Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

နည္းပညာေတြ မည္သို ့ပင္တိုးတက္ေခတ္မီလာပါေစ… မိတ္ကပ္လိမ္းျပီး ျပဳျပင္လို ့ လည္း မရ၊ ခြဲစိပ္ျပဳျပင္လို ့လည္းမရဘဲနဲ ့ အ လွအပအတြက္လည္း အင္မတန္မွ အေရးၾကီးတဲ့ အရာတစ္ခုက်န္ရွိေနပါေသးတယ္။ အဲဒါကေတာ့ “ဆံပင္” ျဖစ္ပါတယ္။ သဘာ ၀ကေပးလိုက္တဲ့ ပိုင္ဆိုင္မႈအရ၊ လူတစ္ေယာက္နဲ ့တစ္ေယာက္ ဆံသား (ဆံပင္သား) အထူ/အပါး ပိုင္ဆိုင္မႈ မတူညီၾကပါဘူး။ ထို ့နည္းတူစြာဘဲ ပံုမွန္ဆံပင္ -ေျခာက္ေသြ ့တဲ့ဆံပင္-အဆီျပန္တဲ့ဆံပင္-အဆီျပန္ျပီးေျခာက္ေသြ ့ တဲ့(ေပါင္းစပ္) ဆံပင္ ဟူ၍ အမ်ိဳး အစား (၄)မ်ိဳးရွိၾကပါတယ္။ စိတ္ဓာတ္မက်ပါနဲ ့။ သူတို ့ကိုလဲ သင့္ေတာ္တဲ့ေခါင္းေလွ်ာ္ရည္ေတြသံုးျပီး ျပဳျပင္ထိန္းသိမ္းနိုင္တဲ့ နည္းလမ္းေတြရွိပါ တယ္။ သို ့ေသာ္ မိမိဆံပင္ရဲ ့အမ်ိဳးအစားကို ေသခ်ာနားလည္ထားဖို ့လိုပါတယ္။ ဒီေတာ့ ကိုယ့္ရဲ ့ဆံပင္က ဘယ္အမ်ိဳးအစားထဲပါတယ္ဆိုတာကို ေအာက္ပါ အ တိုင္း ေလ့လာၾကည့္လိုက္ၾကရေအာင္။>>>ပံုမွန္ဆံပင္ (Normal Hair)
အဆီလည္းမျပန္၊ ေျခာက္လည္းမေျခာက္တဲ့ ဆံပင္မ်ိဳးျဖစ္ပါတယ္။ အဲဒီ ဆံပင္ ကို ရွမ္ပူနဲ ့ေပါင္းေဆး တခါတည္းျပဳလုပ္ထားတဲ့ Daily 2 in 1 Conditioner Shampoo နဲ ့ ေလ်ွာ္ေပးရပါမယ္။ ေခါင္းေလွ်ာ္တဲ့အခါ ခ်က္ခ်င္းေရေဆးမခ်ဘဲ ခဏထားလိုက္ ပါဦး။ ျပီးမွ အညစ္အေၾကးနဲ ့ အဆီေတြသန္ ့သြားေအာင္ ေရးနဲ ့ေဆးခ်ေပးလိုက္ပါ။ အရမ္းေသးငယ္တဲ့ ေပါင္းေဆး(Conditioner) အ စက္ကေလးေတြက ဆံပင္မွာ ကပ္ က်န္ခဲ့ျပီး ဆံသားကို ေပါ့ပါးေတာက္ေျပာင္ေစမွာျဖစ္ပါတယ္။

>>>ေျခာက္ေသြ ့တဲ့ဆံပင္ (Dry Hair)
ဆံပင္ေတြ အေရာင္မြဲ-ေျခာက္ေသြ ့-ရႈပ္ေထြးလြယ္ျပီး ျဖီးသင္ရခက္-အရင္းမွာ ဆံလံုး တုတ္ျပီး အဖ်ားရႈး-ဆံပင္ႏွစ္ခြျဖစ္…စတဲ့ လ ကၡဏာမ်ားကို ေျခာက္ေသြ ့တဲ့ ဆံပင္ လို ့ေခၚပါတယ္။ တခ်ိဳ ့သူေတြမွာ ေမြးရာပါ ဆံပင္ေျခာက္ေသြ ့သူမဟုတ္ေသာ္လဲ၊ လွခ်င္ လြန္းလို ့ေခါင္းခဏခဏေလွွ်ာ္ျခင္း၊ အပူေပး၍ပံုသြင္းျခင္း၊ မလိုအပ္ဘဲေဆး ဆိုးျခင္း၊ ေနပူထဲ ထီးအကာအကြယ္မယူဘဲသြားလာ ျခင္း..စတဲ့ အေနအထိုင္လြဲမွားမႈ မ်ားေၾကာင့္ ဆံပင္ရဲ ့အစိုဓာတ္ေလ်ာ့နည္းလာကာ ေပ်ာ့ေပ်ာင္းမႈ မရွိေတာ့ ဘဲ ေျခာက္ေသြ ့ လာ ပါေတာ့တယ္။ အဲဒီလို ဆံသားေတြကို အာဟာျဖည့္တင္းေပး တဲ့အေနျဖင့္ Nourishing Shampoo နဲ ့ Nourishing Conditioner ေတြကို သံုးေပး ရပါမယ္။ ေခါင္းေလွ်ာ္ျပီးတ့ဲအခါတိုင္း Drုyer(ေလပူစက္)မမႈတ္ဘဲ သဘာ၀အတိုင္း အေျခာက္ခံေပးရပါမယ္။

>>>အဆီျပန္တဲ့ဆံပင္ (Oily Hair)
ထိုဆံသားပိုင္ရွင္ေတြမွာဆံပင္ကအဆီေတြျပန္ျပီး ေတာင့္ေတာင့္ၾကီးျဖစ္ေန တာေ ၾကာင့္ မၾကာခဏေခါင္းေလွွ်ာ္ေပးေနၾကရပါ တယ္။ အဲဒီလုိမွ မေလ်ာ္ျပန္ရင္ လည္း ဦးေရျပားမွာဆံပင္ေတြေစးကပ္ေန တာေၾကာင့္ ေခါင္းေသး ကိုယ္ၾကီးတဲ့ ပံုေပၚေန ကာ အလွပ်က္ေစပါတယ္။ အဲဒီလိုျဖစ္ရတဲ့ အေၾကာင္းမ်ားကေတာ့ အဆီဂ လင္းေတြ က အဆီအလြန္အကြ်ံထုတ္ေပးျခင္း-စိတ္ဖိစီးမႈမ်ား ျခင္း-ေခါင္းခဏခဏျဖီးေလ့ရွိျခင္း-ဆံပင္ကိုလက္နဲ ့မၾကာခဏထိုးဖြျခင္း-ေခြ်းထြက္သန္ျခင္း-အဆီအစားမ်ားျခင္း …စ သည္ တို ့ ေၾကာင့္ျဖစ္ပါတယ္။ ထိုဆံသားပိုင္ရွင္မ်ားဟာ Non-aggressive Shampoo အမ်ိဳးအစားကို သံုးေပးရပါမယ္။ ေန ့စဥ္စားသံုးေန တဲ့ အစားအစာေတြထဲ မွာ ဆီေလ်ာ့ကာ၊ လတ္ဆတ္တဲ့အသီမ်ားစားေပးရင္း ေရ (၇)ဖန္ခြက္ထက္ မနည္း ေသာက္ေပးရပါမယ္။

>>>ေျခာက္ေသြ ့ျပီး အဆီျပန္တဲ့ဆံပင္ (Dry and Greasy Hair)
ဒီအမ်ိဴးအစားကေတာ့ ဆံပင္က အရင္းပိုင္းမွာ အဆီျပန္ျပီး၊ အဖ်ားပိုင္းေျခာက္၍ ၂-ခြျဖစ္ေနတဲ့ ဆံပင္ျဖစ္ပါတယ္(ေပါင္းစပ္ ဆံပင္အမ်ိဳးအစားလို ့ လည္းေခၚပါ တယ္) ေခါင္းေလွ်ာ္ရည္ျပင္းျပင္းသံုးသူေတြ-ေၾကးခြ်တ္ေဆးပါတဲ့ေခါင္းေလ်ွာ္ရည္သံုးသူေတြ-ေနပူထဲအကာအကြယ္မပါဘဲသြားလာသူေတြ-မၾကာခဏ ဆံပင္ကိုအ ပူေပး ၍ပံုသြင္းသူေတြမွာ ျဖစ္တတ္ပါတယ္။ အဲဒီလိုဆံသား မ်ိဳးအတြက္ ေခါင္းေလွ်ာ္ရည္ အေပ်ာ့စား(သို ့မဟုတ္)အဆီျပန္တဲ့ ဆံပင္အတြက္ေဖာ္စပ္ထားတဲ့ Non-aggressive Shampoo အမ်ိဳးအစားကိုသံုးနိုင္ပါတယ္။ အဲဒီ ၂-မ်ိဳးထဲက ဘယ္ေခါင္းေလွွ်ာ္ရည္ အမ်ိဳးအစားကိုဘဲသံုးသံုး နည္းနည္းသာသံုးသင့္ျပီး၊ ေခါင္း ေလ်ွာ္ျပီးတဲ့အခါတိုင္း Conditioner ကို ဆံပင္တ၀က္ကေန အဖ်ားထိသံုးေပးရပါမယ္။ အကယ္၍ ဆံပင္ေဆး ဆိုးထားသူမ်ား/ ေကာက္ထား/ေျဖာင့္ထား သူေတြမွာ ဆံသားအေပၚယံလႊာကိုထိခိုက္မႈ လြယ္ေစတာေၾကာင့္ ေခါင္းေလွ်ာ္ရည္အေပ်ာ့စားကို Conditioner (ေပါင္းေဆး) အေကာင္းစားနဲ ့တြဲသံုးေပးဖို ့လိုပါတယ္။

မွတ္ခ်က္။
(၁) ဆံပင္သားေကာင္းမြန္ေစဖို ့အတြက္ အေကာင္းဆံုးေဆးကေတာ့ Olive Oil (သံလြင္ဆီ)ဘဲျဖစ္ပါတယ္။ ေခါင္းမေလွ်ာ္ခင္ ဦး စြာပထမ သံလြင္ဆီကိုတေခါင္း လံုးႏွံ ့ေအာင္လိမ္းေပးျပီး၊ တစ္နာရီေလာက္ထားျပီးေနာက္ ေခါင္းေလ်ွာ္ေပးပါ။ (၂) ေခါင္းေလွွ်ာ္ ရည္ Shampoo ဆိုတာ ေရေမႊး-ေၾကး(ဂ်ီး)ခြ်တ္ေဆးေတြ အဓိကေရာ စပ္ထုတ္လုပ္ထားတာေၾကာင့္ ဘယ္ Shampoo အမ်ိဳး အစားဘဲျဖစ္ေန ပါေစ၊ ေခါင္းေ လွ်ာ္ရည္ကိို ေလ်ာ့သံုးျပီးေနာက္ ရွမ္ပူအနံ ့ေတြေပ်ာက္သြားတဲ့အထိ ဦးေရျပားကေ န ေရမ်ားမ်ား ေလာင္းခ်ေပးရပါမယ္။

အလွအပျမတ္နိုးသူတိုင္း လွသထက္ပို၍လွနိုင္ၾကပါေစရွင္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေပါက္ေပါက္
#Unicode Version#
နည်းပညာတွေ မည်သို့ပင်တိုးတက်ခေတ်မီလာပါစေ… မိတ်ကပ်လိမ်းပြီး ပြုပြင်လို့ လည်း မရ၊ ခွဲစိပ်ပြုပြင်လို့လည်းမရဘဲနဲ့ အ လှအပအတွက်လည်း အင်မတန်မှ အရေးကြီးတဲ့ အရာတစ်ခုကျန်ရှိနေပါသေးတယ်။ အဲဒါကတော့ “ဆံပင်” ဖြစ်ပါတယ်။ သဘာ ဝကပေးလိုက်တဲ့ ပိုင်ဆိုင်မှုအရ၊ လူတစ်ယောက်နဲ့တစ်ယောက် ဆံသား (ဆံပင်သား) အထူ/အပါး ပိုင်ဆိုင်မှု မတူညီကြပါဘူး။ ထို့နည်းတူစွာဘဲ ပုံမှန်ဆံပင် -ခြောက်သွေ့တဲ့ဆံပင်-အဆီပြန်တဲ့ဆံပင်-အဆီပြန်ပြီးခြောက်သွေ့ တဲ့(ပေါင်းစပ်) ဆံပင် ဟူ၍ အမျိုး အစား (၄)မျိုးရှိကြပါတယ်။ စိတ်ဓာတ်မကျပါနဲ့။ သူတို့ကိုလဲ သင့်တော်တဲ့ခေါင်းလျှော်ရည်တွေသုံးပြီး ပြုပြင်ထိန်းသိမ်းနိုင်တဲ့ နည်းလမ်းတွေရှိပါ တယ်။ သို့သော် မိမိဆံပင်ရဲ့အမျိုးအစားကို သေချာနားလည်ထားဖို့လိုပါတယ်။ ဒီတော့ ကိုယ့်ရဲ့ဆံပင်က ဘယ်အမျိုးအစားထဲပါတယ်ဆိုတာကို အောက်ပါ အ တိုင်း လေ့လာကြည့်လိုက်ကြရအောင်။>>>ပုံမှန်ဆံပင် (Normal Hair)
အဆီလည်းမပြန်၊ ခြောက်လည်းမခြောက်တဲ့ ဆံပင်မျိုးဖြစ်ပါတယ်။ အဲဒီ ဆံပင် ကို ရှမ်ပူနဲ့ပေါင်းဆေး တခါတည်းပြုလုပ်ထားတဲ့ Daily 2 in 1 Conditioner Shampoo နဲ့ လျှော်ပေးရပါမယ်။ ခေါင်းလျှော်တဲ့အခါ ချက်ချင်းရေဆေးမချဘဲ ခဏထားလိုက် ပါဦး။ ပြီးမှ အညစ်အကြေးနဲ့ အဆီတွေသန့်သွားအောင် ရေးနဲ့ဆေးချပေးလိုက်ပါ။ အရမ်းသေးငယ်တဲ့ ပေါင်းဆေး(Conditioner) အ စက်ကလေးတွေက ဆံပင်မှာ ကပ် ကျန်ခဲ့ပြီး ဆံသားကို ပေါ့ပါးတောက်ပြောင်စေမှာဖြစ်ပါတယ်။

>>>ခြောက်သွေ့တဲ့ဆံပင် (Dry Hair)
ဆံပင်တွေ အရောင်မွဲ-ခြောက်သွေ့-ရှုပ်ထွေးလွယ်ပြီး ဖြီးသင်ရခက်-အရင်းမှာ ဆံလုံး တုတ်ပြီး အဖျားရှုး-ဆံပင်နှစ်ခွဖြစ်…စတဲ့ လ က္ခဏာများကို ခြောက်သွေ့တဲ့ ဆံပင် လို့ခေါ်ပါတယ်။ တချို့သူတွေမှာ မွေးရာပါ ဆံပင်ခြောက်သွေ့သူမဟုတ်သော်လဲ၊ လှချင် လွန်းလို့ခေါင်းခဏခဏလှျှော်ခြင်း၊ အပူပေး၍ပုံသွင်းခြင်း၊ မလိုအပ်ဘဲဆေး ဆိုးခြင်း၊ နေပူထဲ ထီးအကာအကွယ်မယူဘဲသွားလာ ခြင်း..စတဲ့ အနေအထိုင်လွဲမှားမှု များကြောင့် ဆံပင်ရဲ့အစိုဓာတ်လျော့နည်းလာကာ ပျော့ပျောင်းမှု မရှိတော့ ဘဲ ခြောက်သွေ့ လာ ပါတော့တယ်။ အဲဒီလို ဆံသားတွေကို အာဟာဖြည့်တင်းပေး တဲ့အနေဖြင့် Nourishing Shampoo နဲ့ Nourishing Conditioner တွေကို သုံးပေး ရပါမယ်။ ခေါင်းလျှော်ပြီးတဲ့အခါတိုင်း Drုyer(လေပူစက်)မမှုတ်ဘဲ သဘာဝအတိုင်း အခြောက်ခံပေးရပါမယ်။

>>>အဆီပြန်တဲ့ဆံပင် (Oily Hair)
ထိုဆံသားပိုင်ရှင်တွေမှာဆံပင်ကအဆီတွေပြန်ပြီး တောင့်တောင့်ကြီးဖြစ်နေ တာေ ကြာင့် မကြာခဏခေါင်းလှျှော်ပေးနေကြရပါ တယ်။ အဲဒီလိုမှ မလျော်ပြန်ရင် လည်း ဦးရေပြားမှာဆံပင်တွေစေးကပ်နေ တာကြောင့် ခေါင်းသေး ကိုယ်ကြီးတဲ့ ပုံပေါ်နေ ကာ အလှပျက်စေပါတယ်။ အဲဒီလိုဖြစ်ရတဲ့ အကြောင်းများကတော့ အဆီဂ လင်းတွေ က အဆီအလွန်အကျွံထုတ်ပေးခြင်း-စိတ်ဖိစီးမှုများ ခြင်း-ခေါင်းခဏခဏဖြီးလေ့ရှိခြင်း-ဆံပင်ကိုလက်နဲ့မကြာခဏထိုးဖွခြင်း-ချွေးထွက်သန်ခြင်း-အဆီအစားများခြင်း …စ သည် တို့ ကြောင့်ဖြစ်ပါတယ်။ ထိုဆံသားပိုင်ရှင်များဟာ Non-aggressive Shampoo အမျိုးအစားကို သုံးပေးရပါမယ်။ နေ့စဉ်စားသုံးနေ တဲ့ အစားအစာတွေထဲ မှာ ဆီလျော့ကာ၊ လတ်ဆတ်တဲ့အသီများစားပေးရင်း ရေ (၇)ဖန်ခွက်ထက် မနည်း သောက်ပေးရပါမယ်။

>>>ခြောက်သွေ့ပြီး အဆီပြန်တဲ့ဆံပင် (Dry and Greasy Hair)
ဒီအမျိူးအစားကတော့ ဆံပင်က အရင်းပိုင်းမှာ အဆီပြန်ပြီး၊ အဖျားပိုင်းခြောက်၍ ၂-ခွဖြစ်နေတဲ့ ဆံပင်ဖြစ်ပါတယ်(ပေါင်းစပ် ဆံပင်အမျိုးအစားလို့ လည်းခေါ်ပါ တယ်) ခေါင်းလျှော်ရည်ပြင်းပြင်းသုံးသူတွေ-ကြေးချွတ်ဆေးပါတဲ့ခေါင်းလျှော်ရည်သုံးသူတွေ-နေပူထဲအကာအကွယ်မပါဘဲသွားလာသူတွေ-မကြာခဏ ဆံပင်ကိုအ ပူပေး ၍ပုံသွင်းသူတွေမှာ ဖြစ်တတ်ပါတယ်။ အဲဒီလိုဆံသား မျိုးအတွက် ခေါင်းလျှော်ရည် အပျော့စား(သို့မဟုတ်)အဆီပြန်တဲ့ ဆံပင်အတွက်ဖော်စပ်ထားတဲ့ Non-aggressive Shampoo အမျိုးအစားကိုသုံးနိုင်ပါတယ်။ အဲဒီ ၂-မျိုးထဲက ဘယ်ခေါင်းလှျှော်ရည် အမျိုးအစားကိုဘဲသုံးသုံး နည်းနည်းသာသုံးသင့်ပြီး၊ ခေါင်း လျှော်ပြီးတဲ့အခါတိုင်း Conditioner ကို ဆံပင်တဝက်ကနေ အဖျားထိသုံးပေးရပါမယ်။ အကယ်၍ ဆံပင်ဆေး ဆိုးထားသူများ/ ကောက်ထား/ဖြောင့်ထား သူတွေမှာ ဆံသားအပေါ်ယံလွှာကိုထိခိုက်မှု လွယ်စေတာကြောင့် ခေါင်းလျှော်ရည်အပျော့စားကို Conditioner (ပေါင်းဆေး) အကောင်းစားနဲ့တွဲသုံးပေးဖို့လိုပါတယ်။

မှတ်ချက်။
(၁) ဆံပင်သားကောင်းမွန်စေဖို့အတွက် အကောင်းဆုံးဆေးကတော့ Olive Oil (သံလွင်ဆီ)ဘဲဖြစ်ပါတယ်။ ခေါင်းမလျှော်ခင် ဦး စွာပထမ သံလွင်ဆီကိုတခေါင်း လုံးနှံ့အောင်လိမ်းပေးပြီး၊ တစ်နာရီလောက်ထားပြီးနောက် ခေါင်းလျှော်ပေးပါ။ (၂) ခေါင်းလှျှော် ရည် Shampoo ဆိုတာ ရေမွှေး-ကြေး(ဂျီး)ချွတ်ဆေးတွေ အဓိကရော စပ်ထုတ်လုပ်ထားတာကြောင့် ဘယ် Shampoo အမျိုး အစားဘဲဖြစ်နေ ပါစေ၊ ခေါင်းေ လျှာ်ရည်ကို လျော့သုံးပြီးနောက် ရှမ်ပူအနံ့တွေပျောက်သွားတဲ့အထိ ဦးရေပြားကေ န ရေများများ လောင်းချပေးရပါမယ်။

အလှအပမြတ်နိုးသူတိုင်း လှသထက်ပို၍လှနိုင်ကြပါစေရှင်။

ဖိုးသူတော် (www.phothutaw.com)
Credit: ပေါက်ပေါက်

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top