Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဒီလူငယ္အမ်ိဳးသမီးသည္ ေျခေထာက္ေတြမရွိဘဲ ေမြးဖြားလာခဲ့ၿပီးေနာက္ စြန္႔ပစ္ခံခဲ့ရပါတယ္။ သူမသည္ aerialist အကသမားတစ္ေယာက္၊
စိတ္ခြန္အားေပးေဟာေျပာသူတစ္ေယာက္ျဖစ္ခဲ့ပါတယ္။ သူမသည္ ရုပ္ပိုင္းဆိုင္ရာအေျခေန ခ်ိဳ႕တဲ့ေနေသာ္လည္း စိန္ေခၚမႈေတြကို ျဖတ္
ေက်ာ္ၿပီး အကသမားတစ္ဦး ျဖစ္ဖို႔ ေလ့က်င့္ခဲ့ပါတယ္။ သူမသည္ တေန႔မွာ ေအာင္ျမင္တဲ့ အကသမားတစ္ဦးျဖစ္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။
 
ဂ်နီဖာ ဘရစ္ကာသည္ အသက္27ႏွစ္ရွိၿပီး လက္ရွိမွာ aerialist ႏွင့္ စိန္ခြန္အားေပးစကားေျပာသူအျဖစ္ အလုပ္လုပ္ပါတယ္။ သူမသည္
အားကစားလုပ္တာကို ႏွစ္သက္ၿပီး ထူးခၽြန္တဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ သူမက ဂၽြမ္းဘားကစားျခင္းႏွင့္ ပိုးခ်ည္ႀကိဳးနဲ႔ခ်ိတ္ဆြဲၿပီး ကျပေဖ်ာ
္ေျဖရတာကို အေပ်ာ္ရြင္ဆံုးခံစားရတယ္လို႔ ဆိုပါတယ္။ ဂ်နီဖာသည္ သူ႔ကိုယ္သူ အၿမဲတမ္း စိန္ေခၚဖို႔ ႏွစ္သက္သူျဖစ္ၿပီး သူမရဲ႕အသက္ေမြး
၀မး္ေက်ာင္း အခြင့္အလမ္းမ်ားကို တိုးျမွင့္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။

ကၽြန္မရဲ႕ တကယ့္ အိမ္မက္က ေအာင္ျမင္တဲ့ ၾကယ္ပြင့္ေတြနဲ႔အတူ ကခုန္ေဖ်ာ္ေျဖျခင္း ျဖစ္ပါတယ္လို႔ သူမကေျပာပါတယ္။ သူမရဲ႕မိဘေတြက
သူမကို မသန္စြမ္းအျဖစ္ ေမြးဖြားခဲ့တာေၾကာင့္ စြန္႔ပစ္ခဲ့တာပါ။ သူမကို သားသံုးေယာက္ရွိတဲ့ Sharon ႏွင့္ Gerald Bricker တို႔ကေမြးစားခဲ့
ပါတယ္။ သူမသည္ အီလီႏိြဳက္ျပည္နယ္၊ Oblong ၿမိဳ႕ေလးမွာ မိသားစုအသစ္နဲ႔အတူ ႀကီးျပင္းလာခဲ့ပါတယ္။ သူမသည္ စိန္ေခၚမႈေတြ အားလံု
းကို ေက်ာ္လႊားႏိုင္ခဲ့ၿပီး သူမရဲ႕ေ၀ါဟာရမွာ “မလုပ္ႏိုင္ဘူး”ဆိုတဲ့စကားလံုးကို မထည့္သြင္းခဲ့ဘူးလို႔ ယံုၾကည္ခဲ့ပါတယ္။ ဂ်င္သည္ တန္ဖိုးႀကီး
ဆုဖလားေတြနဲ႔အတူ ႀကီးျပင္းလာခဲ့ၿပီး ငယ္ရြယ္တဲ့ ဂ်င္က ျပည္နယ္ခ်န္ပီယံရွစ္ ယွဥ္ၿပိဳင္မႈမွာ အႏိုင္ရခဲ့တဲ့အထိ အလြန္ထက္ျမက္ခဲ့ပါတယ္။

ကေလးဘ၀မွာ သူမရဲ႕သဘာ၀စြမ္းရည္ကို ေတြ႕ရွိခဲ့ၿပီး ဂၽြမ္းဘားနဲ႔ ၿပိဳင္ပြဲ၀င္ခဲ့ပါတယ္။ 1999ခုႏွစ္ စင္ျမင့္ေပၚမွာ ဆုလက္ခံရရွိခဲ့ပါတယ္။
ဂ်င္သည္ လက္ရွိမွာ ကယ္လီဖိုးနီးယား၊ စတူဒီယိုၿမိဳ႕မွာ လက္ရွိေနထိုင္ပါတယ္။ သူမသည္ အရာရာတိုင္းကို စိတ္ဓါတ္ခိုင္မာစြာနဲ႔ အမွန္တ
ကယ္ စိတ္ပိုင္းျဖတ္ခဲ့လွ်င္ မျဖစ္ႏိုင္ဘူးဆိုတာ မရွိဘူးလုိ႔ ယံုၾကည္ဖို႔ တိုက္တြန္းခဲ့ပါတယ္။ စစ္မွန္တဲ့ အားကစားသမားတစ္ေယာက္ျဖစ္တဲ့
သူမသည္ သူမႀကိဳးစားခဲ့တဲ့ အားကစားတိုင္းမွာ ထူးခၽြန္ခဲ့ပါတယ္။

သူမဆယ္ေက်ာ္သက္အရြယ္မွာ သူမကိုေမြးဖြာခဲ့တဲ့ မိသားစုအေၾကာင္းကို သူမေမြးစားအေဖထံမွာ စတင္ေမးျမန္းခဲ့ပါတယ္။ သူမေမြးစားမိဘေတြက သူတို႔သိမ္းထားတဲ့ စာတမ္းဖိုင္တြဲေတြထုတ္ေပးခဲ့ပါတယ္။ သူမရဲ႕ မ်ိဳးရိုးေနာက္ဆံုးနာမည္က Moceanu ျဖစ္ၿပီး သူကေလးဘ၀က ႏွစ္သက္ခဲ့တဲ့ Idol ကသူမအစ္မျဖစ္ေနတာကို သိခဲ့ရပါတယ္။ သူမကို ေမြးဖြားတဲ့ မိဘမ်ားေတြကို မသိေသာ္လည္း သူမသည္ အေမရိကန္ အိုလံပစ္ဂၽြန္းဘားကစားသမား Dominique Moceanu ကို အားက်ခဲ့တာ တိုက္ဆိုင္မႈႏွင့္ ကံၾကမၼာတစ္ခုျဖစ္ခဲ့ပါတယ္။ သူမ အသက္ ၆ႏွစ္အရြယ္ထဲက အားက်ခဲ့တဲ့ Idol ကသူမရဲ႕အစ္မရင္းျဖစ္ခဲ့တဲ့အတြက္ တုန္လႈပ္ေျခာက္ျခားခဲ့ပါတယ္။ သူမသည္ 2007 ခရစ္စမတ္မတိုင္ခင္ သူမအသက္ 21 ႏွစ္မွာ Dominique ထံမွ စာတစ္ေစာင္ ရရွိခဲ့ပါတယ္။

သူမရဲ႕လက္မွတ္ကို ျမင္တဲ့အခါ အရမ္းအံၾသတဲ့ ခံစားမႈျဖစ္ခဲ့တယ္လုိ႔ဆိုပါတယ္။ ေလးလအၾကာမွာ Dominique ႏွင့္ သူ႔ရဲ႕ညီမငယ္ ခရစ္စ
တီးနားနဲ႔ ေတြ႕ဆံုခဲ့ပါတယ္။ သူတုိ႔ညီအစ္မေတြက ၀ါသနာနဲ႔ စရိုက္တူညီခဲ့ပါတယ္။ သံုးေယာက္လံုးသည္ ကၽြမ္းဘားကို ၀ါသနာပါခဲ့ၿပီး ခရ
စ္စတီးနားရဲ႕ ဒုတိယအႀကိက္ဆံုး အားကစားတစ္ခုမွာ ေဘာလီေဘာ ျဖစ္ပါတယ္။ ထိုအခ်ိန္မွစၿပီး သူတို႔သံုးေယာက္က အနီးကပ္ဆံုး ညီ
အစ္မေတြျဖစ္ခဲ့ပါတယ္။ ဂ်နီဖာသည္ “လူတုိင္းက ထူးျခားတဲ့ အရည္အေသြး၊ လက္ေဆာင္မ်ားႏွင့္အတူ ေမြးဖြားတယ္လို႔” ယံုၾကည္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: todaybago

#Unicode Version#
ဒီလူငယ်အမျိုးသမီးသည် ခြေထောက်တွေမရှိဘဲ မွေးဖွားလာခဲ့ပြီးနောက် စွန့်ပစ်ခံခဲ့ရပါတယ်။ သူမသည် aerialist အကသမားတစ်ယောက်၊
စိတ်ခွန်အားပေးဟောပြောသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူမသည် ရုပ်ပိုင်းဆိုင်ရာအခြေနေ ချို့တဲ့နေသော်လည်း စိန်ခေါ်မှုတွေကို ဖြတ်
ကျော်ပြီး အကသမားတစ်ဦး ဖြစ်ဖို့ လေ့ကျင့်ခဲ့ပါတယ်။ သူမသည် တနေ့မှာ အောင်မြင်တဲ့ အကသမားတစ်ဦးဖြစ်ဖို့ မျှော်လင့်ထားပါတယ်။


ဂျနီဖာ ဘရစ်ကာသည် အသက်27နှစ်ရှိပြီး လက်ရှိမှာ aerialist နှင့် စိန်ခွန်အားပေးစကားပြောသူအဖြစ် အလုပ်လုပ်ပါတယ်။ သူမသည်
အားကစားလုပ်တာကို နှစ်သက်ပြီး ထူးချွန်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမက ဂျွမ်းဘားကစားခြင်းနှင့် ပိုးချည်ကြိုးနဲ့ချိတ်ဆွဲပြီး ကပြဖျော
်ဖြေရတာကို အပျော်ရွင်ဆုံးခံစားရတယ်လို့ ဆိုပါတယ်။ ဂျနီဖာသည် သူ့ကိုယ်သူ အမြဲတမ်း စိန်ခေါ်ဖို့ နှစ်သက်သူဖြစ်ပြီး သူမရဲ့အသက်မွေး
ဝမ်းကျောင်း အခွင့်အလမ်းများကို တိုးမြှင့်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

ကျွန်မရဲ့ တကယ့် အိမ်မက်က အောင်မြင်တဲ့ ကြယ်ပွင့်တွေနဲ့အတူ ကခုန်ဖျော်ဖြေခြင်း ဖြစ်ပါတယ်လို့ သူမကပြောပါတယ်။ သူမရဲ့မိဘတွေက
သူမကို မသန်စွမ်းအဖြစ် မွေးဖွားခဲ့တာကြောင့် စွန့်ပစ်ခဲ့တာပါ။ သူမကို သားသုံးယောက်ရှိတဲ့ Sharon နှင့် Gerald Bricker တို့ကမွေးစားခဲ့
ပါတယ်။ သူမသည် အီလီနွိုက်ပြည်နယ်၊ Oblong မြို့လေးမှာ မိသားစုအသစ်နဲ့အတူ ကြီးပြင်းလာခဲ့ပါတယ်။ သူမသည် စိန်ခေါ်မှုတွေ အားလုံ
းကို ကျော်လွှားနိုင်ခဲ့ပြီး သူမရဲ့ဝေါဟာရမှာ “မလုပ်နိုင်ဘူး”ဆိုတဲ့စကားလုံးကို မထည့်သွင်းခဲ့ဘူးလို့ ယုံကြည်ခဲ့ပါတယ်။ ဂျင်သည် တန်ဖိုးကြီး
ဆုဖလားတွေနဲ့အတူ ကြီးပြင်းလာခဲ့ပြီး ငယ်ရွယ်တဲ့ ဂျင်က ပြည်နယ်ချန်ပီယံရှစ် ယှဉ်ပြိုင်မှုမှာ အနိုင်ရခဲ့တဲ့အထိ အလွန်ထက်မြက်ခဲ့ပါတယ်။

ကလေးဘဝမှာ သူမရဲ့သဘာဝစွမ်းရည်ကို တွေ့ရှိခဲ့ပြီး ဂျွမ်းဘားနဲ့ ပြိုင်ပွဲဝင်ခဲ့ပါတယ်။ 1999ခုနှစ် စင်မြင့်ပေါ်မှာ ဆုလက်ခံရရှိခဲ့ပါတယ်။
ဂျင်သည် လက်ရှိမှာ ကယ်လီဖိုးနီးယား၊ စတူဒီယိုမြို့မှာ လက်ရှိနေထိုင်ပါတယ်။ သူမသည် အရာရာတိုင်းကို စိတ်ဓါတ်ခိုင်မာစွာနဲ့ အမှန်တ
ကယ် စိတ်ပိုင်းဖြတ်ခဲ့လျှင် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ ယုံကြည်ဖို့ တိုက်တွန်းခဲ့ပါတယ်။ စစ်မှန်တဲ့ အားကစားသမားတစ်ယောက်ဖြစ်တဲ့
သူမသည် သူမကြိုးစားခဲ့တဲ့ အားကစားတိုင်းမှာ ထူးချွန်ခဲ့ပါတယ်။

သူမဆယ်ကျော်သက်အရွယ်မှာ သူမကိုမွေးဖွာခဲ့တဲ့ မိသားစုအကြောင်းကို သူမမွေးစားအဖေထံမှာ စတင်မေးမြန်းခဲ့ပါတယ်။ သူမမွေးစားမိဘတွေက သူတို့သိမ်းထားတဲ့ စာတမ်းဖိုင်တွဲတွေထုတ်ပေးခဲ့ပါတယ်။ သူမရဲ့ မျိုးရိုးနောက်ဆုံးနာမည်က Moceanu ဖြစ်ပြီး သူကလေးဘဝက နှစ်သက်ခဲ့တဲ့ Idol ကသူမအစ်မဖြစ်နေတာကို သိခဲ့ရပါတယ်။ သူမကို မွေးဖွားတဲ့ မိဘများတွေကို မသိသော်လည်း သူမသည် အမေရိကန် အိုလံပစ်ဂျွန်းဘားကစားသမား Dominique Moceanu ကို အားကျခဲ့တာ တိုက်ဆိုင်မှုနှင့် ကံကြမ္မာတစ်ခုဖြစ်ခဲ့ပါတယ်။ သူမ အသက် ၆နှစ်အရွယ်ထဲက အားကျခဲ့တဲ့ Idol ကသူမရဲ့အစ်မရင်းဖြစ်ခဲ့တဲ့အတွက် တုန်လှုပ်ခြောက်ခြားခဲ့ပါတယ်။ သူမသည် 2007 ခရစ်စမတ်မတိုင်ခင် သူမအသက် 21 နှစ်မှာ Dominique ထံမှ စာတစ်စောင် ရရှိခဲ့ပါတယ်။

သူမရဲ့လက်မှတ်ကို မြင်တဲ့အခါ အရမ်းအံသြတဲ့ ခံစားမှုဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ လေးလအကြာမှာ Dominique နှင့် သူ့ရဲ့ညီမငယ် ခရစ်စ
တီးနားနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့ညီအစ်မတွေက ဝါသနာနဲ့ စရိုက်တူညီခဲ့ပါတယ်။ သုံးယောက်လုံးသည် ကျွမ်းဘားကို ဝါသနာပါခဲ့ပြီး ခရ
စ်စတီးနားရဲ့ ဒုတိယအကြိက်ဆုံး အားကစားတစ်ခုမှာ ဘောလီဘော ဖြစ်ပါတယ်။ ထိုအချိန်မှစပြီး သူတို့သုံးယောက်က အနီးကပ်ဆုံး ညီ
အစ်မတွေဖြစ်ခဲ့ပါတယ်။ ဂျနီဖာသည် “လူတိုင်းက ထူးခြားတဲ့ အရည်အသွေး၊ လက်ဆောင်များနှင့်အတူ မွေးဖွားတယ်လို့” ယုံကြည်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: todaybago


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top