မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး (ဆဋ္ဌမအကြိမ်မြောက်)
×






Credit: DVB


#Unicode Version#
ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့နားက ကမ်းခြေတခုမှာ သြဂုတ် ၂ ရက်နေ့က လေယာဉ်ငယ်တစင်း အရေးပေါ်ဆင်းသက်ခဲ့ရပြီး လူ ၂ ဦး သေဆုံးမှု ဖြစ်ခဲ့ပါတယ်။

ပေါ်တူဂီမြို့တော်အနီးက Sao Joao da Caparica ကမ်းခြေမှာ အပန်းဖြေနေသူ ၂ ဦးအပေါ်ကို လေယာဉ်က ဖြတ်ကြိတ်မိသွားတာ ဖြစ်တယ်လို့ မျက်မြင်သက်သေတဦးက ပြောပါတယ်။

လေယာဉ် အရေးပေါ်ဆင်းသက်ခဲ့ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

အဲဒီကမ်းခြေဟာ မြို့တော် လစ္စဘွန်းနဲ့ အနီးဆုံးမှာတည်ရှိပြီး သြဂုတ်လမှာ လာရောက်လည်ပတ်သူ များလေ့ရှိတယ်လို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top