ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဝန္ထမ္းေတြအေပၚ မတရားႏွိပ္စက္တဲ့ အလုပ္ရွင္ေတြ လုပ္ငန္းခြင္မွာ အေျမာက္အမ်ားရွိပါတယ္။ အခုလည္း တရုတ္ကုမၸဏီတစ္ခုက ဝန္ထမ္းအလုပ္သမားေတြအေပၚ မညွာမတာ ႏွိပ္စက္ေစခိုင္း တဲ့လုပ္ရပ္က တကယ့္ကုိစိတ္ပ်က္စရာ၊ ေဒါသထြက္စရာေကာင္းပါတယ္။

တရုတ္ဆုိရွယ္ေပၚတက္လာခဲ့တဲ့ ရုပ္သံဗြီဒီယုိဖုိင္တစ္ခုေၾကာင့္ ဆုိရွယ္အသံုးျပဳေတြကုိ ေဒါသ တႀကီးေပါက္ကြဲေစခဲ့ပါတယ္။ ကုမၸဏီတစ္ခုက အလုပ္ရွင္က အလုပ္သမားေတြအေပၚ ေစခုိင္းတဲ့ အလုပ္တာဝန္မၿပီးေျမာက္လုိ႔ ျပစ္ဒဏ္ေပးတဲ့အေနနဲ႔ သန္႔စင္ခန္း အိမ္သာေၾကြခြက္ထဲက  ညစ္ညမ္း တဲ့ေရေတြ ခပ္ၿပီးေသာက္သံုးခုိင္းခဲ့တာပဲျဖစ္ပါတယ္။

ဒါက တကယ့္ကုိပဲ ယုတ္ညံ့တဲ့လုပ္ရပ္ပဲျဖစ္ပါတယ္။ ဝန္ထမ္းအမ်ိဳးသားတစ္ဦးက အိမ္သာ ေၾကြ ခြက္ထဲက ေရေတြကုိခပ္ၿပီးေတာ့ အျခားဝန္ထမ္းအမ်ိဳးသမီးက အဆုိပါခပ္ထားတဲ့ ေရေတြ ေသာက္ သံုးေနရတဲ့ ရုပ္သံဗီြဒီယုိဖုိင္ကကုိ ရုိက္ကူးထားၿပီးေတာ့ အလုပ္သမားတစ္ဦးက We Chat ဆုိရွယ္ အေကာင့္ထဲမွာ တင္ထားခဲ့တာကေန လူအမ်ားဆီကုိ ပ်ံ႕ႏွံ႕သြားခ့ဲတာျဖစ္ပါတယ္။

ေဘဂ်င္းသတင္းရဲ႕ စံုစမ္းစစ္ေဆးမႈေတြအရ ယင္းသုိ႔အလုပ္သမားေတြအေပၚ မညွာမတာညွင္းပန္း ႏွိပ္စက္ၿပီး အျပစ္ေပးတဲ့ ကုမၸဏီက စီခၽြမ္ျပည္နယ္၊ ဂူအန္ၿမိဳ႕ေတာ္က ဓာတ္ပံုရုိက္ကူးေရး စတူဒီယုိ အလုပ္တစ္ခုျဖစ္တယ္လုိ႔ သိရပါတယ္။ ယင္းကဲ့သုိ႔ အိမ္သာေၾကြခြက္ထဲက ေရေတြေသာက္သံုးခဲ့ရတဲ့ ဝန္ထမ္းအမ်ိဳးသမီးတစ္ဦးက ေသာက္သံုးၿပီးေနာက္မွာ ဝမ္းပ်က္ဝမ္းေလွ်ာျခင္းနဲ႔ အစားမစားႏုိင္ျခင္း ေတြေတာင္ျဖစ္ေပၚခဲ့ရတယ္လုိ႔ သိရပါတယ္။

အာဏာပုိင္ေတြကလည္း အဆုိပါျဖစ္စဥ္အတြက္ စံုစမ္းစစ္ေဆးမႈေတြျပဳလုပ္ေနၿပီးေတာ့ တာဝန္ရွိသူ ေတြကုိ အျပစ္ေပးအေရး ယူျခင္းေတြျပဳလုပ္သြားဖုိ႔ရွိတယ္လုိ႔ သိရပါတယ္။

သဒၵါခ်ိဳ(ေရႊအင္းေလး)


ဖိုးသူေတာ္ (www.phothutaw.com)
Credit: www.shweinnlay.com

#Unicode Version#
ဝန်ထမ်းတွေအပေါ် မတရားနှိပ်စက်တဲ့ အလုပ်ရှင်တွေ လုပ်ငန်းခွင်မှာ အမြောက်အများရှိပါတယ်။ အခုလည်း တရုတ်ကုမ္ပဏီတစ်ခုက ဝန်ထမ်းအလုပ်သမားတွေအပေါ် မညှာမတာ နှိပ်စက်စေခိုင်း တဲ့လုပ်ရပ်က တကယ့်ကိုစိတ်ပျက်စရာ၊ ဒေါသထွက်စရာကောင်းပါတယ်။

တရုတ်ဆိုရှယ်ပေါ်တက်လာခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်တစ်ခုကြောင့် ဆိုရှယ်အသုံးပြုတွေကို ဒေါသ တကြီးပေါက်ကွဲစေခဲ့ပါတယ်။ ကုမ္ပဏီတစ်ခုက အလုပ်ရှင်က အလုပ်သမားတွေအပေါ် စေခိုင်းတဲ့ အလုပ်တာဝန်မပြီးမြောက်လို့ ပြစ်ဒဏ်ပေးတဲ့အနေနဲ့ သန့်စင်ခန်း အိမ်သာကြွေခွက်ထဲက  ညစ်ညမ်း တဲ့ရေတွေ ခပ်ပြီးသောက်သုံးခိုင်းခဲ့တာပဲဖြစ်ပါတယ်။

ဒါက တကယ့်ကိုပဲ ယုတ်ညံ့တဲ့လုပ်ရပ်ပဲဖြစ်ပါတယ်။ ဝန်ထမ်းအမျိုးသားတစ်ဦးက အိမ်သာ ကြွေ ခွက်ထဲက ရေတွေကိုခပ်ပြီးတော့ အခြားဝန်ထမ်းအမျိုးသမီးက အဆိုပါခပ်ထားတဲ့ ရေတွေ သောက် သုံးနေရတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကကို ရိုက်ကူးထားပြီးတော့ အလုပ်သမားတစ်ဦးက We Chat ဆိုရှယ် အကောင့်ထဲမှာ တင်ထားခဲ့တာကနေ လူအများဆီကို ပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။

ဘေဂျင်းသတင်းရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ယင်းသို့အလုပ်သမားတွေအပေါ် မညှာမတာညှင်းပန်း နှိပ်စက်ပြီး အပြစ်ပေးတဲ့ ကုမ္ပဏီက စီချွမ်ပြည်နယ်၊ ဂူအန်မြို့တော်က ဓာတ်ပုံရိုက်ကူးရေး စတူဒီယို အလုပ်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ ယင်းကဲ့သို့ အိမ်သာကြွေခွက်ထဲက ရေတွေသောက်သုံးခဲ့ရတဲ့ ဝန်ထမ်းအမျိုးသမီးတစ်ဦးက သောက်သုံးပြီးနောက်မှာ ဝမ်းပျက်ဝမ်းလျှောခြင်းနဲ့ အစားမစားနိုင်ခြင်း တွေတောင်ဖြစ်ပေါ်ခဲ့ရတယ်လို့ သိရပါတယ်။

အာဏာပိုင်တွေကလည်း အဆိုပါဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီးတော့ တာဝန်ရှိသူ တွေကို အပြစ်ပေးအရေး ယူခြင်းတွေပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။


သဒ္ဒါချို(ရွှေအင်းလေး)



ဖိုးသူတော် (www.phothutaw.com)
Credit: www.shweinnlay.com
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top