ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

မႏၲေလးတြင္ ေရႀကီးေရလွ်ံေနစဥ္ (ဓာတ္ပုံ−ၿဖိဳးၿဖိဳးေဇာ္)

မႏၲေလးတိုင္းေဒသႀကီး အတြင္းရွိ အေျခခံပညာေက်ာင္း မ်ားတြင္ မိုးရြာသြန္းမႈႏွင့္ ျမစ္ေရ မ်ား၀င္ေရာက္မႈမ်ားေၾကာင့္ ေက်ာင္း ၂၈၅ ေက်ာင္းပိတ္ထားရေၾကာင္း တိုင္းပညာေရးမွဴး႐ံုးမွ စံုစမ္းသိရသည္။

စာသင္ေက်ာင္းမ်ားတြင္ ေရ၀င္ေရာက္မႈေၾကာင့္ ၾသဂုတ္ ၁၇ ရက္မွစတင္၍ ၾသဂုတ္ ၂၄ ရက္အထိ ေက်ာင္း ၂၀၀ ေက်ာ္ ပိတ္ထားၿပီး စာေမးပဲြေျဖဆုိရန္ရွိသည့္ ေက်ာင္းမ်ား၌ ေျဖဆိုမႈရပ္နားထားေၾကာင္း မႏၲေလးတိုင္းပညာေရးမွဴး႐ံုးမွ ဒုတိယၫႊန္ၾကားေရးမွဴး (စီမံ) ဦးခင္ေမာင္ျမင့္က ေျပာသည္။

‘‘စာသင္ေက်ာင္းေတြမွာ ေရ၀င္တဲ့အတြက္ ပိတ္ထား တယ္။ ေရျပန္က်လုိ႔ ေက်ာင္းျပန္ ဖြင့္တဲ့အခ်ိန္မွာ ရက္အစားထိုး သင္ေပးမွာပါ။ စာေမးပြဲေျဖစရာ ရွိတဲ့ေက်ာင္းေတြမွာေတာ့ အစား ျပန္သင္ေပးၿပီး ေျဖသြားမွာပါ’’ဟု ဦးခင္ေမာင္ျမင့္က ေျပာသည္။

စာသင္ေက်ာင္းမ်ား ပိတ္ ထားရသျဖင့္ သင္ၾကားရန္ က်န္ရွိသည့္သင္ခန္းစာမ်ားကုိ ေက်ာင္းျပန္လည္ဖြင့္ခ်ိန္တြင္ အခ်ိန္ပိုေခၚယူ၍ သင္ၾကားမည္ျဖစ္ေၾကာင္း ၎က ဆုိသည္။

စာသင္ေက်ာင္းမ်ားအတြင္း သုိ႔ ေရ၀င္ေရာက္မႈေၾကာင့္ ပထမ အႀကိမ္ ၾသဂုတ္ ၂၁ ရက္အထိ ေက်ာင္း ၄၅ ေက်ာင္းပိတ္ထားခဲ့ရာမွ ဒုတိယအႀကိမ္ ေရထပ္မံတိုးလာမႈေၾကာင့္ အျခားၿမိဳ႕နယ္မ်ားရွိ ေက်ာင္းမ်ားပါ ပိတ္ထားရသည္။

‘‘စာေမးပဲြေလးႀကိမ္ရွိတဲ့အ ထဲမွာ စက္တင္ဘာလလယ္မွာ ပထမအစမ္းစာေမးပဲြရွိပါတယ္။ ဒီလထဲမွာေတာ့ ေျဖရမယ့္စာေမး ပဲြမရွိေသးဘူး’’ဟု မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္ရွိ အလယ္ တန္းျပဆရာမတစ္ဦးက ေျပာ သည္။ ေရ၀င္ေရာက္မႈေၾကာင့္ ေအာင္ေျမသာစံၿမိဳ႕နယ္ တစ္ ေက်ာင္း၊ ေညာင္ဦး ကိုးေက်ာင္း၊ ငါန္းဇြန္ ၂၀ ၊ တံတားဦး ၁၁ ေက်ာင္း၊ မတၱရာ ၆၁ ေက်ာင္း၊စဥ့္ကူး ၆၁ ေက်ာင္း၊ သပိတ္က်င္း ၁၀ ေက်ာင္း၊ စဥ့္ကိုင္ ငါးေက်ာင္း၊ပုသိမ္ႀကီး ၂၀၊ အမရပူရ ၂၈ေက်ာင္း၊ ျမင္းၿခံ ၅၀ ႏွင့္ ေတာင္သာ ကိုးေက်ာင္းတို႔ ပိတ္ထားရေၾကာင္း တိုင္းပညာေရးမွဴး႐ံုးမွတ္တမ္းမ်ားအရ သိရသည္။

မႏၲေလးၿမိဳ႕ႏွင့္ အနီးတစ္ ၀ိုက္တြင္ ၾသဂုတ္ ၂၈ ရက္ နံနက္ အထိ ေနရာကြက္က်ားမိုးထစ္ ခ်ဳန္းရြာသြန္းႏုိင္ေၾကာင္း မိုးေလ ၀သႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနက သတင္းထုတ္ျပန္ထားသည္။

ၾသဂုတ္ ၂၇ ရက္ ေန႔လယ္ ၁၂ နာရီအထိ ဧရာ၀တီျမစ္ေရ သည္ မႏၲေလးၿမိဳ႕တြင္ ၁,၂၃၂ စင္တီမီတာ၊ သပိတ္က်င္းတြင္၁,၃၂၁ စင္တီမီတာႏွင့္ ေညာင္ဦး တြင္ ၂,၁၇၉ စင္တီမီတာရွိသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
မန္တလေးတွင် ရေကြီးရေလျှံနေစဉ် (ဓာတ်ပုံ−ဖြိုးဖြိုးဇော်)

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်း များတွင် မိုးရွာသွန်းမှုနှင့် မြစ်ရေ များဝင်ရောက်မှုများကြောင့် ကျောင်း ၂၈၅ ကျောင်းပိတ်ထားရကြောင်း တိုင်းပညာရေးမှူးရုံးမှ စုံစမ်းသိရသည်။

စာသင်ကျောင်းများတွင် ရေဝင်ရောက်မှုကြောင့် သြဂုတ် ၁၇ ရက်မှစတင်၍ သြဂုတ် ၂၄ ရက်အထိ ကျောင်း ၂၀၀ ကျော် ပိတ်ထားပြီး စာမေးပွဲဖြေဆိုရန်ရှိသည့် ကျောင်းများ၌ ဖြေဆိုမှုရပ်နားထားကြောင်း မန္တလေးတိုင်းပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး (စီမံ) ဦးခင်မောင်မြင့်က ပြောသည်။

‘‘စာသင်ကျောင်းတွေမှာ ရေဝင်တဲ့အတွက် ပိတ်ထား တယ်။ ရေပြန်ကျလို့ ကျောင်းပြန် ဖွင့်တဲ့အချိန်မှာ ရက်အစားထိုး သင်ပေးမှာပါ။ စာမေးပွဲဖြေစရာ ရှိတဲ့ကျောင်းတွေမှာတော့ အစား ပြန်သင်ပေးပြီး ဖြေသွားမှာပါ’’ဟု ဦးခင်မောင်မြင့်က ပြောသည်။

စာသင်ကျောင်းများ ပိတ် ထားရသဖြင့် သင်ကြားရန် ကျန်ရှိသည့်သင်ခန်းစာများကို ကျောင်းပြန်လည်ဖွင့်ချိန်တွင် အချိန်ပိုခေါ်ယူ၍ သင်ကြားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

စာသင်ကျောင်းများအတွင်း သို့ ရေဝင်ရောက်မှုကြောင့် ပထမ အကြိမ် သြဂုတ် ၂၁ ရက်အထိ ကျောင်း ၄၅ ကျောင်းပိတ်ထားခဲ့ရာမှ ဒုတိယအကြိမ် ရေထပ်မံတိုးလာမှုကြောင့် အခြားမြို့နယ်များရှိ ကျောင်းများပါ ပိတ်ထားရသည်။

‘‘စာမေးပွဲလေးကြိမ်ရှိတဲ့အ ထဲမှာ စက်တင်ဘာလလယ်မှာ ပထမအစမ်းစာမေးပွဲရှိပါတယ်။ ဒီလထဲမှာတော့ ဖြေရမယ့်စာမေး ပွဲမရှိသေးဘူး’’ဟု မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ အလယ် တန်းပြဆရာမတစ်ဦးက ပြော သည်။ ရေဝင်ရောက်မှုကြောင့် အောင်မြေသာစံမြို့နယ် တစ် ကျောင်း၊ ညောင်ဦး ကိုးကျောင်း၊ ငါန်းဇွန် ၂၀ ၊ တံတားဦး ၁၁ ကျောင်း၊ မတ္တရာ ၆၁ ကျောင်း၊စဉ့်ကူး ၆၁ ကျောင်း၊ သပိတ်ကျင်း ၁၀ ကျောင်း၊ စဉ့်ကိုင် ငါးကျောင်း၊ပုသိမ်ကြီး ၂၀၊ အမရပူရ ၂၈ကျောင်း၊ မြင်းခြံ ၅၀ နှင့် တောင်သာ ကိုးကျောင်းတို့ ပိတ်ထားရကြောင်း တိုင်းပညာရေးမှူးရုံးမှတ်တမ်းများအရ သိရသည်။

မန္တလေးမြို့နှင့် အနီးတစ် ဝိုက်တွင် သြဂုတ် ၂၈ ရက် နံနက် အထိ နေရာကွက်ကျားမိုးထစ် ချုန်းရွာသွန်းနိုင်ကြောင်း မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

သြဂုတ် ၂၇ ရက် နေ့လယ် ၁၂ နာရီအထိ ဧရာဝတီမြစ်ရေ သည် မန္တလေးမြို့တွင် ၁,၂၃၂ စင်တီမီတာ၊ သပိတ်ကျင်းတွင်၁,၃၂၁ စင်တီမီတာနှင့် ညောင်ဦး တွင် ၂,၁၇၉ စင်တီမီတာရှိသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top