လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

” ကိုယ့္ကိုယ္ကိုယ္ ဖ်က္ဆီးသူမ်ားတြင္ ..

                  ႐ွိတတ္ေသာ စရုိက္လကၡဏာမ်ား ”

********************************
၁။” ေလာဘႀကီးလြန္​းျခင္​း”

➖➖➖➖➖➖➖➖➖

သင့္တင့္တဲ့ ေလာဘသို႕ အျပဳသေဘာေဆာင္တဲ့ မေက်နပ္မႈရွိျခင္းဟာ တိုးတက္ေျပာင္းလဲမႈအတြက္ အားေပးေသာ အခ်က္ျဖစ္ေသာ္လည္း တစ္ခ်ိဳ႕လူမ်ားဟာ လြန္ကဲတဲ့ အတၱေလာဘစိတ္ေၾကာင့္ လမ္းမွားကို ေရာက္သြားတတ္ၾကပါတယ္။
၂။ “အခ်ိန္​မ​ေလးစားျခင္​း”

➖➖➖➖➖➖➖➖

တစ္စံုတစ္ဦးနဲ႕ ခ်ိန္းဆိုရာမွာပဲ ျဖစ္ျဖစ္၊ အလုပ္ကိစၥတစ္ခုခုကို အၿပီးသတ္ရာမွာပဲ ျဖစ္ျဖစ္ အခ်ိန္မေလးစားမႈဟာ ေရရွည္မွာ ကိုယ့္ကိုယ္ ဂုဏ္သိကၡာက်ဆင္းၿပီး လူအမ်ား၏ ေလးစားမႈကို က်ဆင္းေစပါလိမ့္မယ္။
၃။” အ​ေကာင္​းျမင္​စိတ္​ မရိွျခင္​း”

➖➖➖➖➖➖➖➖➖➖

အခ်ိဳ႕ေသာ အေျခအေနေတြဟာ အေကာင္းျမင္လို႕ မရေလာက္ေအာင္ ဆိုးတယ္လို႕ သင္ထင္လိမ့္မယ္။ ဒါေပမယ့္ အဲဒီအခ်ိန္မွာ အျခားေသာေကာင္းတဲ့ အဓိပၸာယ္ဘာရွိေနေသးလဲဆိုတာ သင္ရွာေဖြၾကည့္ရမယ္။
၄။” အားနာျခင္​း ”

➖➖➖➖➖➖

ဘာပဲလုပ္လုပ္ သင္သြားခ်င္လို႕၊ စားခ်င္လို႕၊ လုပ္ခ်င္လို႕ပဲ လုပ္ပါ။ အျခားသူကို အားနာလို႕ လုပ္ေပးတယ္ဆိုၿပီး မေက်မခ်မ္းျဖစ္ေနတတ္ျခင္းဟာ အဓိပၸာယ္မရွိပါ။
၅။” ေဒါသႀကီးျခင္​း”

➖➖➖➖➖➖

အခ်ိဳ႕ေသာသူမ်ားဟာ လမ္းေဘးက ေခြးေဟာင္လည္း စိတ္တိုသလို မိုး႐ြာေနပူရင္လည္း စိတ္တိုတတ္ၾကတယ္။ အဲဒီအထဲမွာ သင္မပါ ပါေစနဲ႕။ ဘာမဟုတ္တာေလးနဲ႕ စိတ္တိုတတ္တာဟာ ပတ္၀န္းက်င္ကို အေႏွာက္အယွက္ျဖစ္ေစသလို သင့္ကိုလည္း အသက္တိုေစႏိုင္ပါတယ္။
၆။ “ေလာင္​းကစားက်ဴ ဴ းျခင္​း”

➖➖➖➖➖➖➖➖➖

ေလာင္းကစားလုပ္ျခင္းဟာ သင္တစ္ဦးတည္း မဟုတ္ပဲ သင့္မိသားစု ပတ္၀န္းက်င္ကိုပါ ေအာက္ကို ဆိုးဆိုး၀ါး၀ါး ဆြဲခ်သြားေစႏိုင္ပါတယ္။
၇။” အပ်င္​းႀကီးျခင္​း”

➖➖➖➖➖➖➖

သင္အပ်င္းႀကီးေနသမွ် ကာလပတ္လံုး လူေတာေကာင္းေကာင္း မတိုးႏိုင္ေတာ့ဘူးဆိုတာကို သင္သိထားရင္ အပ်င္းမႀကီးပါနဲ႕။ အခ်ိန္နဲ႕ အလုပ္ၿပီးေအာင္ လုပ္ပါ။
၈။ “က်န္​းမား​ေရး မလိုက္​စားျခင္​း”

➖➖➖➖➖➖➖➖➖➖➖

ေသတဲ့သူေတြဟာ ထပ္ၿပီး ဘာမွ မလုပ္ႏိုင္ေတာ့ပါဘူး။ အဲဒါေၾကာင့္ သင္ဘာကိုပဲ လုပ္ေန လုပ္ေန ဆက္လက္အသက္ရွင္ဖို႕ လူအမ်ားကို ကူညီနုိင္ဖို႕ က်န္းမာေရးကို လိုက္စားပါ။ လြယ္ၿပီး ထိေရာက္တာေလးေတြကေန စပါ။
၉။” မာနႀကီးျခင္​း”

➖➖➖➖➖➖

သင္မာနႀကီးရင္ သင္ယူလို႕ မရေတာ့ဘူး ျဖစ္လာမယ္။ မာနႀကီးရင္ အျခားသူေတြကို သင္နဲ႕အတူ အလုပ္လုပ္ဖို႕ အကူအညီမေတာင္းႏိုင္ဘူး ျဖစ္လာမယ္။ က်ဥ္းေျမာင္းတဲ့အျမင္ေတြကို စြန္႕လႊတ္လိုက္ျခင္းက သင့္ကို ပိုၿပီး တန္ဖိုး တက္လာပါေစလိမ့္မယ္။
၁၀။” အမွားအမွန္​မခြဲျခားႏိုင္​ျခင္​း”

➖➖➖➖➖➖➖➖➖➖➖

သင္ဗဟုသုတနည္းတဲ့အခါ အမွားအမွန္ကို မသိဘူး ျဖစ္လာမယ္။ အဲဒါေၾကာင့္ စာမ်ားမ်ား ဖတ္ပါ၊ ဘာသာတရား အဆံုးအမေတြကိုလည္း ေလ့လာပါ။
၁၁။” အယံုလြယ္​ျခင္​း ”

➖➖➖➖➖➖➖

ခ်မ္းသာနည္းတို႕ ေအာင္ျမင္နည္းတို႕ ေပးမယ္လို႕ ဆိုရင္ သင္သတိထားရေတာ့မယ္။ လြယ္လြယ္နဲ႕ ေစ်းေပါေပါနဲ႕ တစ္ခုခု ရေတာ့မယ္ဆိုရင္ သင္အလိမ္ခံရႏိုင္တယ္ဆိုတာကို သတိေလးထားၿပီး ေလ့လာၾကည့္ပါ။
၁၂။” ကတ ိမတည္​ျခင္​း”

➖➖➖➖➖➖➖➖

ကတိမတည္တဲ့သူကို ဘယ္သူမွ ေခါင္းေဆာင္မတင္ခ်င္ဘူး။ ကတိမတည္တဲ့သူဆီက ဘယ္သူမွ မ၀ယ္ခ်င္ဘူး။ အဲဒါေၾကာင့္ သင့္လုပ္ငန္းကို ေအာင္ျမင္ခ်င္ရင္ ကတိတည္ပါ။
၁၃။” အသံုးအျဖဳန္​းႀကီးျခင္​း”

➖➖➖➖➖➖➖➖➖

လိုအပ္တဲ့ေနရာမွာ သံုးပါ၊ မလိုအပ္တဲ့ေနရာေတြမွာ မျဖဳန္းပါနဲ႕။ ျဖဳန္းတာမ်ားရင္ သံုးရမယ့္ေနရာေတြမွာပါ မသံုးႏိုင္ေတာ့ဘူး ျဖစ္လာလိမ့္မယ္။
၁၄။” အ​ေပါင္​းအသင္​း မွားျခင္​း”

➖➖➖➖➖➖➖➖➖➖

Jim Ron က ေျပာတယ္။ သင္အမ်ားဆံုးတြဲတဲ့ လူ ၅ ေယာက္ရဲ႕ ပွ်မ္းမွ်အတိုင္း သင္ျဖစ္လာလိမ့္မယ္။ အဲဒါေၾကာင့္ အေပါင္းအသင္းကို ေ႐ြးခ်ယ္ေပါင္းပါ။ ဆင္းရဲခ်မ္းသာထက္ အက်င့္စာရိတၱနဲ႕ ႀကိဳးဟားအားထုတ္မႈကို အေျခခံၿပီး ေ႐ြးခ်ယ္ပါ။
၁၅။” စည္​းကမ္​း မရိွျခင္​း”

➖➖➖➖➖➖➖➖

စိတ္အားတက္ႂကြမႈရွိရင္ လူတစ္ေယာက္ဟာ စၿပီးသြားတယ္။ စည္းကမ္းရွိရင္ ေ၀းေ၀းကို သြားႏိုင္တယ္။ အဲဒါေၾကာင့္ သင့္ကိုယ္သင္ စည္းကမ္းေတြ သတ္မွတ္ထားပါ။ သင္ကိုယ္တိုင္ပဲ ထိန္းသိမ္းပါ။
၁၆။” အ​ေပ်ာ္​အပါး မက္​လြန္​းျခင္​း”

➖➖➖➖➖➖➖➖➖➖➖

လူငယ္ေတြဆိုရင္ အေပ်ာ္အပါးနဲ႕ ကင္းခ်င္မွ ကင္းမယ္။ ဒါေပမယ့္ အကယ္၍ သင္အေပ်ာ္အပါးပဲ လုပ္တာမ်ားေနရင္ တိုးတက္ရာ တိုးတက္ေၾကာင္းအတြက္ အခ်ိန္မေပးႏိုင္ျဖစ္လာပါလိမ့္မယ္။
၁၇။” မူးယစ္​​ေဆးဝါး သံုးစြဲျခင္​း”

➖➖➖➖➖➖➖➖➖➖

မူးယစ္ေဆး၀ါးသံုးစြဲတာဟာ ဥပေဒေၾကာင္းအရ ရင္ဆိုင္ရရံုမွ်မက က်န္းမာေရး၊ စီးပြားေရး၊ လူမႈေရးအကုန္ထိခိုက္ေစတာမို႕ သင့္ကိုယ္သင္ ပ်က္စီးေအာင္ လုပ္တာနဲ႕ တူတူပါပဲ။
၁၈။” သံသယစိတ္​ မ်ားလြန္​းျခင္​း”

➖➖➖➖➖➖➖➖➖➖➖

ယံုလြယ္လြန္းတာဟာ ျပႆ……နာျဖစ္သလို သံသယမ်ားလြန္းေတာ့လည္း အဆင္မေျပျဖစ္တတ္ပါတယ္။ သံသယစိတ္နဲ႕ ဟိုစြပ္စြဲ ဒီစြပ္စြဲလုပ္တဲ့အခါမွာ လုပ္ငန္းခြင္မွာ ျဖစ္ျဖစ္၊ မိသားစုနဲ႕ ကိုယ္ေရးကိုယ္တာဘ၀မွာ ျဖစ္ျဖစ္ အဆင္မေျပမႈေတြ ျဖစ္လာပါလိမ့္မယ္။
၁၉။” မိမိကိုယ္​ကိုယ္​ အထင္​ႀကီးလြန္​းျခင္​း”

➖➖➖➖➖➖➖➖➖➖➖➖➖

ကိုယ့္ကိုယ္ကိုယ္ အထင္ေသးလြန္းရင္ လူရာမ၀င္ေတာ့သလို အထင္ႀကီးလြန္းေတာ့လည္း တျခားသူေတြကို ႏွိမ္ခ်င္သလို ျဖစ္လာပါလိမ့္မယ္။
၂၀။” ဆံုးျဖတ္​ခ်က္​ မျပတ္​သားျခင္​း”

➖➖➖➖➖➖➖➖➖➖➖

သင္နိစၥဓူ၀ ဟိုလိုလို ဒီလိုလိုနဲ႕ မျပတ္သားၾကတဲ့သူေတြ ေတြ႕ရလိမ့္မယ္။ အဲဒီလိုလူေတြဟာ ထိေရာက္မႈ မရွိတဲ့သူေတြျဖစ္ပါတယ္။
၂၁။” လံု႔လဝိရိယ အားနည္​းျခင္​း”

➖➖➖➖➖➖➖➖➖➖➖

သင္လိုခ်င္တဲ့ ရည္မွန္းခ်က္က ျမင့္တယ္ မဟုတ္လား။ အဲဒါကို သာမန္ေလာက္ ႀကိဳးစားအားထုတ္မႈနဲ႕ ရလာမွာ မဟုတ္ဘူး။ အသားကုန္ ႀကိဳးစားမွ သင္ရည္မွန္းတာေတြ ျဖစ္လာလိမ့္မယ္။
၂၂။” ျပဳျပင္​​ေျပာင္​းလဲလိုစိတ္​ မရိွျခင္​း”

➖➖➖➖➖➖➖➖➖➖➖➖

တိုးတက္မႈနဲ႕ ေျပာင္းလဲမႈဟာ ဒြန္တြဲေနတယ္။ Transformation လို႕ ေျပာရင္ တိုးတက္ေျပာင္းလဲမႈလို႕ နားလည္ရမယ္။ ေျပာင္းလဲလိုစိတ္မရွိရင္ တိုးတက္မႈလည္း ရွိလာမွာ မဟုတ္ဘူး။
၂၃။” ေလ့လာသင္​ယူမႈ မရိွျခင္​း”

➖➖➖➖➖➖➖➖➖➖

ေလ့လာသင္ယူမႈဟာ စစ္ေျမျပင္ကို ထြက္မယ့္ စစ္သူႀကီးကို လက္နက္တပ္ဆင္ေပးသလိုပါပဲ။ သင္မ်ားမ်ားေလ့လာေလေလ ပိုၿပီး ေအာင္ျမင္ဖို႕ အလားအလာမ်ားေလေလပါပဲ။ သင္ဘာစာအုပ္ေတြ ဖတ္လဲ၊ ဘာသင္တန္းေတြ တက္လဲ။
၂၄။” ႏွ​ေျမာလြန္​းျခင္​း”

➖➖➖➖➖➖➖

ေခြ်တာတတ္တာဟာ ေကာင္းတဲ့အမူအက်င့္ျဖစ္တယ္။ ႏွေျမာလြန္းရင္ေတာ့ သင္ရွာေဖြထားတာေတြကို အသံုးမခ်တတ္သလို ျဖစ္လာမယ္။ သံုးသင့္တဲ့ေနရာမွာ သံုးပါ။
၂၅။” အစြန္​း​ေရာက္​ လြန္​းျခင္​း”

➖➖➖➖➖➖➖➖➖➖

သင္မွန္တယ္လို႕ ျမင္တဲ့အရာေတြဟာ တစ္ခါတစ္ရံမွာ သင္ျမင္တာပဲ ျဖစ္ႏိုင္ၿပီး တကယ့္အမွန္တရား ဟုတ္ခ်င္မွ ဟုတ္ပါလိမ့္မယ္။ အျခားသူေတြ ဘယ္လိုျမင္တယ္၊ ဘာေၾကာင့္ ျမင္တယ္ဆိုတာကို ေလ့လာမယ္ဆိုရင္ သင္အျမင္က်ယ္တဲ့သူတစ္ဦး ျဖစ္လာပါလိမ့္မယ္။
၂၆။” ရည္​မွန္​းခ်က္​ မရိွျခင္​း”

➖➖➖➖➖➖➖➖➖

ရည္မွန္းခ်က္မခ်မွတ္ထားတဲ့ ျဖစ္ခ်င္စိတ္ဟာ ေရာက္ခ်င္ရာ ေရာက္ဖို႕ကို ဦးတည္ေစပါတယ္။ သင့္လုပ္ငန္း၊ ဘ၀၊ အလုပ္အကိုင္၊ မိသားစု အားလံုးအတြက္ ရည္မွန္းခ်က္ တိတိက်က် ခ်မွတ္ထားပါ။
၂၇။” မိမိကိုယ္​ကိုယ္​ သံုးသပ္​မႈမရိွျခင္​း”

➖➖➖➖➖➖➖➖➖➖➖➖

လူတိုင္းလူတိုင္းဟာ အခ်ိန္ကာလတစ္ခုေရာက္တိုင္းမွာ ခဏရပ္တန္႕ၿပီး ကိုယ္ဘာေတြ လိုအပ္ေနတယ္ဆိုတာကို ျပန္လည္သံုးသပ္ဖို႕ လိုပါတယ္။ အဲဒီလိုသံုးသပ္မႈဟာ သင့္ကို ပိုမိုျမင့္မားတဲ့ အသိဥာဏ္ေတြကို ရရွိပါေစလိမ့္မယ္။
၂၈။” တာဝန္​ယူမႈ/တာဝန္​ခံမႈ မရိွျခင္​း”

➖➖➖➖➖➖➖➖➖➖➖➖

ေခါင္းေဆာင္မႈကို သြားမယ္ဆိုရင္ ၁၀၀ ရာခိုင္ႏႈန္း တာ၀န္ယူမႈ တာ၀န္ခံမႈ လိုလာပါတယ္။ အဲဒီလို မဟုတ္ပဲ အျခားသူေတြကို လက္ညိွဴးထိုးေနသမွ် ကာလပတ္လံုး ေထာင္ေခ်ာက္မိေနတဲ့ သားေကာင္တစ္ေကာင္ ညည္းတြားေနသကဲ့သို႕ အခက္အခဲကေန လြန္ေျမာက္မည့္နည္းကို ရွာေတြ႕ႏိုင္မည္ မဟုတ္သကဲ့သို႕ ေနာက္ထက္ေအာင္ျမင္မႈ အဆင့္ကိုလည္း ရရွိလာမွာ မဟုတ္ပါဘူး။
၂၉။” ပူ​ေပါင္​း​ေဆာင္​ရြက္​လိုစိတ္​ မရိွျခင္​း”

➖➖➖➖➖➖➖➖➖➖➖➖➖

စိတ္ေနသေဘာထားေကာင္းၿပီး အရည္အခ်င္းရွိသူေတြ အျခားသူေတြနဲ႕ ပူးေပါင္းလုပ္ေဆာင္နိုင္မႈမရွိတာေၾကာင့္ လုပ္ႏိုင္စြမ္းအားေတြ အကန္႕အသတ္ျဖစ္ၾကရတာေတြ ၾကားဖူးၾကမယ္ထင္ပါတယ္။ အဲဒါေၾကာင့္ လုပ္ေဖာ္ကိုင္ဖက္မ်ား၊ လက္ေအာက္ကသူမ်ားနဲ႕ ပူးေပါင္းေဆာင္႐ြက္ျခင္းအားျဖင့္ သင့္ရဲ႕ လုပ္ေဆာင္မႈမ်ား ပိုမိုထိေရာက္လာပါလိမ့္မယ္။
၃၀။” တစ္​ကိုယ္​​ေကာင္​းဆန္​ျခင္​း”

➖➖➖➖➖➖➖➖➖➖➖

အတၱစိတ္လြန္ကဲျခင္းဟာ လူအမ်ားနဲ႕ ကင္းကြာျခင္းရဲ႕ အေျခခံအေၾကာင္းရင္း ျဖစ္ပါတယ္။ သင့္ဖက္ကိုသာ သင္ၾကည့္ေနသမွ် ကာလပတ္လံုး ပတ္၀န္းက်င္ကသူေတြနဲ႕ ကင္းကြာေနမွာ ျဖစ္ၿပီး သူတို႕ကို ေကာင္းေကာင္းမြန္မြန္ ဦးေဆာင္လာႏိုင္မည္ မဟုတ္ပါ။
၃၁။” ကိုယ္​ခ်င္းစာစိတ္​ မရိွျခင္​း”

➖➖➖➖➖➖➖➖➖➖

လူမႈဆက္ဆံေရးမွာ ေ႐ႊစည္းကမ္းဆိုတာ ရွိပါတယ္။ အဲဒါကေတာ့ သင့္ကို လာလုပ္ရင္ သင္မႀကိဳက္ေသာအရာကို အျခားသူမ်ားကို မလုပ္ဖို႕ ျဖစ္ပါတယ္။ ကိုယ္ခ်င္းစာစိတ္ဆိုတာဟာ ေခါင္းေဆာင္ေတြမွာ ရွိသင့္တဲ့ အေျခခံ စိတ္ေနစိတ္ထား ျဖစ္ပါတယ္။
၃၂။” အလိုက္​ မသိျခင္​း”

➖➖➖➖➖➖➖➖

အလိုက္ကန္းဆိုးနားမလည္ျခင္း၊ အေျခအေနကို မၾကည့္ပဲ လုပ္ခ်င္ရာ လုပ္ျခင္းတို႕ေၾကာင့္ သင့္အေပၚ လူေတြ အထင္အျမင္ေသးႏိုင္ၿပီး လူမႈဆက္ဆံေရးမွာ အဖုအထစ္ေတြ ျဖစ္လာႏိုင္ပါတယ္။ အကယ္၍ သင္သာ အရိပ္အကဲနားလည္လာေအာင္ ႀကိဳးစားလာမယ္ဆိုရင္ လူခ်စ္လူခင္မ်ားလာၿပီး လူအမ်ားကို ၾသဇာေညာင္းတဲ့ ေခါင္းေဆာင္တစ္ေယာက္ ျဖစ္လာနိုင္ပါတယ္။
တိုးတက္ေျပာင္းလဲမႈဆိုတာဟာ သင့္ရဲ႕ သိစိတ္ျဖင့္ ေ႐ြးခ်ယ္မႈသာ ျဖစ္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Ko Naing Gyi Notes


#Unicode Version#


” ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသူများတွင် ..

                  ရှိတတ်သော စရိုက်လက္ခဏာများ ”

********************************
၁။” လောဘကြီးလွန်းခြင်း”

➖➖➖➖➖➖➖➖➖

သင့်တင့်တဲ့ လောဘသို့ အပြုသဘောဆောင်တဲ့ မကျေနပ်မှုရှိခြင်းဟာ တိုးတက်ပြောင်းလဲမှုအတွက် အားပေးသော အချက်ဖြစ်သော်လည်း တစ်ချို့လူများဟာ လွန်ကဲတဲ့ အတ္တလောဘစိတ်ကြောင့် လမ်းမှားကို ရောက်သွားတတ်ကြပါတယ်။
၂။ “အချိန်မလေးစားခြင်း”

➖➖➖➖➖➖➖➖

တစ်စုံတစ်ဦးနဲ့ ချိန်းဆိုရာမှာပဲ ဖြစ်ဖြစ်၊ အလုပ်ကိစ္စတစ်ခုခုကို အပြီးသတ်ရာမှာပဲ ဖြစ်ဖြစ် အချိန်မလေးစားမှုဟာ ရေရှည်မှာ ကိုယ့်ကိုယ် ဂုဏ်သိက္ခာကျဆင်းပြီး လူအများ၏ လေးစားမှုကို ကျဆင်းစေပါလိမ့်မယ်။
၃။” အကောင်းမြင်စိတ် မရှိခြင်း”

➖➖➖➖➖➖➖➖➖➖

အချို့သော အခြေအနေတွေဟာ အကောင်းမြင်လို့ မရလောက်အောင် ဆိုးတယ်လို့ သင်ထင်လိမ့်မယ်။ ဒါပေမယ့် အဲဒီအချိန်မှာ အခြားသောကောင်းတဲ့ အဓိပ္ပာယ်ဘာရှိနေသေးလဲဆိုတာ သင်ရှာဖွေကြည့်ရမယ်။
၄။” အားနာခြင်း ”

➖➖➖➖➖➖

ဘာပဲလုပ်လုပ် သင်သွားချင်လို့၊ စားချင်လို့၊ လုပ်ချင်လို့ပဲ လုပ်ပါ။ အခြားသူကို အားနာလို့ လုပ်ပေးတယ်ဆိုပြီး မကျေမချမ်းဖြစ်နေတတ်ခြင်းဟာ အဓိပ္ပာယ်မရှိပါ။
၅။” ဒေါသကြီးခြင်း”

➖➖➖➖➖➖

အချို့သောသူများဟာ လမ်းဘေးက ခွေးဟောင်လည်း စိတ်တိုသလို မိုးရွာနေပူရင်လည်း စိတ်တိုတတ်ကြတယ်။ အဲဒီအထဲမှာ သင်မပါ ပါစေနဲ့။ ဘာမဟုတ်တာလေးနဲ့ စိတ်တိုတတ်တာဟာ ပတ်ဝန်းကျင်ကို အနှောက်အယှက်ဖြစ်စေသလို သင့်ကိုလည်း အသက်တိုစေနိုင်ပါတယ်။
၆။ “လောင်းကစားကျူ ူ းခြင်း”

➖➖➖➖➖➖➖➖➖

လောင်းကစားလုပ်ခြင်းဟာ သင်တစ်ဦးတည်း မဟုတ်ပဲ သင့်မိသားစု ပတ်ဝန်းကျင်ကိုပါ အောက်ကို ဆိုးဆိုးဝါးဝါး ဆွဲချသွားစေနိုင်ပါတယ်။
၇။” အပျင်းကြီးခြင်း”

➖➖➖➖➖➖➖

သင်အပျင်းကြီးနေသမျှ ကာလပတ်လုံး လူတောကောင်းကောင်း မတိုးနိုင်တော့ဘူးဆိုတာကို သင်သိထားရင် အပျင်းမကြီးပါနဲ့။ အချိန်နဲ့ အလုပ်ပြီးအောင် လုပ်ပါ။
၈။ “ကျန်းမားရေး မလိုက်စားခြင်း”

➖➖➖➖➖➖➖➖➖➖➖

သေတဲ့သူတွေဟာ ထပ်ပြီး ဘာမှ မလုပ်နိုင်တော့ပါဘူး။ အဲဒါကြောင့် သင်ဘာကိုပဲ လုပ်နေ လုပ်နေ ဆက်လက်အသက်ရှင်ဖို့ လူအများကို ကူညီနိုင်ဖို့ ကျန်းမာရေးကို လိုက်စားပါ။ လွယ်ပြီး ထိရောက်တာလေးတွေကနေ စပါ။
၉။” မာနကြီးခြင်း”

➖➖➖➖➖➖

သင်မာနကြီးရင် သင်ယူလို့ မရတော့ဘူး ဖြစ်လာမယ်။ မာနကြီးရင် အခြားသူတွေကို သင်နဲ့အတူ အလုပ်လုပ်ဖို့ အကူအညီမတောင်းနိုင်ဘူး ဖြစ်လာမယ်။ ကျဉ်းမြောင်းတဲ့အမြင်တွေကို စွန့်လွှတ်လိုက်ခြင်းက သင့်ကို ပိုပြီး တန်ဖိုး တက်လာပါစေလိမ့်မယ်။
၁၀။” အမှားအမှန်မခွဲခြားနိုင်ခြင်း”

➖➖➖➖➖➖➖➖➖➖➖

သင်ဗဟုသုတနည်းတဲ့အခါ အမှားအမှန်ကို မသိဘူး ဖြစ်လာမယ်။ အဲဒါကြောင့် စာများများ ဖတ်ပါ၊ ဘာသာတရား အဆုံးအမတွေကိုလည်း လေ့လာပါ။
၁၁။” အယုံလွယ်ခြင်း ”

➖➖➖➖➖➖➖

ချမ်းသာနည်းတို့ အောင်မြင်နည်းတို့ ပေးမယ်လို့ ဆိုရင် သင်သတိထားရတော့မယ်။ လွယ်လွယ်နဲ့ ဈေးပေါပေါနဲ့ တစ်ခုခု ရတော့မယ်ဆိုရင် သင်အလိမ်ခံရနိုင်တယ်ဆိုတာကို သတိလေးထားပြီး လေ့လာကြည့်ပါ။
၁၂။” ကတ ိမတည်ခြင်း”

➖➖➖➖➖➖➖➖

ကတိမတည်တဲ့သူကို ဘယ်သူမှ ခေါင်းဆောင်မတင်ချင်ဘူး။ ကတိမတည်တဲ့သူဆီက ဘယ်သူမှ မဝယ်ချင်ဘူး။ အဲဒါကြောင့် သင့်လုပ်ငန်းကို အောင်မြင်ချင်ရင် ကတိတည်ပါ။
၁၃။” အသုံးအဖြုန်းကြီးခြင်း”

➖➖➖➖➖➖➖➖➖

လိုအပ်တဲ့နေရာမှာ သုံးပါ၊ မလိုအပ်တဲ့နေရာတွေမှာ မဖြုန်းပါနဲ့။ ဖြုန်းတာများရင် သုံးရမယ့်နေရာတွေမှာပါ မသုံးနိုင်တော့ဘူး ဖြစ်လာလိမ့်မယ်။
၁၄။” အပေါင်းအသင်း မှားခြင်း”

➖➖➖➖➖➖➖➖➖➖

Jim Ron က ပြောတယ်။ သင်အများဆုံးတွဲတဲ့ လူ ၅ ယောက်ရဲ့ ပျှမ်းမျှအတိုင်း သင်ဖြစ်လာလိမ့်မယ်။ အဲဒါကြောင့် အပေါင်းအသင်းကို ရွေးချယ်ပေါင်းပါ။ ဆင်းရဲချမ်းသာထက် အကျင့်စာရိတ္တနဲ့ ကြိုးဟားအားထုတ်မှုကို အခြေခံပြီး ရွေးချယ်ပါ။
၁၅။” စည်းကမ်း မရှိခြင်း”

➖➖➖➖➖➖➖➖

စိတ်အားတက်ကြွမှုရှိရင် လူတစ်ယောက်ဟာ စပြီးသွားတယ်။ စည်းကမ်းရှိရင် ဝေးဝေးကို သွားနိုင်တယ်။ အဲဒါကြောင့် သင့်ကိုယ်သင် စည်းကမ်းတွေ သတ်မှတ်ထားပါ။ သင်ကိုယ်တိုင်ပဲ ထိန်းသိမ်းပါ။
၁၆။” အပျော်အပါး မက်လွန်းခြင်း”

➖➖➖➖➖➖➖➖➖➖➖

လူငယ်တွေဆိုရင် အပျော်အပါးနဲ့ ကင်းချင်မှ ကင်းမယ်။ ဒါပေမယ့် အကယ်၍ သင်အပျော်အပါးပဲ လုပ်တာများနေရင် တိုးတက်ရာ တိုးတက်ကြောင်းအတွက် အချိန်မပေးနိုင်ဖြစ်လာပါလိမ့်မယ်။
၁၇။” မူးယစ်ဆေးဝါး သုံးစွဲခြင်း”

➖➖➖➖➖➖➖➖➖➖

မူးယစ်ဆေးဝါးသုံးစွဲတာဟာ ဥပဒေကြောင်းအရ ရင်ဆိုင်ရရုံမျှမက ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအကုန်ထိခိုက်စေတာမို့ သင့်ကိုယ်သင် ပျက်စီးအောင် လုပ်တာနဲ့ တူတူပါပဲ။
၁၈။” သံသယစိတ် များလွန်းခြင်း”

➖➖➖➖➖➖➖➖➖➖➖

ယုံလွယ်လွန်းတာဟာ ပြဿ……နာဖြစ်သလို သံသယများလွန်းတော့လည်း အဆင်မပြေဖြစ်တတ်ပါတယ်။ သံသယစိတ်နဲ့ ဟိုစွပ်စွဲ ဒီစွပ်စွဲလုပ်တဲ့အခါမှာ လုပ်ငန်းခွင်မှာ ဖြစ်ဖြစ်၊ မိသားစုနဲ့ ကိုယ်ရေးကိုယ်တာဘဝမှာ ဖြစ်ဖြစ် အဆင်မပြေမှုတွေ ဖြစ်လာပါလိမ့်မယ်။
၁၉။” မိမိကိုယ်ကိုယ် အထင်ကြီးလွန်းခြင်း”

➖➖➖➖➖➖➖➖➖➖➖➖➖

ကိုယ့်ကိုယ်ကိုယ် အထင်သေးလွန်းရင် လူရာမဝင်တော့သလို အထင်ကြီးလွန်းတော့လည်း တခြားသူတွေကို နှိမ်ချင်သလို ဖြစ်လာပါလိမ့်မယ်။
၂၀။” ဆုံးဖြတ်ချက် မပြတ်သားခြင်း”

➖➖➖➖➖➖➖➖➖➖➖

သင်နိစ္စဓူ၀ ဟိုလိုလို ဒီလိုလိုနဲ့ မပြတ်သားကြတဲ့သူတွေ တွေ့ရလိမ့်မယ်။ အဲဒီလိုလူတွေဟာ ထိရောက်မှု မရှိတဲ့သူတွေဖြစ်ပါတယ်။
၂၁။” လုံ့လဝိရိယ အားနည်းခြင်း”

➖➖➖➖➖➖➖➖➖➖➖

သင်လိုချင်တဲ့ ရည်မှန်းချက်က မြင့်တယ် မဟုတ်လား။ အဲဒါကို သာမန်လောက် ကြိုးစားအားထုတ်မှုနဲ့ ရလာမှာ မဟုတ်ဘူး။ အသားကုန် ကြိုးစားမှ သင်ရည်မှန်းတာတွေ ဖြစ်လာလိမ့်မယ်။
၂၂။” ပြုပြင်ပြောင်းလဲလိုစိတ် မရှိခြင်း”

➖➖➖➖➖➖➖➖➖➖➖➖

တိုးတက်မှုနဲ့ ပြောင်းလဲမှုဟာ ဒွန်တွဲနေတယ်။ Transformation လို့ ပြောရင် တိုးတက်ပြောင်းလဲမှုလို့ နားလည်ရမယ်။ ပြောင်းလဲလိုစိတ်မရှိရင် တိုးတက်မှုလည်း ရှိလာမှာ မဟုတ်ဘူး။
၂၃။” လေ့လာသင်ယူမှု မရှိခြင်း”

➖➖➖➖➖➖➖➖➖➖

လေ့လာသင်ယူမှုဟာ စစ်မြေပြင်ကို ထွက်မယ့် စစ်သူကြီးကို လက်နက်တပ်ဆင်ပေးသလိုပါပဲ။ သင်များများလေ့လာလေလေ ပိုပြီး အောင်မြင်ဖို့ အလားအလာများလေလေပါပဲ။ သင်ဘာစာအုပ်တွေ ဖတ်လဲ၊ ဘာသင်တန်းတွေ တက်လဲ။
၂၄။” နှမြောလွန်းခြင်း”

➖➖➖➖➖➖➖

ချွေတာတတ်တာဟာ ကောင်းတဲ့အမူအကျင့်ဖြစ်တယ်။ နှမြောလွန်းရင်တော့ သင်ရှာဖွေထားတာတွေကို အသုံးမချတတ်သလို ဖြစ်လာမယ်။ သုံးသင့်တဲ့နေရာမှာ သုံးပါ။
၂၅။” အစွန်းရောက် လွန်းခြင်း”

➖➖➖➖➖➖➖➖➖➖

သင်မှန်တယ်လို့ မြင်တဲ့အရာတွေဟာ တစ်ခါတစ်ရံမှာ သင်မြင်တာပဲ ဖြစ်နိုင်ပြီး တကယ့်အမှန်တရား ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ အခြားသူတွေ ဘယ်လိုမြင်တယ်၊ ဘာကြောင့် မြင်တယ်ဆိုတာကို လေ့လာမယ်ဆိုရင် သင်အမြင်ကျယ်တဲ့သူတစ်ဦး ဖြစ်လာပါလိမ့်မယ်။
၂၆။” ရည်မှန်းချက် မရှိခြင်း”

➖➖➖➖➖➖➖➖➖

ရည်မှန်းချက်မချမှတ်ထားတဲ့ ဖြစ်ချင်စိတ်ဟာ ရောက်ချင်ရာ ရောက်ဖို့ကို ဦးတည်စေပါတယ်။ သင့်လုပ်ငန်း၊ ဘဝ၊ အလုပ်အကိုင်၊ မိသားစု အားလုံးအတွက် ရည်မှန်းချက် တိတိကျကျ ချမှတ်ထားပါ။
၂၇။” မိမိကိုယ်ကိုယ် သုံးသပ်မှုမရှိခြင်း”

➖➖➖➖➖➖➖➖➖➖➖➖

လူတိုင်းလူတိုင်းဟာ အချိန်ကာလတစ်ခုရောက်တိုင်းမှာ ခဏရပ်တန့်ပြီး ကိုယ်ဘာတွေ လိုအပ်နေတယ်ဆိုတာကို ပြန်လည်သုံးသပ်ဖို့ လိုပါတယ်။ အဲဒီလိုသုံးသပ်မှုဟာ သင့်ကို ပိုမိုမြင့်မားတဲ့ အသိဉာဏ်တွေကို ရရှိပါစေလိမ့်မယ်။
၂၈။” တာဝန်ယူမှု/တာဝန်ခံမှု မရှိခြင်း”

➖➖➖➖➖➖➖➖➖➖➖➖

ခေါင်းဆောင်မှုကို သွားမယ်ဆိုရင် ၁၀၀ ရာခိုင်နှုန်း တာဝန်ယူမှု တာဝန်ခံမှု လိုလာပါတယ်။ အဲဒီလို မဟုတ်ပဲ အခြားသူတွေကို လက်ညှိူးထိုးနေသမျှ ကာလပတ်လုံး ထောင်ချောက်မိနေတဲ့ သားကောင်တစ်ကောင် ညည်းတွားနေသကဲ့သို့ အခက်အခဲကနေ လွန်မြောက်မည့်နည်းကို ရှာတွေ့နိုင်မည် မဟုတ်သကဲ့သို့ နောက်ထက်အောင်မြင်မှု အဆင့်ကိုလည်း ရရှိလာမှာ မဟုတ်ပါဘူး။
၂၉။” ပူပေါင်းဆောင်ရွက်လိုစိတ် မရှိခြင်း”

➖➖➖➖➖➖➖➖➖➖➖➖➖

စိတ်နေသဘောထားကောင်းပြီး အရည်အချင်းရှိသူတွေ အခြားသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်မှုမရှိတာကြောင့် လုပ်နိုင်စွမ်းအားတွေ အကန့်အသတ်ဖြစ်ကြရတာတွေ ကြားဖူးကြမယ်ထင်ပါတယ်။ အဲဒါကြောင့် လုပ်ဖော်ကိုင်ဖက်များ၊ လက်အောက်ကသူများနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် သင့်ရဲ့ လုပ်ဆောင်မှုများ ပိုမိုထိရောက်လာပါလိမ့်မယ်။
၃၀။” တစ်ကိုယ်ကောင်းဆန်ခြင်း”

➖➖➖➖➖➖➖➖➖➖➖

အတ္တစိတ်လွန်ကဲခြင်းဟာ လူအများနဲ့ ကင်းကွာခြင်းရဲ့ အခြေခံအကြောင်းရင်း ဖြစ်ပါတယ်။ သင့်ဖက်ကိုသာ သင်ကြည့်နေသမျှ ကာလပတ်လုံး ပတ်ဝန်းကျင်ကသူတွေနဲ့ ကင်းကွာနေမှာ ဖြစ်ပြီး သူတို့ကို ကောင်းကောင်းမွန်မွန် ဦးဆောင်လာနိုင်မည် မဟုတ်ပါ။
၃၁။” ကိုယ်ချင်းစာစိတ် မရှိခြင်း”

➖➖➖➖➖➖➖➖➖➖

လူမှုဆက်ဆံရေးမှာ ရွှေစည်းကမ်းဆိုတာ ရှိပါတယ်။ အဲဒါကတော့ သင့်ကို လာလုပ်ရင် သင်မကြိုက်သောအရာကို အခြားသူများကို မလုပ်ဖို့ ဖြစ်ပါတယ်။ ကိုယ်ချင်းစာစိတ်ဆိုတာဟာ ခေါင်းဆောင်တွေမှာ ရှိသင့်တဲ့ အခြေခံ စိတ်နေစိတ်ထား ဖြစ်ပါတယ်။
၃၂။” အလိုက် မသိခြင်း”

➖➖➖➖➖➖➖➖

အလိုက်ကန်းဆိုးနားမလည်ခြင်း၊ အခြေအနေကို မကြည့်ပဲ လုပ်ချင်ရာ လုပ်ခြင်းတို့ကြောင့် သင့်အပေါ် လူတွေ အထင်အမြင်သေးနိုင်ပြီး လူမှုဆက်ဆံရေးမှာ အဖုအထစ်တွေ ဖြစ်လာနိုင်ပါတယ်။ အကယ်၍ သင်သာ အရိပ်အကဲနားလည်လာအောင် ကြိုးစားလာမယ်ဆိုရင် လူချစ်လူခင်များလာပြီး လူအများကို သြဇာညောင်းတဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်ပါတယ်။
တိုးတက်ပြောင်းလဲမှုဆိုတာဟာ သင့်ရဲ့ သိစိတ်ဖြင့် ရွေးချယ်မှုသာ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Ko Naing Gyi Notes

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top