ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ကမၻာလဆန္း တစ္ရက္ေန႔မွာ ေမြးတဲ့သူေတာ့မရွိဘူးဟုတ္?
ဘယ္သူျဖစ္ျဖစ္ ၃၆၅ရက္ထဲက တစ္ရက္နဲ႔ေတာ့ညိေနမွာ။
ထူးဆန္းတာက ေမြးတဲ့ ရက္၊လ ေတြအေပၚမူတည္ၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ စိတ္ေနသေဘာထားေတြ မတူၾကဘူးေနာ္။ ဥပမာ ေျပာရရင္ စိတ္တိုလြယ္တဲ့သူ၊ အငိုသန္တဲ့သူ စသျဖင့္ေပါ့။

ဒါေၾကာင့္ ၁၂ ရာသီခြင္အရ လူတစ္ဦးခ်င္းစီရဲ႕ ေဒါသကို ေဖာ္ျပပံုေလးေတြ တင္ျပလိုက္ပါတယ္။

ARIES (မိႆ ရာသီ)
(March 21st to April 19th)
၁၂ရာသီခြင္မွာ Ariesဟာ fire sign (၃)ခုထဲက တစ္ခုေပါ့။ Ariesေတြမ်က္လံုးထဲ အျမင္ကတ္ေအာင္ ေနမိၿပီဆိုရင္ အသင္ေတာ့ မီးေလာင္ျပာက်ၿပီသာ မွတ္။ 😛
Ariesတစ္ေယာက္ စိတ္ဆိုးၿပီဆိုရင္ မီးေတာင္ေပါက္သလို ရွဴးရွဴးဒိုင္းဒိုင္း ျဖစ္တက္ပါတယ္။
အနီးအနားက စက္ကြင္းမလြတ္တဲ့ သူေတြေတာ့ Ariesရဲ႕ စကားလံုးပင္လယ္ထဲမွာ ေျမာၿပီပဲေလ။ ေဒါသထြက္ေနတဲ့ Ariesတစ္ေယာက္ကို ေစ့စပ္ညိႏႈိင္းဖို႔ မႀကိဳးစားနဲ႔ေနာ္။
ကဲ Ariesရာသီဖြားတို႔ေရ ဟုတ္လားေဝ?

TAURUS (ၿပိႆ ရာသီ)
(April 20th to May 21st)
Taurusေတြကေတာ့ စိတ္တိုလြယ္ေလ့မရွိေပမယ့္ တကယ္တမ္း သူတို႔ကို စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ လုပ္မိၿပီဆိုရင္ အစိုင္အခဲတစ္ခုအျဖစ္ ရင္ထဲမွာ သိမ္းထားမယ့္သူေတြေပါ့။ ခံစားခ်က္ကို ထုတ္ေျပာေလ့ မရွိဘဲ ကိုယ့္ရင္ထဲမွာသာ သိမ္းထားတက္တဲ့ Taurusေတြ စိတ္ေကာက္ေနၿပီဆို ေခ်ာ့တဲ့အခါ အလြန္သတိထားရပါမယ္။
ဘာလို႔ဆို ေခ်ာ့နည္းေလး လြဲသြားတာနဲ႔ “ဝုန္း” ဆိုၿပီး ေပါက္ကြဲသြားႏိုင္တာကိုး။ သူတို႔ေတြကို စိတ္ဆိုးေအာင္ လုပ္မိမလုပ္မိ သိခ်င္တဲ့အခါ ျမိဳသိပ္မထားဘဲ ပြင့္ပြင့္လင္းလင္းေမးလိုက္ပါ။ လြယ္လြယ္နဲ႔ေတာ့ ဝန္ခံမွာမဟုတ္ေပမယ့္။ ေခ်ာ့တဲ့ေနရာမွာ အက်ိဳးရွိမွာပါ။

GEMINI (ေမထုန္ရာသီ)
(May 22nd to June 21st)
Geminiေတြ စိတ္ဆိုးၿပီဆိုရင္ မ်က္ႏွာခ်င္းဆိုင္ေျဖရွင္းဖို႔ ေတာ္ေတာ္ ႀကိဳးစားရမယ္ရမယ္။ အေခ်ာ့ခံမယ့္ အေရးကိုပဲ ေရွာင္ေျပးေနတက္တာက Geminiပါ။ စိတ္ေကာက္ေနတဲ့ Gemini စိတ္ဆိုးေျပခ်င္ရင္ ကိုယ္ကအရင္ စေခ်ာ့ပါ။
ဒါမွမဟုတ္ မူေနမယ္ဆိုရင္ေတာ့ စိတ္ထဲမွာ အၿငိဳးအေတးအေနနဲ႔ မွတ္ထားမယ့္ သူေတြေပါ့။

CANCER (ကရကဋ္ ရာသီ)
(June 22nd to July 22nd)
Water Signတစ္ခုျဖစ္တဲ့ Cancerဟာ အရာရာကို ဂရုစိုက္တက္ၿပီး ဆက္ဆက္ထိမခံတဲ့သူေပါ့။ ဒီလိုနဲ႔ဘဲ ကိုယ့္ကိုယ္ကို နာက်င္ေအာင္ လုပ္ေနတဲ့ သူေတြေပါ့။ သူတို႔ကို စိတ္ဆိုးေအာင္ လုပ္မိၿပီဆိုရင္ေတာ့ ခံစားခ်က္ေတြ အားလံုး ေပါက္ကြဲထြက္မလာခင္အထိ သူတို႔ရဲ႕ ကမၻာေလးထဲမွာ ပုန္းခိုေနမယ့္သူေတြျဖစ္တယ္။ Cancerရာသီဖြား ေယာင္းတို႔ရဲ႕ ခ်စ္သူေတြကေတာ့ ေတာ္ေတာ္ ပါးစပ္ေညာင္းမယ့္ သေဘာရွိတယ္။
“ဘာေၾကာင့္ စိတ္ေကာက္ေတာ္မူရပါသလဲ” ဆိုတဲ့ ဂါထာကို အာေပါက္ေအာင္ ရြတ္ဖို႔သာျပင္ထားေပေတာ့ရွင့္။

LEO (သိဟ္ရာသီ)
(July 23rd to August 22nd)
Fire sign (၃)ခုထဲက တစ္ခုျဖစ္တဲ့ Leo။
စိတ္ဆိုးၿပီဆိုရင္ ဝုန္းဒိုင္းၾကဲတက္တဲ့ သူေတြေပါ့။
စိတ္တိုလြယ္သလို စိတ္ေကာက္ေျပတာလည္း အရမ္းျမန္တယ္။ ခ်စ္စရာေကာင္းတယ္ဟုတ္?
(Rinက Leoဆိုေတာ့ ကိုယ့္ငခ်ဥ္ ကိုယ္ခ်ဥ္ရတယ္။)
Leoေတြဟာ ကေလးဆန္တဲ့ အတြက္ စိတ္အတက္အက်ျမန္တယ္။ တစ္ဖက္က ကိုယ့္ကို စိတ္ဆိုးေအာင္ လာေျပာေနၿပီဆိုရင္ သူေျပာတဲ့ စကားအေပၚ အထအနေကာက္ၿပီး ၁မိနစ္အတြင္း စိတ္ေကာက္လိုက္မယ္။ ေနာက္တစ္မိနစ္လည္းၾကာေရာ ကိုယ့္အေတြးနဲ႔ကိုယ္ ၾကည္ႏူးေနမယ္။ ျပႆနာတစ္ခုကို အၾကာႀကီး သယ္မသြားတဲ့အတြက္ Leoေတြဟာ ေဒါသကို ေကာင္းမြန္စြာထိန္းခ်ဳပ္ႏိုင္တယ္ဆိုရမွာေပါ့။

VIRGO (ကန္ရာသီ)
(August 23rd to September 22nd)
ေဒါသထြက္တဲ့အခါ စိတ္ကိုအတက္ႏိုင္ဆံုး ၿငိမ္ေအာင္ထားႏိုင္တဲ့ Virgo။ ကိုယ့္ရဲ႕ ခံစားခ်က္ေတြ အေတြးအေခၚေတြကို နည္းစနစ္က်က် ေဝဖန္သံုးသပ္ႏိုင္တဲ့အတြက္ ေဒါသေၾကာင့္ ဘဝကို ထိခိုက္မယ့္ ကိစၥေတြ Virgo ရာသီဖြားတို႔မွာ ရွိလာမွာမဟုတ္ပါဘူး။ Virgoဟာ သူတို႔ေၾကာင့္ တစ္ဖက္သား စိတ္အေႏွာင့္အယွက္ျဖစ္မွာ ဆိုးတဲ့အတြက္ ရင္ထဲက ေဝဒနာေတြကို ကိုယ္တိုင္ပဲ သိမ္းထားေလ့ရွိပါတယ္။ အလြယ္တကူ စိတ္ဆိုးေလ့မရွိတဲ့ Virgoေယာင္းတို႔ေရ စိတ္ညစ္စရာေတြရွိတဲ့အခါ သူငယ္ခ်င္းေတြကို ရင္ဖြင့္ဖို႔ မေမ့ပါနဲ႔ေနာ္။

LIBRA (တူ ရာသီ)
(September 23-October 22)
ေယာင္းဟာ Libraတစ္ေယာက္ ဆိုရင္ေတာ့ ၿငိမ္းခ်မ္းေရးသမားေပါ့။ Libraေတြဟာ မိမိကိုယ္ကို ေဒါသဖံုးလႊမ္းၿပီး အႏိုင္ယူသြားမယ့္ အျဖစ္မ်ိဳး အျဖစ္ခံေလ့မရွိဘူး။ တစ္ဖက္သားကို ေဒါသထြက္ၿပီး အကုသိုလ္ပြားေနမယ့္အစား ကိုယ့္ကို စိတ္ဆိုးေစႏိုင္မယ့္ အရာေတြရဲ႕ အေဝးကို အစမွာတင္ ေရွာင္သြားတက္ပါတယ္။ ဒါေပမယ့္လည္း ဘယ္သူေျပာႏိုင္မလဲ?
အၿငိဳးအေတးေတြ မထားတတ္ၾကဘူးလို႔။ သူတို႔ရဲ႕ သည္းခံတက္တဲ့ စိတ္ထားေၾကာင့္ပဲ အၿငိဳးႀကီးတဲ့သူေတြ ျဖစ္ေစပါတယ္။ Libraေတြမွာ ရွိတဲ့ မေကာင္းတဲ့ အက်င့္တစ္ခုကေတာ့ တဖက္လူရဲ႕ အတိတ္က အမွားေတြကို ျပန္လည္တူးဆြၿပီး လက္နက္အျဖစ္ အသံုးခ်ျခင္းျဖစ္တယ္။

SCORPIO (ၿဗိစၧာ ရာသီ)
(October 23-November 21)
ထစ္ကနဲဆို ေဒါသႀကီးတတ္တာက Scorpio။ သူကလည္းပဲ စိတ္သာဆိုးေနတာ တစ္ဖက္သားအေပၚ စိတ္ဆိုးေနပံု ျပမွာမဟုတ္ဘူးေနာ္။ တစ္ေယာက္ထဲ ႀကိတ္ၿပီး ဘယ္လို လက္စားျပန္ေခ်ရေကာင္းမလဲ ႀကံစည္ေနမယ့္သူေတြေပါ့။ သူတို႔ရဲ႕ ခံစားခ်က္ေတြကို လူေတြက ကစားစရာအျဖစ္ သတ္မွတ္မွာစိုးရိမ္ၾကတယ္။ ေဒါသႀကီးတဲ့ Scorpioတို႔ေရ ျပႆနာတစ္ခု ၾကံဳၿပီဆို အရင္ဆံုး ေခါင္းေအးေအးထားဖို႔ မေမ့နဲ႔ေနာ္။
SAGITTARIUS (ဓႏု ရာသီ)
(NOV 22 – DEC 21)
တတိယေျမာက္ Fire signတစ္ခုျဖစ္တဲ့ Sagittariusေတြ စိတ္တိုေအာင္ သြားစမိၿပီဆိုရင္ေတာ့ သူတို႔အေၾကာင္းသိရၿပီသာမွတ္။ မီးစတစ္စလို လ်င္ျမန္စြာ ေတာက္ေလာင္လြယ္တဲ့ သူေတြျဖစ္တယ္။ ဒီရာသီဖြားအမ်ားစုဟာ သူတို႔ရဲ႕ ခံစားခ်က္ေတြကို ပံုမွန္ျဖစ္ေအာင္ ဘယ္လို လုပ္ရမလဲဆိုတာ မသိၾကဘူး။
သူတို႔ရဲ႕ ေဒါသေတြကို ၿမိဳသိပ္ထားေလ့မရွိဘဲ တတ္ႏိုင္သေလာက္ ေဖာ္ျပေလ့ရွိတယ္။
စိတ္တိုေနတဲ့အခါ ေပါက္ကြဲမယ္၊ ေအာ္ဟစ္ပစ္လိုက္မယ္။ အဲ့အခ်ိန္ သူတို႔ရဲ႕ လမ္းေၾကာင္းမွာ ပိတ္မိေနတဲ့သူ ဘယ္သူမဆို အလြတ္ေပးမွာမဟုတ္ဘူးေနာ္။ ဒါေၾကာင့္ Sagittariusေတြနဲ႔ စက္ကြင္းလြတ္ေအာင္ ေနပါလို႔ အၾကံေပးခ်င္ပါတယ္။

CAPRICORN (မကာရ ရာသီ)
(DEC 22 – JAN 19)
ကမၻာေျမရဲ႕ သေကၤတတစ္ခုျဖစ္တဲ့ Capricornsေတြဟာ မၾကာခဏ စိတ္ဆိုးေလ့မရွိပါဘူး။ ခက္တာက ခံစားခ်က္ေတြ ေပါက္ကြဲလာၿပီဆိုရင္ အရင္ကျဖစ္ခဲ့တဲ့ ျပႆနာေတြနဲ႔ ေပါင္းၿပီး ျပႆနာရွာတာ။ ဒါေပမယ့္လည္း စိတ္မပူပါနဲ႔ အပတ္တိုင္း စိတ္ဆိုးေနရစ္ေနမယ့္ သူေတြမဟုတ္ပါဘူး။ လေတြ လေတြ ၾကာ…..မွာ ဟင္းဟင္း…. ဓာတ္ျပားေဟာင္းႀကီး ဖြင့္ၿပီသာမွတ္။ ကိစၥေသးေသးေလးေတြေၾကာင့္လည္း သူတို႔ေတြ စိတ္ရႈပ္တတ္ပါတယ္။ ဘယ္သူမွေတာ့ သိလိုက္မွာမဟုတ္ေပမယ့္ သူတို႔ကိုယ္တိုင္ရဲ႕ မသိစိတ္ထဲမွာ အၾကပ္ရိုက္ေနတတ္ပါတယ္။ ကေလးဆန္တယ္လို႔ အထင္ခံရမွာလည္း ေၾကာက္ၾကပါတယ္။

AQUARIUS (ကုမ္ ရာသီ)
(JAN 20 – FEB 18)
ဒီရာသီဖြားေတြကေတာ့ ျငင္းခုန္ဖို႔ ဝန္မေလးေပမယ့္ သူမ်ားနဲ႔ အားေကာင္းေမာင္းသန္ ၿပိဳင္ေျပာရမွာကိုလည္း မုန္းသူေတြျဖစ္တယ္။ စိတ္တိုလာရင္ အေဝးကိုေရွာင္သြားလိုက္မယ္။ ရွဴးရွဴးရွဲရွဲ ေဒါသထြက္တာမ်ိဳးေတြကို မုန္းတဲ့သူေတြေပါ့။ သူတို႔ကို တစ္စံုတစ္ေယာက္က စိတ္တိုေအာင္ ေျပာၿပီဆိုရင္ ျပႆနာကို အက်ယ္ခ်ဲ႕ေနမယ့္ အစား အဲ့ဒီလူကို ေရွာင္သြားမယ့္သူေတြပါ။

PISCES (မိန္ ရာသီ)
(February 19-March 20)
Water Signျဖစ္တဲ့ Piscesဟာ ခံစားခ်က္ေတြကို အနက္ရႈိင္းဆံုးထိေရာက္ေအာင္ ေခၚေဆာင္သြားသူေပါ့။ တစ္ဖက္လူကို ရင္ဖြင့္မယ့္အစား ကိုယ့္ဘာ့သာ စိတ္တည္ၿငိမ္ေအာင္ လုပ္တက္ၾကပါတယ္။ စိတ္တိုေနခ်ိန္မွာ အခန္းတံခါးပိတ္ၿပီး ဆိတ္ဆိတ္ေနတက္သူေတြ ျဖစ္တယ္။
အရာအားလံုးတည္ၿငိမ္ၿပီဆိုမွ သင့္ကို စကားလာေျပာပါလိမ့္မယ္။ Piscesေတြဟာလည္း အၿငိဳးႀကီးသူေတြျဖစ္တယ္။ သူတို႔အတြက္ အဓိပၸါရွိတဲ့ သူဆိုရင္လည္း ဘယ္သူနဲ႔မွမတူေအာင္ တန္ဖိုးထားမယ့္သူေတြေပါ့။

ခုဆို ရာသီခြင္ (၁၂)ခုနဲ႔ သူတို႔ရဲ႕ ေဒါသေတြအေၾကာင္းသိရၿပီ
ဟုတ္? တိုက္ဆိုင္မႈေတြရွိေနမယ္လို႔ ယံုၾကည္ပါတယ္။ ေယာင္းတို႔ေရာ ဘယ္ရာသီဖြားလဲ? မွန္သြားရင္လည္း Share သြားဖို႔ မေမ့နဲ႔ဦးေနာ္…

Stay Pretty!
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Rin(For Her Myanmar)

#Unicode Version#
ကမ္ဘာလဆန်း တစ်ရက်နေ့မှာ မွေးတဲ့သူတော့မရှိဘူးဟုတ်?
ဘယ်သူဖြစ်ဖြစ် ၃၆၅ရက်ထဲက တစ်ရက်နဲ့တော့ညိနေမှာ။
ထူးဆန်းတာက မွေးတဲ့ ရက်၊လ တွေအပေါ်မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် စိတ်နေသဘောထားတွေ မတူကြဘူးနော်။ ဥပမာ ပြောရရင် စိတ်တိုလွယ်တဲ့သူ၊ အငိုသန်တဲ့သူ စသဖြင့်ပေါ့။

ဒါကြောင့် ၁၂ ရာသီခွင်အရ လူတစ်ဦးချင်းစီရဲ့ ဒေါသကို ဖော်ပြပုံလေးတွေ တင်ပြလိုက်ပါတယ်။

ARIES (မိဿ ရာသီ)
(March 21st to April 19th)
၁၂ရာသီခွင်မှာ Ariesဟာ fire sign (၃)ခုထဲက တစ်ခုပေါ့။ Ariesတွေမျက်လုံးထဲ အမြင်ကတ်အောင် နေမိပြီဆိုရင် အသင်တော့ မီးလောင်ပြာကျပြီသာ မှတ်။ 😛
Ariesတစ်ယောက် စိတ်ဆိုးပြီဆိုရင် မီးတောင်ပေါက်သလို ရှူးရှူးဒိုင်းဒိုင်း ဖြစ်တက်ပါတယ်။
အနီးအနားက စက်ကွင်းမလွတ်တဲ့ သူတွေတော့ Ariesရဲ့ စကားလုံးပင်လယ်ထဲမှာ မြောပြီပဲလေ။ ဒေါသထွက်နေတဲ့ Ariesတစ်ယောက်ကို စေ့စပ်ညိနှိုင်းဖို့ မကြိုးစားနဲ့နော်။
ကဲ Ariesရာသီဖွားတို့ရေ ဟုတ်လားဝေ?

TAURUS (ပြိဿ ရာသီ)
(April 20th to May 21st)
Taurusတွေကတော့ စိတ်တိုလွယ်လေ့မရှိပေမယ့် တကယ်တမ်း သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိပြီဆိုရင် အစိုင်အခဲတစ်ခုအဖြစ် ရင်ထဲမှာ သိမ်းထားမယ့်သူတွေပေါ့။ ခံစားချက်ကို ထုတ်ပြောလေ့ မရှိဘဲ ကိုယ့်ရင်ထဲမှာသာ သိမ်းထားတက်တဲ့ Taurusတွေ စိတ်ကောက်နေပြီဆို ချော့တဲ့အခါ အလွန်သတိထားရပါမယ်။
ဘာလို့ဆို ချော့နည်းလေး လွဲသွားတာနဲ့ “ဝုန်း” ဆိုပြီး ပေါက်ကွဲသွားနိုင်တာကိုး။ သူတို့တွေကို စိတ်ဆိုးအောင် လုပ်မိမလုပ်မိ သိချင်တဲ့အခါ မြိုသိပ်မထားဘဲ ပွင့်ပွင့်လင်းလင်းမေးလိုက်ပါ။ လွယ်လွယ်နဲ့တော့ ဝန်ခံမှာမဟုတ်ပေမယ့်။ ချော့တဲ့နေရာမှာ အကျိုးရှိမှာပါ။

GEMINI (မေထုန်ရာသီ)
(May 22nd to June 21st)
Geminiတွေ စိတ်ဆိုးပြီဆိုရင် မျက်နှာချင်းဆိုင်ဖြေရှင်းဖို့ တော်တော် ကြိုးစားရမယ်ရမယ်။ အချော့ခံမယ့် အရေးကိုပဲ ရှောင်ပြေးနေတက်တာက Geminiပါ။ စိတ်ကောက်နေတဲ့ Gemini စိတ်ဆိုးပြေချင်ရင် ကိုယ်ကအရင် စချော့ပါ။
ဒါမှမဟုတ် မူနေမယ်ဆိုရင်တော့ စိတ်ထဲမှာ အငြိုးအတေးအနေနဲ့ မှတ်ထားမယ့် သူတွေပေါ့။

CANCER (ကရကဋ် ရာသီ)
(June 22nd to July 22nd)
Water Signတစ်ခုဖြစ်တဲ့ Cancerဟာ အရာရာကို ဂရုစိုက်တက်ပြီး ဆက်ဆက်ထိမခံတဲ့သူပေါ့။ ဒီလိုနဲ့ဘဲ ကိုယ့်ကိုယ်ကို နာကျင်အောင် လုပ်နေတဲ့ သူတွေပေါ့။ သူတို့ကို စိတ်ဆိုးအောင် လုပ်မိပြီဆိုရင်တော့ ခံစားချက်တွေ အားလုံး ပေါက်ကွဲထွက်မလာခင်အထိ သူတို့ရဲ့ ကမ္ဘာလေးထဲမှာ ပုန်းခိုနေမယ့်သူတွေဖြစ်တယ်။ Cancerရာသီဖွား ယောင်းတို့ရဲ့ ချစ်သူတွေကတော့ တော်တော် ပါးစပ်ညောင်းမယ့် သဘောရှိတယ်။
“ဘာကြောင့် စိတ်ကောက်တော်မူရပါသလဲ” ဆိုတဲ့ ဂါထာကို အာပေါက်အောင် ရွတ်ဖို့သာပြင်ထားပေတော့ရှင့်။

LEO (သိဟ်ရာသီ)
(July 23rd to August 22nd)
Fire sign (၃)ခုထဲက တစ်ခုဖြစ်တဲ့ Leo။
စိတ်ဆိုးပြီဆိုရင် ဝုန်းဒိုင်းကြဲတက်တဲ့ သူတွေပေါ့။
စိတ်တိုလွယ်သလို စိတ်ကောက်ပြေတာလည်း အရမ်းမြန်တယ်။ ချစ်စရာကောင်းတယ်ဟုတ်?
(Rinက Leoဆိုတော့ ကိုယ့်ငချဉ် ကိုယ်ချဉ်ရတယ်။)
Leoတွေဟာ ကလေးဆန်တဲ့ အတွက် စိတ်အတက်အကျမြန်တယ်။ တစ်ဖက်က ကိုယ့်ကို စိတ်ဆိုးအောင် လာပြောနေပြီဆိုရင် သူပြောတဲ့ စကားအပေါ် အထအနကောက်ပြီး ၁မိနစ်အတွင်း စိတ်ကောက်လိုက်မယ်။ နောက်တစ်မိနစ်လည်းကြာရော ကိုယ့်အတွေးနဲ့ကိုယ် ကြည်နူးနေမယ်။ ပြဿနာတစ်ခုကို အကြာကြီး သယ်မသွားတဲ့အတွက် Leoတွေဟာ ဒေါသကို ကောင်းမွန်စွာထိန်းချုပ်နိုင်တယ်ဆိုရမှာပေါ့။

VIRGO (ကန်ရာသီ)
(August 23rd to September 22nd)
ဒေါသထွက်တဲ့အခါ စိတ်ကိုအတက်နိုင်ဆုံး ငြိမ်အောင်ထားနိုင်တဲ့ Virgo။ ကိုယ့်ရဲ့ ခံစားချက်တွေ အတွေးအခေါ်တွေကို နည်းစနစ်ကျကျ ဝေဖန်သုံးသပ်နိုင်တဲ့အတွက် ဒေါသကြောင့် ဘဝကို ထိခိုက်မယ့် ကိစ္စတွေ Virgo ရာသီဖွားတို့မှာ ရှိလာမှာမဟုတ်ပါဘူး။ Virgoဟာ သူတို့ကြောင့် တစ်ဖက်သား စိတ်အနှောင့်အယှက်ဖြစ်မှာ ဆိုးတဲ့အတွက် ရင်ထဲက ဝေဒနာတွေကို ကိုယ်တိုင်ပဲ သိမ်းထားလေ့ရှိပါတယ်။ အလွယ်တကူ စိတ်ဆိုးလေ့မရှိတဲ့ Virgoယောင်းတို့ရေ စိတ်ညစ်စရာတွေရှိတဲ့အခါ သူငယ်ချင်းတွေကို ရင်ဖွင့်ဖို့ မမေ့ပါနဲ့နော်။

LIBRA (တူ ရာသီ)
(September 23-October 22)
ယောင်းဟာ Libraတစ်ယောက် ဆိုရင်တော့ ငြိမ်းချမ်းရေးသမားပေါ့။ Libraတွေဟာ မိမိကိုယ်ကို ဒေါသဖုံးလွှမ်းပြီး အနိုင်ယူသွားမယ့် အဖြစ်မျိုး အဖြစ်ခံလေ့မရှိဘူး။ တစ်ဖက်သားကို ဒေါသထွက်ပြီး အကုသိုလ်ပွားနေမယ့်အစား ကိုယ့်ကို စိတ်ဆိုးစေနိုင်မယ့် အရာတွေရဲ့ အဝေးကို အစမှာတင် ရှောင်သွားတက်ပါတယ်။ ဒါပေမယ့်လည်း ဘယ်သူပြောနိုင်မလဲ?
အငြိုးအတေးတွေ မထားတတ်ကြဘူးလို့။ သူတို့ရဲ့ သည်းခံတက်တဲ့ စိတ်ထားကြောင့်ပဲ အငြိုးကြီးတဲ့သူတွေ ဖြစ်စေပါတယ်။ Libraတွေမှာ ရှိတဲ့ မကောင်းတဲ့ အကျင့်တစ်ခုကတော့ တဖက်လူရဲ့ အတိတ်က အမှားတွေကို ပြန်လည်တူးဆွပြီး လက်နက်အဖြစ် အသုံးချခြင်းဖြစ်တယ်။

SCORPIO (ဗြိစ္ဆာ ရာသီ)
(October 23-November 21)
ထစ်ကနဲဆို ဒေါသကြီးတတ်တာက Scorpio။ သူကလည်းပဲ စိတ်သာဆိုးနေတာ တစ်ဖက်သားအပေါ် စိတ်ဆိုးနေပုံ ပြမှာမဟုတ်ဘူးနော်။ တစ်ယောက်ထဲ ကြိတ်ပြီး ဘယ်လို လက်စားပြန်ချေရကောင်းမလဲ ကြံစည်နေမယ့်သူတွေပေါ့။ သူတို့ရဲ့ ခံစားချက်တွေကို လူတွေက ကစားစရာအဖြစ် သတ်မှတ်မှာစိုးရိမ်ကြတယ်။ ဒေါသကြီးတဲ့ Scorpioတို့ရေ ပြဿနာတစ်ခု ကြုံပြီဆို အရင်ဆုံး ခေါင်းအေးအေးထားဖို့ မမေ့နဲ့နော်။
SAGITTARIUS (ဓနု ရာသီ)
(NOV 22 – DEC 21)
တတိယမြောက် Fire signတစ်ခုဖြစ်တဲ့ Sagittariusတွေ စိတ်တိုအောင် သွားစမိပြီဆိုရင်တော့ သူတို့အကြောင်းသိရပြီသာမှတ်။ မီးစတစ်စလို လျင်မြန်စွာ တောက်လောင်လွယ်တဲ့ သူတွေဖြစ်တယ်။ ဒီရာသီဖွားအများစုဟာ သူတို့ရဲ့ ခံစားချက်တွေကို ပုံမှန်ဖြစ်အောင် ဘယ်လို လုပ်ရမလဲဆိုတာ မသိကြဘူး။
သူတို့ရဲ့ ဒေါသတွေကို မြိုသိပ်ထားလေ့မရှိဘဲ တတ်နိုင်သလောက် ဖော်ပြလေ့ရှိတယ်။
စိတ်တိုနေတဲ့အခါ ပေါက်ကွဲမယ်၊ အော်ဟစ်ပစ်လိုက်မယ်။ အဲ့အချိန် သူတို့ရဲ့ လမ်းကြောင်းမှာ ပိတ်မိနေတဲ့သူ ဘယ်သူမဆို အလွတ်ပေးမှာမဟုတ်ဘူးနော်။ ဒါကြောင့် Sagittariusတွေနဲ့ စက်ကွင်းလွတ်အောင် နေပါလို့ အကြံပေးချင်ပါတယ်။

CAPRICORN (မကာရ ရာသီ)
(DEC 22 – JAN 19)
ကမ္ဘာမြေရဲ့ သင်္ကေတတစ်ခုဖြစ်တဲ့ Capricornsတွေဟာ မကြာခဏ စိတ်ဆိုးလေ့မရှိပါဘူး။ ခက်တာက ခံစားချက်တွေ ပေါက်ကွဲလာပြီဆိုရင် အရင်ကဖြစ်ခဲ့တဲ့ ပြဿနာတွေနဲ့ ပေါင်းပြီး ပြဿနာရှာတာ။ ဒါပေမယ့်လည်း စိတ်မပူပါနဲ့ အပတ်တိုင်း စိတ်ဆိုးနေရစ်နေမယ့် သူတွေမဟုတ်ပါဘူး။ လတွေ လတွေ ကြာ…..မှာ ဟင်းဟင်း…. ဓာတ်ပြားဟောင်းကြီး ဖွင့်ပြီသာမှတ်။ ကိစ္စသေးသေးလေးတွေကြောင့်လည်း သူတို့တွေ စိတ်ရှုပ်တတ်ပါတယ်။ ဘယ်သူမှတော့ သိလိုက်မှာမဟုတ်ပေမယ့် သူတို့ကိုယ်တိုင်ရဲ့ မသိစိတ်ထဲမှာ အကြပ်ရိုက်နေတတ်ပါတယ်။ ကလေးဆန်တယ်လို့ အထင်ခံရမှာလည်း ကြောက်ကြပါတယ်။

AQUARIUS (ကုမ် ရာသီ)
(JAN 20 – FEB 18)
ဒီရာသီဖွားတွေကတော့ ငြင်းခုန်ဖို့ ဝန်မလေးပေမယ့် သူများနဲ့ အားကောင်းမောင်းသန် ပြိုင်ပြောရမှာကိုလည်း မုန်းသူတွေဖြစ်တယ်။ စိတ်တိုလာရင် အဝေးကိုရှောင်သွားလိုက်မယ်။ ရှူးရှူးရှဲရှဲ ဒေါသထွက်တာမျိုးတွေကို မုန်းတဲ့သူတွေပေါ့။ သူတို့ကို တစ်စုံတစ်ယောက်က စိတ်တိုအောင် ပြောပြီဆိုရင် ပြဿနာကို အကျယ်ချဲ့နေမယ့် အစား အဲ့ဒီလူကို ရှောင်သွားမယ့်သူတွေပါ။

PISCES (မိန် ရာသီ)
(February 19-March 20)
Water Signဖြစ်တဲ့ Piscesဟာ ခံစားချက်တွေကို အနက်ရှိုင်းဆုံးထိရောက်အောင် ခေါ်ဆောင်သွားသူပေါ့။ တစ်ဖက်လူကို ရင်ဖွင့်မယ့်အစား ကိုယ့်ဘာ့သာ စိတ်တည်ငြိမ်အောင် လုပ်တက်ကြပါတယ်။ စိတ်တိုနေချိန်မှာ အခန်းတံခါးပိတ်ပြီး ဆိတ်ဆိတ်နေတက်သူတွေ ဖြစ်တယ်။
အရာအားလုံးတည်ငြိမ်ပြီဆိုမှ သင့်ကို စကားလာပြောပါလိမ့်မယ်။ Piscesတွေဟာလည်း အငြိုးကြီးသူတွေဖြစ်တယ်။ သူတို့အတွက် အဓိပ္ပါရှိတဲ့ သူဆိုရင်လည်း ဘယ်သူနဲ့မှမတူအောင် တန်ဖိုးထားမယ့်သူတွေပေါ့။

ခုဆို ရာသီခွင် (၁၂)ခုနဲ့ သူတို့ရဲ့ ဒေါသတွေအကြောင်းသိရပြီ
ဟုတ်? တိုက်ဆိုင်မှုတွေရှိနေမယ်လို့ ယုံကြည်ပါတယ်။ ယောင်းတို့ရော ဘယ်ရာသီဖွားလဲ? မှန်သွားရင်လည်း Share သွားဖို့ မမေ့နဲ့ဦးနော်…

Stay Pretty!
ဖိုးသူတော် (www.phothutaw.com)
Credit: Rin(For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top