ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

သရုပ္ေဆာင္စိုးျပည့္သဇင္ကေတာ့ သူ႔ရဲ႕ အႏုပညာဝါသနာအျပင္ တျခားစိတ္ဝင္စားစရာေကာင္းတဲ့ သူ႔ရဲ႕ ဝါသနာေလးေတြကုိလည္း Duwun Media ကေနတဆင့္ေျပာျပခဲ့ပါတယ္။

'' စုိးျပည့္က အႏုပညာအျပင္ ဟင္းခ်က္ရတာ ဝါသနာပါတယ္။အားကစားထဲမွာဆုိရင္ေတာ့ ၾကက္ေတာင္ရုိက္ရတာ ဝါသနာပါတယ္။ ၾကက္ေတာင္ရုိက္တယ္ဆုိတာကလည္း ႏွစ္ေယာက္ေဆာ့မွ ရတာဆိုေတာ့ ေဆာ့ေပးတဲ့ အေဖာ္ရွိမွ ရတာေပါ့ေနာ္။ အိမ္ကလူေတြက လည္း တစ္ခါတစ္ေလက်ရင္ မအားဘူးဆုိေတာ့ မေဆာ့ျဖစ္ပါဘူး၊ အႏုပညာမွာဆုိရင္လည္း ဂစ္တာတီးတာ ဝါသနာပါတယ္၊ ပီယာႏုိတီးတာ ဝါသနာပါတယ္၊ တျခားအရာေလးေတြကေတာ့ မသင္ဖူးဘူးေပါ့ေနာ္ ဒီဟာေလး ၂ခုကေတာ့  စုိးျပည့္ သင္ျဖစ္ပါ တယ္။'' လုိ႔ ဆုိပါတယ္။

မိန္းကေလးအရမ္းဆန္ပါတယ္ဆိုတဲ့ စုိးျပည့္သဇင္ကေတာ့ မိန္းကေလးေတြလုပ္တတ္တဲ့အရာမွန္သမွ်ကုိဝါသနာပါတဲ့သူျဖစ္ၿပီး ဟင္းခ်က္နည္းေတြေရာ၊ ကိတ္မုန္႔ဖုတ္နည္းေတြ၊ တျခားမုန္႔လုပ္နည္း ေတြကုိလည္း Facebook Page ေတြနဲ႔ ဟင္းခ်က္နည္းစာအုပ္ ေတြကတဆင့္ေလ့လာျဖစ္တယ္လုိ႔သိရပါတယ္။

 '' ဟုိတစ္ေလာကဆုိ စုိးျပည့္ မုန္႔ဖုတ္သင္တန္း တက္တယ္။ အဲ့ဒါ တကယ္ဝါသနာပါလုိ႔တက္တာ အရမ္းသင္ခ်င္တယ္ေလ ကိတ္မုန္႔ေတြဖုတ္ခ်င္တယ္၊ မုန္႔ေတြလုပခံစားတာေပါ့ေနာ္။ အဲ့ဒါမ်ဳိးဆုိေတာ့ စုိးျပည့္က အဲ့ဒါကုိအရမ္းဝါသနာပါတယ္။ အားရင္ ဟင္းခ်က္တယ္၊ ကိတ္မုန္႔ဖုတ္တယ္၊ ပန္းေတြလည္း စုိးျပည့္ဝါသနာပါတယ္။ Facebook မွာဆုိရင္ စုိးျပည့္ Like မလုပ္ဖူးတဲ့ အစားအေသာက္ Page ဆုိတာ ေတာ္ေတာ္ရွားတယ္။ Instagram မွာဆုိရင္လည္း မုန္႔ဖုတ္တာေတြရွိတယ္။အဲ့ဒါေလးေတြလည္းLike လုပ္တယ္။ ကုိယ္စိတ္ဝင္စားတဲ့ အေၾကာင္းအရာေလးေတြတက္လာၿပီဆုိရင္လည္း မွတ္ထားၿပီးေတာ့ ျပန္ၿပီးလုပ္ၾကည့္တယ္။ တစ္ခါတစ္ေလက်ရင္ ေဖ့စ္ဘြတ္မွာ ဟင္းခ်က္နည္းေတြရွိတယ္၊ ကိတ္မုန္႔လုပ္နည္းေတြရွိတယ္ တစ္ေန႔တစ္ေန႔ အဲ့ဒါေတြၾကည့္ၿပီး ေဘေတြ တအားကုန္တယ္။'' လုိ႔ သူကဆုိပါတယ္။

ဟင္းခ်က္ရတာနဲ႔ ကိတ္မုန္႔ေတြဖုတ္၊ မုန္႔ေတြလုပ္ရတာအရမ္းဝါသနာပါတဲ့ စုိးျပည့္သဇင္ကေတာ့ သူကုိယ္တိုင္ခ်က္တဲ့ ဟင္းေတြ၊ မုန္႔ေတြကုိ အခါအခြင့္သင့္ရင္ မိသားစုကုိလည္း ခ်က္ေကြ်းတတ္သလုိ ပရိသတ္ေတြကုိလည္း မုန္႔လုပ္ေကၽြးျဖစ္တယ္ဆုိတဲ့ အေၾကာင္းကုိလည္း အမွတ္တရအေနနဲ႔ ေျပာျပခဲ့ပါေသးတယ္။

'' ဟင္းခ်က္တာကေတာ့ ကုိယ္စိတ္ဝင္စားတဲ့ဟာေလးေတြဆုိရင္ စိုးျပည့္ေတာ္ေတာ္မ်ားမ်ားလုပ္ျဖစ္တယ္။ ေဖ့စ္ဘြတ္က ဟင္းခ်က္ နည္း ေတြၾကည့္ၿပီးရင္ ေမေမ့ကုိ မွာတယ္ ဒီပစၥည္း ဒီပစၥည္းေပါ့။ အ့ဲဒါၿပီးရင္ အိမ္မွာလုပ္ၾကည့္တယ္ ျဖစ္တဲ့အခါ လည္းျဖစ္တာေပါ့၊ ပ်က္တဲ့အခါလည္း ပ်က္တာေပါ့။ အဆင္ေျပလုိ႔ရွိရင္လည္း ေမေမတုိ႔ ေဖေဖတုိ႔ကေတာ့ ႀကိဳက္တာပါပဲ။ ၿပီးရင္  ကုိယ္ခ်က္ထားတဲ့ ဟင္းကုိ သူမ်ားေတြကုိလည္း ေကၽြးတယ္။ ၿပီးရင္ သူတုိ႔က ေကာင္းတယ္ေျပာတဲ့အခါက်ရင္ ပီတိျဖစ္ၿပီးေတာ့ ပီတိကုိ အလွဴေတြ ဘာေတြဆုိရင္လည္း အသည္းအသန္ ဝင္ၿပီးေတာ့ခ်က္တယ္။ စုိးျပည့္ Fan ေတြလာရင္လည္း စုိးျပည့္ ေကၽြးဖူးတယ္။ ေမြးေန႔တုန္း ကလည္း စႏြင္းမကင္းေတြ ထုိးလုိက္ေသးတယ္။ဟင္းေတြဘာေတြဆုိလည္း ကုိယ္တုိင္ခ်က္ဖူး တယ္။ဒီႏွစ္ေမြးေန႔ကုိလည္း ကုိယ္တုိင္ လုပ္တဲ့ ကိတ္မုန္႔စားခ်င္တယ္ဆုိၿပီး ပူဆာေနတယ္။အဲ့ဒါကုိလည္း လုပ္ေပးမွာပါ'' လုိ႔ သူကဆုိပါတယ္။

သရုပ္ေဆာင္စုိးျပည့္သဇင္ကေတာ့ အႏုပညာအလုပ္ေတြနဲ႔ ပတ္သက္လုိ႔ အခုလက္ရွိမွာ ဗီဒီယုိဇာတ္ကားေတြရုိက္ကူးေနရတယ္ လုိ႔ ဆုိပါတယ္။သူ႔အေနနဲ႔ အစ္မျဖစ္သူ စႏၵီျမင့္လြင္နဲ႔အတူ တြဲဖက္ၿပီး Mini Album ေလးလည္း လုပ္ေနတယ္လုိ႔ သိရပါတယ္။

Photo: စုိးျပည့္သဇင္ေဖ့စ္ဘြတ္
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
သရုပ်ဆောင်စိုးပြည့်သဇင်ကတော့ သူ့ရဲ့ အနုပညာဝါသနာအပြင် တခြားစိတ်ဝင်စားစရာကောင်းတဲ့ သူ့ရဲ့ ဝါသနာလေးတွေကိုလည်း Duwun Media ကနေတဆင့်ပြောပြခဲ့ပါတယ်။

'' စိုးပြည့်က အနုပညာအပြင် ဟင်းချက်ရတာ ဝါသနာပါတယ်။အားကစားထဲမှာဆိုရင်တော့ ကြက်တောင်ရိုက်ရတာ ဝါသနာပါတယ်။ ကြက်တောင်ရိုက်တယ်ဆိုတာကလည်း နှစ်ယောက်ဆော့မှ ရတာဆိုတော့ ဆော့ပေးတဲ့ အဖော်ရှိမှ ရတာပေါ့နော်။ အိမ်ကလူတွေက လည်း တစ်ခါတစ်လေကျရင် မအားဘူးဆိုတော့ မဆော့ဖြစ်ပါဘူး၊ အနုပညာမှာဆိုရင်လည်း ဂစ်တာတီးတာ ဝါသနာပါတယ်၊ ပီယာနိုတီးတာ ဝါသနာပါတယ်၊ တခြားအရာလေးတွေကတော့ မသင်ဖူးဘူးပေါ့နော် ဒီဟာလေး ၂ခုကတော့  စိုးပြည့် သင်ဖြစ်ပါ တယ်။'' လို့ ဆိုပါတယ်။

မိန်းကလေးအရမ်းဆန်ပါတယ်ဆိုတဲ့ စိုးပြည့်သဇင်ကတော့ မိန်းကလေးတွေလုပ်တတ်တဲ့အရာမှန်သမျှကိုဝါသနာပါတဲ့သူဖြစ်ပြီး ဟင်းချက်နည်းတွေရော၊ ကိတ်မုန့်ဖုတ်နည်းတွေ၊ တခြားမုန့်လုပ်နည်း တွေကိုလည်း Facebook Page တွေနဲ့ ဟင်းချက်နည်းစာအုပ် တွေကတဆင့်လေ့လာဖြစ်တယ်လို့သိရပါတယ်။

 '' ဟိုတစ်လောကဆို စိုးပြည့် မုန့်ဖုတ်သင်တန်း တက်တယ်။ အဲ့ဒါ တကယ်ဝါသနာပါလို့တက်တာ အရမ်းသင်ချင်တယ်လေ ကိတ်မုန့်တွေဖုတ်ချင်တယ်၊ မုန့်တွေလုပခံစားတာပေါ့နော်။ အဲ့ဒါမျိုးဆိုတော့ စိုးပြည့်က အဲ့ဒါကိုအရမ်းဝါသနာပါတယ်။ အားရင် ဟင်းချက်တယ်၊ ကိတ်မုန့်ဖုတ်တယ်၊ ပန်းတွေလည်း စိုးပြည့်ဝါသနာပါတယ်။ Facebook မှာဆိုရင် စိုးပြည့် Like မလုပ်ဖူးတဲ့ အစားအသောက် Page ဆိုတာ တော်တော်ရှားတယ်။ Instagram မှာဆိုရင်လည်း မုန့်ဖုတ်တာတွေရှိတယ်။အဲ့ဒါလေးတွေလည်းLike လုပ်တယ်။ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာလေးတွေတက်လာပြီဆိုရင်လည်း မှတ်ထားပြီးတော့ ပြန်ပြီးလုပ်ကြည့်တယ်။ တစ်ခါတစ်လေကျရင် ဖေ့စ်ဘွတ်မှာ ဟင်းချက်နည်းတွေရှိတယ်၊ ကိတ်မုန့်လုပ်နည်းတွေရှိတယ် တစ်နေ့တစ်နေ့ အဲ့ဒါတွေကြည့်ပြီး ဘေတွေ တအားကုန်တယ်။'' လို့ သူကဆိုပါတယ်။

ဟင်းချက်ရတာနဲ့ ကိတ်မုန့်တွေဖုတ်၊ မုန့်တွေလုပ်ရတာအရမ်းဝါသနာပါတဲ့ စိုးပြည့်သဇင်ကတော့ သူကိုယ်တိုင်ချက်တဲ့ ဟင်းတွေ၊ မုန့်တွေကို အခါအခွင့်သင့်ရင် မိသားစုကိုလည်း ချက်ကျွေးတတ်သလို ပရိသတ်တွေကိုလည်း မုန့်လုပ်ကျွေးဖြစ်တယ်ဆိုတဲ့ အကြောင်းကိုလည်း အမှတ်တရအနေနဲ့ ပြောပြခဲ့ပါသေးတယ်။

'' ဟင်းချက်တာကတော့ ကိုယ်စိတ်ဝင်စားတဲ့ဟာလေးတွေဆိုရင် စိုးပြည့်တော်တော်များများလုပ်ဖြစ်တယ်။ ဖေ့စ်ဘွတ်က ဟင်းချက် နည်း တွေကြည့်ပြီးရင် မေမေ့ကို မှာတယ် ဒီပစ္စည်း ဒီပစ္စည်းပေါ့။ အဲ့ဒါပြီးရင် အိမ်မှာလုပ်ကြည့်တယ် ဖြစ်တဲ့အခါ လည်းဖြစ်တာပေါ့၊ ပျက်တဲ့အခါလည်း ပျက်တာပေါ့။ အဆင်ပြေလို့ရှိရင်လည်း မေမေတို့ ဖေဖေတို့ကတော့ ကြိုက်တာပါပဲ။ ပြီးရင်  ကိုယ်ချက်ထားတဲ့ ဟင်းကို သူများတွေကိုလည်း ကျွေးတယ်။ ပြီးရင် သူတို့က ကောင်းတယ်ပြောတဲ့အခါကျရင် ပီတိဖြစ်ပြီးတော့ ပီတိကို အလှူတွေ ဘာတွေဆိုရင်လည်း အသည်းအသန် ဝင်ပြီးတော့ချက်တယ်။ စိုးပြည့် Fan တွေလာရင်လည်း စိုးပြည့် ကျွေးဖူးတယ်။ မွေးနေ့တုန်း ကလည်း စနွင်းမကင်းတွေ ထိုးလိုက်သေးတယ်။ဟင်းတွေဘာတွေဆိုလည်း ကိုယ်တိုင်ချက်ဖူး တယ်။ဒီနှစ်မွေးနေ့ကိုလည်း ကိုယ်တိုင် လုပ်တဲ့ ကိတ်မုန့်စားချင်တယ်ဆိုပြီး ပူဆာနေတယ်။အဲ့ဒါကိုလည်း လုပ်ပေးမှာပါ'' လို့ သူကဆိုပါတယ်။

သရုပ်ဆောင်စိုးပြည့်သဇင်ကတော့ အနုပညာအလုပ်တွေနဲ့ ပတ်သက်လို့ အခုလက်ရှိမှာ ဗီဒီယိုဇာတ်ကားတွေရိုက်ကူးနေရတယ် လို့ ဆိုပါတယ်။သူ့အနေနဲ့ အစ်မဖြစ်သူ စန္ဒီမြင့်လွင်နဲ့အတူ တွဲဖက်ပြီး Mini Album လေးလည်း လုပ်နေတယ်လို့ သိရပါတယ်။

Photo: စိုးပြည့်သဇင်ဖေ့စ်ဘွတ်

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top