ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

မွဲ႕ေၾကာင့္ အလွပိုေပၚတာရွိသလို မွဲ႔ေၾကာင့္ အလွဖ်က္ေနတာမ်ိဳးလည္း ရွိတတ္ပါတယ္ ။ ဒီလို အလွဖ်က္ေနတဲ့ မွဲ႕ေတြကို ေဆးခန္းသြားစရာမလို ၊ ေငြကုန္ေၾကးက်မမ်ားတဲ့ နည္းလမ္းေတြနဲ႕ ေဖ်ာက္ဖ်က္ပစ္လို႔ရပါတယ္ ။

၁။ ပန္းသီးရွာလကာရည္
ပန္းသီးရွာလကာရည္ကို အေရျပားေပၚကမွဲ႕ေပၚကို လိမ္းေပးျခင္းျဖင့္ ဖယ္ရွားနိုင္ပါတယ္ ။ ပန္းသီးရွာလကာရည္မွာပါဝင္တဲ့ malic and tartaric acid ဟာ မွဲ႕ဖယ္ရွားဖို႔အတြက္ အထူးထိေရာက္မႈ ရွိပါတယ္ ။

၂။ၾကက္သြန္ျဖဴ
ၾကက္သြန္ျဖဴနည္းကလည္း နာမည္ၾကီးတဲ့ နည္းလမ္းတစ္ခုပါပဲ ။ညအိပ္ရာဝင္ခါနီးတိုင္း ၾကက္သြန္ျဖဴကို ၾကိတ္ေျချပီး မွဲ႕ေပၚမွာ အံုထားလိုက္ပါ ။ ထို႔ေနာက္ ပတ္တီးျဖင့္ အုပ္မိုးကပ္ထားလိုက္ပါ ။ တစ္ညလံုးထားျပီးေနာက္ မနက္မွ ေဆးေၾကာေပးလိုက္ပါ ။ ဒီနည္းလမ္းကို ၅ရက္ဆက္တိုက္ ပံုမွန္လုပ္ေပးပါ။ မွတ္ခ်က္။ ၾကက္သြန္ျဖဴနွင့္ ဓါတ္မတည့္ဘဲ အေရျပားထိခိုက္မႈရွိတတ္သူမ်ား မလုပ္သင့္ပါဘူး။

၃။ အာလူး
အာလူးကိုလွီးျပီး မွဲ႕ေပၚတိုက္ရိုက္ ပြတ္လိမ္းေပးတာကလည္း မွဲ႕ေတြကို တေျဖးေျဖးနွင့္ ကင္းေပ်ာက္လာေစပါတယ္။

၄။ၾကက္ဆူဆီနွင့္ Baking Soda
Baking Soda လက္ဖက္ရည္ဇြန္း ၁ဇြန္းကို ၾကက္ဆူဆီ ဇြန္း တစ္ဝက္ခန္႔ေရာထည့္ျပီး ခပ္ပ်စ္ပ်စ္ေလး ေမႊေပးပါ။ ရလာေသာအနွစ္ကို မွဲ႕ေပၚမွာ တုိက္ရိုက္သုတ္လိမ္းေပးျပီး တစ္ညလံုးထားကာ မနက္ခင္းက်မွ ေရေႏြးေလးျဖင့္ ေဆးေၾကာလိုက္ပါ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: CHAN (ေရႊအင္းေလး)
#Unicode Version#
မှဲ့ကြောင့် အလှပိုပေါ်တာရှိသလို မှဲ့ကြောင့် အလှဖျက်နေတာမျိုးလည်း ရှိတတ်ပါတယ် ။ ဒီလို အလှဖျက်နေတဲ့ မှဲ့တွေကို ဆေးခန်းသွားစရာမလို ၊ ငွေကုန်ကြေးကျမများတဲ့ နည်းလမ်းတွေနဲ့ ဖျောက်ဖျက်ပစ်လို့ရပါတယ် ။

၁။ ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်ကို အရေပြားပေါ်ကမှဲ့ပေါ်ကို လိမ်းပေးခြင်းဖြင့် ဖယ်ရှားနိုင်ပါတယ် ။ ပန်းသီးရှာလကာရည်မှာပါဝင်တဲ့ malic and tartaric acid ဟာ မှဲ့ဖယ်ရှားဖို့အတွက် အထူးထိရောက်မှု ရှိပါတယ် ။

၂။ကြက်သွန်ဖြူ
ကြက်သွန်ဖြူနည်းကလည်း နာမည်ကြီးတဲ့ နည်းလမ်းတစ်ခုပါပဲ ။ညအိပ်ရာဝင်ခါနီးတိုင်း ကြက်သွန်ဖြူကို ကြိတ်ခြေပြီး မှဲ့ပေါ်မှာ အုံထားလိုက်ပါ ။ ထို့နောက် ပတ်တီးဖြင့် အုပ်မိုးကပ်ထားလိုက်ပါ ။ တစ်ညလုံးထားပြီးနောက် မနက်မှ ဆေးကြောပေးလိုက်ပါ ။ ဒီနည်းလမ်းကို ၅ရက်ဆက်တိုက် ပုံမှန်လုပ်ပေးပါ။ မှတ်ချက်။ ကြက်သွန်ဖြူနှင့် ဓါတ်မတည့်ဘဲ အရေပြားထိခိုက်မှုရှိတတ်သူများ မလုပ်သင့်ပါဘူး။

၃။ အာလူး
အာလူးကိုလှီးပြီး မှဲ့ပေါ်တိုက်ရိုက် ပွတ်လိမ်းပေးတာကလည်း မှဲ့တွေကို တဖြေးဖြေးနှင့် ကင်းပျောက်လာစေပါတယ်။

၄။ကြက်ဆူဆီနှင့် Baking Soda
Baking Soda လက်ဖက်ရည်ဇွန်း ၁ဇွန်းကို ကြက်ဆူဆီ ဇွန်း တစ်ဝက်ခန့်ရောထည့်ပြီး ခပ်ပျစ်ပျစ်လေး မွှေပေးပါ။ ရလာသောအနှစ်ကို မှဲ့ပေါ်မှာ တိုက်ရိုက်သုတ်လိမ်းပေးပြီး တစ်ညလုံးထားကာ မနက်ခင်းကျမှ ရေနွေးလေးဖြင့် ဆေးကြောလိုက်ပါ ။

ဖိုးသူတော် (www.phothutaw.com)
Credit: CHAN (ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top