ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ေန႔တိုင္းႏို႕တစ္ခြက္ ပံုမွန္ေသာက္ေပးရင္ ဆီးခ်ိဳေရာဂါျဖစ္ပြားမႈ ၁၂ ရာခိုင္ႏႈန္း၊ ေသြးတိုးေရာဂါျဖစ္ပြားမႈ ၆ ရာခိုင္ႏႈန္း ကာကြယ္ေပးႏိုင္တယ္လုိ႔ စင္ကာပူအမ်ိဳးသားတကၠသိုလ္ (NUS) က မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ စစ္တမ္းတစ္ခုအရ သိရပါတယ္။

က်န္းမာေရး၀န္ႀကီးဌာနက၂၀၁၄ ခုႏွစ္ကျပဳလုပ္ခဲ့တဲ့ သုေတသနတစ္ခုအရ  ျမန္မာႏိုင္ငံမွာ ဆီးခ်ိဳေရာဂါျဖစ္ပြားမႈႏႈန္းက လူဦးေရရဲ႕ ၁၀.၅ ရာခိုင္ႏႈန္း (လူဦးေရ ၂.၅ သန္း) ဆီးခ်ိဳေရာဂါအႀကိဳအဆင့္ ျဖစ္ပြားမႈႏႈန္းက ၁၉.၅ ရာခိုင္ႏႈန္းရွိေနလို႔ ဆီးခ်ိဳျဖစ္ပြားမႈႏႈန္း  ျမင့္မားေနတဲ့ အေရွ႕ေတာင္အာရွႏိုင္ငံေတြထဲမွာ တစ္ခုအပါအ၀င္ျဖစ္လာပါတယ္။

ဆီးခ်ိဳေရာဂါက မ်ိဳးရိုးဗီဇ၊ မ်ိဳးရိုးလိုက္တာေတြနဲ႔ အေနအထိုင္၊ ဘ၀ပတ္၀န္းက်င္အစရွိတဲ့ အေၾကာင္းအရင္းႀကီး နွစ္ခုေၾကာင့္ ျဖစ္ပြားရတာလို႔ ရန္ကုန္ျမိဳ႕ ပါရမီေဆးရံုမွ ကေလးအထူးကုဆရာ၀န္  ေဒါက္တာေအးသီတာသန္းက ေျပာပါတယ္။

“ဆီးခ်ိဳေရာဂါေ၀ဒနာရွင္ပဲျဖစ္ျဖစ္ ဆီးခ်ိဳအၾကိဳအဆင့္ေရာက္ရွိေနသူပဲျဖစ္ျဖစ္  ကာဗြန္ဟိုက္ဒရိတ္နဲ႔ ဂလူးကို႕စ္စားသံုးမႈကို ေလွ်ာ့ကိုေလွ်ာ့ခ်ရပါမယ္။ ၿပီးေတာ့ အဆီကို ေလွ်ာ့စားျပီး အသားဓာတ္ျဖစ္တဲ့  ပရိုတင္းကို  ပိုစားေပးရပါမယ္။ ဒါေၾကာင့္ ကၽြန္မတို႔ကေတာ့ လူနာေတြကို ႏို႔ေသာက္ဖို Recommend ေပးပါတယ္”လုိ႔ ေဒါက္တာေအးသီတာသန္းက ေျပာပါတယ္။

FrieslandCampina က ၂၀၁၆ ခုႏွစ္ ႏို၀င္ဘာမွာ ျပဳလုပ္ခဲ့တဲ့ ေလ့လာခ်က္တစ္ခုအရ ျမန္မာ့ကေလးငယ္ေတြအၾကား ႏို႔ေသာက္သံုးမႈႏႈန္းနဲ႔ ေသာက္သံုးတဲ့ အႀကိမ္အေရအတြက္ နည္းပါးတာကို ေတြ႕ရွိခဲ့တယ္လုိ႔ ဆိုပါတယ္။ ျပည္တြင္းက ကေလး ၁၀ ဦးမွာ ၁ ဦးပဲ ေန႔စဥ္ေန႔တိုင္း ႏို႔ေသာက္သံုးတာေၾကာင့္ အျခားေသာအေရွ႕ေတာင္အာရွႏိုင္ငံေတြနဲ႔ယွဥ္ရင္ အလြန္နည္းပါးေနေသးတယ္လုိ႔ ဆုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
နေ့တိုင်းနို့တစ်ခွက် ပုံမှန်သောက်ပေးရင် ဆီးချိုရောဂါဖြစ်ပွားမှု ၁၂ ရာခိုင်နှုန်း၊ သွေးတိုးရောဂါဖြစ်ပွားမှု ၆ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တယ်လို့ စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) က မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ သိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက၂၀၁၄ ခုနှစ်ကပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ  မြန်မာနိုင်ငံမှာ ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းက လူဦးရေရဲ့ ၁၀.၅ ရာခိုင်နှုန်း (လူဦးရေ ၂.၅ သန်း) ဆီးချိုရောဂါအကြိုအဆင့် ဖြစ်ပွားမှုနှုန်းက ၁၉.၅ ရာခိုင်နှုန်းရှိနေလို့ ဆီးချိုဖြစ်ပွားမှုနှုန်း  မြင့်မားနေတဲ့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်လာပါတယ်။

ဆီးချိုရောဂါက မျိုးရိုးဗီဇ၊ မျိုးရိုးလိုက်တာတွေနဲ့ အနေအထိုင်၊ ဘဝပတ်ဝန်းကျင်အစရှိတဲ့ အကြောင်းအရင်းကြီး နှစ်ခုကြောင့် ဖြစ်ပွားရတာလို့ ရန်ကုန်မြို့ ပါရမီဆေးရုံမှ ကလေးအထူးကုဆရာဝန်  ဒေါက်တာအေးသီတာသန်းက ပြောပါတယ်။

“ဆီးချိုရောဂါဝေဒနာရှင်ပဲဖြစ်ဖြစ် ဆီးချိုအကြိုအဆင့်ရောက်ရှိနေသူပဲဖြစ်ဖြစ်  ကာဗွန်ဟိုက်ဒရိတ်နဲ့ ဂလူးကို့စ်စားသုံးမှုကို လျှော့ကိုလျှော့ချရပါမယ်။ ပြီးတော့ အဆီကို လျှော့စားပြီး အသားဓာတ်ဖြစ်တဲ့  ပရိုတင်းကို  ပိုစားပေးရပါမယ်။ ဒါကြောင့် ကျွန်မတို့ကတော့ လူနာတွေကို နို့သောက်ဖို Recommend ပေးပါတယ်”လို့ ဒေါက်တာအေးသီတာသန်းက ပြောပါတယ်။

FrieslandCampina က ၂၀၁၆ ခုနှစ် နိုဝင်ဘာမှာ ပြုလုပ်ခဲ့တဲ့ လေ့လာချက်တစ်ခုအရ မြန်မာ့ကလေးငယ်တွေအကြား နို့သောက်သုံးမှုနှုန်းနဲ့ သောက်သုံးတဲ့ အကြိမ်အရေအတွက် နည်းပါးတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြည်တွင်းက ကလေး ၁၀ ဦးမှာ ၁ ဦးပဲ နေ့စဉ်နေ့တိုင်း နို့သောက်သုံးတာကြောင့် အခြားသောအရှေ့တောင်အာရှနိုင်ငံတွေနဲ့ယှဉ်ရင် အလွန်နည်းပါးနေသေးတယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top