Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

လူတိုင္းမွာ အားသာခ်က္၊ အားနည္းခ်က္ ကိုယ္စီ႐ွိၾကစၿမဲေနာ္။ ကိုယ္ေမြးဖြားတဲ့ ရာသီခြင္ေတြကလည္း ကိုယ့္ရဲ႕ အားနည္းခ်က္၊ အားသာခ်က္ေတြကို ေျပာျပေနပါတယ္။ မဒီတို႔ကေရာ ဘယ္ရာသီခြင္မွာေမြးၿပီး ဘယ္လိုအားသာခ်က္ေလးေတြ႐ွိသလဲဆုိတာ ဖတ္ၾကည့္ပါဦးေနာ္

၁။ မိႆ (Aries)

မိႆရာသီဖြား (မတ္ ၂၁ - ဧၿပီ ၂၀) ေတြဟာ ေခါင္းေဆာင္ႏိုင္စြမ္း႐ွိသူေတြအျဖစ္ ေမြးဖြားလာၾကတာပါ။ အမွီအခိုကင္းၿပီး အေကာင္းျမင္ဝါဒီသမားေတြျဖစ္ၾကတယ္။ ဒါေပမဲ့ ေခါင္းမာၿပီး စိတ္မ႐ွည္တာကေတာ့ အားနည္းခ်က္ပဲ။

၂။ ၿပိႆ (Taurus)

ၿပိႆရာသီဖြား (ဧၿပီ ၂၁ - ေမ ၂၁) ေတြကေတာ့ ငယ္ငယ္ေလးတည္းက အေၾကာတင္း၊ ေခါင္းမာသူေတြ။ အားသာခ်က္ကေတာ့ လက္ေတြ႕ဆန္ၿပီး အလုပ္ႀကိဳးစားတယ္။ အားနည္းခ်က္အေနနဲ႔ စိတ္အလိုလိုက္လြန္းတာဆိုးတယ္။

၃။ ေမထုန္ (Gemini)

ေမထုန္ရာသီဖြား (ေမ ၂၂ - ဇြန္ ၂၁) ေတြက စူးစမ္းေလ့လာလိုစိတ္႐ွိၾကတယ္။ ညႇိႏႈိင္းလုပ္ေဆာင္တတ္တယ္။ အေပါင္းအသင္းဆံ့တယ္ေပါ့။ အားနည္းခ်က္ကေတာ့ အလုပ္လုပ္ရင္ လွ်ပ္ျပာလွ်ပ္ျပာလုပ္ၿပီး ဆံုးျဖတ္ခ်က္လည္း မျပတ္သားၾကဘူး။

၄။ ကရကဋ္ (Cancer)

(ဇြန္ ၂၂ - ဇူလိုင္ ၂၂) အတြင္း ေမြးဖြားခဲ့တဲ့ ကရကဋ္ရာသီဖြားေတြဟာ စာနာသနားစိတ္႐ွိသူေတြ၊ မွီခိုအားကိုးလို႔ရသူေတြျဖစ္ပါတယ္။ သူတစ္ပါးအေပၚ ၾကင္နာတတ္တယ္။ ဒါေပမဲ့ စိတ္တုိလြယ္တယ္၊ အဆိုးေတြခ်ည္းျမင္တတ္တယ္။

၅။ သိဟ္ (Leo)

ျခေသၤ့႐ုပ္နဲ႔ကိုယ္စားျပဳတဲ့ သိဟ္ရာသီဖြား (ဇူလိုင္ ၂၃ - ၾသဂုတ္ ၂၃) ေတြက ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈရွိၿပီး စမတ္က်သူေတြပါ။ ဒါေပမဲ့ ဘဝျမင့္စိတ္ၾကီးဝင္လြန္းၿပီး သူမ်ားကိုလႊမ္းမိုးခ်င္ၾကတယ္။

၆။ ကန္ (Virgo)

ကန္ရာသီဖြား (ၾသဂုတ္ ၂၄ - စက္တင္ဘာ ၂၂) ေတြရဲ႕စိတ္ေနသေဘာထားက ကိစၥတစ္ခုခုကို အေသးစိတ္ အလြန္အကၽြံကို ခြဲျခားစိတ္ျဖာေနစိတ္ရွိၾကတယ္။ ပြင့္လင္းသြက္လက္သူေတြျဖစ္တယ္။ ေကာင္းကြက္ကေတာ့ လူေတြနဲ႔အရမ္းအဆင္ေျပေအာင္ ေပါင္းတတ္တယ္၊ အလုပ္ႀကိဳးစားတယ္။ ဆိုးတာကေတာ့ သံသယမ်ားတာနဲ႔ အရမ္းကိုအျပစ္ရွာတတ္ပဲ။

၇။ တူ (Libra)

ခ်ိန္ခြင္ေလးနဲ႔ ေဖာ္ျပေလ့႐ွိတဲ့ တူရာသီရဲ႕သေကၤတေလးဟာ တူရာသီဖြား (စက္တင္ဘာ ၂၃ - ေအာက္တိုဘာ ၂၃)ေတြရဲ႕ စိတ္ထားကို ညႊန္ျပတာပါ။ မွ်တမႈနဲ႔ ဟန္ခ်က္ညီမႈကို လိုလားသူေတြေပါ့။ လိမၼာပါးနပ္ၾကတယ္။ ဒါေပမဲ့ အလုပ္လုပ္ရင္ ေသေသသပ္သပ္မရွိဘူး။

၈။ ၿဗိစၦာ (Scorpio)

(ေအာက္တိုဘာ ၂၄ - ႏိုဝင္ဘာ ၂၂) အတြင္း ေမြးဖြားခဲ့တဲ့ ၿဗိစၦာရာသီဖြားေတြက ရဲရင့္မႈရွိသူေတြ၊ သဲႀကီးမဲႀကီးခ်စ္တတ္သူေတြပါ။ ဒါေပမဲ့ ယံုၾကည္ေပးႏိုင္စြမ္းနည္းၿပီး တစ္ခုခုကို အလိုမက်စိတ္က ပိုမ်ားေနတယ္။

၉။ ဓႏု (Sagittarius)

ဓႏုရာသီဖြား (ႏိုဝင္ဘာ ၂၃ - ဒီဇင္ဘာ ၂၁) ေတြရဲ႕ အားသာခ်က္က စြန္႔စားလိုစိတ္ရွိသူ၊ တက္ၾကြဖ်တ္လတ္ေတြအျဖစ္ ေမြးဖြားလာတာပါပဲ။ စိတ္မရွည္တာနဲ႔ ႀကိဳတင္ခန္႔မွန္းလို႔မရေအာင္ လုပ္ခ်င္တာေကာက္လုပ္ပလိုက္တာကေတာ့ ဆိုးကြက္ေပါ့ေလ။

၁၀။ မကာရ (Capricorn)

(ဒီဇင္ဘာ ၂၂ - ဇန္နဝါရီ ၂၀) အတြင္း ေမြးဖြားသူေတြဟာ ကိုယ့္ကိုယ္ကိုထိန္းခ်ဳပ္ႏိုင္ၿပီး အိပ္မက္ေတြကို လက္ေတြ႕ျဖစ္လာေအာင္ လုပ္ေဆာင္ႏိုင္သူေတြပါ။ စည္းမ်ဥ္းစည္းကမ္းေတြကိုလိုက္နာၿပီး တာဝန္ခံစိတ္အျပည့္ရွိတယ္။ ဒါေပမဲ့ ခ်ဳပ္ထိန္းလြန္းတာနဲ႔ စိတ္ႀကီးဝင္တာေတာ့ မေကာင္းဘူး။

၁၁။ ကုမ္ (Aquarius)

(ဇန္နဝါရီ ၂၁ - ေဖေဖာ္ဝါရီ ၁၈) ေမြးတဲ့ ကုမ္ရာသီေတြရဲ႕ အားသာခ်က္က သူတစ္ပါးကို မမွီခိုဘဲ လြတ္လြတ္လပ္လပ္ေနတတ္သူေတြျဖစ္တယ္။ စစ္မွန္ရိုးသားၾကတယ္။ စိတ္လိုက္မာန္ပါလုပ္လြန္းေတာ့ ခဏခဏ ျပႆနာတက္ရ၊ စိတ္ညစ္ရတယ္။

၁၂။ မိန္ (Pisces)

ငါးေလးႏွစ္ေကာင္နဲ႔ သေကၤတျပထားတဲ့ မိန္ရာသီ (ေဖေဖာ္ဝါရီ ၁၉ - မတ္ ၂၀) ေတြက အႏုပညာ႐ွင္ေတြ၊ ဒါမွမဟုတ္ အႏုပညာကို စိတ္ဝင္စားသူေတြပါ။ အယံုလြယ္လြန္းတာကေတာ့ အားနည္းခ်က္ပဲ။

Source : Be Beauty
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
လူတိုင်းမှာ အားသာချက်၊ အားနည်းချက် ကိုယ်စီရှိကြစမြဲနော်။ ကိုယ်မွေးဖွားတဲ့ ရာသီခွင်တွေကလည်း ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်တွေကို ပြောပြနေပါတယ်။ မဒီတို့ကရော ဘယ်ရာသီခွင်မှာမွေးပြီး ဘယ်လိုအားသာချက်လေးတွေရှိသလဲဆိုတာ ဖတ်ကြည့်ပါဦးနော်

၁။ မိဿ (Aries)

မိဿရာသီဖွား (မတ် ၂၁ - ဧပြီ ၂၀) တွေဟာ ခေါင်းဆောင်နိုင်စွမ်းရှိသူတွေအဖြစ် မွေးဖွားလာကြတာပါ။ အမှီအခိုကင်းပြီး အကောင်းမြင်ဝါဒီသမားတွေဖြစ်ကြတယ်။ ဒါပေမဲ့ ခေါင်းမာပြီး စိတ်မရှည်တာကတော့ အားနည်းချက်ပဲ။

၂။ ပြိဿ (Taurus)

ပြိဿရာသီဖွား (ဧပြီ ၂၁ - မေ ၂၁) တွေကတော့ ငယ်ငယ်လေးတည်းက အကြောတင်း၊ ခေါင်းမာသူတွေ။ အားသာချက်ကတော့ လက်တွေ့ဆန်ပြီး အလုပ်ကြိုးစားတယ်။ အားနည်းချက်အနေနဲ့ စိတ်အလိုလိုက်လွန်းတာဆိုးတယ်။

၃။ မေထုန် (Gemini)

မေထုန်ရာသီဖွား (မေ ၂၂ - ဇွန် ၂၁) တွေက စူးစမ်းလေ့လာလိုစိတ်ရှိကြတယ်။ ညှိနှိုင်းလုပ်ဆောင်တတ်တယ်။ အပေါင်းအသင်းဆံ့တယ်ပေါ့။ အားနည်းချက်ကတော့ အလုပ်လုပ်ရင် လျှပ်ပြာလျှပ်ပြာလုပ်ပြီး ဆုံးဖြတ်ချက်လည်း မပြတ်သားကြဘူး။

၄။ ကရကဋ် (Cancer)

(ဇွန် ၂၂ - ဇူလိုင် ၂၂) အတွင်း မွေးဖွားခဲ့တဲ့ ကရကဋ်ရာသီဖွားတွေဟာ စာနာသနားစိတ်ရှိသူတွေ၊ မှီခိုအားကိုးလို့ရသူတွေဖြစ်ပါတယ်။ သူတစ်ပါးအပေါ် ကြင်နာတတ်တယ်။ ဒါပေမဲ့ စိတ်တိုလွယ်တယ်၊ အဆိုးတွေချည်းမြင်တတ်တယ်။

၅။ သိဟ် (Leo)

ခင်္သြေ့ရုပ်နဲ့ကိုယ်စားပြုတဲ့ သိဟ်ရာသီဖွား (ဇူလိုင် ၂၃ - သြဂုတ် ၂၃) တွေက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး စမတ်ကျသူတွေပါ။ ဒါပေမဲ့ ဘဝမြင့်စိတ်ကြီးဝင်လွန်းပြီး သူများကိုလွှမ်းမိုးချင်ကြတယ်။

၆။ ကန် (Virgo)

ကန်ရာသီဖွား (သြဂုတ် ၂၄ - စက်တင်ဘာ ၂၂) တွေရဲ့စိတ်နေသဘောထားက ကိစ္စတစ်ခုခုကို အသေးစိတ် အလွန်အကျွံကို ခွဲခြားစိတ်ဖြာနေစိတ်ရှိကြတယ်။ ပွင့်လင်းသွက်လက်သူတွေဖြစ်တယ်။ ကောင်းကွက်ကတော့ လူတွေနဲ့အရမ်းအဆင်ပြေအောင် ပေါင်းတတ်တယ်၊ အလုပ်ကြိုးစားတယ်။ ဆိုးတာကတော့ သံသယများတာနဲ့ အရမ်းကိုအပြစ်ရှာတတ်ပဲ။

၇။ တူ (Libra)

ချိန်ခွင်လေးနဲ့ ဖော်ပြလေ့ရှိတဲ့ တူရာသီရဲ့သင်္ကေတလေးဟာ တူရာသီဖွား (စက်တင်ဘာ ၂၃ - အောက်တိုဘာ ၂၃)တွေရဲ့ စိတ်ထားကို ညွှန်ပြတာပါ။ မျှတမှုနဲ့ ဟန်ချက်ညီမှုကို လိုလားသူတွေပေါ့။ လိမ္မာပါးနပ်ကြတယ်။ ဒါပေမဲ့ အလုပ်လုပ်ရင် သေသေသပ်သပ်မရှိဘူး။

၈။ ဗြိစ္ဆာ (Scorpio)

(အောက်တိုဘာ ၂၄ - နိုဝင်ဘာ ၂၂) အတွင်း မွေးဖွားခဲ့တဲ့ ဗြိစ္ဆာရာသီဖွားတွေက ရဲရင့်မှုရှိသူတွေ၊ သဲကြီးမဲကြီးချစ်တတ်သူတွေပါ။ ဒါပေမဲ့ ယုံကြည်ပေးနိုင်စွမ်းနည်းပြီး တစ်ခုခုကို အလိုမကျစိတ်က ပိုများနေတယ်။

၉။ ဓနု (Sagittarius)

ဓနုရာသီဖွား (နိုဝင်ဘာ ၂၃ - ဒီဇင်ဘာ ၂၁) တွေရဲ့ အားသာချက်က စွန့်စားလိုစိတ်ရှိသူ၊ တက်ကြွဖျတ်လတ်တွေအဖြစ် မွေးဖွားလာတာပါပဲ။ စိတ်မရှည်တာနဲ့ ကြိုတင်ခန့်မှန်းလို့မရအောင် လုပ်ချင်တာကောက်လုပ်ပလိုက်တာကတော့ ဆိုးကွက်ပေါ့လေ။

၁၀။ မကာရ (Capricorn)

(ဒီဇင်ဘာ ၂၂ - ဇန်နဝါရီ ၂၀) အတွင်း မွေးဖွားသူတွေဟာ ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်ပြီး အိပ်မက်တွေကို လက်တွေ့ဖြစ်လာအောင် လုပ်ဆောင်နိုင်သူတွေပါ။ စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာပြီး တာဝန်ခံစိတ်အပြည့်ရှိတယ်။ ဒါပေမဲ့ ချုပ်ထိန်းလွန်းတာနဲ့ စိတ်ကြီးဝင်တာတော့ မကောင်းဘူး။

၁၁။ ကုမ် (Aquarius)

(ဇန်နဝါရီ ၂၁ - ဖေဖော်ဝါရီ ၁၈) မွေးတဲ့ ကုမ်ရာသီတွေရဲ့ အားသာချက်က သူတစ်ပါးကို မမှီခိုဘဲ လွတ်လွတ်လပ်လပ်နေတတ်သူတွေဖြစ်တယ်။ စစ်မှန်ရိုးသားကြတယ်။ စိတ်လိုက်မာန်ပါလုပ်လွန်းတော့ ခဏခဏ ပြဿနာတက်ရ၊ စိတ်ညစ်ရတယ်။

၁၂။ မိန် (Pisces)

ငါးလေးနှစ်ကောင်နဲ့ သင်္ကေတပြထားတဲ့ မိန်ရာသီ (ဖေဖော်ဝါရီ ၁၉ - မတ် ၂၀) တွေက အနုပညာရှင်တွေ၊ ဒါမှမဟုတ် အနုပညာကို စိတ်ဝင်စားသူတွေပါ။ အယုံလွယ်လွန်းတာကတော့ အားနည်းချက်ပဲ။

Source : Be Beauty

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top