ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

  ၿမိဳတိုင္းရင္းသားမ်ား၏ နာေရးကို ေမာင္ေတာသုသာန္တြင္ ျပဳလုပ္ေနစဥ္ (ဓာတ္ပံု-ေမာင္ကံ)
ကိုသန္းဦးတစ္ေယာက္ ေသဆံုးသူေျခာက္ဦး၏ ႐ုပ္အေလာင္းမ်ားကုိ တစ္ၿပိဳင္တည္း၊ တစ္ခ်ိန္တည္း ေကာင္းမြန္စြာ သၿဂႋဳဟ္ႏုိင္ေရး တြင္းတူးရန္ လူလုပ္အားျဖင့္ မႏုိင္နင္း၍ ဘတ္ဟိုး (ေျမတူးစက္)ကုိ အသည္းအသန္ရွာခဲ့ရသည္။

အသားညိဳညိဳ ဗလေကာင္းေကာင္းျဖင့္ အသက္ (၂၀)ေက်ာ္အရြယ္ ကုိသန္းဦးကို ေမာင္ေတာၿမိဳ႕ခံအမ်ားစုက ‘ဒီးဒုတ္’ဟု လူသိမ်ားၿပီး ေစတနာအေလ်ာက္ နာေရးကိစၥမ်ားတြင္ ကူညီေပးေနသူ ျဖစ္သည္။

ယခုတစ္ႀကိမ္ ကိုသန္းဦး ေျခာက္ေလာင္းၿပိဳင္ သၿဂႋဳဟ္ေပးရမည္မွာ ေမာင္ေတာၿမိဳ႕နယ္ ကုိင္းႀကီး(ၿမိဳ)ရြာမွ ၿမိဳတိုင္းရင္းသားတုိ႔၏ ႐ုပ္အေလာင္းမ်ားျဖစ္သည္။ ၎ၿမိဳတုိင္းရင္းသား ေျခာက္ဦးတြင္ အမ်ိဳးသားသံုးဦး၊ အမ်ိဳးသမီးသံုးဦးပါဝင္သည္။ ၎တို႔သည္ ၾသဂုတ္ ၃ ရက္က ေမယုေတာင္တြင္ ေတာင္ယာသြား ေရာက္လုပ္ကိုင္စဥ္ အသတ္ခံရျခင္းျဖစ္သည္။

ၿမိဳတိုင္းရင္းသားေျခာက္ဦး၏ ႐ုပ္အေလာင္းမ်ားကို ၾသဂုတ္ ၄ ရက္တြင္ ေမာင္ေတာၿမိဳ႕ သုသာန္၌ သၿဂႋဳဟ္ခဲ့သည္။

ယင္းကဲ့သုိ႔ အရပ္သားမ်ား အၾကမ္းဖက္သတ္ျဖတ္ခံရမႈသည္ ၂၀၁၆ ေအာက္တုိဘာေနာက္ပုိင္း ေမာင္ေတာေဒသတြင္ မၾကာခဏ ျဖစ္ပြားေနျခင္းျဖစ္သည္။ အစိုးရ၏ တရားဝင္ထုတ္ျပန္ခ်က္မ်ားအရ  ယမန္ႏွစ္ေအာက္တုိဘာေႏွာင္းပုိင္းမွ ၾသဂုတ္ ၉ ရက္အထိ ေမာင္ ေတာေဒသတြင္ အၾကမ္းဖက္သမားမ်ားေၾကာင့္ ၅၉ဦး ေသဆံုးၿပီး ၃၀ ေက်ာ္ေပ်ာက္ဆံုးခဲ့သည္။

ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္၍ ဒီခ်ဳပ္အစိုးရရခုိင္အေရး ကုိ ႏုိင္ငံတကာဖိအားေအာက္မွ ေျဖရွင္းရန္ ႀကိဳးပမ္းေနခ်ိန္တြင္ ေမာင္ေတာေဒသအၾကမ္းဖက္သတ္ျဖတ္မႈမ်ားက တစ္ပူေပၚႏွစ္ပူဆင့္ေစခဲ့သည္။  ေမာင္ေတာေဒ သအၾကမ္းဖက္မႈမ်ားသည္ ကိုဖီအာနန္အႀကံေပးေကာ္မရွင္ အၿပီးသတ္အစီရင္ခံစာထြက္ရိွလာခ်ိန္တြင္ မတည္မၿငိမ္ျဖစ္ပြားေစရန္ ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သံုးသပ္မႈမ်ားရိွသည္။ ထို႔ေၾကာင့္အစုိးရက ေမာင္ေတာအပါအဝင္ ရခုိင္အေရးကုိ မည္ကဲ့သုိ႔ ကိုင္တြယ္ေျဖရွင္းမည္ဆုိသည္မွာ စိတ္ဝင္တစားေစာင့္ ၾကည့္ရမည္ျဖစ္သည္။

ရခုိင္ျပႆနာမွာ လက္ရွိအရပ္သားအစုိးရလက္ထက္တြင္ စတင္ျဖစ္ပြားခဲ့ျခင္းေတာ့ မဟုတ္ပါ။ ယခင္သမၼတဦးသိန္းစိန္လက္ထက္ ၂၀၁၂ ဇြန္လမွစ၍ တေက်ာ့ျပန္ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။သမုိင္းႏွင့္ခ်ီသည့္ ႐ႈပ္ေထြးမႈမ်ားရွိေသာအေနာက္ဘက္တံခါးေဒသတြင္ မသီတာေထြး အဓမၼက်င့္အသတ္ခံရသည္မွအစျပဳ၍ အၾကမ္းဖက္ တိုက္ခုိက္မႈမ်ားျဖစ္ပြားခဲ့သည္။ ၂၀၁၂ ဇြန္ႏွင့္ ေအာက္တိုဘာတြင္ ျဖစ္ပြားခဲ့သည့္ ပဋိပကၡမ်ားေၾကာင့္ လူဦးေရရာႏွင့္ခ်ီ ထိခုိက္ေသဆုံး၍ တစ္သိန္းေက်ာ္ အုိးမဲ့အိမ္မဲ့ျဖစ္ခဲ့သည္။ ရခုိင္အေရးကုိ ဒီခ်ဳပ္အစိုးရက လက္ဆင့္ကမ္းအေမြဆက္ခံ၍ ႀကိဳးပမ္းေနခ်ိန္တြင္ ေမာင္ေတာေဒသနယ္ျခားေစာင့္ ရဲစခန္းမ်ား တိုက္ခုိက္ခံရၿပီးေနာက္ ေရဆူမွတ္သုိ႔ ေရာက္ရွိခဲ့သည္။ ရဲစခန္းမ်ားတိုက္ခုိက္ခံရ ၿပီးေနာက္ပုိင္းတြင္ ေမာင္ေတာေဒသအၾကမ္းဖက္သတ္ျဖတ္မႈမ်ားက အရပ္သားမ်ားကုိ ဦးတည္လာ ခဲ့သည္။ အစုုိးရႏွင့္ပူးေပါင္း ေဆာင္ရြက္သူမ်ားအပါအ၀င္ အရပ္သားမ်ားမၾကာခဏ အၾကမ္းဖက္သတ္ျဖတ္ခံေနရသည္။ ေျဖရွင္းရန္ ႀကိဳးပမ္းရာတြင္ အဓိကအက်ဆံုးအခ်က္တစ္ခ်က္သည္ ကုလအတြင္းေရးမွဴးခ်ဳပ္ေဟာင္းႏွင့္ ႏိုဗယ္လ္ၿငိမ္းခ်မ္းေရးဆုရွင္ ကိုဖီအာနန္ဦးေဆာင္သည့္ ရခိုင္ျပည္နယ္ဆုိင္ရာ အႀကံေပးေကာ္မရွင္ကို ဖဲြ႕စည္းခဲ့သည္။

ေကာ္မရွင္ကုိ ရခိုင္ျပည္နယ္အတြင္း အၾကမ္းဖက္ျဖစ္စဥ္မ်ား မျဖစ္ပြားေရး အပါအဝင္ ေဒသခံတုိင္းရင္းသားမ်ားႏွင့္ အသိုင္းအဝိုင္းအားလံုး၏ လူမႈဘဝမ်ား ပုိမုိေကာင္းမြန္လာေစေရး အႀကံျပဳ ခ်က္မ်ား အစိုးရထံတင္ျပရန္ ၂၀၁၆ ၾသဂုတ္က ဖဲြ႕စည္းခဲ့သည္။

ေကာ္မရွင္တြင္ မစၥတာကိုဖီအာနန္အပါအဝင္ ႏုိင္ငံတကာက ေလးစားယံုၾကည္သည့္ ပုဂၢိဳလ္သံုးဦး ျပည္တြင္းမွ ပုဂၢိဳလ္ေျခာက္ဦး စုစုေပါင္းကုိးဦး ပါဝင္သည္။

ေကာ္မရွင္အေနျဖင့္ ရခုိင္ျပည္နယ္ရိွ ျပႆနာမ်ားကုိ ေျဖရွင္းႏုိင္မည့္ အေကာင္းဆံုးနည္း လမ္းမ်ားကုိ ရွာေဖြရန္၊ ရခိုင္ေဒသရိွ ျပည္သူမ်ား၏ လံုၿခံဳေရးႏွင့္ အေျခခံအခြင့္အေရးမ်ားကုိ အာမခံခ်က္ေပးႏိုင္ရန္ အပါအဝင္ ရခုိင္ျပည္နယ္အတြင္း ပဋိပကၡႀကိဳ တင္ကာကြယ္ေရး၊ ျပန္လည္ရင္ၾကားေစ့သင့္ျမတ္ေရး၊ ဖြံ႕ၿဖိဳးတိုးတက္မႈ ျမႇင့္တင္ေရးက႑မ်ားအတြက္ ေလ့လာသံုးသပ္မႈ ျပဳလုပ္ၿပီးအႀကံျပဳခ်က္မ်ားပါေသာ အစီရင္ခံစာကုိ ေဒၚေအာင္ဆန္းစုၾကည္ မွတစ္ဆင့္ အစုိးရထံသို႔ တစ္ႏွစ္ထက္ ေနာက္မက်ဘဲ တင္ျပရန္သတ္မွတ္ခဲ့သည္။

ကိုဖီအာနန္ ေကာ္မရွင္ဖြဲ႕စည္းၿပီး ႏွစ္လေက်ာ္အၾကာ ၂၀၁၆ ေအာက္တုိဘာတြင္ နယ္ ျခားေစာင့္ရဲဌာနခ်ဳပ္ႏွင့္ ရဲစခန္း ႏွစ္ခုအၾကမ္းဖက္တုိက္ခုိက္ခံရၿပီးရဲတပ္ဖြဲ႕ဝင္ ၁၀ ဦးေသဆံုးၿပီး ၁၆ ဦး ဒဏ္ရာရခဲ့သည္။ ရဲတပ္ဖြဲ႕၏ လက္နက္အမ်ားအျပား အၾကမ္းဖက္သမားမ်ားထံသို႔ ပါသြားသည္။ ထို႔ေနာက္ တပ္မေတာ္ ႏွင့္ ရဲတပ္ဖြဲ႕ပူးေပါင္း၍ ေမာင္ေတာ ေဒသ၌ နယ္ေျမရွင္းလင္းေရး ေဆာင္ရြက္ရာ အၾကမ္းဖက္အဖြဲ႕ႏွင့္ ဆက္စပ္ေၾကာင္း ယူဆသူ ၆၀၀ ေက်ာ္ကုိ ဖမ္းဆီးစစ္ေဆးခဲ့သည္။

အဆုိပါျဖစ္စဥ္မ်ားတြင္ လံုၿခံဳေရး တပ္ဖြဲ႕ဝင္အခ်ိဳ႕ ေသဆံုးဒဏ္ရာရရိွခဲ့သည္မ်ားရိွသကဲ့သုိ႔ လံုၿခံဳေရးတပ္ဖြဲ႕မ်ားက လူ႔အခြင့္အေရးခ်ိဳးေဖာက္ခဲ့ေၾကာင္း ေဝဖန္မႈမ်ားရိွခဲ့ၿပီး လူမ်ိဳးတံုးသတ္ျဖတ္မႈမ်ားရိွသည္ဟုပင္ စြပ္စြဲခဲ့သည္။ ထို႔ေနာက္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီအတြင္းမွာေတာ့ ေမာင္ေတာ ေဒသနယ္ေျမရွင္းလင္းမႈမ်ားကို ရပ္ဆုိင္ခဲ့သည္။

ေမာင္ေတာေဒသ အၾကမ္းဖက္မႈမ်ား ျဖစ္ပြားၿပီးေနာက္ပုိင္း ကိုဖီအာနန္အပါအဝင္ ေကာ္မရွင္အဖြဲ႕ဝင္မ်ားသည္ ေမာင္ေတာႏွင့္ ဘူးသီးေတာင္အပါအဝင္ ရခုိင္ေဒသအသီးသီးသို႔ သြားေရာက္၍ ေဒသခံတုိင္းရင္းသားမ်ား၊ ဘဂၤါလီလူမ်ိဳးအသုိင္းအဝိုင္းႏွင့္ အစိုးရတာဝန္ရိွသူမ်ားအပါအဝင္ အဖြဲ႕အစည္းအမ်ားအျပားႏွင့္ ေတြ႕ဆံု ခဲ့သည္။

ထို႔ေနာက္ ၂၀၁၇ မတ္လ၌ ေကာ္မရွင္၏ ၾကားျဖတ္အစီရင္ခံစာထုတ္ျပန္ခဲ့ရာ အၾကမ္းဖက္ပဋိ ပကၡမ်ား၏ ဒဏ္ကုိခံခဲ့ရေသာ ေဒသမ်ားသို႔ လူသားခ်င္းစာနာ ေထာက္ထားမႈဆုိင္ရာ အကူအညီ မ်ားကုိ အျပည့္အဝအတားအဆီး မရိွဘဲ ခြင့္ျပဳသင့္ေၾကာင္း အႀကံျပဳခဲ့သည္။

ထို႔အျပင္ လူ႔အခြင့္အေရးဆုိးရြားစြာ ခ်ိဳးေဖာက္ခဲ့ေၾကာင္း စြပ္စြဲခ်က္မ်ားရိွေနသည့္ အေျခအေနတြင္ အစိုးရအေနျဖင့္လြတ္လပ္၍ ဘက္လုိက္မႈမရိွေသာ စံုစမ္းစစ္ေဆးမႈမ်ား၏ ေတြ႕ရိွခ်က္မ်ားကို အေျခခံ၍ အခြင့္အေရးခ်ိဳးေဖာက္သူမ်ားကို ၎တို႔၏ ျပစ္မႈအတြက္ တာဝန္ယူေစၿပီး ထုိက္သင့္သည့္ ျပစ္ဒဏ္မ်ား ေပးသင့္သည္ဟု လည္း အႀကံျပဳသည္။

ၾကားျဖတ္အစီရင္ခံစာတြင္ ႏိုင္ငံသားစိစစ္ေရး လုပ္ငန္းစဥ္မ်ား ကို တိက်ရွင္းလင္းစြာ လုပ္ေဆာင္ရန္ႏွင့္ ပတ္သက္သည့္ အႀကံျပဳ ခ်က္မ်ား ပါဝင္သည္။ မၾကာမီ ထြက္ရွိမည့္ အၿပီးသတ္အစီရင္ခံ စာသည္ ၾကားျဖတ္အစီရင္ခံစာကို အေျခခံၿပီး ေရးဆြဲထားျခင္းျဖစ္ သည္။

၁၉၈၂ ႏိုင္ငံသားဥပေဒပါ အခန္း (၂) ႏိုင္ငံသားျဖစ္ျခင္းတြင္ ျမန္မာႏိုင္ငံရွိ တုိင္းရင္းသားမ်ိဳးႏြယ္ စုမ်ားသာ ျမန္မာႏိုင္ငံသားျဖစ္ သည္ဟု ျပ႒ာန္းထားျခင္း အပါအ ဝင္ ႏိုင္ငံသား စိစစ္ေရးကတ္ျပား ကိုင္ေဆာင္ထားသူ တစ္ဦးသည္ ကာယကံရွင္ႏိုင္ငံသားျဖစ္ရျခင္း၊ မိခင္/ဖခင္ ႏိုင္ငံသားျဖစ္ရျခင္း၊ အဘိုးအဘြား ႏိုင္ငံသားျဖစ္ရျခင္း ဆိုသည့့္ အရည္အခ်င္းကန္႔သတ္ ခ်က္မ်ားပါဝင္သည္။

ေမာင္ေတာေဒသတြင္ လူဦးေရ ရွစ္သိန္းသံုးေသာင္းေက်ာ္ရွိရာ ဘဂၤါလီလူဦးေရ ခုနစ္သိန္းခြဲေက်ာ္ရွိၿပီး စုစုေပါင္းလူဦးေရ၏ ၉၀ ရာခိုင္ႏႈန္းေက်ာ္ရွိသည္။ ယင္း ေဒသရွိ ဘဂၤါလီလူမ်ိဳးမ်ားသည္ အစိုးရ၏ ႏုိင္ငံသားစိစစ္ျခင္း လုပ္ငန္းစဥ္ကို ျငင္းဆန္ေနၾကရာ လက္ရွိတြင္ လုပ္ငန္းမ်ား ေဆာင္ရြက္ရာ၌ အခက္ႀကံဳေနသည္။

ကိုဖီအာနန္ဦးေဆာင္သည့္ ေကာ္မရွင္က ရခိုင္ျပႆနာ ေျဖရွင္းေရး ျမန္မာအစိုးရကို အႀကံျပဳ ရန္ ေဆာင္ရြက္ေနစဥ္ ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီ၏ (၃၄) ႀကိမ္ျမာက္ ပံုမွန္အစည္းအေဝးက ျမန္မာႏုိင္ငံ လူ႔အခြင့္အေရးအ ေျခအေန၊ အထူးသျဖင့္ရခိုင္ေဒသ အေရးႏွင့္ ပတ္သက္၍  ႏိုင္ငံတ ကာအခ်က္အလက္ရွာေဖြေရးအ ဖြဲ႕ ဖြဲ႕စည္းေစလႊတ္ရန္ ဆံုးျဖတ္ ခဲ့သည္။

ႏိုင္ငံတကာအခ်က္အလက္ ရွာေဖြေရးအဖြဲ႕ဖြဲ႕စည္းျခင္းကို အစိုးရက ပူးေပါင္းပါဝင္ျခင္း မျပဳခဲ့ေပ။ ယင္းအဖြဲ႕ဖြဲ႕စည္းျခင္းသည္ အေျခအျမစ္မရွိေသာ စြပ္စြဲခ်က္မ်ားကို အေျခခံထားသည့္အျပင္ ျမန္မာႏိုင္ငံရင္ဆိုင္ေနရသည့္ ႐ႈပ္ ေထြးမႈမ်ားႏွင့္ စိန္ေခၚမႈမ်ားကို ေျဖရွင္းႏိုင္မည္ထက္ ပိုမိုဆိုးရြား ေစမည္ဟု အစိုးရက တံု႔ျပန္ခဲ့သည္။

ကုလသမဂၢ၏ လူ႔အခြင့္အ ေရးဆိုင္ရာ တာဝန္ရွိသူမ်ားအေန ျဖင့္လည္း ရခိုင္ေဒသအေျခအေနမ်ားႏွင့္ ပတ္သက္ၿပီး ေျပာဆိုရာတြင္ အၾကမ္းဖက္အဖြဲ႕မ်ား၏ လုပ္ရပ္မ်ားအေပၚ သံုးသပ္ေျပာဆိုျခင္း မျပဳဘဲ လံုၿခံဳေရးတပ္ဖြဲ႕ဝင္ မ်ားက ဘဂၤါလီေက်းရြာ ရြာသားမ်ားအေပၚ လူ႔အခြင့္အေရးခ်ိဳးေဖာက္သည္ဆိုသည့္ စြပ္စြဲခ်က္မ်ားကိုသာ ေဖာ္ျပခဲ့သည္။

၂၀၁၆ ေအာက္တိုဘာ အၾကမ္းဖက္မႈ ျဖစ္စဥ္အၿပီး ေနာက္ပိုင္းတြင္ အၾကမ္းဖက္သမားမ်ားက အစိုးရႏွင့္ပူးေပါင္း ေဆာင္ရြက္သည့္ ယင္းေဒသရွိ ဘဂၤါလီလူမ်ိဳးမ်ားအျပင္ ရခိုင္တုိင္းရင္းသားမ်ားကိုပါ ၿခိမ္း ေျခာက္ လုပ္ႀကံသတ္ျဖတ္မႈမ်ား ဆက္တိုက္ႀကံဳေနသည္။

လွ်ိဳ႕ဝွက္အၾကမ္းဖက္သင္တန္းေနရာမ်ား၊ အၾကမ္းဖက္အဖြဲ႕အစည္းဝင္မ်ားကို ေဖာ္ထုတ္ဖမ္းဆီးရမိေနျခင္း၊ လက္လုပ္မိုင္းမ်ား ႏွင့္ စကားေျပာစက္မ်ား၊ လက္နက္ပစၥည္းမ်ား၊ ရိကၡာမ်ားေဖာ္ထုတ္သိမ္းဆည္းရရွိေနျခင္းမ်ားလည္း ရွိခဲ့သည္။

စိတ္ႂကြေဆးျပားအေျမာက္အျမား ဖမ္းဆီးရရွိမႈမ်ားလည္းရွိ ေနရာမူးယစ္ေဆးဝါးကုန္သြယ္မႈလမ္းေၾကာင္းသည္ လက္နက္ကိုင္ပုန္ကန္မႈမ်ား၊ စီးပြားေရးသမားမ်ားႏွင့္ ဆက္ႏႊယ္ၿပီး ႀကီးထြားလာႏိုင္သည့္ အေျခအေနရွိသည္ ဟုလည္း သံုးသပ္မႈမ်ားရွိသည္။

သို႔ရာတြင္ မစၥရန္ဟီးလီအပါအဝင္ ကုလလူ႔အခြင့္အေရးဆိုင္ရာ တာဝန္ရွိသူမ်ားက ယင္းအခ်က္မ်ားထက္ အစိုးရလံုၿခံဳေရးတပ္ဖြဲ႕မ်ားက လူ႔အခြင့္အေရးခ်ိဳးေဖာက္သည့္ အစီရင္ခံခ်က္မ်ား ရရွိေနသည္ဟု စြပ္စဲြသည္။

ေမာင္ေတာေဒသတြင္ ျဖစ္ပြားေနသည့္ အၾကမ္းဖက္မႈမ်ားသည္ လာမည့္ ၾသဂုတ္ေနာက္ဆံုးပတ္တြင္ အစိုးရထံတင္ျပမည့္ အၿပီးသတ္ အစီရင္ခံစာပါအႀကံျပဳ ခ်က္မ်ားကို အစိုးရက အေကာင္အထည္မေဖာ္ႏိုင္ေစရန္ ရည္ရြယ္၍ အၾကမ္းဖက္မႈမ်ား တိုးျမႇင့္လုပ္ေဆာင္လာသည္ဟု ယူဆေၾကာင္းအႀကံေပးေကာ္မရွင္အဖြဲ႕ဝင္မ်ားက သံုးသပ္သည္။

ေကာ္မရွင္အေနျဖင့္ အၿပီးသတ္အစီရင္ခံစာကို အစိုးရ၊ တပ္မေတာ္၊ ႏို္င္ငံေရးပါတီမ်ားမွ တာဝန္ရွိသူမ်ား၊ ဗုဒၶဘာသာႏွင့္ အစၥလာမ္ဘာသာမ်ားမွ ဘာသာေရးေခါင္းေဆာင္မ်ား၊ လူမႈအဖြဲ႕အစည္းမ်ား၊ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕၊ ရခိုင္ေဒသရွိ ရခိုင္ႏွင့္ဘဂၤါလီ လူမ်ိဳးအသိုင္းအဝိုင္းတို႔ႏွင့္ ေတြ႕ဆံုၿပီး အခ်က္အလက္မ်ား ရယူေရးဆြဲၿပီး ၾသဂုတ္ ၂၂ ရက္ေနာက္ပိုင္းတြင္ အစိုးရထံ တင္ျပမည္ျဖစ္သည္။

ေကာ္မရွင္ကအၿပီးသတ္ အစီရင္ခံစာေရးသားရာ၌ ျမန္မာျပည္သူမ်ား၏အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈကို အဓိကထားေၾကာင္း အဖြဲ႕ေခါင္းေဆာင္ ကိုဖီအာနန္က ထုတ္ေဖာ္ထားသည္။

ရခိုင္ေဒသတြင္း ျဖစ္ပြားလ်က္ရွိေသာ အၾကမ္းဖက္တိုက္ခိုက္မႈမ်ား ထပ္မံမျဖစ္ပြားေရး၊ ရခိုင္ျပည္နယ္အတြင္း ၿငိမ္းခ်မ္းေရးတည္ေဆာက္ေရးႏွင့္ သာယာဝေျပာမႈရရွိေစေရးတို႔အတြက္ အေထာက္အကူျဖစ္ေစမည့္ အႀကံ ျပဳခ်က္မ်ားကို ေကာ္မရွင္က ပံံ့ပိုးေပးႏိုင္ျခင္း ရွိ၊ မရွိကုိမူ ေစာင့္ၾကည့္ရမည္ျဖစ္သည္။

လက္ရွိေမာင္ေတာအပါအဝင္ ရခိုင္ေဒသတည္ၿငိမ္ေရးအတြက္မူ တရားဥပေဒစိုးမိုးေရးကို မွ်တစြာ ေဆာင္ရြက္သင့္ေၾကာင္း ေကာ္မရွင္က အႀကံျပဳသည္။

‘‘မသမာသူေတြ၊ ရာဇ၀တ္မႈက်ဴးလြန္တဲ့သူေတြကို ျပတ္ျပတ္သာသား ထိထိေရာက္ေရာက္ အေရးယူပါ’’ဟု ေကာ္မရွင္အဖဲြ႕၀င္  ဦးေအးလြင္က အစိုးရကို တိုက္တြန္းသည္။

ထိုသို႔ တရားဥပေဒစိုးမိုးေရးအတြက္ေဆာင္ရြက္ရာတြင္ မွ်တမႈရွိရန္လိုအပ္သည္ဟုလည္း သူကဆုိသည္။

‘‘ဘာသာတူ လူမ်ိဳးတူတဲ့ က်န္တဲ့လူေတြကိုလည္းပဲ သူတို႔ထဲက စုန္းျပဴးတစ္စုက ေဖာက္ျပန္တဲ့အတြက္ေၾကာင့္ သူတို႔ပါ အားလံုးအတူတူပဲေဟ့ဆုိၿပီး ဘာသာတူ၊ လူမ်ိဳးတူလို႔ ဒီလူေတြလည္း ဒီပုတ္ထဲက ဒီပဲပဲ၊ ဒီလိုအၾကမ္းဖက္ သမားေတြပဲဆုိၿပီး အျပစ္မဲ့တဲ့လူေတြကိုပါ ႏွိပ္ကြပ္မယ္၊ ခဲြျခားဆက္ဆံမယ္ဆုိရင္ မသမာသူေတြ စည္း႐ံုးတဲ့အထဲကို ဒီလူေတြ နားေယာင္ၿပီးပါသြားမွာကို သိပ္စိုးရိမ္တယ္’’ဟု အစၥလာမ္ဘာသာေရးေခါင္းေဆာင္ဦးေအးလြင္က ဆက္လက္ေျပာသည္။

အၾကမ္းဖက္သမားမ်ား မခိုေအာင္းႏုိင္ေစရန္ ေမယုေတာင္တန္းတြင္ နယ္ေျမစိုးမိုးေရးလုပ္ငန္းမ်ားကို တပ္မေတာ္ႏွင့္ နယ္ျခားေစာင့္ ရဲတပ္ဖဲြ႕တုိ႔ ပူးေပါင္းေဆာင္ရြက္ေနေၾကာင္း ႏုိင္ငံေတာ္အတိုင္ပင္ခံ႐ံုးက ၾသဂုတ္ ၁၄ ရက္တြင္ ထုတ္ျပန္ခဲ့သည္။

ကုိသန္းဦးအတြက္မူ အ ၾကမ္းဖက္သမားမ်ား၏ သတ္ျဖတ္မႈေၾကာင့္ ေသဆံုးခဲ့ရသူမ်ားကို တစ္ၿပိဳင္တည္း သၿဂႋဳဟ္ေပးရသည္မွာ တတိယအႀကိမ္ျဖစ္သည္။ ၿပီးခဲ့သည့္ ၂၀၁၆ ေအာက္တိုဘာ ၁၁ ရက္က ေမာင္ေတာအေျခစိုက္ နယ္ျခားေစာင့္ရဲဌာနခ်ဳပ္ႏွင့္ ရဲ စခန္းႏွစ္ခုကို အကာလ္မူလ္မူဂ်ာ

ဟီဒင္န္အဖဲြ႕အပါအ၀င္ ေဒသတြင္း အစြန္းေရာက္ဘဂၤါလီအခ်ိဳ႕၏ အၾကမ္းဖက္တိုက္ခိုက္မႈမ်ား ေၾကာင့္ က်ဆံုးခဲ့ရသူ နယ္ျခားေစာင့္ရဲတပ္ဖဲြ႕၀င္ ကိုးဦး၏ ႐ုပ္အေလာင္းမ်ားကို တစ္ခ်ိန္တည္း၊ တစ္ၿပိဳင္တည္း သၿဂႋဳဟ္ခဲ့ရသည္ မွာ ပထမဆံုးအႀကိမ္ျဖစ္ေၾကာင္း ကိုသန္းဦးက ေျပာသည္။

႐ုပ္အေလာင္းမ်ားကို တစ္ၿပိင္တည္း သၿဂႋဳဟ္ရမႈေၾကာင့္ အပင္ပန္းဆံုးျဖစ္ခဲ့ရသည္မွာ ၂၀၁၆ ေအာက္တိုဘာ ၁၃ ရက္က ေမာင္ေတာၿမိဳ႕နယ္ ေျပာင္ပစ္ေက်းရြာအနီးတြင္ အသင့္ေနရာယူထားသူ အၾကမ္းဖက္သမားမ်ား၏ တိုက္ ခိုက္မႈေၾကာင့္ က်ဆံုးခဲ့ရသည့္ တပ္မေတာ္သားငါးဦး၏ ႐ုပ္အ ေလာင္းကို သၿဂႋဳဟ္မည့္အခ်ိန္က ျဖစ္ေၾကာင္း ကိုသန္းဦးက ျပန္ေျပာျပသည္။

‘‘အဲဒီေန႔က (၂၀၁၆ ေအာက္တိုဘာ ၁၃ ရက္) သၿဂႋဳဟ္မယ္ဆိုၿပီးေတာ့ တြင္းေတြအကုန္တူးၿပီးပါၿပီ။ ေျမျမႇဳပ္မယ္လို႔ ျပင္ဆင္ေတာ့မွ အထက္က အမိန္႔မရေသးတာေၾကာင့္ ေျမျမႇဳပ္ခြင့္မရေသးဘူးလို႔ တပ္မေတာ္အရာရွိ တစ္ဦးက ေျပာခဲ့တယ္။ ဒီလိုနဲ႔ သၿဂႋဳဟ္ႏုိး၊ သၿဂႋဳဟ္ႏုိးနဲ႔ ညေမွာင္ၿပီးေတာ့ ေနာက္တစ္ေန႔ကို ကူးသြားခဲ့တယ္။ အဲဒီေန႔ကဆုိရင္ တစ္ညလံုးမအိပ္လိုက္ရဘဲ သုသာန္မွာ မိုးလင္းသြားတယ္’’ ဟု ကိုသန္းဦးက ေျပာျပသည္။

ကိုသန္းဦးအပါအ၀င္ ေမာင္ေတာေဒသခံမ်ားကမူ ေဒသလံုၿခံဳ ေရးကို လိုလားေနသည္။ အၾကမ္းဖက္သမားမ်ား၏ တုိက္ခုိက္မႈေၾကာင့္ ေသဆံုးခဲ့ရသူမ်ား၏ ႐ုပ္အေလာင္းမ်ားကို တစ္ခ်ိန္တည္း၊ တစ္ၿပိဳင္တည္း သၿဂႋဳဟ္ ေပးရျခင္းသည္ ေနာက္ဆံုးအႀကိမ္ ျဖစ္ပါေစဟု ကိုသန္းဦး တစ္ေယာက္ ဆုေတာင္းေနေလသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily


#Unicode Version#
မြိုတိုင်းရင်းသားများ၏ နာရေးကို မောင်တောသုသာန်တွင် ပြုလုပ်နေစဉ် (ဓာတ်ပုံ-မောင်ကံ)

ကိုသန်းဦးတစ်ယောက် သေဆုံးသူခြောက်ဦး၏ ရုပ်အလောင်းများကို တစ်ပြိုင်တည်း၊ တစ်ချိန်တည်း ကောင်းမွန်စွာ သင်္ဂြိုဟ်နိုင်ရေး တွင်းတူးရန် လူလုပ်အားဖြင့် မနိုင်နင်း၍ ဘတ်ဟိုး (မြေတူးစက်)ကို အသည်းအသန်ရှာခဲ့ရသည်။

အသားညိုညို ဗလကောင်းကောင်းဖြင့် အသက် (၂၀)ကျော်အရွယ် ကိုသန်းဦးကို မောင်တောမြို့ခံအများစုက ‘ဒီးဒုတ်’ဟု လူသိများပြီး စေတနာအလျောက် နာရေးကိစ္စများတွင် ကူညီပေးနေသူ ဖြစ်သည်။

ယခုတစ်ကြိမ် ကိုသန်းဦး ခြောက်လောင်းပြိုင် သင်္ဂြိုဟ်ပေးရမည်မှာ မောင်တောမြို့နယ် ကိုင်းကြီး(မြို)ရွာမှ မြိုတိုင်းရင်းသားတို့၏ ရုပ်အလောင်းများဖြစ်သည်။ ၎င်းမြိုတိုင်းရင်းသား ခြောက်ဦးတွင် အမျိုးသားသုံးဦး၊ အမျိုးသမီးသုံးဦးပါဝင်သည်။ ၎င်းတို့သည် သြဂုတ် ၃ ရက်က မေယုတောင်တွင် တောင်ယာသွား ရောက်လုပ်ကိုင်စဉ် အသတ်ခံရခြင်းဖြစ်သည်။

မြိုတိုင်းရင်းသားခြောက်ဦး၏ ရုပ်အလောင်းများကို သြဂုတ် ၄ ရက်တွင် မောင်တောမြို့ သုသာန်၌ သင်္ဂြိုဟ်ခဲ့သည်။

ယင်းကဲ့သို့ အရပ်သားများ အကြမ်းဖက်သတ်ဖြတ်ခံရမှုသည် ၂၀၁၆ အောက်တိုဘာနောက်ပိုင်း မောင်တောဒေသတွင် မကြာခဏ ဖြစ်ပွားနေခြင်းဖြစ်သည်။ အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်များအရ  ယမန်နှစ်အောက်တိုဘာနှောင်းပိုင်းမှ သြဂုတ် ၉ ရက်အထိ မောင် တောဒေသတွင် အကြမ်းဖက်သမားများကြောင့် ၅၉ဦး သေဆုံးပြီး ၃၀ ကျော်ပျောက်ဆုံးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်၍ ဒီချုပ်အစိုးရရခိုင်အရေး ကို နိုင်ငံတကာဖိအားအောက်မှ ဖြေရှင်းရန် ကြိုးပမ်းနေချိန်တွင် မောင်တောဒေသအကြမ်းဖက်သတ်ဖြတ်မှုများက တစ်ပူပေါ်နှစ်ပူဆင့်စေခဲ့သည်။  မောင်တောဒေ သအကြမ်းဖက်မှုများသည် ကိုဖီအာနန်အကြံပေးကော်မရှင် အပြီးသတ်အစီရင်ခံစာထွက်ရှိလာချိန်တွင် မတည်မငြိမ်ဖြစ်ပွားစေရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သုံးသပ်မှုများရှိသည်။ ထို့ကြောင့်အစိုးရက မောင်တောအပါအဝင် ရခိုင်အရေးကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းမည်ဆိုသည်မှာ စိတ်ဝင်တစားစောင့် ကြည့်ရမည်ဖြစ်သည်။

ရခိုင်ပြဿနာမှာ လက်ရှိအရပ်သားအစိုးရလက်ထက်တွင် စတင်ဖြစ်ပွားခဲ့ခြင်းတော့ မဟုတ်ပါ။ ယခင်သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၂ ဇွန်လမှစ၍ တကျော့ပြန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။သမိုင်းနှင့်ချီသည့် ရှုပ်ထွေးမှုများရှိသောအနောက်ဘက်တံခါးဒေသတွင် မသီတာထွေး အဓမ္မကျင့်အသတ်ခံရသည်မှအစပြု၍ အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။ ၂၀၁၂ ဇွန်နှင့် အောက်တိုဘာတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် လူဦးရေရာနှင့်ချီ ထိခိုက်သေဆုံး၍ တစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။ ရခိုင်အရေးကို ဒီချုပ်အစိုးရက လက်ဆင့်ကမ်းအမွေဆက်ခံ၍ ကြိုးပမ်းနေချိန်တွင် မောင်တောဒေသနယ်ခြားစောင့် ရဲစခန်းများ တိုက်ခိုက်ခံရပြီးနောက် ရေဆူမှတ်သို့ ရောက်ရှိခဲ့သည်။ ရဲစခန်းများတိုက်ခိုက်ခံရ ပြီးနောက်ပိုင်းတွင် မောင်တောဒေသအကြမ်းဖက်သတ်ဖြတ်မှုများက အရပ်သားများကို ဦးတည်လာ ခဲ့သည်။ အစိုုးရနှင့်ပူးပေါင်း ဆောင်ရွက်သူများအပါအဝင် အရပ်သားများမကြာခဏ အကြမ်းဖက်သတ်ဖြတ်ခံနေရသည်။ ဖြေရှင်းရန် ကြိုးပမ်းရာတွင် အဓိကအကျဆုံးအချက်တစ်ချက်သည် ကုလအတွင်းရေးမှူးချုပ်ဟောင်းနှင့် နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။

ကော်မရှင်ကို ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များ မဖြစ်ပွားရေး အပါအဝင် ဒေသခံတိုင်းရင်းသားများနှင့် အသိုင်းအဝိုင်းအားလုံး၏ လူမှုဘဝများ ပိုမိုကောင်းမွန်လာစေရေး အကြံပြု ချက်များ အစိုးရထံတင်ပြရန် ၂၀၁၆ သြဂုတ်က ဖွဲ့စည်းခဲ့သည်။

ကော်မရှင်တွင် မစ္စတာကိုဖီအာနန်အပါအဝင် နိုင်ငံတကာက လေးစားယုံကြည်သည့် ပုဂ္ဂိုလ်သုံးဦး ပြည်တွင်းမှ ပုဂ္ဂိုလ်ခြောက်ဦး စုစုပေါင်းကိုးဦး ပါဝင်သည်။

ကော်မရှင်အနေဖြင့် ရခိုင်ပြည်နယ်ရှိ ပြဿနာများကို ဖြေရှင်းနိုင်မည့် အကောင်းဆုံးနည်း လမ်းများကို ရှာဖွေရန်၊ ရခိုင်ဒေသရှိ ပြည်သူများ၏ လုံခြုံရေးနှင့် အခြေခံအခွင့်အရေးများကို အာမခံချက်ပေးနိုင်ရန် အပါအဝင် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခကြို တင်ကာကွယ်ရေး၊ ပြန်လည်ရင်ကြားစေ့သင့်မြတ်ရေး၊ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးကဏ္ဍများအတွက် လေ့လာသုံးသပ်မှု ပြုလုပ်ပြီးအကြံပြုချက်များပါသော အစီရင်ခံစာကို ဒေါ်အောင်ဆန်းစုကြည် မှတစ်ဆင့် အစိုးရထံသို့ တစ်နှစ်ထက် နောက်မကျဘဲ တင်ပြရန်သတ်မှတ်ခဲ့သည်။

ကိုဖီအာနန် ကော်မရှင်ဖွဲ့စည်းပြီး နှစ်လကျော်အကြာ ၂၀၁၆ အောက်တိုဘာတွင် နယ် ခြားစောင့်ရဲဌာနချုပ်နှင့် ရဲစခန်း နှစ်ခုအကြမ်းဖက်တိုက်ခိုက်ခံရပြီးရဲတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရခဲ့သည်။ ရဲတပ်ဖွဲ့၏ လက်နက်အများအပြား အကြမ်းဖက်သမားများထံသို့ ပါသွားသည်။ ထို့နောက် တပ်မတော် နှင့် ရဲတပ်ဖွဲ့ပူးပေါင်း၍ မောင်တော ဒေသ၌ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်ကြောင်း ယူဆသူ ၆၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေးခဲ့သည်။

အဆိုပါဖြစ်စဉ်များတွင် လုံခြုံရေး တပ်ဖွဲ့ဝင်အချို့ သေဆုံးဒဏ်ရာရရှိခဲ့သည်များရှိသကဲ့သို့ လုံခြုံရေးတပ်ဖွဲ့များက လူ့အခွင့်အရေးချိုးဖောက်ခဲ့ကြောင်း ဝေဖန်မှုများရှိခဲ့ပြီး လူမျိုးတုံးသတ်ဖြတ်မှုများရှိသည်ဟုပင် စွပ်စွဲခဲ့သည်။ ထို့နောက် ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းမှာတော့ မောင်တော ဒေသနယ်မြေရှင်းလင်းမှုများကို ရပ်ဆိုင်ခဲ့သည်။

မောင်တောဒေသ အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း ကိုဖီအာနန်အပါအဝင် ကော်မရှင်အဖွဲ့ဝင်များသည် မောင်တောနှင့် ဘူးသီးတောင်အပါအဝင် ရခိုင်ဒေသအသီးသီးသို့ သွားရောက်၍ ဒေသခံတိုင်းရင်းသားများ၊ ဘင်္ဂါလီလူမျိုးအသိုင်းအဝိုင်းနှင့် အစိုးရတာဝန်ရှိသူများအပါအဝင် အဖွဲ့အစည်းအများအပြားနှင့် တွေ့ဆုံ ခဲ့သည်။

ထို့နောက် ၂၀၁၇ မတ်လ၌ ကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာထုတ်ပြန်ခဲ့ရာ အကြမ်းဖက်ပဋိ ပက္ခများ၏ ဒဏ်ကိုခံခဲ့ရသော ဒေသများသို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ များကို အပြည့်အဝအတားအဆီး မရှိဘဲ ခွင့်ပြုသင့်ကြောင်း အကြံပြုခဲ့သည်။

ထို့အပြင် လူ့အခွင့်အရေးဆိုးရွားစွာ ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲချက်များရှိနေသည့် အခြေအနေတွင် အစိုးရအနေဖြင့်လွတ်လပ်၍ ဘက်လိုက်မှုမရှိသော စုံစမ်းစစ်ဆေးမှုများ၏ တွေ့ရှိချက်များကို အခြေခံ၍ အခွင့်အရေးချိုးဖောက်သူများကို ၎င်းတို့၏ ပြစ်မှုအတွက် တာဝန်ယူစေပြီး ထိုက်သင့်သည့် ပြစ်ဒဏ်များ ပေးသင့်သည်ဟု လည်း အကြံပြုသည်။

ကြားဖြတ်အစီရင်ခံစာတွင် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်များ ကို တိကျရှင်းလင်းစွာ လုပ်ဆောင်ရန်နှင့် ပတ်သက်သည့် အကြံပြု ချက်များ ပါဝင်သည်။ မကြာမီ ထွက်ရှိမည့် အပြီးသတ်အစီရင်ခံ စာသည် ကြားဖြတ်အစီရင်ခံစာကို အခြေခံပြီး ရေးဆွဲထားခြင်းဖြစ် သည်။

၁၉၈၂ နိုင်ငံသားဥပဒေပါ အခန်း (၂) နိုင်ငံသားဖြစ်ခြင်းတွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားမျိုးနွယ် စုများသာ မြန်မာနိုင်ငံသားဖြစ် သည်ဟု ပြဋ္ဌာန်းထားခြင်း အပါအ ဝင် နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားသူ တစ်ဦးသည် ကာယကံရှင်နိုင်ငံသားဖြစ်ရခြင်း၊ မိခင်/ဖခင် နိုင်ငံသားဖြစ်ရခြင်း၊ အဘိုးအဘွား နိုင်ငံသားဖြစ်ရခြင်း ဆိုသည့် အရည်အချင်းကန့်သတ် ချက်များပါဝင်သည်။

မောင်တောဒေသတွင် လူဦးရေ ရှစ်သိန်းသုံးသောင်းကျော်ရှိရာ ဘင်္ဂါလီလူဦးရေ ခုနစ်သိန်းခွဲကျော်ရှိပြီး စုစုပေါင်းလူဦးရေ၏ ၉၀ ရာခိုင်နှုန်းကျော်ရှိသည်။ ယင်း ဒေသရှိ ဘင်္ဂါလီလူမျိုးများသည် အစိုးရ၏ နိုင်ငံသားစိစစ်ခြင်း လုပ်ငန်းစဉ်ကို ငြင်းဆန်နေကြရာ လက်ရှိတွင် လုပ်ငန်းများ ဆောင်ရွက်ရာ၌ အခက်ကြုံနေသည်။

ကိုဖီအာနန်ဦးဆောင်သည့် ကော်မရှင်က ရခိုင်ပြဿနာ ဖြေရှင်းရေး မြန်မာအစိုးရကို အကြံပြု ရန် ဆောင်ရွက်နေစဉ် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ (၃၄) ကြိမ်မြာက် ပုံမှန်အစည်းအဝေးက မြန်မာနိုင်ငံ လူ့အခွင့်အရေးအ ခြေအနေ၊ အထူးသဖြင့်ရခိုင်ဒေသ အရေးနှင့် ပတ်သက်၍  နိုင်ငံတ ကာအချက်အလက်ရှာဖွေရေးအ ဖွဲ့ ဖွဲ့စည်းစေလွှတ်ရန် ဆုံးဖြတ် ခဲ့သည်။

နိုင်ငံတကာအချက်အလက် ရှာဖွေရေးအဖွဲ့ဖွဲ့စည်းခြင်းကို အစိုးရက ပူးပေါင်းပါဝင်ခြင်း မပြုခဲ့ပေ။ ယင်းအဖွဲ့ဖွဲ့စည်းခြင်းသည် အခြေအမြစ်မရှိသော စွပ်စွဲချက်များကို အခြေခံထားသည့်အပြင် မြန်မာနိုင်ငံရင်ဆိုင်နေရသည့် ရှုပ် ထွေးမှုများနှင့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည်ထက် ပိုမိုဆိုးရွား စေမည်ဟု အစိုးရက တုံ့ပြန်ခဲ့သည်။

ကုလသမဂ္ဂ၏ လူ့အခွင့်အ ရေးဆိုင်ရာ တာဝန်ရှိသူများအနေ ဖြင့်လည်း ရခိုင်ဒေသအခြေအနေများနှင့် ပတ်သက်ပြီး ပြောဆိုရာတွင် အကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်များအပေါ် သုံးသပ်ပြောဆိုခြင်း မပြုဘဲ လုံခြုံရေးတပ်ဖွဲ့ဝင် များက ဘင်္ဂါလီကျေးရွာ ရွာသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်သည်ဆိုသည့် စွပ်စွဲချက်များကိုသာ ဖော်ပြခဲ့သည်။

၂၀၁၆ အောက်တိုဘာ အကြမ်းဖက်မှု ဖြစ်စဉ်အပြီး နောက်ပိုင်းတွင် အကြမ်းဖက်သမားများက အစိုးရနှင့်ပူးပေါင်း ဆောင်ရွက်သည့် ယင်းဒေသရှိ ဘင်္ဂါလီလူမျိုးများအပြင် ရခိုင်တိုင်းရင်းသားများကိုပါ ခြိမ်း ခြောက် လုပ်ကြံသတ်ဖြတ်မှုများ ဆက်တိုက်ကြုံနေသည်။

လျှို့ဝှက်အကြမ်းဖက်သင်တန်းနေရာများ၊ အကြမ်းဖက်အဖွဲ့အစည်းဝင်များကို ဖော်ထုတ်ဖမ်းဆီးရမိနေခြင်း၊ လက်လုပ်မိုင်းများ နှင့် စကားပြောစက်များ၊ လက်နက်ပစ္စည်းများ၊ ရိက္ခာများဖော်ထုတ်သိမ်းဆည်းရရှိနေခြင်းများလည်း ရှိခဲ့သည်။

စိတ်ကြွဆေးပြားအမြောက်အမြား ဖမ်းဆီးရရှိမှုများလည်းရှိ နေရာမူးယစ်ဆေးဝါးကုန်သွယ်မှုလမ်းကြောင်းသည် လက်နက်ကိုင်ပုန်ကန်မှုများ၊ စီးပွားရေးသမားများနှင့် ဆက်နွှယ်ပြီး ကြီးထွားလာနိုင်သည့် အခြေအနေရှိသည် ဟုလည်း သုံးသပ်မှုများရှိသည်။

သို့ရာတွင် မစ္စရန်ဟီးလီအပါအဝင် ကုလလူ့အခွင့်အရေးဆိုင်ရာ တာဝန်ရှိသူများက ယင်းအချက်များထက် အစိုးရလုံခြုံရေးတပ်ဖွဲ့များက လူ့အခွင့်အရေးချိုးဖောက်သည့် အစီရင်ခံချက်များ ရရှိနေသည်ဟု စွပ်စွဲသည်။

မောင်တောဒေသတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများသည် လာမည့် သြဂုတ်နောက်ဆုံးပတ်တွင် အစိုးရထံတင်ပြမည့် အပြီးသတ် အစီရင်ခံစာပါအကြံပြု ချက်များကို အစိုးရက အကောင်အထည်မဖော်နိုင်စေရန် ရည်ရွယ်၍ အကြမ်းဖက်မှုများ တိုးမြှင့်လုပ်ဆောင်လာသည်ဟု ယူဆကြောင်းအကြံပေးကော်မရှင်အဖွဲ့ဝင်များက သုံးသပ်သည်။

ကော်မရှင်အနေဖြင့် အပြီးသတ်အစီရင်ခံစာကို အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာများမှ ဘာသာရေးခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ဒေသရှိ ရခိုင်နှင့်ဘင်္ဂါလီ လူမျိုးအသိုင်းအဝိုင်းတို့နှင့် တွေ့ဆုံပြီး အချက်အလက်များ ရယူရေးဆွဲပြီး သြဂုတ် ၂၂ ရက်နောက်ပိုင်းတွင် အစိုးရထံ တင်ပြမည်ဖြစ်သည်။

ကော်မရှင်ကအပြီးသတ် အစီရင်ခံစာရေးသားရာ၌ မြန်မာပြည်သူများ၏အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အဓိကထားကြောင်း အဖွဲ့ခေါင်းဆောင် ကိုဖီအာနန်က ထုတ်ဖော်ထားသည်။

ရခိုင်ဒေသတွင်း ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်တိုက်ခိုက်မှုများ ထပ်မံမဖြစ်ပွားရေး၊ ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့် သာယာဝပြောမှုရရှိစေရေးတို့အတွက် အထောက်အကူဖြစ်စေမည့် အကြံ ပြုချက်များကို ကော်မရှင်က ပံံ့ပိုးပေးနိုင်ခြင်း ရှိ၊ မရှိကိုမူ စောင့်ကြည့်ရမည်ဖြစ်သည်။

လက်ရှိမောင်တောအပါအဝင် ရခိုင်ဒေသတည်ငြိမ်ရေးအတွက်မူ တရားဥပဒေစိုးမိုးရေးကို မျှတစွာ ဆောင်ရွက်သင့်ကြောင်း ကော်မရှင်က အကြံပြုသည်။

‘‘မသမာသူတွေ၊ ရာဇဝတ်မှုကျူးလွန်တဲ့သူတွေကို ပြတ်ပြတ်သာသား ထိထိရောက်ရောက် အရေးယူပါ’’ဟု ကော်မရှင်အဖွဲ့ဝင်  ဦးအေးလွင်က အစိုးရကို တိုက်တွန်းသည်။

ထိုသို့ တရားဥပဒေစိုးမိုးရေးအတွက်ဆောင်ရွက်ရာတွင် မျှတမှုရှိရန်လိုအပ်သည်ဟုလည်း သူကဆိုသည်။

‘‘ဘာသာတူ လူမျိုးတူတဲ့ ကျန်တဲ့လူတွေကိုလည်းပဲ သူတို့ထဲက စုန်းပြူးတစ်စုက ဖောက်ပြန်တဲ့အတွက်ကြောင့် သူတို့ပါ အားလုံးအတူတူပဲဟေ့ဆိုပြီး ဘာသာတူ၊ လူမျိုးတူလို့ ဒီလူတွေလည်း ဒီပုတ်ထဲက ဒီပဲပဲ၊ ဒီလိုအကြမ်းဖက် သမားတွေပဲဆိုပြီး အပြစ်မဲ့တဲ့လူတွေကိုပါ နှိပ်ကွပ်မယ်၊ ခွဲခြားဆက်ဆံမယ်ဆိုရင် မသမာသူတွေ စည်းရုံးတဲ့အထဲကို ဒီလူတွေ နားယောင်ပြီးပါသွားမှာကို သိပ်စိုးရိမ်တယ်’’ဟု အစ္စလာမ်ဘာသာရေးခေါင်းဆောင်ဦးအေးလွင်က ဆက်လက်ပြောသည်။

အကြမ်းဖက်သမားများ မခိုအောင်းနိုင်စေရန် မေယုတောင်တန်းတွင် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သြဂုတ် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကိုသန်းဦးအတွက်မူ အ ကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူများကို တစ်ပြိုင်တည်း သင်္ဂြိုဟ်ပေးရသည်မှာ တတိယအကြိမ်ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၆ အောက်တိုဘာ ၁၁ ရက်က မောင်တောအခြေစိုက် နယ်ခြားစောင့်ရဲဌာနချုပ်နှင့် ရဲ စခန်းနှစ်ခုကို အကာလ်မူလ်မူဂျာ

ဟီဒင်န်အဖွဲ့အပါအဝင် ဒေသတွင်း အစွန်းရောက်ဘင်္ဂါလီအချို့၏ အကြမ်းဖက်တိုက်ခိုက်မှုများ ကြောင့် ကျဆုံးခဲ့ရသူ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ကိုးဦး၏ ရုပ်အလောင်းများကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း သင်္ဂြိုဟ်ခဲ့ရသည် မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ကိုသန်းဦးက ပြောသည်။

ရုပ်အလောင်းများကို တစ်ပြိင်တည်း သင်္ဂြိုဟ်ရမှုကြောင့် အပင်ပန်းဆုံးဖြစ်ခဲ့ရသည်မှာ ၂၀၁၆ အောက်တိုဘာ ၁၃ ရက်က မောင်တောမြို့နယ် ပြောင်ပစ်ကျေးရွာအနီးတွင် အသင့်နေရာယူထားသူ အကြမ်းဖက်သမားများ၏ တိုက် ခိုက်မှုကြောင့် ကျဆုံးခဲ့ရသည့် တပ်မတော်သားငါးဦး၏ ရုပ်အ လောင်းကို သင်္ဂြိုဟ်မည့်အချိန်က ဖြစ်ကြောင်း ကိုသန်းဦးက ပြန်ပြောပြသည်။

‘‘အဲဒီနေ့က (၂၀၁၆ အောက်တိုဘာ ၁၃ ရက်) သင်္ဂြိုဟ်မယ်ဆိုပြီးတော့ တွင်းတွေအကုန်တူးပြီးပါပြီ။ မြေမြှုပ်မယ်လို့ ပြင်ဆင်တော့မှ အထက်က အမိန့်မရသေးတာကြောင့် မြေမြှုပ်ခွင့်မရသေးဘူးလို့ တပ်မတော်အရာရှိ တစ်ဦးက ပြောခဲ့တယ်။ ဒီလိုနဲ့ သင်္ဂြိုဟ်နိုး၊ သင်္ဂြိုဟ်နိုးနဲ့ ညမှောင်ပြီးတော့ နောက်တစ်နေ့ကို ကူးသွားခဲ့တယ်။ အဲဒီနေ့ကဆိုရင် တစ်ညလုံးမအိပ်လိုက်ရဘဲ သုသာန်မှာ မိုးလင်းသွားတယ်’’ ဟု ကိုသန်းဦးက ပြောပြသည်။

ကိုသန်းဦးအပါအဝင် မောင်တောဒေသခံများကမူ ဒေသလုံခြုံ ရေးကို လိုလားနေသည်။ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများ၏ ရုပ်အလောင်းများကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း သင်္ဂြိုဟ် ပေးရခြင်းသည် နောက်ဆုံးအကြိမ် ဖြစ်ပါစေဟု ကိုသန်းဦး တစ်ယောက် ဆုတောင်းနေလေသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top