




(SAW)
Credit: sunthit
#Unicode Version#

သြဂုတ်လ (၃)ရက်နေ့ကဘန်ကောက်မြို့ ဘန်ဆေး အရပ်က ထိုင်းနိုင်ငံသူု ” အေ” နန်စမွတ် အသက် (၁၉) နှစ်ဟာ အွန်လိုင်းမှာ သူငယ်ချင်းဖြစ်နေသူ လူငယ်တစ်ဦးနဲ့ချိန်းပြီးအပြင်မှာတွေ့ခဲ့ရာက ဖျော်ရည်ထဲမှာ လိင်စိတ်ကြွမူးယစ်စေ တဲ့ ဆေးတွေ ထည့်တိုက်ပြီး ထိုင်းလူငယ် လေးဦးက ဟော်တယ်ကိုခေါ်သွားခဲ့တာဖြစ်ပါတယ်။

ဟော်တယ်ခန်းထဲမှာ တရားခံလေးဦးက အဓမ္မပြုကျင့်နေစဉ် မိန်းခလေးဟာသတိမေ့နေရာက ဆေးဒဏ်မခံနိုင်ဖြစ်လာပြီး နှလုံးခုန်ရပ်သွားခဲ့တာကို အမျိုးသားလေးဦးက တာဝန်ရှိသူတွေ အကြောင်းမကြားဘဲ ထွက်ပြေးသွားခဲ့ကြပါတယ်။

ဟော်တယ်ဝန်ထမ်းတွေ သိသွားခဲ့တဲ့အချိန်မှာ မိန်းကလေးဟာ သေဆုံးသွားပြီဖြစ်လို့ အသိနောက်ကျသွားခဲ့ တာကြော င့်လို့ ဆေးဝန်ထမ်းတွေက ပြောပါတယ်။

ထွက်ပြေးသွားတဲ့ တရားခံလေးဦးကို CCTV မှတ်တမ်းနဲ့ ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးနိုင်ခဲ့ပါပြီဖြစ်ပါတယ်၊ ထိုင်းလူင ယ်အုပ်စုတွေဟာ ခုလိုလုပ်ရပ်မျိုးတွေ နေ.စဉ်လို ဖြစ်ပွားနေတာပါ ၊ရုပ်ရည် သန့်ပြန်.တဲ့သူက အရင်ဆုံး မိန်းကလေးနဲ့ သိကျွမ်းအောင်ကြိုးစားပြီး အပြင်မှာချိန်း စကားပြောကြပါတယ် ၊မိန်းကလေး အလစ်မှာ ဖျော်ရည်ထဲ ဆေးခတ်ထား လိုက်တာပါ။

ဆေးမိလို့မူးဝေနေတဲ့မိန်းကလေးကို သူငယ်ချင်းတွေစောင့်နေတဲ့နေရာခေါ်သွားပြီး အဓမ္မပြုကျင့် ကြတာဖြစ်ပါတယ်။

(SAW)
Social Action for Women

ဖိုးသူတော် (www.phothutaw.com)
Credit: sunthit
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top