ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ကမာၻ႕ ေဘာလံုးေလာကတြင္ ကစားသမား တစ္ဦးအတြက္ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ ဘာစီလိုနာ တိုက္စစ္မွဴး ေနမာကို ပီအက္စ္ဂ်ီ (ပါရီစိန္႔ဂ်ာမိန္း) အသင္းက ယူ႐ို ၂၂၂ သန္းျဖင့္ ဝယ္ယူလုိက္ေၾကာင္း သိရသည္။

အဆိုပါ ေငြပမာဏသည္ ၿဗိတိန္ႏုိင္ငံသံုး စတာလင္ေပါင္ သန္း ၂၀၀ မွ်ႏွင့္ ညီမွ်ၿပီး ယမန္ႏွစ္က ဂ်ဴဗင္တပ္ ကြင္းလယ္လူ ေပါလ္ေပါ့ဂ္ဘာကို မန္ခ်က္စတာ ယူႏုိက္တက္က စတာလင္ေပါင္ ၈၉ သန္းျဖင့္ ဝယ္ယူခဲ့သည့္ ကမာၻ႕စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးထက္ အျပတ္အသတ္ မ်ားျပားခဲ့သည္။

ေနမာသည္ အခြန္မဆေဆာင္မီ တစ္ပတ္လုပ္ခ စတာလင္ေပါင္ ၇၈၂၀၀၀ ရရွိမည္ျဖစ္ၿပီး ငါးႏွစ္စာခ်ဳပ္အတြက္ ပီအက္စ္ဂ်ီသည္ စုစုေပါင္း ကုန္က်စရိတ္ စတာလင္ေပါင္ သန္း ၄၀၀ မွ်ထိ ရွိလာမည္ ျဖစ္သည္။ အသက္ ၂၅ ႏွစ္ရွိ ဘရာဇီး လက္ေရြးစင္ တိုက္စစ္မွဴးက ပီအက္စ္ဂ်ီသည္ ဥေရာပတြင္ ရည္မွန္းခ်က္ အႀကီးမားဆံုး အသင္းတစ္သင္းဟု ညႊန္းဆိုခဲ့သည္။

“ဒီအသင္းရဲ႕ ရည္မွန္းခ်က္ ႀကီးမားမႈက ကၽြန္ေတာ့္ကို အဓိက ဆြဲေဆာင္ခဲ့တာပါ။ ၿပီးေတာ့ ေဘာလံုးအေပၚ ႏွစ္ႏွစ္ကာကာ ရွိမႈကိုလည္း သေဘာက်တယ္။ စိန္ေခၚမႈေတြအတြက္ ကၽြန္ေတာ္ အသင့္ျဖစ္ေနၿပီလုိ႔ ခံစားမိပါတယ္။ ဒီေန႔ကစၿပီး အသင္းေဖာ္ေတြအတြက္ ကၽြန္ေတာ္ အစြမ္းရွိသမွ် အေကာင္းဆံုး ေပးဆပ္ ကူညီသြားပါ့မယ္”ဟု ေနမာက ဆိုသည္။

ေနမာ၏ ေျပာင္းေ႐ႊ႕ေၾကးအရ ပီအက္စ္ဂ်ီသည္ ဥေရာပ ေဘာလံုးအဖြဲ႕ခ်ဳပ္ (ယူအီးအက္ဖ္ေအ)က သတ္မွတ္ထားသည့္ ဘ႑ာေရး ဟန္ခ်က္ညီမႈ စည္းမ်ဉ္း (အက္ဖ္အက္ဖ္ပီ)ကို ခ်ိဳးေဖာက္မႈ ရွိမရွိ ဆိုသည့္အေပၚ အျငင္းပြားမႈမ်ားလည္း ရွိေနသည္။ အက္ဖ္အက္ဖ္ပီအရ အသင္းတစ္သင္း၏ ေျပာင္းေ႐ႊ႕စရိတ္သည္ အသင္းဝင္ေငြထက္ ယူ႐ို သန္း ၃၀ ကို ပိုမိုေက်ာ္လြန္ခြင့္ မရွိေခ်။

ဘာစီလိုနာ ပါဝင္ကစားေနသည့္ စပိန္ လာလီဂါ အဖဲြ႕ခ်ဳပ္က ပီအက္စ္ဂ်ီသည္ အက္ဖ္အက္ဖ္ပီ စည္းမ်ဉ္းမ်ားကို ခ်ိဳးေဖာက္ခဲ့သည္ဟု သံသယရွိေနၿပီး တိတိက်က် စံုစမ္းေပးရန္ ယူအီးအက္ဖ္ေအထံ အကူအညီ ေတာင္းခံသြားမည္ဟု ေျပာၾကားထားသည္။ ပီအက္စ္ဂ်ီ ကိုယ္စားျပဳ ပါဝင္ေနသည့္ ျပင္သစ္ လီဂူးဝမ္း အဖြဲ႕ခ်ဳပ္ကမူ လာလီဂါ၏ သေဘာထားအေပၚ အံ့ဩမိေၾကာင္း တံု႔ျပန္ခဲ့သည္။

ေနမာ၏ အေျပာင္းအေ႐ႊ႕သည္ ဥေရာပ ေအာင္ျမင္မႈမ်ား ရရွိရန္ ရည္မွန္းခ်က္ထား ျပင္ဆင္ေနသည့္ ပီအက္စ္ဂ်ီအတြက္ အားတက္စရာ ျဖစ္ခ့ဲေသာ္လည္း ဘာစီလိုနာႏွင့္ လာလီဂါ အတြက္မူ အထိနာခဲ့သည္ဟု ဆိုႏုိင္သည္။ ေနမာ ကိုယ္တိုင္ကမူ ဘာစီလိုနာတြင္ အသင္းေဖာ္ လီယြန္နယ္ မက္ဆီ၏ ေလာင္းရိပ္ လႊမ္းမိုးေနမႈေအာက္မွ ႐ုန္းထြက္ႏုိင္သည့္ သေဘာမိ်ဳး ျဖစ္လာသည္။

ေနမာသည္ ဘာစီလိုနာ အသင္းတြင္ ေလးရာသီ ကစားၿပီး ၁၈၆ ပြဲတြင္ ၁၀၅ ဂိုး သြင္းယူခဲ့သလို လာလီဂါ ခ်န္ပီယံဆု ႏွစ္ႀကိမ္၊ ကိုပါဒယ္လ္ေရး ႐ံႈးထြက္ဖလား သံုးႀကိမ္၊ ခ်န္ပီယံလိဂ္ ဆုဖလား တစ္ႀကိမ္ႏွင့္ ကမာၻ႕ကလပ္အသင္းမ်ားဖလား တစ္ႀကိမ္တုိ႔ကို ဆြတ္ခူး ရယူႏုိင္ခဲ့သည္။

Ref: Sky Sports

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily


#Unicode Version#
 ကမ္ဘာ့ ဘောလုံးလောကတွင် ကစားသမား တစ်ဦးအတွက် စံချိန်တင် ပြောင်းရွှေ့ကြေးအဖြစ် ဘာစီလိုနာ တိုက်စစ်မှူး နေမာကို ပီအက်စ်ဂျီ (ပါရီစိန့်ဂျာမိန်း) အသင်းက ယူရို ၂၂၂ သန်းဖြင့် ဝယ်ယူလိုက်ကြောင်း သိရသည်။

အဆိုပါ ငွေပမာဏသည် ဗြိတိန်နိုင်ငံသုံး စတာလင်ပေါင် သန်း ၂၀၀ မျှနှင့် ညီမျှပြီး ယမန်နှစ်က ဂျူဗင်တပ် ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာကို မန်ချက်စတာ ယူနိုက်တက်က စတာလင်ပေါင် ၈၉ သန်းဖြင့် ဝယ်ယူခဲ့သည့် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးထက် အပြတ်အသတ် များပြားခဲ့သည်။

နေမာသည် အခွန်မဆဆောင်မီ တစ်ပတ်လုပ်ခ စတာလင်ပေါင် ၇၈၂၀၀၀ ရရှိမည်ဖြစ်ပြီး ငါးနှစ်စာချုပ်အတွက် ပီအက်စ်ဂျီသည် စုစုပေါင်း ကုန်ကျစရိတ် စတာလင်ပေါင် သန်း ၄၀၀ မျှထိ ရှိလာမည် ဖြစ်သည်။ အသက် ၂၅ နှစ်ရှိ ဘရာဇီး လက်ရွေးစင် တိုက်စစ်မှူးက ပီအက်စ်ဂျီသည် ဥရောပတွင် ရည်မှန်းချက် အကြီးမားဆုံး အသင်းတစ်သင်းဟု ညွှန်းဆိုခဲ့သည်။

“ဒီအသင်းရဲ့ ရည်မှန်းချက် ကြီးမားမှုက ကျွန်တော့်ကို အဓိက ဆွဲဆောင်ခဲ့တာပါ။ ပြီးတော့ ဘောလုံးအပေါ် နှစ်နှစ်ကာကာ ရှိမှုကိုလည်း သဘောကျတယ်။ စိန်ခေါ်မှုတွေအတွက် ကျွန်တော် အသင့်ဖြစ်နေပြီလို့ ခံစားမိပါတယ်။ ဒီနေ့ကစပြီး အသင်းဖော်တွေအတွက် ကျွန်တော် အစွမ်းရှိသမျှ အကောင်းဆုံး ပေးဆပ် ကူညီသွားပါ့မယ်”ဟု နေမာက ဆိုသည်။

နေမာ၏ ပြောင်းရွှေ့ကြေးအရ ပီအက်စ်ဂျီသည် ဥရောပ ဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ)က သတ်မှတ်ထားသည့် ဘဏ္ဍာရေး ဟန်ချက်ညီမှု စည်းမျဉ်း (အက်ဖ်အက်ဖ်ပီ)ကို ချိုးဖောက်မှု ရှိမရှိ ဆိုသည့်အပေါ် အငြင်းပွားမှုများလည်း ရှိနေသည်။ အက်ဖ်အက်ဖ်ပီအရ အသင်းတစ်သင်း၏ ပြောင်းရွှေ့စရိတ်သည် အသင်းဝင်ငွေထက် ယူရို သန်း ၃၀ ကို ပိုမိုကျော်လွန်ခွင့် မရှိချေ။

ဘာစီလိုနာ ပါဝင်ကစားနေသည့် စပိန် လာလီဂါ အဖွဲ့ချုပ်က ပီအက်စ်ဂျီသည် အက်ဖ်အက်ဖ်ပီ စည်းမျဉ်းများကို ချိုးဖောက်ခဲ့သည်ဟု သံသယရှိနေပြီး တိတိကျကျ စုံစမ်းပေးရန် ယူအီးအက်ဖ်အေထံ အကူအညီ တောင်းခံသွားမည်ဟု ပြောကြားထားသည်။ ပီအက်စ်ဂျီ ကိုယ်စားပြု ပါဝင်နေသည့် ပြင်သစ် လီဂူးဝမ်း အဖွဲ့ချုပ်ကမူ လာလီဂါ၏ သဘောထားအပေါ် အံ့ဩမိကြောင်း တုံ့ပြန်ခဲ့သည်။

နေမာ၏ အပြောင်းအရွှေ့သည် ဥရောပ အောင်မြင်မှုများ ရရှိရန် ရည်မှန်းချက်ထား ပြင်ဆင်နေသည့် ပီအက်စ်ဂျီအတွက် အားတက်စရာ ဖြစ်ခဲ့သော်လည်း ဘာစီလိုနာနှင့် လာလီဂါ အတွက်မူ အထိနာခဲ့သည်ဟု ဆိုနိုင်သည်။ နေမာ ကိုယ်တိုင်ကမူ ဘာစီလိုနာတွင် အသင်းဖော် လီယွန်နယ် မက်ဆီ၏ လောင်းရိပ် လွှမ်းမိုးနေမှုအောက်မှ ရုန်းထွက်နိုင်သည့် သဘောမျိုး ဖြစ်လာသည်။

နေမာသည် ဘာစီလိုနာ အသင်းတွင် လေးရာသီ ကစားပြီး ၁၈၆ ပွဲတွင် ၁၀၅ ဂိုး သွင်းယူခဲ့သလို လာလီဂါ ချန်ပီယံဆု နှစ်ကြိမ်၊ ကိုပါဒယ်လ်ရေး ရှုံးထွက်ဖလား သုံးကြိမ်၊ ချန်ပီယံလိဂ် ဆုဖလား တစ်ကြိမ်နှင့် ကမ္ဘာ့ကလပ်အသင်းများဖလား တစ်ကြိမ်တို့ကို ဆွတ်ခူး ရယူနိုင်ခဲ့သည်။

Ref: Sky Sports

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top