ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ေကာင္မေလးေတြရဲ႕ စိတ္ေကာက္ တတ္တဲ့စတိုင္ဆယ္မ်ိဳးဆိုသည္မွာ…

၁။ မာေကာက္…
~~~~~~~~~~
သူတို႔က စိတ္ေကာက္ ၿပီဆိုတာနဲ႔တစ္ကိုယ္လံုးက မာမာေတာင့္ေတာင့္ ႀကီးျဖစ္သြားတာခင္ဗ်ားအဲ့အခ်ိန္ သူ႔လက္ကို သြားဆြဲၾကည့္ မရဘူး။တင္းထားတာေနာ္ ။မာမာေတာင့္ေတာင့္ ႀကီး လုပ္ထားတာသူ႔ ပုခံုးေလး ကို ခင္ဗ်ား ဘက္ယိမ္းေအာင္အသာဆြဲၿပီး တြန္းၾကည့္ မရဘူး ။ ေတာင့္ထားတာအဲ့ဒီလို စိတ္ေကာက္ၿပီဆိုတာနဲ႔တစ္ကိုယ္လံုးကို မာေတာင့္ထားတတ္တဲ့ ေကာင္မေလး ေတြကို မာေကာက္…
.
၂။ ျဖတ္ေကာက္…
~~~~~~~~~~
သူတို႔က စိတ္ေကာက္ ၿပီဆိုတာနဲ႔ခင္ဗ်ားနဲ႔ ရွိသမွ် အဆက္အသြယ္ အကုန္ျဖတ္ပစ္တာ။Facebook မွာ ဘေလာ့မယ္။Viber, Phone ရွိသမွ် အားလံုးဘေလာ့မယ္ဗ်ာ။ခင္ဗ်ားကိုေတာ့ တိုးတိုးေလး ေစာင့္ၾကည့္ခ်င္ေစာင့္ၾကည့္ေနမွာေပါ့ေလ။အဲ့ဒီလို စိတ္ေကာက္တာနဲ႔ ရွိသမွ် အဆက္အသြယ္အကုန္ျဖတ္ၿပီး ေကာက္တတ္တဲ့ ေကာင္မေလး ေတြကို ျဖတ္ေကာက္…
.
၃။ ငတ္ေကာက္…
~~~~~~
အစာငတ္ခံ ဆႏၵျပသလိုေပါ့။သူတို႔ကလည္း ကိုယ့္ ခ်စ္သူ ကိုအစာငတ္ခံၿပီး စိတ္ေကာက္တာ။ဘာေကၽြးေကၽြး လံုးဝမစားဘူး။ေရလည္း မေသာက္ဘူး။ ေသးလည္း မေပါက္ဘူး။ခင္ဗ်ားကြယ္ရာေတာ့ တီးခ်င္တီးမယ္။ဒါေပမဲ့ ခင္ဗ်ားေရွ႕ေတာ့ ဘာမွမစားဘူး။အဲ့လို ဘာမွ မစား မေသာက္ဘဲအငတ္ခံေကာက္တတ္တဲ့ေကာင္မေလးေတြကို ငတ္ေကာက္…
.
၄။ ရြဲ႕ေကာက္…
~~~~~~~~~~
ခင္ဗ်ားကို စိတ္ေကာက္ ၿပီဆိုတာနဲ႔ ရြဲ႕ျပတာေပ့ါ။အဲ့အခ်ိန္ ခင္ဗ်ား မႀကိဳက္တာ အကုန္လုပ္မယ္။ခင္ဗ်ားက မသြားနဲ႔ဆို သြားမယ္။မစားနဲ႔ဆို စားမယ္။ခင္ဗ်ားၾကည့္မရတဲ့ ေကာင္ေတြနဲ႔ရြဲ႕ၿပီး ေဟးလားဝါးလား လုပ္ျပမယ္။
အဲ့လိုအခ်ိန္ ခင္ဗ်ားကို ဖုတ္ေလတဲ့ ငါးပိရွိေလတယ္ လို႔ေတာင္ မထင္ဘူး။သူ႔ဟာသူ ေပ်ာ္ခ်င္ေယာင္ေဆာင္ၿပီးရြဲ႕ျပတတ္တဲ့ ေကာင္မေလးေတြကို ရြဲ႕ေကာက္…
၅။ ရစ္ေကာက္…
~~~~~~~~သူတို႔က စိတ္ေကာက္ၿပီဆိုတာနဲ႔ ခင္ဗ်ား ကို ရစ္ေတာ့တာ။မေသာက္ဘဲနဲ႔ကို ဘလိုင္းႀကီး ရစ္တာေနာ္။ခင္ဗ်ားရဲ႕အတိတ္ကို တူးဆြၿပီး ရစ္ရင္ရစ္။ခင္ဗ်ားေဘးက မိန္းကေလး သူငယ္ခ်င္းေတြနဲ႔ခင္ဗ်ားကို သမုတ္ၿပီး ရစ္ရင္ရစ္နဲ႔
ေျပာၿပီးသားေတြကိုပဲ ထပ္တလဲလဲေခ်းေျခာက္ေရႏွဴးၿပီး ရစ္တာကို ရစ္ေကာက္…
.
၆။ ဆြံ႕ေကာက္…
~~~~~~~~~~~~


သူတို႔က စိတ္ေကာက္ၿပီဆိုတာနဲ႔ဆြံ႕အ နားမၾကားေတြလိုပဲ။ခင္ဗ်ား ဘာေျပာေျပာ ဘာဆိုဆိုဘာမွကို ျပန္မေျပာေတာ့တာ။ ပါးစပ္ႀကီးေတြပိတ္ၿပီးျပန္လဲ မေျပာ။ နားလဲ မေထာင္နဲ႔ဘာဆိုဘာမွ မေျပာဘဲ လုပ္ခ်င္ရာ လုပ္ေတာ့တဲ့ေကာင္မေလးေတြကို ဆြံ႕ေကာက္…
.
၇။ ငိုေကာက္…

သူတို႔က စိတ္ေကာက္ၿပီဆိုတာနဲ႔သနားကမား႐ုပ္ေလးေတြနဲ႔ တန္းငိုေတာ့တာ။ေဘးလူ ကမ်ား မသိလို႔ၾကည့္လိုက္ရင္ခငဗ်ားကပဲ သူ႔ကို ဟိုဒင္းဟိုဟာ က်ဴးလြန္မိလို႔သူ႔မွာ ဒူးနဲ႔ မ်က္ရည္ သုတ္ေနရတာလိုလို။ဘာလိုလို။တအီးအီးနဲ႔ ေအးရင္ၾကဴးေနသလိုပဲငိုလို႔ကို မၿပီးႏိုင္ေတာ့ဘူး။ႏွပ္ေခ်းေတြကို ထြက္လို႔အဲ့လို ငိုငိုျပၿပီး စိတ္ေကာက္တတ္တဲ့ ေကာင္မေလး ေတြကို ငိုေကာက္…
.
၈။ ၾကမ္းေကာက္…
~~~~~~~~~~~
သူတို႔က စိတ္ေကာက္ ၿပီဆိုတာနဲ႔ ဘီလူး ဆိုင္းတီးသလိုပဲ။ ပတ္ၾကမ္းတိုက္ေတာ့တာ။ေအာ္မယ္။ ဟစ္မယ္။ ထုမယ္။ ေထာင္းမယ္။႐ိုက္မယ္။ ႏွက္မယ္။ ဆဲမယ္။ ဆိုမယ္။တစ္ခါတစ္ေလ ပတ္ဝန္းက်င္ ကမဆီမဆိုင္ ေခြးကိုပါ ေျပးကန္ခ်င္ကန္တာ။အဲ့လိုအခ်ိန္ သူ႔အနားမွာရွိတဲ့ သနပ္ခါးတံုး တို႔ င႐ုတ္က်ည္ေပြ႕တို႔ေဝးေဝးသာေရြ႕ထား။ ေျပာရတာ မဟုတ္ဘူး။ေကာက္ထုခ်င္ ထုမွာေလ။အဲဒီလို ပတ္ၾကမ္းတိုက္ၿပီး စိတ္ေကာက္ တတ္တဲ့ ေကာင္မေလး ေတြကို ၾကမ္းေကာက္…
.
၉။ လက္ေကာက္…
~~~~~~~~~~~
သူတို႔က စိတ္ေကာက္ ၿပီဆိုတာနဲ႔ျပန္ေခ်ာ့ခ်င္ရင္ လက္ေဆာင္ ဝယ္ေပးမွရတာမ်ိဳး။ လက္ေဆာင္ ေလးဝယ္ၿပီး ေခ်ာ့မွ ေပ်ာ့တာမ်ိဳးေပါ့။အတယ္ပဲေျပာရမလား။အဲ့လို ေကာင္မေလးေတြကို။ဒါေပမဲ့ တစ္ခုရွိတာက သမီးရည္းစား အခ်င္းခ်င္းကေျပလည္ရင္ေတာင္ ပတ္ဝန္းက်င္ကအဲ့လို ေကာင္မေလး ကို ခ်ဴတယ္ ပိုင္းတယ္လို႔အထင္ေရာက္သြားႏိုင္တာေတာ့ ရွိတာေပါ့ေလ။အဲ့ဒီလို လက္ေဆာင္ ဝယ္ေပးၿပီး ေခ်ာ့မွအဆင္ေျပတဲ့ ေကာင္မေလးေတြကို လက္ေကာက္…
.
၁ဝ။ ဖ်ားေကာက္…
~~~~~~~~~~~~
သူတို႔က စိတ္ေကာက္ ၿပီဆိုတာနဲ႔ဖ်ားေတာ့တာ။ေနမေကာင္းတန္းျဖစ္ေတာ့တာ။ဟိုနားက နာရတာနဲ႔ ။ဒီနားက ေအာင့္ရတာနဲ႔။ကိုက္ရတာနဲ႔ ။ ခဲရတာနဲ႔ ။လူမမာ႐ုပ္နဲ႔ ပလာစတာေလး နားထင္မွာကပ္လို႔အဟြတ္ အဟြတ္နဲ႔ ျဖစ္ေတာ့တာ ။အဲ့ဒီလို စိတ္ေကာက္ၿပီဆိုတာနဲ႔ဖ်ားတတ္တဲ့ ေကာင္မေလး ေတြကို ေျပာတာ…ကဲ အဲ့ဆယ္မ်ိဳးအျပင္ တျခား စတိုင္ ေတြနဲ႔ေကာက္တတ္တဲ့ ေကာင္မေလး ေတြ ရွိေသးရင္ေတာ့ခင္ဗ်ားတို႔ပဲ မီးေခ်ာင္းထြန္းျပၾကပါေတာ့ဗ်ာ

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Wai Phyo Maung

#Unicode Version#
ကောင်မလေးတွေရဲ့ စိတ်ကောက် တတ်တဲ့စတိုင်ဆယ်မျိုးဆိုသည်မှာ…

၁။ မာကောက်…
~~~~~~~~~~
သူတို့က စိတ်ကောက် ပြီဆိုတာနဲ့တစ်ကိုယ်လုံးက မာမာတောင့်တောင့် ကြီးဖြစ်သွားတာခင်ဗျားအဲ့အချိန် သူ့လက်ကို သွားဆွဲကြည့် မရဘူး။တင်းထားတာနော် ။မာမာတောင့်တောင့် ကြီး လုပ်ထားတာသူ့ ပုခုံးလေး ကို ခင်ဗျား ဘက်ယိမ်းအောင်အသာဆွဲပြီး တွန်းကြည့် မရဘူး ။ တောင့်ထားတာအဲ့ဒီလို စိတ်ကောက်ပြီဆိုတာနဲ့တစ်ကိုယ်လုံးကို မာတောင့်ထားတတ်တဲ့ ကောင်မလေး တွေကို မာကောက်…
.
၂။ ဖြတ်ကောက်…
~~~~~~~~~~
သူတို့က စိတ်ကောက် ပြီဆိုတာနဲ့ခင်ဗျားနဲ့ ရှိသမျှ အဆက်အသွယ် အကုန်ဖြတ်ပစ်တာ။Facebook မှာ ဘလော့မယ်။Viber, Phone ရှိသမျှ အားလုံးဘလော့မယ်ဗျာ။ခင်ဗျားကိုတော့ တိုးတိုးလေး စောင့်ကြည့်ချင်စောင့်ကြည့်နေမှာပေါ့လေ။အဲ့ဒီလို စိတ်ကောက်တာနဲ့ ရှိသမျှ အဆက်အသွယ်အကုန်ဖြတ်ပြီး ကောက်တတ်တဲ့ ကောင်မလေး တွေကို ဖြတ်ကောက်…
.
၃။ ငတ်ကောက်…
~~~~~~
အစာငတ်ခံ ဆန္ဒပြသလိုပေါ့။သူတို့ကလည်း ကိုယ့် ချစ်သူ ကိုအစာငတ်ခံပြီး စိတ်ကောက်တာ။ဘာကျွေးကျွေး လုံးဝမစားဘူး။ရေလည်း မသောက်ဘူး။ သေးလည်း မပေါက်ဘူး။ခင်ဗျားကွယ်ရာတော့ တီးချင်တီးမယ်။ဒါပေမဲ့ ခင်ဗျားရှေ့တော့ ဘာမှမစားဘူး။အဲ့လို ဘာမှ မစား မသောက်ဘဲအငတ်ခံကောက်တတ်တဲ့ကောင်မလေးတွေကို ငတ်ကောက်…
.
၄။ ရွဲ့ကောက်…
~~~~~~~~~~
ခင်ဗျားကို စိတ်ကောက် ပြီဆိုတာနဲ့ ရွဲ့ပြတာပေ့ါ။အဲ့အချိန် ခင်ဗျား မကြိုက်တာ အကုန်လုပ်မယ်။ခင်ဗျားက မသွားနဲ့ဆို သွားမယ်။မစားနဲ့ဆို စားမယ်။ခင်ဗျားကြည့်မရတဲ့ ကောင်တွေနဲ့ရွဲ့ပြီး ဟေးလားဝါးလား လုပ်ပြမယ်။
အဲ့လိုအချိန် ခင်ဗျားကို ဖုတ်လေတဲ့ ငါးပိရှိလေတယ် လို့တောင် မထင်ဘူး။သူ့ဟာသူ ပျော်ချင်ယောင်ဆောင်ပြီးရွဲ့ပြတတ်တဲ့ ကောင်မလေးတွေကို ရွဲ့ကောက်…
၅။ ရစ်ကောက်…
~~~~~~~~သူတို့က စိတ်ကောက်ပြီဆိုတာနဲ့ ခင်ဗျား ကို ရစ်တော့တာ။မသောက်ဘဲနဲ့ကို ဘလိုင်းကြီး ရစ်တာနော်။ခင်ဗျားရဲ့အတိတ်ကို တူးဆွပြီး ရစ်ရင်ရစ်။ခင်ဗျားဘေးက မိန်းကလေး သူငယ်ချင်းတွေနဲ့ခင်ဗျားကို သမုတ်ပြီး ရစ်ရင်ရစ်နဲ့
ပြောပြီးသားတွေကိုပဲ ထပ်တလဲလဲချေးခြောက်ရေနှူးပြီး ရစ်တာကို ရစ်ကောက်…
.
၆။ ဆွံ့ကောက်…
~~~~~~~~~~~~


သူတို့က စိတ်ကောက်ပြီဆိုတာနဲ့ဆွံ့အ နားမကြားတွေလိုပဲ။ခင်ဗျား ဘာပြောပြော ဘာဆိုဆိုဘာမှကို ပြန်မပြောတော့တာ။ ပါးစပ်ကြီးတွေပိတ်ပြီးပြန်လဲ မပြော။ နားလဲ မထောင်နဲ့ဘာဆိုဘာမှ မပြောဘဲ လုပ်ချင်ရာ လုပ်တော့တဲ့ကောင်မလေးတွေကို ဆွံ့ကောက်…
.
၇။ ငိုကောက်…

သူတို့က စိတ်ကောက်ပြီဆိုတာနဲ့သနားကမားရုပ်လေးတွေနဲ့ တန်းငိုတော့တာ။ဘေးလူ ကများ မသိလို့ကြည့်လိုက်ရင်ခငဗျားကပဲ သူ့ကို ဟိုဒင်းဟိုဟာ ကျူးလွန်မိလို့သူ့မှာ ဒူးနဲ့ မျက်ရည် သုတ်နေရတာလိုလို။ဘာလိုလို။တအီးအီးနဲ့ အေးရင်ကြူးနေသလိုပဲငိုလို့ကို မပြီးနိုင်တော့ဘူး။နှပ်ချေးတွေကို ထွက်လို့အဲ့လို ငိုငိုပြပြီး စိတ်ကောက်တတ်တဲ့ ကောင်မလေး တွေကို ငိုကောက်…
.
၈။ ကြမ်းကောက်…
~~~~~~~~~~~
သူတို့က စိတ်ကောက် ပြီဆိုတာနဲ့ ဘီလူး ဆိုင်းတီးသလိုပဲ။ ပတ်ကြမ်းတိုက်တော့တာ။အော်မယ်။ ဟစ်မယ်။ ထုမယ်။ ထောင်းမယ်။ရိုက်မယ်။ နှက်မယ်။ ဆဲမယ်။ ဆိုမယ်။တစ်ခါတစ်လေ ပတ်ဝန်းကျင် ကမဆီမဆိုင် ခွေးကိုပါ ပြေးကန်ချင်ကန်တာ။အဲ့လိုအချိန် သူ့အနားမှာရှိတဲ့ သနပ်ခါးတုံး တို့ ငရုတ်ကျည်ပွေ့တို့ဝေးဝေးသာရွေ့ထား။ ပြောရတာ မဟုတ်ဘူး။ကောက်ထုချင် ထုမှာလေ။အဲဒီလို ပတ်ကြမ်းတိုက်ပြီး စိတ်ကောက် တတ်တဲ့ ကောင်မလေး တွေကို ကြမ်းကောက်…
.
၉။ လက်ကောက်…
~~~~~~~~~~~
သူတို့က စိတ်ကောက် ပြီဆိုတာနဲ့ပြန်ချော့ချင်ရင် လက်ဆောင် ဝယ်ပေးမှရတာမျိုး။ လက်ဆောင် လေးဝယ်ပြီး ချော့မှ ပျော့တာမျိုးပေါ့။အတယ်ပဲပြောရမလား။အဲ့လို ကောင်မလေးတွေကို။ဒါပေမဲ့ တစ်ခုရှိတာက သမီးရည်းစား အချင်းချင်းကပြေလည်ရင်တောင် ပတ်ဝန်းကျင်ကအဲ့လို ကောင်မလေး ကို ချူတယ် ပိုင်းတယ်လို့အထင်ရောက်သွားနိုင်တာတော့ ရှိတာပေါ့လေ။အဲ့ဒီလို လက်ဆောင် ဝယ်ပေးပြီး ချော့မှအဆင်ပြေတဲ့ ကောင်မလေးတွေကို လက်ကောက်…
.
၁ဝ။ ဖျားကောက်…
~~~~~~~~~~~~
သူတို့က စိတ်ကောက် ပြီဆိုတာနဲ့ဖျားတော့တာ။နေမကောင်းတန်းဖြစ်တော့တာ။ဟိုနားက နာရတာနဲ့ ။ဒီနားက အောင့်ရတာနဲ့။ကိုက်ရတာနဲ့ ။ ခဲရတာနဲ့ ။လူမမာရုပ်နဲ့ ပလာစတာလေး နားထင်မှာကပ်လို့အဟွတ် အဟွတ်နဲ့ ဖြစ်တော့တာ ။အဲ့ဒီလို စိတ်ကောက်ပြီဆိုတာနဲ့ဖျားတတ်တဲ့ ကောင်မလေး တွေကို ပြောတာ…ကဲ အဲ့ဆယ်မျိုးအပြင် တခြား စတိုင် တွေနဲ့ကောက်တတ်တဲ့ ကောင်မလေး တွေ ရှိသေးရင်တော့ခင်ဗျားတို့ပဲ မီးချောင်းထွန်းပြကြပါတော့ဗျာ

ဖိုးသူတော် (www.phothutaw.com)
Credit:  Wai Phyo Maung
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top