ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

လုပ္ငန္းခြင္အႏၱရာယ္ကင္းေရးသည္ ပထမပါ။ ဘယ္လုိေနေန အလုပ္ထဲမွာ အသက္အႏၱရာယ္နဲ႔ ရင္ဆုိင္လာရတာမ်ိဳး၊ ထိခုိက္မႈေတြျဖစ္ပြားလာရတာမ်ိဳးဆုိတာ  ႀကိဳတင္ကာကြယ္ၿပီး ေရွာင္ရွားသင့္ တာက အေရးႀကီးပါတယ္။ အိႏၵိယႏုိင္ငံ၊ ဘီဟားက အစိုးရရံုးတစ္ရံုးမွာ အလုပ္လုပ္ကုိင္ေနတဲ့ ဝန္ ထမ္းေတြကုိ လုပ္ငန္းခြင္ရံုးခန္းအတြင္း ဆုိင္ကယ္ဦးထုပ္ေတြ ေဆာင္းထားၾကဖုိ႔ တုိက္တြန္းထားပါ တယ္။ ဘာ့ေၾကာင့္လဲဆုိေတာ့ လံုၿခံဳခုိင္ခံ့မႈမရွိတဲ့ အေဆာက္အအံု ေခါင္မိုးေတြေၾကာင့္ ထိခုိက္မႈေတြ ႀကိဳတင္ေရွာင္ရွားၾကဖုိ႔ပါ။

ၿပီးခဲ့တဲ့ ရက္သတၱပတ္ကတည္းက အိႏၵိယဆုိရွယ္နက္ဝက္မွာ ေပၚျပဴလာျဖစ္ၿပီးေတာ့ လူသိမ်ားလာတဲ့ ဗြီဒီယုိဖုိင္တစ္ခုမွာဆုိရင္ အစိုးရရံုးအလုပ္လုပ္ကုိင္ေနတဲ့ ဝန္ထမ္းအမ်ိဳးသား ေလးဦးရဲ႕ ရယ္ရႊင္ဖြယ္ ပံုပန္းသ႑ာန္က ဆုိရွယ္မွာ ပ်ံ႕ႏွံ႕ေနခဲ့တာပဲျဖစ္ပါတယ္။ လုပ္ငန္းခြင္အတြင္းမွာေတာင္ ဆုိင္ကယ္စီး ဦးထုပ္ေဆာင္းၿပီး အလုပ္လုပ္ကုိင္ၾကတာက လူေျပာမ်ားၿပီး စိတ္ဝင္စားမႈ ျမင့္တက္ေန ခဲ့တာပါ။

အစိုးရအာဏာပုိင္ေတြရဲ႕ စံုစမ္းစစ္ေဆးခ်က္မွာေတာ့ အဆုိပါျပည္နယ္နဲ႔ ရံုးအေဆာက္အအံုေတြ ဟာဆုိရင္ လုပ္ငန္းခြင္အႏၱရာယ္ ရွိေၾကာင္း အသိေပးေၾကညာထားၿပီးျဖစ္ရာ ဝန္ထမ္းေတြကုိ သတိနဲ႔ အသိရွိဖုိ႕၊ အႏၱရာယ္ႀကိဳတင္ေရွာင္ရွားၾကဖုိ႔ တုိက္တြန္းထားတဲ့ ပတ္ဝန္းက်င္ နယ္ေျမပဲျဖစ္ပါတယ္။ လြန္ခဲ့တဲ့ႏွစ္ႏွစ္ေက်ာ္ကတည္းက အသံုးမျပဳဖုိ႔ အသိေပးထားတဲ့ အေဆာက္အအံုေတြမွာဆုိရင္ အခ်ိန္ မေရြးၿပိဳက်ႏုိင္ေၾကာင္းနဲ႔ အႏၱရာယ္တစ္စံုတစ္ရာေပၚလာႏုိင္တာမုိ႔လုိ႔ ဌာနဆုိင္ရာ ဝန္ထမ္းေတြက ဒီလုိမ်ိဳး အသက္ အႏၱရာယ္ႀကိဳတင္ကာကြယ္မႈေတြအတြက္ ဆုိင္ကယ္စီးဦးထုပ္ေတြ ေဆာင္းထားၾက တာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သဒၵါခ်ိဳ(ေရႊအင္းေလး)

#Unicode Version#
လုပ်ငန်းခွင်အန္တရာယ်ကင်းရေးသည် ပထမပါ။ ဘယ်လိုနေနေ အလုပ်ထဲမှာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်လာရတာမျိုး၊ ထိခိုက်မှုတွေဖြစ်ပွားလာရတာမျိုးဆိုတာ  ကြိုတင်ကာကွယ်ပြီး ရှောင်ရှားသင့် တာက အရေးကြီးပါတယ်။ အိန္ဒိယနိုင်ငံ၊ ဘီဟားက အစိုးရရုံးတစ်ရုံးမှာ အလုပ်လုပ်ကိုင်နေတဲ့ ဝန် ထမ်းတွေကို လုပ်ငန်းခွင်ရုံးခန်းအတွင်း ဆိုင်ကယ်ဦးထုပ်တွေ ဆောင်းထားကြဖို့ တိုက်တွန်းထားပါ တယ်။ ဘာ့ကြောင့်လဲဆိုတော့ လုံခြုံခိုင်ခံ့မှုမရှိတဲ့ အဆောက်အအုံ ခေါင်မိုးတွေကြောင့် ထိခိုက်မှုတွေ ကြိုတင်ရှောင်ရှားကြဖို့ပါ။

ပြီးခဲ့တဲ့ ရက်သတ္တပတ်ကတည်းက အိန္ဒိယဆိုရှယ်နက်ဝက်မှာ ပေါ်ပြူလာဖြစ်ပြီးတော့ လူသိများလာတဲ့ ဗွီဒီယိုဖိုင်တစ်ခုမှာဆိုရင် အစိုးရရုံးအလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းအမျိုးသား လေးဦးရဲ့ ရယ်ရွှင်ဖွယ် ပုံပန်းသဏ္ဍာန်က ဆိုရှယ်မှာ ပျံ့နှံ့နေခဲ့တာပဲဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွင်းမှာတောင် ဆိုင်ကယ်စီး ဦးထုပ်ဆောင်းပြီး အလုပ်လုပ်ကိုင်ကြတာက လူပြောများပြီး စိတ်ဝင်စားမှု မြင့်တက်နေ ခဲ့တာပါ။

အစိုးရအာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးချက်မှာတော့ အဆိုပါပြည်နယ်နဲ့ ရုံးအဆောက်အအုံတွေ ဟာဆိုရင် လုပ်ငန်းခွင်အန္တရာယ် ရှိကြောင်း အသိပေးကြေညာထားပြီးဖြစ်ရာ ဝန်ထမ်းတွေကို သတိနဲ့ အသိရှိဖို့၊ အန္တရာယ်ကြိုတင်ရှောင်ရှားကြဖို့ တိုက်တွန်းထားတဲ့ ပတ်ဝန်းကျင် နယ်မြေပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်ကျော်ကတည်းက အသုံးမပြုဖို့ အသိပေးထားတဲ့ အဆောက်အအုံတွေမှာဆိုရင် အချိန် မရွေးပြိုကျနိုင်ကြောင်းနဲ့ အန္တရာယ်တစ်စုံတစ်ရာပေါ်လာနိုင်တာမို့လို့ ဌာနဆိုင်ရာ ဝန်ထမ်းတွေက ဒီလိုမျိုး အသက် အန္တရာယ်ကြိုတင်ကာကွယ်မှုတွေအတွက် ဆိုင်ကယ်စီးဦးထုပ်တွေ ဆောင်းထားကြ တာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: သဒ္ဒါချို(ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top