Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အလုံေစ်းစည္ပင္၀န္ထမ္းမ်ားႏွင့္ ေစ်းသည္မ်ား ႐ုန္းရင္းဆန္ခတ္ျဖစ္ေနစဥ္ (ဓာတ္ပုံ−ေမာင္ေမာင္ဦးေဖ့စ္ဘြတ္ခ္)
အလံုေစ်းတြင္ ႏွစ္ထပ္ ေစ်းသစ္တည္ေဆာက္မႈႏွင့္ ေန ရာခ်ထားမႈကို ေစ်းသူ၊ ေစ်းသား မ်ားက မေက်နပ္၍ ေစ်းစည္ပင္ သာယာႏွင့္ ႐ုန္းရင္းဆန္ခတ္ျဖစ္ ပြားၿပီး ေျပလည္ေအာင္ မေတာင္းပန္ပါက အလံုေစ်းသူ၊ ေစ်းသားမ်ားက ေစ်းမ်ားဌာန ဒုတိယဌာနမွဴးကို တရားစဲြဆုိမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

အလံုၿမိဳ႕နယ္အတြင္း အလံု ေစ်းတြင္ ႏွစ္ထပ္ေစ်းသစ္တည္ ေဆာက္ေနမႈႏွင့္ ေစ်းသည္မ်ား ေနရာခ်ေပးမႈကို ေစ်းသည္မ်ားက မေက်နပ္၍ ၾသဂုတ္ ၁၅ ရက္တြင္ ကန္႔ကြက္ခဲ့သည္။ ၾသဂုတ္ ၁၅ ရက္တြင္ ေစ်းမ်ားဌာန ဒုဌာနမွဴး ဦးေသာင္းတင္က အလံုေစ်းသို႔ လာေရာက္ခဲ့ၿပီး လုပ္ငန္းမ်ားကိုႀကီးၾကပ္ေနစဥ္ ေစ်းသူ၊ ေစ်းသားဦးေရ ၃၀၀ ခန္႔က ဦးေသာင္းတင္၏ကားကိုပိတ္ရပ္ကာ ကားထဲမွ ထြက္ၿပီး ရွင္းေပးရန္ေတာင္းဆုိခဲ့သည္ဟု ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီေစ်းမ်ားဌာန ခ႐ိုင္မွဴး ဦးေမာင္ေမာင္ေဌးက ေျပာသည္။

ထို႔ေနာက္ ေစ်းသူ၊ ေစ်း သားမ်ားႏွင့္ ေစ်းစည္ပင္၀န္ထမ္း မ်ား ႐ုန္းရင္းဆန္ခတ္ျဖစ္ပြားခဲ့ၿပီး ေစ်းသည္အခ်ိဳ႕က ေျမေပၚသို႔ လွဲ ခ်ကာ ကားမထြက္သြားရန္ တား ခဲ့သည္။ ႐ုန္းရင္းဆန္ခတ္အ ေျခအေနအတြင္း ေစ်းသူေစ်း သားႏွစ္ဦး ထိခိုက္ဒဏ္ရာရသည္ဟု အလံုေစ်းေကာ္မတီ၀င္ၾကက္သားေရာင္းသူ ကိုသဲေမာင္ က ေျပာသည္။

‘‘ဒီလူ (ဒုဌာနမွဴး ဦးေသာင္း တင္)က သူ႔ရာထူး၊ယူနီေဖာင္းကို မွ အားမနာ၊ ေစ်းသည္ေတြ ေစ်း သစ္ေပၚတက္မေရာင္းရင္ အ ကုန္လံုးအ႐ိုက္ခံရမယ္လုိ႔ ေျပာ တယ္။ ဒီစကားအတြက္ ေျဖရွင္း ေပးပါ၊ မေျဖရွင္းေပးရင္ ေစ်းသူ၊ ေစ်းသားေတြက တရားစဲြမွာပါ’’ ဟု ကိုသဲေမာင္က ေျပာသည္။ ကိုသဲေမာင္အပါအ၀င္ ေစ်းသူ၊ ေစ်းသား ၂၀ ခန္႔က အလံုၿမိဳ႕နယ္ရဲစခန္းႏွင့္ တရား႐ံုးသို႔ သြားေရာက္ၿပီး ဒုတိယဌာနမွဴး ဦးေသာင္းတင္ကို အမႈဖြင့္ရန္ စီစဥ္ခဲ့သည္။

‘‘ကၽြန္ေတာ္တုိ႔ မနက္ျဖန္ (ၾသဂုတ္ ၁၆ ရက္အထိ လာမေျဖ ရွင္းေပးဘူးဆုိရင္ေတာ့ တရား႐ံုး မွာ ဦးတုိက္ေလွ်ာက္မွာပါ။ အခု ေတာ့ ခဏေစာင့္ပါမယ္။ သူက ဒီလို႐ုန္႔ရင္းတဲ့စကားေတြေျပာတဲ့ အျပင္ စည္ပင္အဖဲြ႕ေတြတြန္းလို႔ ေစ်းသည္တစ္ေယာက္ ေမ့လဲ သြားတယ္။ တစ္ေယာက္က မ်က္ လံုးမွာ ဒဏ္ရာရတယ္’’ဟု ကိုသဲ ေမာင္က ေျပာသည္။

ေစ်းမ်ားဌာန ဒုတိယဌာနမွဴး ဦးေသာင္းတင္က ထိုကဲ့သို႔ ေျပာ ၾကားျခင္းမရွိေၾကာင္း 7Day Daily အား ေျပာသည္။ ‘‘ကၽြန္ေတာ္တို႔က ကၽြန္ေတာ္တုိ႔ အလုပ္လုပ္တာပါ။ အဲဒီလိုလည္း မေျပာခဲ့ပါဘူး’’ဟု ၎က ဆုိသည္။

ဦးေသာင္းတင္၏ ကားကို ၀ုိင္း၀န္းတားေသာ ေစ်းသည္မ်ားအား ေစ်းစည္ပင္၀န္ထမ္းမ်ားက ျပန္လည္တားျမစ္ရင္း ႐ုန္းရင္းဆန္ခတ္အေျခအေနမ်ား ျဖစ္ပြားခဲ့သည္။   ေစ်းစည္ပင္၀န္ထမ္း ၂၀ ခန္႔ရွိၿပီး အခ်င္းခ်င္းတြန္းထိုးမႈမ်ား အခ်ိန္ၾကာျမင့္စြာ ျဖစ္ပြားခဲ့သည္ဟု အဆုိပါေစ်းမွ ၾကက္သားသည္ ေဒၚဘီက ေျပာသည္။ တြန္းထုိးမႈႏွင့္ ပဋိပကၡအေျခအေနမ်ားေၾကာင့္ မ်က္လံုး၌ ရွရာတစ္ခုျဖစ္ကာ ေမ့လဲခဲ့သည္ဟု ဒဏ္ရာရရွိသူ ေဒၚသန္းသန္းျမက ေျပာသည္။ အျခားထိခိုက္ဒဏ္ရာရရွိသူမ်ား မရွိေပ။

အလံုေစ်းကို ႏွစ္ထပ္ေစ်း အျဖစ္ ၂၀၁၅ က အဆင့္ျမႇင့္တင္ ခဲ့ၿပီး ယခုဘ႑ာႏွစ္တြင္ အဆိုပါ ေစ်းသစ္၏ ေဘး၌ ကပ္လ်က္ ေနာက္ထပ္ ႏွစ္ထပ္ေစ်းသစ္တစ္ ခု ထပ္မံတည္ေဆာက္ရန္ ေစ်း မ်ားဌာနက လုပ္ေဆာင္ေနျခင္း ျဖစ္သည္။

       ေစ်းမ်ားဌာနက ရန္ကုန္တိုင္း ရွိ စည္ပင္ပုိင္ေစ်းမ်ားကို ႏွစ္ထပ္ေစ်းအျဖစ္ ေဆာက္လုပ္ရန္ ၂၀၁၄-၁၅ ကတည္းက စီစဥ္ ေဆာင္ရြက္ခဲ့သည္။ ၂၀၁၆-၁၇ တြင္ ရန္ကုန္ၿမိဳ႕ရွိ စည္ပင္ပိုင္ေစ်း ၁၃ ခုကို ႏွစ္ထပ္ေစ်းအျဖစ္ အ ဆင့္ျမႇင့္တင္ရန္ က်ပ္ ၃ ဒသမ ၅ ဘီလီယံအသံုးျပဳ တည္ေဆာက္ခဲ့သည္။

ႏွစ္ထပ္ေစ်းသစ္မ်ား တည္ ေဆာက္ရာတြင္ ေစ်းအေပၚထပ္ တြင္ ပ်ံက်ေစ်းသည္မ်ားႏွင့့္ မူလ ေစ်းသည္မ်ားကို ေနရာခ်ရန္ ၿမိဳ႕ ေတာ္စည္ပင္ေစ်းမ်ားဌာနက ရည္ရြယ္ခဲ့သည္။ သို႔ေသာ္ အခ်ိဳ႕ႏွစ္ ထပ္ေစ်းမ်ားတြင္ လက္ရွိအခ်ိန္ အထိ ေစ်းသည္မ်ားကုိ ေစ်းသစ္ မ်ားအေပၚသုိ႔    တက္ေရာက္ ေရာင္းခ်ရန္ ေဆာင္ရြက္ႏုိင္ျခင္းမ ရွိေသးေၾကာင္း ေစ်းမ်ားဌာန ဌာနမွဴး ဦးစံေမာင္ေရႊက ေျပာ ၾကားထားသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
အလုံဈေးစည်ပင်ဝန်ထမ်းများနှင့် ဈေးသည်များ ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ် (ဓာတ်ပုံ−မောင်မောင်ဦးဖေ့စ်ဘွတ်ခ်)

 အလုံဈေးတွင် နှစ်ထပ် ဈေးသစ်တည်ဆောက်မှုနှင့် နေ ရာချထားမှုကို ဈေးသူ၊ ဈေးသား များက မကျေနပ်၍ ဈေးစည်ပင် သာယာနှင့် ရုန်းရင်းဆန်ခတ်ဖြစ် ပွားပြီး ပြေလည်အောင် မတောင်းပန်ပါက အလုံဈေးသူ၊ ဈေးသားများက ဈေးများဌာန ဒုတိယဌာနမှူးကို တရားစွဲဆိုမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အလုံမြို့နယ်အတွင်း အလုံ ဈေးတွင် နှစ်ထပ်ဈေးသစ်တည် ဆောက်နေမှုနှင့် ဈေးသည်များ နေရာချပေးမှုကို ဈေးသည်များက မကျေနပ်၍ သြဂုတ် ၁၅ ရက်တွင် ကန့်ကွက်ခဲ့သည်။ သြဂုတ် ၁၅ ရက်တွင် ဈေးများဌာန ဒုဌာနမှူး ဦးသောင်းတင်က အလုံဈေးသို့ လာရောက်ခဲ့ပြီး လုပ်ငန်းများကိုကြီးကြပ်နေစဉ် ဈေးသူ၊ ဈေးသားဦးရေ ၃၀၀ ခန့်က ဦးသောင်းတင်၏ကားကိုပိတ်ရပ်ကာ ကားထဲမှ ထွက်ပြီး ရှင်းပေးရန်တောင်းဆိုခဲ့သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဈေးများဌာန ခရိုင်မှူး ဦးမောင်မောင်ဌေးက ပြောသည်။

ထို့နောက် ဈေးသူ၊ ဈေး သားများနှင့် ဈေးစည်ပင်ဝန်ထမ်း များ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ဈေးသည်အချို့က မြေပေါ်သို့ လှဲ ချကာ ကားမထွက်သွားရန် တား ခဲ့သည်။ ရုန်းရင်းဆန်ခတ်အ ခြေအနေအတွင်း ဈေးသူဈေး သားနှစ်ဦး ထိခိုက်ဒဏ်ရာရသည်ဟု အလုံဈေးကော်မတီဝင်ကြက်သားရောင်းသူ ကိုသဲမောင် က ပြောသည်။

‘‘ဒီလူ (ဒုဌာနမှူး ဦးသောင်း တင်)က သူ့ရာထူး၊ယူနီဖောင်းကို မှ အားမနာ၊ ဈေးသည်တွေ ဈေး သစ်ပေါ်တက်မရောင်းရင် အ ကုန်လုံးအရိုက်ခံရမယ်လို့ ပြော တယ်။ ဒီစကားအတွက် ဖြေရှင်း ပေးပါ၊ မဖြေရှင်းပေးရင် ဈေးသူ၊ ဈေးသားတွေက တရားစွဲမှာပါ’’ ဟု ကိုသဲမောင်က ပြောသည်။ ကိုသဲမောင်အပါအဝင် ဈေးသူ၊ ဈေးသား ၂၀ ခန့်က အလုံမြို့နယ်ရဲစခန်းနှင့် တရားရုံးသို့ သွားရောက်ပြီး ဒုတိယဌာနမှူး ဦးသောင်းတင်ကို အမှုဖွင့်ရန် စီစဉ်ခဲ့သည်။

‘‘ကျွန်တော်တို့ မနက်ဖြန် (သြဂုတ် ၁၆ ရက်အထိ လာမဖြေ ရှင်းပေးဘူးဆိုရင်တော့ တရားရုံး မှာ ဦးတိုက်လျှောက်မှာပါ။ အခု တော့ ခဏစောင့်ပါမယ်။ သူက ဒီလိုရုန့်ရင်းတဲ့စကားတွေပြောတဲ့ အပြင် စည်ပင်အဖွဲ့တွေတွန်းလို့ ဈေးသည်တစ်ယောက် မေ့လဲ သွားတယ်။ တစ်ယောက်က မျက် လုံးမှာ ဒဏ်ရာရတယ်’’ဟု ကိုသဲ မောင်က ပြောသည်။

ဈေးများဌာန ဒုတိယဌာနမှူး ဦးသောင်းတင်က ထိုကဲ့သို့ ပြော ကြားခြင်းမရှိကြောင်း 7Day Daily အား ပြောသည်။ ‘‘ကျွန်တော်တို့က ကျွန်တော်တို့ အလုပ်လုပ်တာပါ။ အဲဒီလိုလည်း မပြောခဲ့ပါဘူး’’ဟု ၎င်းက ဆိုသည်။

ဦးသောင်းတင်၏ ကားကို ဝိုင်းဝန်းတားသော ဈေးသည်များအား ဈေးစည်ပင်ဝန်ထမ်းများက ပြန်လည်တားမြစ်ရင်း ရုန်းရင်းဆန်ခတ်အခြေအနေများ ဖြစ်ပွားခဲ့သည်။   ဈေးစည်ပင်ဝန်ထမ်း ၂၀ ခန့်ရှိပြီး အချင်းချင်းတွန်းထိုးမှုများ အချိန်ကြာမြင့်စွာ ဖြစ်ပွားခဲ့သည်ဟု အဆိုပါဈေးမှ ကြက်သားသည် ဒေါ်ဘီက ပြောသည်။ တွန်းထိုးမှုနှင့် ပဋိပက္ခအခြေအနေများကြောင့် မျက်လုံး၌ ရှရာတစ်ခုဖြစ်ကာ မေ့လဲခဲ့သည်ဟု ဒဏ်ရာရရှိသူ ဒေါ်သန်းသန်းမြက ပြောသည်။ အခြားထိခိုက်ဒဏ်ရာရရှိသူများ မရှိပေ။

အလုံဈေးကို နှစ်ထပ်ဈေး အဖြစ် ၂၀၁၅ က အဆင့်မြှင့်တင် ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် အဆိုပါ ဈေးသစ်၏ ဘေး၌ ကပ်လျက် နောက်ထပ် နှစ်ထပ်ဈေးသစ်တစ် ခု ထပ်မံတည်ဆောက်ရန် ဈေး များဌာနက လုပ်ဆောင်နေခြင်း ဖြစ်သည်။

       ဈေးများဌာနက ရန်ကုန်တိုင်း ရှိ စည်ပင်ပိုင်ဈေးများကို နှစ်ထပ်ဈေးအဖြစ် ဆောက်လုပ်ရန် ၂၀၁၄-၁၅ ကတည်းက စီစဉ် ဆောင်ရွက်ခဲ့သည်။ ၂၀၁၆-၁၇ တွင် ရန်ကုန်မြို့ရှိ စည်ပင်ပိုင်ဈေး ၁၃ ခုကို နှစ်ထပ်ဈေးအဖြစ် အ ဆင့်မြှင့်တင်ရန် ကျပ် ၃ ဒသမ ၅ ဘီလီယံအသုံးပြု တည်ဆောက်ခဲ့သည်။

နှစ်ထပ်ဈေးသစ်များ တည် ဆောက်ရာတွင် ဈေးအပေါ်ထပ် တွင် ပျံကျဈေးသည်များနှင့် မူလ ဈေးသည်များကို နေရာချရန် မြို့ တော်စည်ပင်ဈေးများဌာနက ရည်ရွယ်ခဲ့သည်။ သို့သော် အချို့နှစ် ထပ်ဈေးများတွင် လက်ရှိအချိန် အထိ ဈေးသည်များကို ဈေးသစ် များအပေါ်သို့    တက်ရောက် ရောင်းချရန် ဆောင်ရွက်နိုင်ခြင်းမ ရှိသေးကြောင်း ဈေးများဌာန ဌာနမှူး ဦးစံမောင်ရွှေက ပြော ကြားထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top