခဲ့ပါတယ္။

''ညီမတုိ႔ႏွစ္ေယာက္မွာ ရန္ျဖစ္တယ္ဆုိတာ မရွိသေလာက္ကုိ  နည္းပါတယ္။အခ်စ္ေရးမွာ ေရရွည္တည္ျမဲဖုိ႔ဆုိတာသူ႔အႀကိဳက္လည္း ရွိ သလုိ ကုိယ့္အႀကိဳက္လည္းရွိတယ္၊ သူလုပ္ေနတဲ့စရုိက္ေလးေတြလည္းရွိသလုိ  ကုိယ္လုပ္ေနတဲ့အက်င့္ေလးေတြလည္း ရွိတတ္ ႏုိင္တာေပါ့။တစ္ေယာက္နဲ႔တစ္ေယာက္မႀကိဳက္တဲ့အက်င့္ေလးေတြရွိရင္လည္း အေလ်ာ့ေပးရမယ္။အဓိက ကေတာ့နားလည္မႈေပါ့။ နားမလည္ေပးႏုိင္ဘူးဆုိရင္ ငါစိတ္ညစ္တယ္၊ ငါသူနဲ႔ျပတ္ေတာ့မယ္ ဆုိတဲ့ အေတြးက မိန္းကေလးတုိင္းရဲ႕ ေခါင္းထဲမွာ ရွိႏုိင္တယ္။ ကုိယ္မႀကိဳက္တာလည္း သူ႔ကုိေျပာေပါ့ မေျပာင္းလဲခ်င္လည္းရတယ္ ေလ်ာ့ေပးေပါ့။ တစ္ခုခုဆုိရင္လည္းမိဘေတြဆီ ဖုန္းဆက္ရ တာထက္ သူ႔ကုိပုိေျပးျမင္မိတယ္၊ သူကလည္း အဲ့ဒီလုိပဲ အစစအရာရာတုိင္တုိင္ပင္ပင္ရွိၾကတဲ့ အတြက္ အရမ္းအဆင္ေျပပါတယ္'' လုိ႔ သူကဆုိပါတယ္။

အလွမယ္ဟန္ေလးကေတာ့ Miss Universe Myanmar 2015 ၿပိဳင္ပြဲမွာ မႏၱေလးကုိယ္စားျပဳအလွမယ္တစ္ေယာက္အေနနဲ႔ ပါဝင္ ယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီး 1st Runner Up ဆုကုိ ရရွိခဲ့တာ ျဖစ္ပါတယ္။ အခုလက္ရွိ သူ႔ရဲ႕ခ်စ္သူျဖစ္တဲ့ေမာ္ဒယ္လ္ သရုပ္ေဆာင္ ေအာင္ေလး နဲ႔အတူ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ရုိက္ကူးထားတဲ့ ဓာတ္ပုံေလးေတြကုိလည္း အျမဲတင္ေလ့ရွိတာေၾကာင့္ သူတို႔ရဲ႕ ေပ်ာ္ရႊင္စရာ ေကာင္းတဲ့ ပုံရိပ္ေလးေတြကုိလည္း ပရိသတ္ေတြက ခ်စ္ခင္အားက်လွ်က္ရွိပါတယ္။

ဟန္ေလးကေတာ့ သူ႔ရဲ႕ခ်စ္သူအေပၚမွာ သူငယ္ခ်င္းလုိေရာ ၊ မိသားစုလုိေရာ ေပါင္းတဲ့အတြက္ အဆင္ေျပတယ္လုိ႔ဆုိပါတယ္။ ႏွစ္ေယာက္ သား အိမ္ေထာင္တစ္ခု ထူေထာင္ဖုိ႔ဆုိတာကလည္း အခုလက္ရွိမွာ ႀကိဳးစားေနတဲ့ အႏုပညာရွင္ႏွစ္ေယာက္ ျဖစ္တဲ့ အတြက္ အိမ္ေထာင္ျပဳဖုိ႔အတြက္ကုိ မစဥ္းစားေသးဘူးလုိ႔ သိရပါတယ္။

Photo: ဟန္ေလးေဖ့စ္ဘြတ္
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
အလှမယ် ဟန်လေးကတော့ သူ့ရဲ့အချစ်ရေးမှာ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဆိုတာထက် တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးတာ တွေ  ရှိတာကြောင့် အေးအေးဆေးဆေး ပုံမှန်ပါပဲ လို့ Duwun Media ကိုပြောပြခဲ့ပါတယ်။

''ညီမတို့နှစ်ယောက်မှာ ရန်ဖြစ်တယ်ဆိုတာ မရှိသလောက်ကို  နည်းပါတယ်။အချစ်ရေးမှာ ရေရှည်တည်မြဲဖို့ဆိုတာသူ့အကြိုက်လည်း ရှိ သလို ကိုယ့်အကြိုက်လည်းရှိတယ်၊ သူလုပ်နေတဲ့စရိုက်လေးတွေလည်းရှိသလို  ကိုယ်လုပ်နေတဲ့အကျင့်လေးတွေလည်း ရှိတတ် နိုင်တာပေါ့။တစ်ယောက်နဲ့တစ်ယောက်မကြိုက်တဲ့အကျင့်လေးတွေရှိရင်လည်း အလျော့ပေးရမယ်။အဓိက ကတော့နားလည်မှုပေါ့။ နားမလည်ပေးနိုင်ဘူးဆိုရင် ငါစိတ်ညစ်တယ်၊ ငါသူနဲ့ပြတ်တော့မယ် ဆိုတဲ့ အတွေးက မိန်းကလေးတိုင်းရဲ့ ခေါင်းထဲမှာ ရှိနိုင်တယ်။ ကိုယ်မကြိုက်တာလည်း သူ့ကိုပြောပေါ့ မပြောင်းလဲချင်လည်းရတယ် လျော့ပေးပေါ့။ တစ်ခုခုဆိုရင်လည်းမိဘတွေဆီ ဖုန်းဆက်ရ တာထက် သူ့ကိုပိုပြေးမြင်မိတယ်၊ သူကလည်း အဲ့ဒီလိုပဲ အစစအရာရာတိုင်တိုင်ပင်ပင်ရှိကြတဲ့ အတွက် အရမ်းအဆင်ပြေပါတယ်'' လို့ သူကဆိုပါတယ်။

အလှမယ်ဟန်လေးကတော့ Miss Universe Myanmar 2015 ပြိုင်ပွဲမှာ မန္တလေးကိုယ်စားပြုအလှမယ်တစ်ယောက်အနေနဲ့ ပါဝင် ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး 1st Runner Up ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုလက်ရှိ သူ့ရဲ့ချစ်သူဖြစ်တဲ့မော်ဒယ်လ် သရုပ်ဆောင် အောင်လေး နဲ့အတူ ပျော်ပျော်ရွှင်ရွှင်ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေကိုလည်း အမြဲတင်လေ့ရှိတာကြောင့် သူတို့ရဲ့ ပျော်ရွှင်စရာ ကောင်းတဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေက ချစ်ခင်အားကျလျှက်ရှိပါတယ်။

ဟန်လေးကတော့ သူ့ရဲ့ချစ်သူအပေါ်မှာ သူငယ်ချင်းလိုရော ၊ မိသားစုလိုရော ပေါင်းတဲ့အတွက် အဆင်ပြေတယ်လို့ဆိုပါတယ်။ နှစ်ယောက် သား အိမ်ထောင်တစ်ခု ထူထောင်ဖို့ဆိုတာကလည်း အခုလက်ရှိမှာ ကြိုးစားနေတဲ့ အနုပညာရှင်နှစ်ယောက် ဖြစ်တဲ့ အတွက် အိမ်ထောင်ပြုဖို့အတွက်ကို မစဉ်းစားသေးဘူးလို့ သိရပါတယ်။

Photo: ဟန်လေးဖေ့စ်ဘွတ်

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top