ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ကမ႓ာေက်ာ္ ေဖာက္ထြင္းမႈႀကီးမ်ား
__________________

ဒီေန႔ကာလဟာ အမ်ားသိၾကတဲ့အတိုင္း နည္းပညာေတြဟာ ေခတ္မီလြန္းၿပီး ေစာင့္ၾကည့္ကင္မရာေတြနဲ႔ ဒီအင္ေအသက္ေသျပႏိုင္တဲ့အခ်က္ စတာေတြေၾကာင့္ တစ္ေနရာရာကို ေဖာက္ထြင္းခိုးယူဖို႔ဆိုတာ ခက္ခဲလြန္းပါတယ္။ ေဟာလိဝုဒ္လို ႐ုပ္ရွင္ေတြမွာ ပရိတ္သတ္အႀကိဳက္ေဖာက္ထြင္းမႈႀကီးေတြ၊ ဉာဏ္ပါပါ ခုိးတဲ့ ဇာတ္ကြက္ေတြအမ်ဳိးမ်ဳိး ႐ိုက္ျပၾကေပမဲ့ တကယ္တန္းခိုးယူဖို႔က်ေတာ့ ခက္ခဲတယ္ဆိုတာ အားလုံးနားလည္သေဘာေပါက္ၾကပါတယ္။ ဒါေပမဲ့လည္း တခ်ဳိ႕ေဖာက္ထြင္းေရး သမားေတြကေတာ့ လက္စလက္နေပ်ာက္ေအာင္ကို ခိုးယူသြားႏိုင္တဲ့ အျဖစ္အပ်က္ေတြလည္း ရွိခဲ့ပါတယ္။

အမွတ္စဥ္ ၁။ အဲလ္ဘတ္ စပက္ဂီရာရီ

___________________________

သူဟာ ၁၉၇၆ခုႏွစ္က ျပင္သစ္ဗဟိုဘဏ္ေဖာက္ထြင္းမႈမွာေတာ့ တကယ့္ဉာဏ္ႀကီးရွင္ရယ္လို႔ ေက်ာ္ၾကားခဲ့သူ တစ္ေယာက္ပါ။ သူခပ္ငယ္ငယ္အရြယ္မွာ ခ်စ္သူကို အစြမ္းျပလိုစိတ္နဲ႔ ပထမဆုံး ဓားျပမႈတစ္ခုကို က်ဴးလြန္ခဲ့ပါတယ္။ မၾကာခင္အဖမ္းခံလိုက္ရၿပီး ေထာင္က်သြားပါတယ္။ ျပန္လြတ္လာတဲ့ေနာက္မွာေတာ့ စစ္မႈထမ္းလိုက္ပါေသးတယ္။ ေနာက္ေတာ့ ဓာတ္ပုံစတူဒီယို တစ္ခုေထာင္ၿပီး သာမန္ဘဝလူေနမႈဘဝနဲ႔ အသက္ေမြးဝမ္းေၾကာင္းျပဳလိုက္ပါေသးတယ္။ သက္လတ္ပိုင္း အရြယ္မွာေတာ့ သာမန္ဘဝေတြကို ၿငီးေငြ႕လာၿပီးတဲ့ေနာက္မွာေတာ့ ရာဇဝတ္မႈေတြကို ေပ်ာ္ေပ်ာ္ႀကီး က်ဴးလြန္ပါေတာ့တယ္။

ႏိုက္စ္မွာရွိတဲ့ ျပင္သစ္ဗဟိုဘဏ္ကို ေဖာက္ထြင္းဖို႔ အစီအစဥ္ခ်ပါတယ္။ ေငြတိုက္ဟာ ေျမေအာက္ခန္းမွာသာ ရွိတဲ့အတြက္ ေျမႀကီးေအာက္က ေဖာက္ဝင္တာသာ အေကာင္းဆုံးနည္းလို႔ သူေတြးခဲ့ပါတယ္။ ဘဏ္ေဖာက္ထြင္းမႈအေတာ္မ်ားမ်ားဟာ ေျမတိုက္က ေဖာက္ၾကပါတယ္။ သူတစ္ေယာက္တည္း မျဖစ္လို႔ မာေဆးမွာရွိတဲ့ လူဆိုးဂိုဏ္းတစ္ဂိုဏ္းကို စည္း႐ုံးၿပီး လုပ္ငန္းစခဲ့ပါတယ္။ သူ႔လူေတြကို အလုပ္လုပ္ေနခိုက္မွာ ေကာ္ဖီနဲ႔ အရက္လုံးဝမေသာက္ဖို႔ တင္းတင္းၾကပ္ၾကပ္ တားျမစ္ထားပါတယ္။ ရသတၱပတ္ အတန္ၾကာေအာင္ တူးၿပီးတဲ့ေနာက္မွာေတာ့ အာမခံေသတၱာေပါင္း ၄၀၀ ေက်ာ္ကေန သန္း ၆၀ ေက်ာ္ဖိုး ခိုးယူခဲ့ပါတယ္။ အလြန္ဦးေႏွာက္သုံးရတဲ့ ေဖာက္ထြင္းမႈႀကီး ျဖစ္ပါတယ္။

သူ႔ခ်စ္သူနဲ႔ အပန္းေျဖခရီးထြက္ေနတုန္းမွာ အဖမ္းခံလိုက္ရေပမဲ့ ထြက္ေျပးလြတ္ေျမာက္သြားခဲ့ပါတယ္။ ေနာက္ထပ္လည္း ဖမ္းမမိေတာ့ပါဘူး။

အမွတ္စဥ္ ၂။ ပန္းေရာင္က်ားသစ္မ်ား
___________________________

အဲဒီ ပန္းေရာင္က်ားသစ္မ်ား ဆိုတာကေတာ့ ရတနာေတြခိုးတဲ့ ဆာဘီးယားဂိုဏ္းတစ္ခုျဖစ္ပါတယ္။ အျခားလက္သည္မေပၚတဲ့ ရတနာေပ်ာက္ဆုံးမႈေတြဟာ ဒီအဖြဲ႔ရဲ႕လက္ခ်က္လို႔ ႏိုင္ငံတကာရဲတပ္ဖြဲ႔က လက္ခံထားရတဲ့အဖြဲ႔ျဖစ္ပါတယ္။ ရာဇဝတ္မႈဆိုင္ေတြအတြက္ အစီအစဥ္ခ်မွတ္ပုံဟာ တကယ္အႏုပညာ ေျမာက္တယ္လို႔ေတာင္ ဆိုႏိ္ုင္ပါတယ္။ တိုင္းျပည္အမ်ားအျပားမွာ ေဖာက္ထြင္းမႈေတြ က်ဴးလြန္ခဲ့တဲ့ အဖြဲ႔ျဖစ္ပါတယ္။ ဂ်ပန္ဟာ သူတို႔ဒဏ္ကို အခံရဆုံး ႏိုင္ငံျဖစ္ပါတယ္။ သူတို႔ရဲ႕ ပထမဆုံးလက္ရာကေတာ့ ၁၉၉၃ ခုႏွစ္မွာ လန္ဒန္ရတနာကုန္သည္ေတြဆီက ေပါင္ ငါးသိန္းဖိုးေလာက္ ခိုးခဲ့တဲ့အမႈျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ႏိုင္ငံေပါင္း ၂၀ ေလာက္ကေန မတူညီတဲ့ ဓားျပမႈ၊ ေဖာက္ထြင္းမႈေပါင္း ၁၂၀ ေလာက္ က်ဴးလြန္ခဲ့ၾကပါတယ္။ အျခားနာမည္ႀကီး ခိုးမႈအမ်ဳိးမ်ဳိးေတြလည္း လုပ္ခဲ့ၾကပါတယ္။ ဒူဘိုင္းေဟာမွာေတာင္ ေဒၚလာ ရွစ္သန္းဖိုးေလာက္ရွိတဲ့ နာရီနဲ႔ တျခားပစၥည္းေတြ ခိုးခဲ့ပါေသးတယ္။ အဖြဲ႔ဝင္ ရာဂဏန္းရွိၿပီး အခုဆိုရင္ ေဒၚလာဘီလ်ံနဲ႔ခ်ီတဲ့ ပိုင္ဆိုင္မႈေတြ ရွိေနၿပီလို႔ အမ်ားက ယုံၾကည္ၾကပါတယ္။

အမွတ္စဥ္ ၃။ ဘာကာလမ္းေဖာက္ထြင္းမႈ
______________________________


ဒီျဖစ္ရပ္ကေတာ့ လန္ဒန္မွာ ၁၉၇၁ ခုႏွစ္က ျဖစ္ပြားခဲ့တာပါ။ လက္နက္ပစၥည္းအစုံအလင္ တပ္ဆင္ထားတဲ့ လူတစ္စုက လြိဳဒ္ဘာကာလမ္း ဘဏ္ရဲ႕ ေငြတိုက္ကို ေဖာက္ဝင္ခဲ့ၿပီး အဲဒီအခ်ိန္က ေငြသား ေဒၚလာသုံးသန္း ( ၂၀၁၁ ခုႏွစ္တန္ဖိုးနဲ႔တြက္ရင္ ၃၇.၁ သန္း) နဲ႔ အျခား အဖိုးတန္ပစၥည္းေတြကို ခိုးယူသြားခဲ့တာျဖစ္ပါတယ္။ ဘဏ္အနီးမွာရွိတဲ့ ဆိုင္တစ္ဆိုင္ကေန လႈိဏ္ေခါင္းတူးၿပီး ေဖာက္ဝင္ခဲ့ၾကတာပါ။ သူခိုးအခ်င္းခ်င္း ဆက္သြယ္တဲ့ လမ္းေလွ်ာက္စကားေျပာစက္က အသံေတြကို အဲဒီအနီးတဝိုက္မွာ ကင္းလွည့္ေနတဲ့ ရဲကားက အမွတ္မထင္ ဖမ္းမိခဲ့ပါတယ္။ ဒါေပမဲ့ သူခိုးေတြကို မိေအာင္ မဖမ္းႏိုင္ခဲ့ပါဘူး။ အဲဒီအေၾကာင္းကို Jason Statham က “The Bank Job” ဆိုၿပီး ႐ုပ္ရွင္ ႐ိုက္ခဲ့ဖူးပါတယ္။


အမွတ္စဥ္ ၄။ တူရင္ေဖာက္ထြင္းမႈ
________________________

 
၂၀၀၃ ခုႏွစ္ ရဲ႕ေဖေဖာ္ဝါရီ ၁၄ ရက္ေန႔မွာ ျဖစ္ပြားခဲ့တဲ့ အမႈျဖစ္ပါတယ္။ ကမ႓ာမွာ မၾကဳံဖူးေလာက္တဲ့ စိန္ခိုးမႈႀကီးကို တူရင္ (Antwerp Diamond Centre) မွာ ျဖစ္ေပၚခဲ့ပါတယ္။ ဘယ္ေလာက္ အခိုးခံရတယ္လို႔ ထုတ္ေဖာ္ေၾကညာတာမ်ဳိး မလုပ္ခဲ့ပါဘူး။ ဒါေပမဲ့ ေဖာက္ထြင္းခံလိုက္ရတဲ့ ေနရာမွာ သန္းနဲ႔ခ်ီတဲ့ ေဒၚလာေတြကို မသယ္ႏိုင္လို႔ပစ္စလက္ခတ္ထားခဲ့ပုံကို ၾကည့္ျခင္းအားျဖင့္ ခိုးရာပါ ပစၥည္းေတြရဲ႕ တန္ဖိုးကို ခန္႔မွန္းမၾကည့္တတ္ေအာင္ ျဖစ္ရပါတယ္။
စိန္သိုေလွာင္တဲ့ အေဆာက္အဦးက လုံျခဳံေရးစနစ္ဟာ အလြန္အဆင့္ျမင့္ပါတယ္။ လႈပ္ရွားမႈ ပုံရိပ္ဖမ္း စက္ေတြ၊ ေနာက္ၿပီး တံခါးနဲ႔ အာမခံေသတၱာေတြရဲ႕ ေသာ့စနစ္ စတာေတြကို စနစ္တက်ေက်ာ္ျဖတ္ၿပီး ေဖာက္ထြင္းယူသြားခဲ့တာျဖစ္ပါတယ္။ တကယ့္ ေၾကးစားေတြလို႔ ဆိုထားပါတယ္။ သုံးတဲ့ လက္နက္ကရိယာကအစ ခိုးဖို႔အတြက္ သီးျခားတီထြင္ထားတဲ့ လက္နက္ေတြကို သုံးသြားတယ္လို႔ ေဖာ္ျပထားပါတယ္။ အဲဒီေဖာက္ထြင္းမႈကို ေခါင္းေဆာင္သူကေတာ့ လီယိုနာဒို ႏိုတာဘာတိုလို ျဖစ္ပါတယ္။ အေတာ္ေသြးေအးပုံေပၚတဲ့ လီယိုနာဒိုဟာ သူ႔စ႐ိုက္ေၾကာင့္ပဲ အဖမ္းခံလိုက္ရပါတယ္။ ခိုးၿပီးတဲ့အခ်ိန္မွာ အခင္းျဖစ္တဲ့ ေနရာတစ္ဝိုက္က မုန္႔ဆိုင္မွာ အသားညႇပ္မုန္႔တစ္ခုကို စားပါတယ္။ အဲဒီမုန္႔မွာ က်န္ခဲ့တဲ့သူ႔ရဲ႕ DNA ကတဆင့္ ေျခရာခံမိသြားတာ ျဖစ္ပါတယ္။ ေထာင္ဒဏ္ႏွစ္ရွည္က်ခံ သြားခဲ့ရပါတယ္။
 
 အမွတ္စဥ္ ၅။ အစ္စဘယ္လာစတီးဝပ္ဥယ်ာဥ္ ျပတိုက္မွ ေဖာက္ထြင္းသူမ်ား
_____________________________

 
၁၉၉၀ ခုႏွစ္ မတ္လ ၁၈ ရက္။ ေဘာ္စတြန္ရဲအရာရွိအေယာင္ေဆာင္ထားတဲ့ လူႏွစ္ဦးက အစ္စဘယ္လာ ျပတိုက္ကေန ခန္႔မွန္းတန္ဖိုး ေဒၚလာသန္း ၅၀၀ ေလာက္ရွိတဲ့ အႏုပညာလက္ရာပစၥည္းေတြကို ခိုးယူသြားခဲ့ပါတယ္။ ရန္းဘရန္႔၊ ဗန္မီးယား၊ မန္နက္၊ ဒီဂတ္စတဲ့ အႏုပညာသည္ေတြရဲ႕ လက္ရာပစၥည္း အေျမာက္အမ်ားကို ခိုးယူသြားတာ ျဖစ္ပါတယ္။
သူတို႔ႏွစ္ဦးဟာ ဝင္ေပါက္က အေစာင့္ကို ဖုန္းနဲ႔ေခၚလို႔ တာဝန္အရ ေရာက္လာတာပါလို႔ လိမ္ညာခဲ့ၿပီး အထဲကို ေရာက္ခ်ိန္မွာေတာ့ အေစာင့္ကိုေတာ့ ေမ့ေအာင္႐ိုက္ႏွက္ခဲ့ပါတယ္။ အဲဒီေနာက္အေစာင့္ကို ေျမတိုက္ဆီ ေရႊ႕ထားခဲ့ပါတယ္။ ပန္းခ်ီကားေတြကိုေတာ့ ဒီေန႔အခ်ိန္အထိ ျပန္မရခဲ့ပါဘူး။ ျပတိုက္တာဝန္ ရွိသူေတြဟာ အဲဒီ ဓားျပေတြကိုသတင္းေပးႏိုင္ရင္ ဆုေငြ ေဒၚလာငါးသန္းေပးမယ္လို႔ ေၾကညာခဲ့ပါတယ္။ ျပတိုက္မွာေတာ့ ပုံမွာ ပါတဲ့အတိုင္းပန္းခ်ီကားေတြ တေန႔ ျပန္ေရာက္လာႏိုးနဲ႔ ေဘာင္ကေလးေတြကို ေနရာမွာပဲ ဒီအတိုင္းခ်ိတ္ဆြဲထားတာ ေတြ႕ႏိုင္ပါတယ္။

အမွတ္စဥ္ ၆။ ဒရိတ္ဘာတီစေမာစ္
_________________________

 
စေမာစ္ဟာ ၁၉၆၀ - ၇၀ ခုႏွစ္တဝိုက္မွာ သတင္းႀကီးခဲ့တဲ့ အဂၤလိပ္လူမ်ဳိး လက္နက္ဓားျပတစ္ေယာက္ ျဖစ္ပါတယ္။ သူလည္း အသက္ ၁၅ ႏွစ္ေလာက္ကတည္းက ဓားျပတိုက္လာတဲ့ သူပါ။ မၾကာခဏဆိုသလို အဖမ္းခံရလိုက္ လြတ္လာလိုက္ ျဖစ္ၿပီးတဲ့ေနာက္မွာေတာ့ ဓားျပေလာကကို ေျခစုံပစ္ဝင္ခဲ့ပါတယ္။ ၁၉၇၀ မတိုင္ခင္ကတည္းက စေမာစ္ဟာ အဂၤလန္မွာ ဓားျပထိပ္သီး စာရင္းဝင္ျဖစ္ေနပါၿပီ။ လန္ဒန္ရဲ႕ ေျမေအာက္ ကမ႓ာမွာေတာ့ သူဟာ ဆရာႀကီးတစ္ဆူအျဖစ္ ေျပာစမွတ္တြင္ခဲ့ပါတယ္။
၁၉၇၀ ေဖေဖာ္ဝါရီလ ၉ ရက္ေနမွာေတာ့ လန္ဒန္အေရွ႕စြန္က ဝင္ဘေလမွာရွိတဲ့ ဂိုဏ္းတစ္ခုကို သူက ဦးေဆာင္ၿပီး ဘာကေလဘဏ္ကို ဓားျပတိုက္ခဲ့ပါတယ္။ အဲဒီအခ်ိန္က စံခ်ိန္တင္တဲ့အေနနဲ႔ စတာလင္ေပါင္ ၂၃၇၇၃၆ ေပါင္ ကို ေအာင္ေအာင္ျမင္ျမင္ ဓားျပတိုက္ႏိုင္ခဲ့ပါတယ္။

အစပိုင္းမွာေတာ့ စေမာစ္ဟာျပင္သစ္အထိ ထြက္ေျပးခဲ့ေပမဲ့ ေနာက္ဆုံး ေနာ္တမ္ဟမ္ကို ျပန္ၿပီး သူကိုယ္တိုင္ အဖမ္းခံခဲ့ပါတယ္။ သူ႔ျပစ္မႈအတြက္ ေထာင္ဒဏ္ ၂၅ ႏွစ္ ခ်မွတ္ခံခဲ့ရပါတယ္။


အမွတ္စဥ္ ၇။ ျပင္သစ္ေမာ္ဒန္အႏုပညာျပတိုက္ ေဖာက္ထြင္းမႈ
_________________________

 
၂၀၁၀ ခုႏွစ္ ေမလမွာ ျပင္သစ္ရဲ႕ နာမည္ေက်ာ္ေမာ္ဒန္အႏုပညာျပတိုက္က ပန္းခ်ီကားတခ်ဳိ႕ အခိုးခံ ခဲ့ရပါတယ္။ ပီကာဆို၊ မာတစ္ဆဲ တို႔လို အေက်ာ္အေမာ္ေတြရဲ႕ အေကာင္းဆုံးလက္ရာတခ်ဳိ႕ အခိုးခံလိုက္ရတာပါ။ အမႈျဖစ္ကာစမွာ ေဒၚလာ သန္း ၄၃၀ဖိုးေလာက္ အခိုးခံရတယ္လို႔ သတင္းႀကီးခဲ့ေပမဲ့ တကယ္တန္းမွာေတာ့ ေဒၚလာ သန္းတစ္ရာဖိုးေလာက္သာ အခိုးခံရတာျဖစ္ပါတယ္။ မယုံႏိုင္စရာ ေကာင္းတာကေတာ့ ဒီေလာက္တန္ဖိုးႀကီးတဲ့ လက္ရာေတြကို သိမ္းထားတဲ့ေနရာမွာ အခိုးခံရတာနဲ႔ အခ်က္ေပးႏိုင္တဲ့စနစ္မ်ဳိး လုံးဝတပ္ဆင္ထားျခင္းမရွိတဲ့ အခ်က္ျဖစ္ပါတယ္။ သူခိုးက မွန္ျပတင္းကို အသာခြဲၿပီး ပန္းခ်ီကားေတြကို ေဘာင္ျဖဳတ္ၿပီးခိုးသြားခဲ့တာပါ။ ျပတိုက္အေစာင့္ေတြ ရွိေနေပမဲ့ ျပတင္းမွန္ကြဲတာေရာ သူခိုးဝင္လာတာကိုပါ သတိမထားမိလိုက္ပါဘူးတဲ့။ ေနာက္တစ္ေန႔မနက္ ၇ နာရီမွ သူခိုးကို မိခဲ့ပါတယ္။ အလြန္တန္ဖိုးႀကီးတဲ့လက္ရာေတြ ထိန္းသိမ္းတဲ့ေနရာမွာ အလြန္အားနည္းတဲ့ လုံျခဳံေရးစနစ္ကို မထားသင့္ေၾကာင္း သင္ခန္းစာေတာ့ ေကာင္းေကာင္းေပးသြားခဲ့ပါတယ္။


အမွတ္စဥ္ ၈ ။ ကားလ္ဂူဂတ္စိန္း
________________________

 
ႏွစ္ေပါင္းသုံးဆယ္ေက်ာ္ကာလတုန္းက တစ္ကိုယ္ေတာ္ ဓားျပမႈေတြကို က်ဴးလြန္ခဲ့တဲ့ ကားလ္ရဲ႕ကို ေနာက္ဆုံးမွာ ေဒၚလာ ႏွစ္သန္းနဲ႔အတူ ဖမ္းမိခဲ့ပါတယ္။ ဓားျပဳမႈ အႀကိမ္ႀကိမ္က်ဴးလြန္ခဲ့ေပမဲ့ ေနာက္ဆုံးမွာ အဖမ္းခံရတဲ့ အတြက္ေၾကာင့္ ကားလ္ကေတာ့ ထိပ္သီးလူဆိုးစာရင္းမွာ မရွိခဲ့ပါဘူူး။ ဇျပင္းတဲ့ ကားလ္ဟာ အသက္ ၁၅ ႏွစ္မွာကတည္းက မုန္႔ဆိုင္တစ္ခုကို ဓားျပတိုက္ရာကေန အဖမ္းခံရပါတယ္။ ငယ္လြန္းေသးတာေၾကာင့္ လူငယ္ျပဳျပင္ေရးစခန္းဆီကို ပို႔ေဆာင္ခံရပါတယ္။ လူငယ္ျပဳျပင္ေရး စခန္းက လြတ္ေျမာက္လာခ်ိန္မွာ ေက်ာင္းတက္ၿပီး ပင္ဆဲလ္ေဗးနီးယားတကၠသိုလ္ကေန ဘြဲ႔တစ္ခုရပါတယ္။ ပညာကို ဆက္လက္ဆည္းပူးၿပီး System Analysis ဘာသာရပ္နဲ႔ မာစတာဘြဲ႔လည္းရခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ စစ္လက္နက္သင္တန္းေတြဆက္တက္ခဲ့ပါတယ္။

အၾကံႀကီးတဲ့ ကားလ္ဟာ ကားခိုးမႈအပါအဝင္အျခားအမႈေတြကိုလည္း စနစ္တက် က်ဴးလြန္ခဲ့ပါတယ္။ အမႈတစ္ခုကို မက်ဴးလြန္ခင္မွာ စနစ္တက် အစီအစဥ္ခ်မွတ္ေလ့ရွိသလို ေနာက္ဆုံးေျပးလမ္းကအစ ျပင္ဆင္တတ္ပါတယ္။ သူဟာ ဘဏ္ေတြကို ေသာၾကာေန႔ညမွာ ဓားျပတိုက္တတ္လို႔ ေသာၾကာညဓားျပရယ္လို႔ အမည္ေျပာင္ေတာင္ အေပးခံရပါတယ္။ လူသူနည္းပါတဲ့ ၿမိဳ႕ကေလးေတြက ဘဏ္ေတြကို ပစ္မွတ္ထား တိုက္ခိုက္တတ္ပါတယ္။ ပုံမွန္ ဧည့္သည္ေတြမရွိေတာ့တဲ့ ဘဏ္ပိတ္ကာနီး ငါးမိနစ္အလိုေလာက္မွာ ဘဏ္ထဲကို ႐ုတ္တရက္ဝင္ပါတယ္။ အဲဒီေနာက္မွာ ႐ုပ္ရွင္ေတြမွာ သုံးေလ့ရွိတဲ့ မ်က္ႏွာဖုံးမ်ဳိးကို ဝတ္ၿပီး ေငြသိမ္းေကာင္တာဆီ ခ်ဥ္းကပ္ပါတယ္။ ေကာင္တာက လူေတြကို လက္နက္ျပ ခ်ိန္းေျခာက္ၿပီး ေတြ႕သမွ်ပိုက္ဆံကို သိမ္းၾကဳံးယူပါတယ္။ ခ်က္ခ်င္းဆိုသလို ျပန္ထြက္ပါတယ္။ အဲဒီလႈပ္ရွားမႈေတြကို ႏွစ္မိနစ္အတြင္း အခ်ိန္ကိုက္လုပ္ခဲ့တာျဖစ္ပါတယ္။ အျပင္ေရာက္တာနဲ႔ ႐ုံးဆင္းခ်ိန္မွာ ပ်ားပန္းခတ္ေနတဲ့ လူအုပ္ဆီကို ေရာေႏွာဝင္ေရာက္ၿပီး ကိုယ္ေယာင္ေဖ်ာက္သြားပါတယ္။ သူဟာ ပညာတတ္တစ္ဦးလည္းျဖစ္သလို ဟန္ျပလုပ္ငန္းေတြလည္းရွိပါတယ္။ အမႈေအးခ်ိန္အထိ တိုက္ရာပါ ပစၥည္းေတြကိုဝွက္ထားၿပီးမွ အစေဖ်ာက္ေလ့ရွိပါတယ္။ ကံဆိုးတဲ့အခ်ိန္မွာေတာ့ ေတာထဲမွာ ဝွက္ထားတဲ့ သူ႔ရဲ႕အဖိုးတန္ပစၥည္းေငြေၾကးေတြနဲ႔အတူ လက္နက္ေတြကိုပါ ကေလးငယ္ႏွစ္ဦးက အမွတ္မထင္ ရွာေတြ႕သြားပါေတာ့တယ္။ သူ႔ရဲ႕လက္ေဗြရာေတြက်န္ေနခဲ့လို႔ မျငင္ႏိုင္ေတာ့ဘဲ ေနာက္ဆုံး အဖမ္းခံခဲ့ရပါတယ္။


အမွတ္စဥ္ ၉။ လိုင္ယြန္ဘဏ္ ေဖာက္ထြင္းမႈ
_______________________


 
ပဲရစ္ၿမိဳ႕အလယ္မွာရွိတဲ့ လိုင္ယြန္ဘဏ္ကေန ရာဂဏန္းေလာက္ရွိတဲ့ အာမခံေသတၱာေတြဟာ ေဖာက္ထြင္းခံရပါတယ္။ သန္းနဲ႔ခ်ီတဲ့ယူ႐ိုေငြေတြနဲ႔အတူ အျခားအဖိုးတန္လက္ဝတ္ရတနာေတြပါ ေဖာက္ထြင္းခံလိုက္ရတဲ့ အမႈဟာ ၂၀၁၀ ခုႏွစ္ မတ္လ ၃၀ ရက္မွာ ျဖစ္ပြားခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ လိုင္ယြန္ဘဏ္ဟာ အႀကိီးစားျပင္ဆင္မႈလုပ္ငန္းေတြ လုပ္ေနတာျဖစ္လို႔ ပိတ္ထားတဲ့ကာလျဖစ္ပါတယ္။ ေဖာက္ထြင္းေရးသမားေတြဟာ ဘဏ္အနားမွာရွိတဲ့ ေျမတိုက္ခန္းတစ္ခုကေန ဘဏ္အထိေအာင္ ဥမင္ေျမာင္းတူးၿပီး ေဖာက္ဝင္သြားခဲ့ပါတယ္။ ေဖာက္ထြင္းဖို႔လုပ္ကိုင္ေနတဲ့အသံဗလံေတြကို အေစာင့္က ၾကားခဲ့ေပမဲ့ ျပဳျပင္ေရးလုပ္ေနတဲ့ အသံထင္မွတ္ၿပီး စစ္ေဆးတာမ်ဳိးမလုပ္ခဲ့ပါဘူး။ အဲဒီေနာက္မွာေတာ့ ေဖာက္ထြင္းေရးသမားေတြဟာ အာမခံေသတၱာ ၁၂၅ လုံးကို ေအးေအးလူလူ ေမႊေႏွာက္ၿပီး ေငြေၾကးနဲ႔ အဖိုးတန္ေတြကို မသြားခဲ့ပါတယ္။ သြားတို႔ထြက္သြားကာနီးမွ ေဖာက္ထြင္းရာမွာ အသုံးျပဳတဲ့ပစၥည္းေတြကို သက္ေသမက်န္ေအာင္ မီးရႈိ႕ဖ်က္ဆီးခဲ့ပါတယ္။ အဲဒီမီးေၾကာင့္ပဲ ဘဏ္အတြင္းမွာ တပ္ထားတဲ့ မီးသတ္ေရပန္းေတြကို အလိုအေလ်ာက္ပြင့္သြားေစပါတယ္။ အဲဒီအခ်ိန္က်မွ ဘဏ္အေစာင့္ဟာ သတိျပဳမိသြားၿပီး အခ်က္ေပးခဲ့ေပမဲ့ သူခိုးေတြဟာ လြတ္ေျမာက္သြားခဲ့ပါတယ္။ ၉ နာရီေလာက္ အပူတျပင္းရွာေပမဲ့ ဘာသက္ေသမွ မရခဲ့ပါဘူး။ သူခိုးေတြကလည္း လြတ္ေျမာက္ေနဆဲသာ ျဖစ္ပါတယ္။ ဒီျဖစ္ရပ္ဟာ ၁၉၇၁ ခုႏွစ္ကျဖစ္ပြားခဲ့တဲ့ ေဘကာလမ္းေဖာက္ထြင္းမႈနဲဲ႔ ထပ္တူျဖစ္ေနပါတယ္။ မျပင္ဆင္ႏိုင္ေသးတဲ့ လုံျခဳံေရးစနစ္အားနည္းမႈကို ျပသေနတဲ့ မႈခင္းေတြလည္းျဖစ္ပါတယ္။


အမွတ္စဥ္ ၁၀ ။ ။ ဖုန္စုပ္စက္ဂုိဏ္းေဖာက္ထြင္းမႈ (Vacuum Gang)
______________________________

 
 ၂၀၀၆ ခုႏွစ္မွာ ျပင္သစ္က အမည္မသိသူခိုးဂုဏ္းတစ္ဂိုဏ္းဟာ လြန္ေဖာက္စက္တစ္လုံးနဲ႔ နည္းနည္း ျပဳျပင္ထားတဲ့ ဖုန္စုပ္စက္တစ္ခုကို အသုံးျပဳၿပီး စူပါမတ္ကတ္ထဲက ပိုက္ဆံေတြကိုအကုန္သမ သြားခဲ့ဖူးပါတယ္။ ျပင္သစ္က Monoprix Supermarket ေတြမွာ ေငြသိမ္းတဲ့ စနစ္ရဲ႕အားနည္းခ်က္ကို သတိျပဳမိခဲ့တဲ့ လူလည္သူခိုးတစ္သိုက္ကေတာ့ ေဖာက္ထြင္းခိုးယူႏိုင္ခဲ့ပါတယ္။ ေငြစုထည့္ထားတဲ့ အိတ္ကေလးေတြဟာ မီးခံေသတၱာဆီကို ကေတာ့လိုေလပိုက္တစ္ခုကေန ေလအားသုံးၿပီးတြန္းတဲ့စနစ္နဲ႔ အေရာက္သြားေနတာကို သူခိုးတသိုက္ကသတိထားမိခဲ့ပါတယ္။ မီးခံေသတၱာကိုသာ ေဖာက္ထြင္းမယ္ဆိုရင္ အရမ္းခက္ပါလိမ့္မယ္။ ေဖာက္ခြဲမလား။ ဂတ္စ္ျဖတ္စက္ေတြနဲ႔ေဖာက္မလား။ ဒါမွမဟုတ္ တျခားမီးခံေသတၱာ ေဖာက္ထြင္းေရးနည္းေတြသုံးမလား။ ကုတ္ေတြေျဖမလား။ ေတာ္ေတာ္ခက္ပါတယ္။ ဒါေပမဲ့ သူခိုးေတြကေတာ့ ေငြပို႔ေနတဲ့ ေလပိုက္ကို အသာေဖာက္ၿပီး ပိုက္ဆံထုတ္ေတြကို ဖုန္စုပ္စက္နဲ႔ အသာအယာပဲ စုပ္ယူသြားခဲ့ပါတယ္။ ေဖာက္ထြင္းမႈေပါင္း ၅၉ ႀကိမ္ေလာက္ လုပ္သြားၿပီး စုစုေပါင္း ေဒၚလာရွစ္သိန္းဖိုးေလာက္ မသြားခဲ့ပါသတဲ့ဗ်ာ။ မ်က္ႏွာဖုံးေတြနဲ႔ လႈပ္ရွားေနတဲ့ သူခိုးေတြရဲ႕ ပုံရိပ္ေတြကေတာ့ ေစာင့္ၾကည့္ ကင္မရာေတြမွာ နည္းနည္းပါးပါး က်န္ခဲ့တာပဲရွိပါတယ္။



#Win Nyunt FB

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ကုိစက္ေဖ
 
#Unicode Version#
ကမ္ဘာကျော် ဖောက်ထွင်းမှုကြီးများ
__________________
ဒီနေ့ကာလဟာ အများသိကြတဲ့အတိုင်း နည်းပညာတွေဟာ ခေတ်မီလွန်းပြီး စောင့်ကြည့်ကင်မရာတွေနဲ့ ဒီအင်အေသက်သေပြနိုင်တဲ့အချက် စတာတွေကြောင့် တစ်နေရာရာကို ဖောက်ထွင်းခိုးယူဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။ ဟောလိဝုဒ်လို ရုပ်ရှင်တွေမှာ ပရိတ်သတ်အကြိုက်ဖောက်ထွင်းမှုကြီးတွေ၊ ဉာဏ်ပါပါ ခိုးတဲ့ ဇာတ်ကွက်တွေအမျိုးမျိုး ရိုက်ပြကြပေမဲ့ တကယ်တန်းခိုးယူဖို့ကျတော့ ခက်ခဲတယ်ဆိုတာ အားလုံးနားလည်သဘောပေါက်ကြပါတယ်။ ဒါပေမဲ့လည်း တချို့ဖောက်ထွင်းရေး သမားတွေကတော့ လက်စလက်နပျောက်အောင်ကို ခိုးယူသွားနိုင်တဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့ပါတယ်။

အမှတ်စဉ် ၁။ အဲလ်ဘတ် စပက်ဂီရာရီ
___________________________

သူဟာ ၁၉၇၆ခုနှစ်က ပြင်သစ်ဗဟိုဘဏ်ဖောက်ထွင်းမှုမှာတော့ တကယ့်ဉာဏ်ကြီးရှင်ရယ်လို့ ကျော်ကြားခဲ့သူ တစ်ယောက်ပါ။ သူခပ်ငယ်ငယ်အရွယ်မှာ ချစ်သူကို အစွမ်းပြလိုစိတ်နဲ့ ပထမဆုံး ဓားပြမှုတစ်ခုကို ကျူးလွန်ခဲ့ပါတယ်။ မကြာခင်အဖမ်းခံလိုက်ရပြီး ထောင်ကျသွားပါတယ်။ ပြန်လွတ်လာတဲ့နောက်မှာတော့ စစ်မှုထမ်းလိုက်ပါသေးတယ်။ နောက်တော့ ဓာတ်ပုံစတူဒီယို တစ်ခုထောင်ပြီး သာမန်ဘဝလူနေမှုဘဝနဲ့ အသက်မွေးဝမ်းကြောင်းပြုလိုက်ပါသေးတယ်။ သက်လတ်ပိုင်း အရွယ်မှာတော့ သာမန်ဘဝတွေကို ငြီးငွေ့လာပြီးတဲ့နောက်မှာတော့ ရာဇဝတ်မှုတွေကို ပျော်ပျော်ကြီး ကျူးလွန်ပါတော့တယ်။

နိုက်စ်မှာရှိတဲ့ ပြင်သစ်ဗဟိုဘဏ်ကို ဖောက်ထွင်းဖို့ အစီအစဉ်ချပါတယ်။ ငွေတိုက်ဟာ မြေအောက်ခန်းမှာသာ ရှိတဲ့အတွက် မြေကြီးအောက်က ဖောက်ဝင်တာသာ အကောင်းဆုံးနည်းလို့ သူတွေးခဲ့ပါတယ်။ ဘဏ်ဖောက်ထွင်းမှုအတော်များများဟာ မြေတိုက်က ဖောက်ကြပါတယ်။ သူတစ်ယောက်တည်း မဖြစ်လို့ မာဆေးမှာရှိတဲ့ လူဆိုးဂိုဏ်းတစ်ဂိုဏ်းကို စည်းရုံးပြီး လုပ်ငန်းစခဲ့ပါတယ်။ သူ့လူတွေကို အလုပ်လုပ်နေခိုက်မှာ ကော်ဖီနဲ့ အရက်လုံးဝမသောက်ဖို့ တင်းတင်းကြပ်ကြပ် တားမြစ်ထားပါတယ်။ ရသတ္တပတ် အတန်ကြာအောင် တူးပြီးတဲ့နောက်မှာတော့ အာမခံသေတ္တာပေါင်း ၄၀၀ ကျော်ကနေ သန်း ၆၀ ကျော်ဖိုး ခိုးယူခဲ့ပါတယ်။ အလွန်ဦးနှောက်သုံးရတဲ့ ဖောက်ထွင်းမှုကြီး ဖြစ်ပါတယ်။

သူ့ချစ်သူနဲ့ အပန်းဖြေခရီးထွက်နေတုန်းမှာ အဖမ်းခံလိုက်ရပေမဲ့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ နောက်ထပ်လည်း ဖမ်းမမိတော့ပါဘူး။


အမှတ်စဉ် ၂။ ပန်းရောင်ကျားသစ်များ
___________________________

အဲဒီ ပန်းရောင်ကျားသစ်များ ဆိုတာကတော့ ရတနာတွေခိုးတဲ့ ဆာဘီးယားဂိုဏ်းတစ်ခုဖြစ်ပါတယ်။ အခြားလက်သည်မပေါ်တဲ့ ရတနာပျောက်ဆုံးမှုတွေဟာ ဒီအဖွဲ့ရဲ့လက်ချက်လို့ နိုင်ငံတကာရဲတပ်ဖွဲ့က လက်ခံထားရတဲ့အဖွဲ့ဖြစ်ပါတယ်။ ရာဇဝတ်မှုဆိုင်တွေအတွက် အစီအစဉ်ချမှတ်ပုံဟာ တကယ်အနုပညာ မြောက်တယ်လို့တောင် ဆိုနိုင်ပါတယ်။ တိုင်းပြည်အများအပြားမှာ ဖောက်ထွင်းမှုတွေ ကျူးလွန်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ ဂျပန်ဟာ သူတို့ဒဏ်ကို အခံရဆုံး နိုင်ငံဖြစ်ပါတယ်။ သူတို့ရဲ့ ပထမဆုံးလက်ရာကတော့ ၁၉၉၃ ခုနှစ်မှာ လန်ဒန်ရတနာကုန်သည်တွေဆီက ပေါင် ငါးသိန်းဖိုးလောက် ခိုးခဲ့တဲ့အမှုဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ နိုင်ငံပေါင်း ၂၀ လောက်ကနေ မတူညီတဲ့ ဓားပြမှု၊ ဖောက်ထွင်းမှုပေါင်း ၁၂၀ လောက် ကျူးလွန်ခဲ့ကြပါတယ်။ အခြားနာမည်ကြီး ခိုးမှုအမျိုးမျိုးတွေလည်း လုပ်ခဲ့ကြပါတယ်။ ဒူဘိုင်းဟောမှာတောင် ဒေါ်လာ ရှစ်သန်းဖိုးလောက်ရှိတဲ့ နာရီနဲ့ တခြားပစ္စည်းတွေ ခိုးခဲ့ပါသေးတယ်။ အဖွဲ့ဝင် ရာဂဏန်းရှိပြီး အခုဆိုရင် ဒေါ်လာဘီလျံနဲ့ချီတဲ့ ပိုင်ဆိုင်မှုတွေ ရှိနေပြီလို့ အများက ယုံကြည်ကြပါတယ်။


အမှတ်စဉ် ၃။ ဘာကာလမ်းဖောက်ထွင်းမှု
______________________________
ဒီဖြစ်ရပ်ကတော့ လန်ဒန်မှာ ၁၉၇၁ ခုနှစ်က ဖြစ်ပွားခဲ့တာပါ။ လက်နက်ပစ္စည်းအစုံအလင် တပ်ဆင်ထားတဲ့ လူတစ်စုက လွိုဒ်ဘာကာလမ်း ဘဏ်ရဲ့ ငွေတိုက်ကို ဖောက်ဝင်ခဲ့ပြီး အဲဒီအချိန်က ငွေသား ဒေါ်လာသုံးသန်း ( ၂၀၁၁ ခုနှစ်တန်ဖိုးနဲ့တွက်ရင် ၃၇.၁ သန်း) နဲ့ အခြား အဖိုးတန်ပစ္စည်းတွေကို ခိုးယူသွားခဲ့တာဖြစ်ပါတယ်။ ဘဏ်အနီးမှာရှိတဲ့ ဆိုင်တစ်ဆိုင်ကနေ လှိုဏ်ခေါင်းတူးပြီး ဖောက်ဝင်ခဲ့ကြတာပါ။ သူခိုးအချင်းချင်း ဆက်သွယ်တဲ့ လမ်းလျှောက်စကားပြောစက်က အသံတွေကို အဲဒီအနီးတဝိုက်မှာ ကင်းလှည့်နေတဲ့ ရဲကားက အမှတ်မထင် ဖမ်းမိခဲ့ပါတယ်။ ဒါပေမဲ့ သူခိုးတွေကို မိအောင် မဖမ်းနိုင်ခဲ့ပါဘူး။ အဲဒီအကြောင်းကို Jason Statham က “The Bank Job” ဆိုပြီး ရုပ်ရှင် ရိုက်ခဲ့ဖူးပါတယ်။


အမှတ်စဉ် ၄။ တူရင်ဖောက်ထွင်းမှု
________________________

၂၀၀၃ ခုနှစ် ရဲ့ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ အမှုဖြစ်ပါတယ်။ ကမ္ဘာမှာ မကြုံဖူးလောက်တဲ့ စိန်ခိုးမှုကြီးကို တူရင် (Antwerp Diamond Centre) မှာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဘယ်လောက် အခိုးခံရတယ်လို့ ထုတ်ဖော်ကြေညာတာမျိုး မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ ဖောက်ထွင်းခံလိုက်ရတဲ့ နေရာမှာ သန်းနဲ့ချီတဲ့ ဒေါ်လာတွေကို မသယ်နိုင်လို့ပစ်စလက်ခတ်ထားခဲ့ပုံကို ကြည့်ခြင်းအားဖြင့် ခိုးရာပါ ပစ္စည်းတွေရဲ့ တန်ဖိုးကို ခန့်မှန်းမကြည့်တတ်အောင် ဖြစ်ရပါတယ်။
စိန်သိုလှောင်တဲ့ အဆောက်အဦးက လုံခြုံရေးစနစ်ဟာ အလွန်အဆင့်မြင့်ပါတယ်။ လှုပ်ရှားမှု ပုံရိပ်ဖမ်း စက်တွေ၊ နောက်ပြီး တံခါးနဲ့ အာမခံသေတ္တာတွေရဲ့ သော့စနစ် စတာတွေကို စနစ်တကျကျော်ဖြတ်ပြီး ဖောက်ထွင်းယူသွားခဲ့တာဖြစ်ပါတယ်။ တကယ့် ကြေးစားတွေလို့ ဆိုထားပါတယ်။ သုံးတဲ့ လက်နက်ကရိယာကအစ ခိုးဖို့အတွက် သီးခြားတီထွင်ထားတဲ့ လက်နက်တွေကို သုံးသွားတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီဖောက်ထွင်းမှုကို ခေါင်းဆောင်သူကတော့ လီယိုနာဒို နိုတာဘာတိုလို ဖြစ်ပါတယ်။ အတော်သွေးအေးပုံပေါ်တဲ့ လီယိုနာဒိုဟာ သူ့စရိုက်ကြောင့်ပဲ အဖမ်းခံလိုက်ရပါတယ်။ ခိုးပြီးတဲ့အချိန်မှာ အခင်းဖြစ်တဲ့ နေရာတစ်ဝိုက်က မုန့်ဆိုင်မှာ အသားညှပ်မုန့်တစ်ခုကို စားပါတယ်။ အဲဒီမုန့်မှာ ကျန်ခဲ့တဲ့သူ့ရဲ့ DNA ကတဆင့် ခြေရာခံမိသွားတာ ဖြစ်ပါတယ်။ ထောင်ဒဏ်နှစ်ရှည်ကျခံ သွားခဲ့ရပါတယ်။

 အမှတ်စဉ် ၅။ အစ်စဘယ်လာစတီးဝပ်ဥယျာဉ် ပြတိုက်မှ ဖောက်ထွင်းသူများ
_____________________________

၁၉၉၀ ခုနှစ် မတ်လ ၁၈ ရက်။ ဘော်စတွန်ရဲအရာရှိအယောင်ဆောင်ထားတဲ့ လူနှစ်ဦးက အစ်စဘယ်လာ ပြတိုက်ကနေ ခန့်မှန်းတန်ဖိုး ဒေါ်လာသန်း ၅၀၀ လောက်ရှိတဲ့ အနုပညာလက်ရာပစ္စည်းတွေကို ခိုးယူသွားခဲ့ပါတယ်။ ရန်းဘရန့်၊ ဗန်မီးယား၊ မန်နက်၊ ဒီဂတ်စတဲ့ အနုပညာသည်တွေရဲ့ လက်ရာပစ္စည်း အမြောက်အများကို ခိုးယူသွားတာ ဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ ဝင်ပေါက်က အစောင့်ကို ဖုန်းနဲ့ခေါ်လို့ တာဝန်အရ ရောက်လာတာပါလို့ လိမ်ညာခဲ့ပြီး အထဲကို ရောက်ချိန်မှာတော့ အစောင့်ကိုတော့ မေ့အောင်ရိုက်နှက်ခဲ့ပါတယ်။ အဲဒီနောက်အစောင့်ကို မြေတိုက်ဆီ ရွှေ့ထားခဲ့ပါတယ်။ ပန်းချီကားတွေကိုတော့ ဒီနေ့အချိန်အထိ ပြန်မရခဲ့ပါဘူး။ ပြတိုက်တာဝန် ရှိသူတွေဟာ အဲဒီ ဓားပြတွေကိုသတင်းပေးနိုင်ရင် ဆုငွေ ဒေါ်လာငါးသန်းပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ပြတိုက်မှာတော့ ပုံမှာ ပါတဲ့အတိုင်းပန်းချီကားတွေ တနေ့ ပြန်ရောက်လာနိုးနဲ့ ဘောင်ကလေးတွေကို နေရာမှာပဲ ဒီအတိုင်းချိတ်ဆွဲထားတာ တွေ့နိုင်ပါတယ်။

အမှတ်စဉ် ၆။ ဒရိတ်ဘာတီစမောစ်
_________________________

စမောစ်ဟာ ၁၉၆၀ - ၇၀ ခုနှစ်တဝိုက်မှာ သတင်းကြီးခဲ့တဲ့ အင်္ဂလိပ်လူမျိုး လက်နက်ဓားပြတစ်ယောက် ဖြစ်ပါတယ်။ သူလည်း အသက် ၁၅ နှစ်လောက်ကတည်းက ဓားပြတိုက်လာတဲ့ သူပါ။ မကြာခဏဆိုသလို အဖမ်းခံရလိုက် လွတ်လာလိုက် ဖြစ်ပြီးတဲ့နောက်မှာတော့ ဓားပြလောကကို ခြေစုံပစ်ဝင်ခဲ့ပါတယ်။ ၁၉၇၀ မတိုင်ခင်ကတည်းက စမောစ်ဟာ အင်္ဂလန်မှာ ဓားပြထိပ်သီး စာရင်းဝင်ဖြစ်နေပါပြီ။ လန်ဒန်ရဲ့ မြေအောက် ကမ္ဘာမှာတော့ သူဟာ ဆရာကြီးတစ်ဆူအဖြစ် ပြောစမှတ်တွင်ခဲ့ပါတယ်။
၁၉၇၀ ဖေဖော်ဝါရီလ ၉ ရက်နေမှာတော့ လန်ဒန်အရှေ့စွန်က ဝင်ဘလေမှာရှိတဲ့ ဂိုဏ်းတစ်ခုကို သူက ဦးဆောင်ပြီး ဘာကလေဘဏ်ကို ဓားပြတိုက်ခဲ့ပါတယ်။ အဲဒီအချိန်က စံချိန်တင်တဲ့အနေနဲ့ စတာလင်ပေါင် ၂၃၇၇၃၆ ပေါင် ကို အောင်အောင်မြင်မြင် ဓားပြတိုက်နိုင်ခဲ့ပါတယ်။

အစပိုင်းမှာတော့ စမောစ်ဟာပြင်သစ်အထိ ထွက်ပြေးခဲ့ပေမဲ့ နောက်ဆုံး နော်တမ်ဟမ်ကို ပြန်ပြီး သူကိုယ်တိုင် အဖမ်းခံခဲ့ပါတယ်။ သူ့ပြစ်မှုအတွက် ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံခဲ့ရပါတယ်။


အမှတ်စဉ် ၇။ ပြင်သစ်မော်ဒန်အနုပညာပြတိုက် ဖောက်ထွင်းမှု
_________________________

၂၀၁၀ ခုနှစ် မေလမှာ ပြင်သစ်ရဲ့ နာမည်ကျော်မော်ဒန်အနုပညာပြတိုက်က ပန်းချီကားတချို့ အခိုးခံ ခဲ့ရပါတယ်။ ပီကာဆို၊ မာတစ်ဆဲ တို့လို အကျော်အမော်တွေရဲ့ အကောင်းဆုံးလက်ရာတချို့ အခိုးခံလိုက်ရတာပါ။ အမှုဖြစ်ကာစမှာ ဒေါ်လာ သန်း ၄၃၀ဖိုးလောက် အခိုးခံရတယ်လို့ သတင်းကြီးခဲ့ပေမဲ့ တကယ်တန်းမှာတော့ ဒေါ်လာ သန်းတစ်ရာဖိုးလောက်သာ အခိုးခံရတာဖြစ်ပါတယ်။ မယုံနိုင်စရာ ကောင်းတာကတော့ ဒီလောက်တန်ဖိုးကြီးတဲ့ လက်ရာတွေကို သိမ်းထားတဲ့နေရာမှာ အခိုးခံရတာနဲ့ အချက်ပေးနိုင်တဲ့စနစ်မျိုး လုံးဝတပ်ဆင်ထားခြင်းမရှိတဲ့ အချက်ဖြစ်ပါတယ်။ သူခိုးက မှန်ပြတင်းကို အသာခွဲပြီး ပန်းချီကားတွေကို ဘောင်ဖြုတ်ပြီးခိုးသွားခဲ့တာပါ။ ပြတိုက်အစောင့်တွေ ရှိနေပေမဲ့ ပြတင်းမှန်ကွဲတာရော သူခိုးဝင်လာတာကိုပါ သတိမထားမိလိုက်ပါဘူးတဲ့။ နောက်တစ်နေ့မနက် ၇ နာရီမှ သူခိုးကို မိခဲ့ပါတယ်။ အလွန်တန်ဖိုးကြီးတဲ့လက်ရာတွေ ထိန်းသိမ်းတဲ့နေရာမှာ အလွန်အားနည်းတဲ့ လုံခြုံရေးစနစ်ကို မထားသင့်ကြောင်း သင်ခန်းစာတော့ ကောင်းကောင်းပေးသွားခဲ့ပါတယ်။


အမှတ်စဉ် ၈ ။ ကားလ်ဂူဂတ်စိန်း
________________________

နှစ်ပေါင်းသုံးဆယ်ကျော်ကာလတုန်းက တစ်ကိုယ်တော် ဓားပြမှုတွေကို ကျူးလွန်ခဲ့တဲ့ ကားလ်ရဲ့ကို နောက်ဆုံးမှာ ဒေါ်လာ နှစ်သန်းနဲ့အတူ ဖမ်းမိခဲ့ပါတယ်။ ဓားပြုမှု အကြိမ်ကြိမ်ကျူးလွန်ခဲ့ပေမဲ့ နောက်ဆုံးမှာ အဖမ်းခံရတဲ့ အတွက်ကြောင့် ကားလ်ကတော့ ထိပ်သီးလူဆိုးစာရင်းမှာ မရှိခဲ့ပါဘူူး။ ဇပြင်းတဲ့ ကားလ်ဟာ အသက် ၁၅ နှစ်မှာကတည်းက မုန့်ဆိုင်တစ်ခုကို ဓားပြတိုက်ရာကနေ အဖမ်းခံရပါတယ်။ ငယ်လွန်းသေးတာကြောင့် လူငယ်ပြုပြင်ရေးစခန်းဆီကို ပို့ဆောင်ခံရပါတယ်။ လူငယ်ပြုပြင်ရေး စခန်းက လွတ်မြောက်လာချိန်မှာ ကျောင်းတက်ပြီး ပင်ဆဲလ်ဗေးနီးယားတက္ကသိုလ်ကနေ ဘွဲ့တစ်ခုရပါတယ်။ ပညာကို ဆက်လက်ဆည်းပူးပြီး System Analysis ဘာသာရပ်နဲ့ မာစတာဘွဲ့လည်းရခဲ့ပါတယ်။ အဲဒီနောက်မှာတော့ စစ်လက်နက်သင်တန်းတွေဆက်တက်ခဲ့ပါတယ်။

အကြံကြီးတဲ့ ကားလ်ဟာ ကားခိုးမှုအပါအဝင်အခြားအမှုတွေကိုလည်း စနစ်တကျ ကျူးလွန်ခဲ့ပါတယ်။ အမှုတစ်ခုကို မကျူးလွန်ခင်မှာ စနစ်တကျ အစီအစဉ်ချမှတ်လေ့ရှိသလို နောက်ဆုံးပြေးလမ်းကအစ ပြင်ဆင်တတ်ပါတယ်။ သူဟာ ဘဏ်တွေကို သောကြာနေ့ညမှာ ဓားပြတိုက်တတ်လို့ သောကြာညဓားပြရယ်လို့ အမည်ပြောင်တောင် အပေးခံရပါတယ်။ လူသူနည်းပါတဲ့ မြို့ကလေးတွေက ဘဏ်တွေကို ပစ်မှတ်ထား တိုက်ခိုက်တတ်ပါတယ်။ ပုံမှန် ဧည့်သည်တွေမရှိတော့တဲ့ ဘဏ်ပိတ်ကာနီး ငါးမိနစ်အလိုလောက်မှာ ဘဏ်ထဲကို ရုတ်တရက်ဝင်ပါတယ်။ အဲဒီနောက်မှာ ရုပ်ရှင်တွေမှာ သုံးလေ့ရှိတဲ့ မျက်နှာဖုံးမျိုးကို ဝတ်ပြီး ငွေသိမ်းကောင်တာဆီ ချဉ်းကပ်ပါတယ်။ ကောင်တာက လူတွေကို လက်နက်ပြ ချိန်းခြောက်ပြီး တွေ့သမျှပိုက်ဆံကို သိမ်းကြုံးယူပါတယ်။ ချက်ချင်းဆိုသလို ပြန်ထွက်ပါတယ်။ အဲဒီလှုပ်ရှားမှုတွေကို နှစ်မိနစ်အတွင်း အချိန်ကိုက်လုပ်ခဲ့တာဖြစ်ပါတယ်။ အပြင်ရောက်တာနဲ့ ရုံးဆင်းချိန်မှာ ပျားပန်းခတ်နေတဲ့ လူအုပ်ဆီကို ရောနှောဝင်ရောက်ပြီး ကိုယ်ယောင်ဖျောက်သွားပါတယ်။ သူဟာ ပညာတတ်တစ်ဦးလည်းဖြစ်သလို ဟန်ပြလုပ်ငန်းတွေလည်းရှိပါတယ်။ အမှုအေးချိန်အထိ တိုက်ရာပါ ပစ္စည်းတွေကိုဝှက်ထားပြီးမှ အစဖျောက်လေ့ရှိပါတယ်။ ကံဆိုးတဲ့အချိန်မှာတော့ တောထဲမှာ ဝှက်ထားတဲ့ သူ့ရဲ့အဖိုးတန်ပစ္စည်းငွေကြေးတွေနဲ့အတူ လက်နက်တွေကိုပါ ကလေးငယ်နှစ်ဦးက အမှတ်မထင် ရှာတွေ့သွားပါတော့တယ်။ သူ့ရဲ့လက်ဗွေရာတွေကျန်နေခဲ့လို့ မငြင်နိုင်တော့ဘဲ နောက်ဆုံး အဖမ်းခံခဲ့ရပါတယ်။


အမှတ်စဉ် ၉။ လိုင်ယွန်ဘဏ် ဖောက်ထွင်းမှု
_______________________

ပဲရစ်မြို့အလယ်မှာရှိတဲ့ လိုင်ယွန်ဘဏ်ကနေ ရာဂဏန်းလောက်ရှိတဲ့ အာမခံသေတ္တာတွေဟာ ဖောက်ထွင်းခံရပါတယ်။ သန်းနဲ့ချီတဲ့ယူရိုငွေတွေနဲ့အတူ အခြားအဖိုးတန်လက်ဝတ်ရတနာတွေပါ ဖောက်ထွင်းခံလိုက်ရတဲ့ အမှုဟာ ၂၀၁၀ ခုနှစ် မတ်လ ၃၀ ရက်မှာ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအချိန်မှာ လိုင်ယွန်ဘဏ်ဟာ အကြီးစားပြင်ဆင်မှုလုပ်ငန်းတွေ လုပ်နေတာဖြစ်လို့ ပိတ်ထားတဲ့ကာလဖြစ်ပါတယ်။ ဖောက်ထွင်းရေးသမားတွေဟာ ဘဏ်အနားမှာရှိတဲ့ မြေတိုက်ခန်းတစ်ခုကနေ ဘဏ်အထိအောင် ဥမင်မြောင်းတူးပြီး ဖောက်ဝင်သွားခဲ့ပါတယ်။ ဖောက်ထွင်းဖို့လုပ်ကိုင်နေတဲ့အသံဗလံတွေကို အစောင့်က ကြားခဲ့ပေမဲ့ ပြုပြင်ရေးလုပ်နေတဲ့ အသံထင်မှတ်ပြီး စစ်ဆေးတာမျိုးမလုပ်ခဲ့ပါဘူး။ အဲဒီနောက်မှာတော့ ဖောက်ထွင်းရေးသမားတွေဟာ အာမခံသေတ္တာ ၁၂၅ လုံးကို အေးအေးလူလူ မွှေနှောက်ပြီး ငွေကြေးနဲ့ အဖိုးတန်တွေကို မသွားခဲ့ပါတယ်။ သွားတို့ထွက်သွားကာနီးမှ ဖောက်ထွင်းရာမှာ အသုံးပြုတဲ့ပစ္စည်းတွေကို သက်သေမကျန်အောင် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အဲဒီမီးကြောင့်ပဲ ဘဏ်အတွင်းမှာ တပ်ထားတဲ့ မီးသတ်ရေပန်းတွေကို အလိုအလျောက်ပွင့်သွားစေပါတယ်။ အဲဒီအချိန်ကျမှ ဘဏ်အစောင့်ဟာ သတိပြုမိသွားပြီး အချက်ပေးခဲ့ပေမဲ့ သူခိုးတွေဟာ လွတ်မြောက်သွားခဲ့ပါတယ်။ ၉ နာရီလောက် အပူတပြင်းရှာပေမဲ့ ဘာသက်သေမှ မရခဲ့ပါဘူး။ သူခိုးတွေကလည်း လွတ်မြောက်နေဆဲသာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ ၁၉၇၁ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ဘေကာလမ်းဖောက်ထွင်းမှုနဲ့ ထပ်တူဖြစ်နေပါတယ်။ မပြင်ဆင်နိုင်သေးတဲ့ လုံခြုံရေးစနစ်အားနည်းမှုကို ပြသနေတဲ့ မှုခင်းတွေလည်းဖြစ်ပါတယ်။


အမှတ်စဉ် ၁၀ ။ ။ ဖုန်စုပ်စက်ဂိုဏ်းဖောက်ထွင်းမှု (Vacuum Gang)
______________________________

၂၀၀၆ ခုနှစ်မှာ ပြင်သစ်က အမည်မသိသူခိုးဂုဏ်းတစ်ဂိုဏ်းဟာ လွန်ဖောက်စက်တစ်လုံးနဲ့ နည်းနည်း ပြုပြင်ထားတဲ့ ဖုန်စုပ်စက်တစ်ခုကို အသုံးပြုပြီး စူပါမတ်ကတ်ထဲက ပိုက်ဆံတွေကိုအကုန်သမ သွားခဲ့ဖူးပါတယ်။ ပြင်သစ်က Monoprix Supermarket တွေမှာ ငွေသိမ်းတဲ့ စနစ်ရဲ့အားနည်းချက်ကို သတိပြုမိခဲ့တဲ့ လူလည်သူခိုးတစ်သိုက်ကတော့ ဖောက်ထွင်းခိုးယူနိုင်ခဲ့ပါတယ်။ ငွေစုထည့်ထားတဲ့ အိတ်ကလေးတွေဟာ မီးခံသေတ္တာဆီကို ကတော့လိုလေပိုက်တစ်ခုကနေ လေအားသုံးပြီးတွန်းတဲ့စနစ်နဲ့ အရောက်သွားနေတာကို သူခိုးတသိုက်ကသတိထားမိခဲ့ပါတယ်။ မီးခံသေတ္တာကိုသာ ဖောက်ထွင်းမယ်ဆိုရင် အရမ်းခက်ပါလိမ့်မယ်။ ဖောက်ခွဲမလား။ ဂတ်စ်ဖြတ်စက်တွေနဲ့ဖောက်မလား။ ဒါမှမဟုတ် တခြားမီးခံသေတ္တာ ဖောက်ထွင်းရေးနည်းတွေသုံးမလား။ ကုတ်တွေဖြေမလား။ တော်တော်ခက်ပါတယ်။ ဒါပေမဲ့ သူခိုးတွေကတော့ ငွေပို့နေတဲ့ လေပိုက်ကို အသာဖောက်ပြီး ပိုက်ဆံထုတ်တွေကို ဖုန်စုပ်စက်နဲ့ အသာအယာပဲ စုပ်ယူသွားခဲ့ပါတယ်။ ဖောက်ထွင်းမှုပေါင်း ၅၉ ကြိမ်လောက် လုပ်သွားပြီး စုစုပေါင်း ဒေါ်လာရှစ်သိန်းဖိုးလောက် မသွားခဲ့ပါသတဲ့ဗျာ။ မျက်နှာဖုံးတွေနဲ့ လှုပ်ရှားနေတဲ့ သူခိုးတွေရဲ့ ပုံရိပ်တွေကတော့ စောင့်ကြည့် ကင်မရာတွေမှာ နည်းနည်းပါးပါး ကျန်ခဲ့တာပဲရှိပါတယ်။



#Win Nyunt FB

ဖိုးသူတော် (www.phothutaw.com)
Credit: ကိုစက်ဖေ

 
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top