






Good Luck U22 Myanmar

Credit:  Htoo Htoo

#Unicode Version#
ဒီနေ့ထိုင်းနဲ့ ဗီယက်နမ် ကန်ကြတာ မထင်မှတ်ဘဲ ဗီယက်နမ်က ထိုင်းကို ၃ း ၀ နဲ့ ရှုံးခဲ့ရပြီး Sea Game ကနေထွက်ခွာ ခဲ့ရပါတယ်။ အားကစားများကလဲ အရမ်းကို ကြိုးစားခဲ့ပါတယ်၊ မနိုင်တော့လဲ မတတ်နိုင်ဘူးလေ။

ပွဲအပြီးမှာ ဗီယက်နမ် ကစားသမား တစ်ယောက်က သူ Facebook ပေါ်မှာ ကြေကွဲစာ နုတ်ဆက်စာ တင်ခဲ့ပါတယ်။ သူ့စားကို အအောက်ပါအတိုင်း မြန်မာလို ပြန်တင်ပေးလိုက်ပါတယ်။ မူရင်းကိုလဲ တင်ပေးထားပါတယ်။

“ကျနော်တို့ရဲ့အိပ်မက်တွေ မျှော်လင့်ချက်တွေ အဆုံးသတ်သွားရပါပြီ။ ထို့အတွက်ကြောင့် ဗီယက်နမ်က ပရိသတ်တွေအားလုံးကိုအနူးအညွှတ်တောင်းပန်ပါတယ်။ ကျနော်တို့ကိုအစဉ်အမြဲအားပေးခဲ့ကြတဲ့ ပရိသတ်တွေအားလုံးအတွက် ဒီနေ့ဟာ ဝမ်းနည်းကြေကွဲဖွယ်ရာနေ့တနေ့ပါပဲ ကျနော်တို့အစွမ်းကုန်ကြိုးစားခဲ့တယ်။

ဒါပေမယ့်ကျနော်တို့မလုပ်နိုင်ခဲ့ဘူး အားလုံးသော ဗီယက်နမ်ကပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

နောက်ဆုံးကျနော်ပြောချင်တာက မြန်မာဘောလုံးအသင်းဆီးဂိမ်းစ်မှာ ဖိုင်နယ်ထိတက်ရောက်ပြီး အောင်မြင်မှုရရှိပါစေ။ အစွမ်းကုန်ကြိုးစားပါ ကျနော်ခင်ဗျားတို့နဲ့အတူရှိနေပါမယ်။

ကျနော်တို့က အကောင်းဆုံးသော မိတ်ဆွေ ညီအစ်ကိုတွေလိုပါပဲ။ ကျနော်တို့က မအောင်မြင်ခဲ့ပေမယ့် ခင်ဗျားတို့အောင်မြင်မယ်ဆိုတာ ယုံကြည်ပါတယ်။

မြန်မာယူ၂၂အသင်းနဲ့ နောက်ထပ်တွေ့ဆုံချင်ပါသေးတယ်

Good Luck U22 Myanmar

ဗီယက်နမ်ကစားသမား Song Trong Bong Dem က ဒီလိုရေးခဲ့ပါတယ်။ စိတ်တော့မကောင်းပါဘူး၊ ဒါမဲ့ အနိုင်နဲ့ အရှုံးဘဲဆိုတော့ ဖြစ်တတ်တယ်လေ။ မြန်မာ အောင်နိုင်ပါစေလို့ ဆုတောင်းပေးရင်း..။
ဖိုးသူတော် (www.phothutaw.com)
Credit:  Htoo Htoo
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top