Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

တရုတ္ႏိုင္ငံမွာ အင္တာနက္အမႈအခင္းေတြ ေျဖရွင္းဖို ့ဆိုင္ဘာတရားရံုးတစ္ခု ကို တရုတ္စီးပြားေရးျမိဳ ့ေတာ္ ဟန္က်ိဳးမွာ ဖြင့္လွစ္လိုက္ျပီ ျဖစ္ပါတယ္။

အင္တာနက္နဲ ့e-commerce ပိုင္းဆိုင္ရာ အမႈတဲြမ်ားကို သီးသန္ ့ေျဖရွင္းဖို ့အြန္လိုင္းတရားရံုးတစ္ခု တည္ေထာင္ထားျခင္းျဖစ္ျပီး အမႈအစမွ အဆံုးတုိင္ အြန္လိုင္းမွာပဲ ကိုင္တြယ္ ေျဖရွင္းသြားမယ္လို ့ဆိုပါတယ္။ ယခု အြန္လိုင္းတရားရံုးဟာ ကမၻာမွာ ပထမဆံုးတည္ေထာင္လိုက္တဲ့ ဆိုင္ဘာတရားရံုးျဖစ္ျပီး ပထမဆံုးေန ့မွာပဲ စာအုပ္မႈပိုင္ခြင့္ မရိွဘဲ ယင္းစာအုပ္ကို အြန္လိုင္းေပၚ တင္ခဲ့တဲ့ ဝက္ဘ္ကုမၸဏီကို တရားစဲြတဲ့ အမႈကို video chat ကေန ၾကားနာစစ္ေဆးခဲ့ပါတယ္။

ဒီအြန္လိုင္းတရားရံုးဟာ ႏိုင္ငံရဲ့ တစ္ေနရာစီမွာ ရိွေနတဲ့ တရားလို တရားခံမ်ားနဲ ့ေရွ ့ေနေရွ ့ရပ္မ်ားကို အင္တာနက္ေပၚကေန ဆက္သြယ္ ေျဖရွင္းတာ ျဖစ္ျပီး စုစုေပါင္း မိနစ္ ၃၀ ခန္ ့ၾကာျမင့္ခဲ့တယ္လို ့သိရပါတယ္။ တရုတ္ႏိုင္ငံဟာ ဒီလိုမ်ိဳး အြန္လိုင္း တရားစီရင္ေရးဌာနတစ္ခုကို ျပီးခဲ့တဲ့ႏွစ္ ကတည္းက စတင္စမး္သပ္ခဲ့တာ ျဖစ္ျပီး ယခုအၾကိမ္မွာ တရားဝင္ဖြင့္လွစ္ျပီး အမႈၾကားနာခဲ့တာလည္း ျဖစ္ပါတယ္။

ယခုအြန္လုိင္းတရားရံုးစိုက္ရာ ဟန္က်ိဳးဟာ တရုတ္ႏိုင္ငံရဲ့ အၾကီးဆံုး e-commerce ျမိဳ ့ေတာ္ၾကီးျဖစ္ျပီး Alibaba နဲ ့NetEase တုိ ့လို နာမည္ၾကီး ျပည္တြင္း အြန္လိုင္းကုမၸဏီမ်ား အေျခစုိက္ရာျဖစ္တဲ့ အျပင္ e-commerce လုပ္ငန္းစဥ္ကို ၾကီးၾကပ္ေဖာ္ေဆာင္ရာ ႏိုင္ငံေတာ္အဆင့္ e-commerce ဇုန္တစ္ခုလည္း ျဖစ္ပါတယ္။ ယခုအြန္လိုင္းတရားရံုးဟာ အမႈတဲြမ်ားကို ၅ မိနစ္အတြင္း စဲြခ်က္တင္ စစ္ေဆးသြားမွာ ျဖစ္ျပီး အခ်ိန္ကုန္သက္သာေစဖို ့နဲ ့တရားရံုး စရိတ္စက သက္သာေစဖို ့ၾကိဳးပမ္းခ်က္လည္း ျဖစ္တယ္လို ့ဆိုပါတယ္။

ကမၻာ့ပထမဆံုး အြန္လိုင္းတရားရံုးမွာ အင္တာနက္အမႈအခင္းမ်ားအျပင္ အြန္လိုင္း ေရွာ့ပင္မ်ားေပၚမွ ကုန္ပစၥည္းတုမ်ား ကိစၥ ၊ အင္တာနက္ ဝန္ေဆာင္မႈဆိုင္ရာ လိမ္ညာျခင္းမ်ား ၊ မူပိုင္ခြင့္ ခ်ိဳးဖာက္ျခင္းမ်ား စတဲ့ အြန္လိုင္း အမႈအခင္းေပါင္းစံုကို တစ္ေနရာတည္းကေန ကိုင္တြယ္ ေျဖရွင္းသြားမွာ ျဖစ္ပါတယ္။ ကေနဒါနဲ ့ယူေကတို ့ဟာလည္း တရုတ္ႏိုင္ငံလိုမ်ဳိး အြန္လိုင္းတရားရံုးတစ္ခု တည္ေထာင္ဖဲြ ့စည္းသြားဖို ့ၾကိဳးပမ္းေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
တရုတ်နိုင်ငံမှာ အင်တာနက်အမှုအခင်းတွေ ဖြေရှင်းဖို့ဆိုင်ဘာတရားရုံးတစ်ခု ကို တရုတ်စီးပွားရေးမြို့တော် ဟန်ကျိုးမှာ ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

အင်တာနက်နဲ့e-commerce ပိုင်းဆိုင်ရာ အမှုတွဲများကို သီးသန့်ဖြေရှင်းဖို့အွန်လိုင်းတရားရုံးတစ်ခု တည်ထောင်ထားခြင်းဖြစ်ပြီး အမှုအစမှ အဆုံးတိုင် အွန်လိုင်းမှာပဲ ကိုင်တွယ် ဖြေရှင်းသွားမယ်လို့ဆိုပါတယ်။ ယခု အွန်လိုင်းတရားရုံးဟာ ကမ္ဘာမှာ ပထမဆုံးတည်ထောင်လိုက်တဲ့ ဆိုင်ဘာတရားရုံးဖြစ်ပြီး ပထမဆုံးနေ့မှာပဲ စာအုပ်မှုပိုင်ခွင့် မရှိဘဲ ယင်းစာအုပ်ကို အွန်လိုင်းပေါ် တင်ခဲ့တဲ့ ဝက်ဘ်ကုမ္ပဏီကို တရားစွဲတဲ့ အမှုကို video chat ကနေ ကြားနာစစ်ဆေးခဲ့ပါတယ်။

ဒီအွန်လိုင်းတရားရုံးဟာ နိုင်ငံရဲ့ တစ်နေရာစီမှာ ရှိနေတဲ့ တရားလို တရားခံများနဲ့ရှေ့နေရှေ့ရပ်များကို အင်တာနက်ပေါ်ကနေ ဆက်သွယ် ဖြေရှင်းတာ ဖြစ်ပြီး စုစုပေါင်း မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။ တရုတ်နိုင်ငံဟာ ဒီလိုမျိုး အွန်လိုင်း တရားစီရင်ရေးဌာနတစ်ခုကို ပြီးခဲ့တဲ့နှစ် ကတည်းက စတင်စမ်းသပ်ခဲ့တာ ဖြစ်ပြီး ယခုအကြိမ်မှာ တရားဝင်ဖွင့်လှစ်ပြီး အမှုကြားနာခဲ့တာလည်း ဖြစ်ပါတယ်။

ယခုအွန်လိုင်းတရားရုံးစိုက်ရာ ဟန်ကျိုးဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံး e-commerce မြို့တော်ကြီးဖြစ်ပြီး Alibaba နဲ့NetEase တို့လို နာမည်ကြီး ပြည်တွင်း အွန်လိုင်းကုမ္ပဏီများ အခြေစိုက်ရာဖြစ်တဲ့ အပြင် e-commerce လုပ်ငန်းစဉ်ကို ကြီးကြပ်ဖော်ဆောင်ရာ နိုင်ငံတော်အဆင့် e-commerce ဇုန်တစ်ခုလည်း ဖြစ်ပါတယ်။ ယခုအွန်လိုင်းတရားရုံးဟာ အမှုတွဲများကို ၅ မိနစ်အတွင်း စွဲချက်တင် စစ်ဆေးသွားမှာ ဖြစ်ပြီး အချိန်ကုန်သက်သာစေဖို့နဲ့တရားရုံး စရိတ်စက သက်သာစေဖို့ကြိုးပမ်းချက်လည်း ဖြစ်တယ်လို့ဆိုပါတယ်။


ကမ္ဘာ့ပထမဆုံး အွန်လိုင်းတရားရုံးမှာ အင်တာနက်အမှုအခင်းများအပြင် အွန်လိုင်း ရှော့ပင်များပေါ်မှ ကုန်ပစ္စည်းတုများ ကိစ္စ ၊ အင်တာနက် ဝန်ဆောင်မှုဆိုင်ရာ လိမ်ညာခြင်းများ ၊ မူပိုင်ခွင့် ချိုးဖာက်ခြင်းများ စတဲ့ အွန်လိုင်း အမှုအခင်းပေါင်းစုံကို တစ်နေရာတည်းကနေ ကိုင်တွယ် ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။ ကနေဒါနဲ့ယူကေတို့ဟာလည်း တရုတ်နိုင်ငံလိုမျိုး အွန်လိုင်းတရားရုံးတစ်ခု တည်ထောင်ဖွဲ့စည်းသွားဖို့ကြိုးပမ်းနေပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top