လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

အသက္ ၃၀ ႏွစ္အရြယ္ လီဂၽြန္ ဆိုသူ စင္ကာပူအမ်ိဳးသမီးက သူမ၏ အိမ္အကူျမန္မာအမ်ိဳးသမီးအား တစ္ႏွစ္နီးပါး လစာေပးရန္ ပ်က္ကြက္ခဲ့သျဖင့္ အမွုေပါင္း ၁၃ ခုႏွင့္ တရားစြဲဆိုခံထားရသည္။

၂၀၁၆ ခုႏွစ္ မတ္လ ၇ ရက္ေန႔မွ ၂၀၁၇ ခုႏွစ္ ေဖေဖာ္ဝါရီ ၂၁ ရက္ေန႔ထိ ျမန္မာအိမ္အကူကို လစာ စင္ကာပူေဒၚလာ ၅,၇၀၀ (က်ပ္ေငြ ၅၇ သိန္းေက်ာ္) ေပးရန္ ပ်က္ကြက္ခဲ့ေၾကာင္း စင္ကာပူနိုင္ငံ လူ႔စြမ္းအားဝန္ႀကီးဌါန၏ ၾသဂုတ္လ ၁၇ ရက္ေန႔က ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပခဲ့သည္။

စင္ကာပူအမ်ိဳးသမီး လီဂၽြန္သည္ အလုပ္လုပ္ကိုင္ခြင့္ ပါမစ္အတြက္ လိုက္နာရမည့္ စည္းကမ္းမ်ားကို ခ်ိဳးေဖာက္မွုျဖင့္ အမွုရင္ဆိုင္ရမည္ျဖစ္ၿပီး လူ႔စြမ္းအားဝန္ႀကီးဌါနကလည္း သူမ၏ အလုပ္သမားဌါးရမ္းနိုင္ခြင့္ကို ပိတ္ပင္လိုက္ၿပီျဖစ္ပါတယ္။

လာမည့္ စက္တင္ဘာလ ၁၂ ရက္ေန႔တြင္ အမွုကို ၾကားနာစစ္ေဆးမည္ျဖစ္ၿပီး ျပစ္မွုထင္ရွားပါက ဒဏ္ေငြ စင္ကာပူေဒၚလာ ၁၀,၀၀၀ သို႔မဟုတ္ ေထာင္ဒဏ္ ၁၂ လႏွင့္အထက္ သို႔မဟုတ္ ျပစ္ဒဏ္ႏွစ္ရပ္လုံး ပူးတြဲက်ခံဖြယ္ရာရွိသည္။

စင္ကာပူနိုင္ငံ လူ႔စြမ္းအားဝန္ႀကီးဌါန (MOM) က နိုင္ငံျခားသား အိမ္အကူလုပ္သားမ်ားႏွင့္ပက္သက္ၿပီး လုပ္ခလစာမ်ားကို ေပးရမည့္အခ်ိန္တြင္ အတိအက်ေပးရန္ ညႊန္ၾကားထားၿပီးျဖစ္သည္။ Work Permit ျဖင့္ အလုပ္လုပ္ကိုင္ေနၾကေသာ အိမ္အကူမ်ား၏ လုပ္ခလစာမ်ားကို ေနာက္ဆုံးေပးရမည့္ ရက္၏ ၇ ရက္ မေက်ာ္လြန္မီေပးရန္ ညႊန္ၾကားထားၿပီး တစ္လျခင္းစီ၏ လစာေပးမွုမွာ တစ္လထက္ မေက်ာ္လြန္ရဟု သတ္မွတ္ထားသည္။

အလုပ္ရွင္မ်ားအေနနဲ႔ အိမ္အကူအား လစာေပးသည့္ အေထာက္အထားမ်ားကို တစ္လခ်င္းစီ သိမ္းဆည္းထားရမည္ျဖစ္သကဲ့သို႔ အိမ္အကူထံမွ လစာလက္ခံရရွိေၾကာင္း အေထာက္အထားကိုလည္း မပ်က္မကြက္ သိမ္းဆည္းထားရမည္ျဖစ္သည္။

မည္သည့္အေၾကာင္းျပခ်က္ႏွင့္မၽွ အိမ္အကူ၏ လစာကို ကိုယ္စား သိမ္းဆည္းေပးျခင္းမျပဳရပါ။ အိမ္အကူအေနႏွင့္ သိမ္းထားေပးရန္ ေတာင္းဆိုလာသည့္အခါတြင္လည္း ျငင္းပယ္ရမည္ျဖစ္ေၾကာင္း တိတိက်က်ျပ႒ါန္းထားသည္။

အိမ္အကူအေနနဲ႔ လုပ္ခလစာ မရရွိေသးပါက အိမ္ရွင္ကို အသိေပးရန္ လိုအပ္သည္။ အသိေပးထားသည့္ၾကားမွ လုပ္ခလစာမရရွိေသးမွုကို မေျဖရွင္းေပးနိုင္ပါက လူးစြမ္းအားဝန္ႀကီးဌါန (MOM) သို႔ သတင္းပို႔တိုင္ၾကားရန္ သို႔မဟုတ္ တာဝန္ရွိေသာ အလုပ္အကိုင္ရွာေဖြေရး ေအဂ်င္စီသို႔ အေၾကာင္းၾကားရန္ ေဖာ္ျပထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay

#Unicode Version#
အသက် ၃၀ နှစ်အရွယ် လီဂျွန် ဆိုသူ စင်ကာပူအမျိုးသမီးက သူမ၏ အိမ်အကူမြန်မာအမျိုးသမီးအား တစ်နှစ်နီးပါး လစာပေးရန် ပျက်ကွက်ခဲ့သဖြင့် အမှုပေါင်း ၁၃ ခုနှင့် တရားစွဲဆိုခံထားရသည်။

၂၀၁၆ ခုနှစ် မတ်လ ၇ ရက်နေ့မှ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့ထိ မြန်မာအိမ်အကူကို လစာ စင်ကာပူဒေါ်လာ ၅,၇၀၀ (ကျပ်ငွေ ၅၇ သိန်းကျော်) ပေးရန် ပျက်ကွက်ခဲ့ကြောင်း စင်ကာပူနိုင်ငံ လူ့စွမ်းအားဝန်ကြီးဌါန၏ သြဂုတ်လ ၁၇ ရက်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

စင်ကာပူအမျိုးသမီး လီဂျွန်သည် အလုပ်လုပ်ကိုင်ခွင့် ပါမစ်အတွက် လိုက်နာရမည့် စည်းကမ်းများကို ချိုးဖောက်မှုဖြင့် အမှုရင်ဆိုင်ရမည်ဖြစ်ပြီး လူ့စွမ်းအားဝန်ကြီးဌါနကလည်း သူမ၏ အလုပ်သမားဌါးရမ်းနိုင်ခွင့်ကို ပိတ်ပင်လိုက်ပြီဖြစ်ပါတယ်။

လာမည့် စက်တင်ဘာလ ၁၂ ရက်နေ့တွင် အမှုကို ကြားနာစစ်ဆေးမည်ဖြစ်ပြီး ပြစ်မှုထင်ရှားပါက ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁၀,၀၀၀ သို့မဟုတ် ထောင်ဒဏ် ၁၂ လနှင့်အထက် သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံး ပူးတွဲကျခံဖွယ်ရာရှိသည်။

စင်ကာပူနိုင်ငံ လူ့စွမ်းအားဝန်ကြီးဌါန (MOM) က နိုင်ငံခြားသား အိမ်အကူလုပ်သားများနှင့်ပက်သက်ပြီး လုပ်ခလစာများကို ပေးရမည့်အချိန်တွင် အတိအကျပေးရန် ညွှန်ကြားထားပြီးဖြစ်သည်။ Work Permit ဖြင့် အလုပ်လုပ်ကိုင်နေကြသော အိမ်အကူများ၏ လုပ်ခလစာများကို နောက်ဆုံးပေးရမည့် ရက်၏ ၇ ရက် မကျော်လွန်မီပေးရန် ညွှန်ကြားထားပြီး တစ်လခြင်းစီ၏ လစာပေးမှုမှာ တစ်လထက် မကျော်လွန်ရဟု သတ်မှတ်ထားသည်။

အလုပ်ရှင်များအနေနဲ့ အိမ်အကူအား လစာပေးသည့် အထောက်အထားများကို တစ်လချင်းစီ သိမ်းဆည်းထားရမည်ဖြစ်သကဲ့သို့ အိမ်အကူထံမှ လစာလက်ခံရရှိကြောင်း အထောက်အထားကိုလည်း မပျက်မကွက် သိမ်းဆည်းထားရမည်ဖြစ်သည်။

မည်သည့်အကြောင်းပြချက်နှင့်မျှ အိမ်အကူ၏ လစာကို ကိုယ်စား သိမ်းဆည်းပေးခြင်းမပြုရပါ။ အိမ်အကူအနေနှင့် သိမ်းထားပေးရန် တောင်းဆိုလာသည့်အခါတွင်လည်း ငြင်းပယ်ရမည်ဖြစ်ကြောင်း တိတိကျကျပြဋ္ဌါန်းထားသည်။

အိမ်အကူအနေနဲ့ လုပ်ခလစာ မရရှိသေးပါက အိမ်ရှင်ကို အသိပေးရန် လိုအပ်သည်။ အသိပေးထားသည့်ကြားမှ လုပ်ခလစာမရရှိသေးမှုကို မဖြေရှင်းပေးနိုင်ပါက လူးစွမ်းအားဝန်ကြီးဌါန (MOM) သို့ သတင်းပို့တိုင်ကြားရန် သို့မဟုတ် တာဝန်ရှိသော အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီသို့ အကြောင်းကြားရန် ဖော်ပြထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top