လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

ပိုးဟပ္ဆိုတာ ကမၻာမွာနာမည္အဆိုးဆံုးအင္းဆက္တစ္မ်ိဳးျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္ ထိုင္၀မ္တကၠသိုလ္ ေက်ာင္းသားတစ္ေယာက္ကေတာ့ သည္အင္းဆက္ေတြကို စိတ္ပါလက္ပါ ေမြးျမဴ ေရာင္းခ်ၿပီးေတာ့ သူ႔အတြက္ ၀င္ေငြရေပါက္ႀကီးတစ္ခုျဖစ္ေအာင္ ေျပာင္းလဲလိုက္ပါတယ္။ သူ႔ရဲ႕စီးပြားေရးလာဘ္ျမင္မႈအရေရာ သည္မႏွစ္ၿမိဳ႕ဖြယ္အင္းဆက္အေပၚ အေတာ္ေလးသည္းခံႏိုင္တာေၾကာင့္ပါ အသက္ႏွစ္ဆယ္ပဲရွိေသးတဲ့ သူဟာ သူ႔ရဲ႕ပိုးဟပ္ေမြးျမဴေရးၿခံကေန တစ္လကို ထိုင္၀မ္ေဒၚလာႏွစ္သိန္း (အေမရိကန္ ေဒၚလာ ၆၆၂၂) ရေအာင္ လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။

ခ်ိဳင္းနားပရက္စ္မွာေဖာ္ျပထားတဲ့သတင္းတစ္ပုဒ္ကို ကိုးကားၿပီးေတာ့ သည္ဆန္းက ေဖာ္ျပရာမွာ သည္ေက်ာင္းသား ေတာင္း ဟာ သူေမြးထားတဲ့တိရစၧာန္ကိုေကြ်းဖို႔ ပိုးဟပ္ေတြကိုရွာရခက္လာၿပီးေနာက္ တစ္ႏွစ္ခန္႔အၾကာမွာ သူ႔တိုက္ခန္းမွာပဲ ပိုးဟပ္ေတြကိုစၿပီးေမြးျမဴခဲ့တယ္လို႔ ေျပာပါတယ္။ သည္လိုအစာရွားပါးတာကိုေျဖရွင္းဖို႔အတြက္ သူဟာ ပိုးဟပ္ၿခံတစ္ခု စၿပီးလုပ္ခဲ့တယ္လို႔ေျပာပါတယ္။ ပိုးဟပ္ေတြဟာ အခ်ိန္တိုတြင္းမွာပဲ ေၾကာက္စရာေကာင္းေလာက္ေအာင္ ပြားမ်ားလာတာကေတာ့ အံ့ၾသစရာ မရွိပါဘူး။ World of Buzz အဆိုအရ ေတာင္းဟာ ပိုးဟပ္ေတြကိုရြံရွာတဲ့အတြက္ အစပိုင္းမွာေတာ့ သည္ေလာက္မ်ားမ်ား စားစား ျဖစ္လာတဲ့ပိုးဟပ္အေရအတြက္ကို ျဖန္႔ျဖဴးေရာင္းခ်ဖို႔အခက္ေတြ႔ခဲ့တယ္လို႔ ေျပာပါတယ္။

သည္ပိုးဟပ္ ေတြနဲ႔ပတ္သက္ၿပီးေတာ့လည္း အိပ္မက္ဆိုးေတြတစ္လေက်ာ္ေလာက္ ညတိုင္းမက္ခဲ့ဖူးတယ္လို႔လည္း ေျပာပါတယ္။ ႏွစ္၀က္အတြင္းမွာေတာ့ သူ႔ရဲ႕တိုက္ခန္းအတြင္းမွာပဲ ေမြးျမဴထားတဲ့ ပိုးဟပ္သံုးေသာင္းနဲ႔ေလးေသာင္းၾကားအတြက္ သူေစ်းေခၚထားတာရဲ႕တစ္၀က္ေက်ာ္ျပန္ရရွိခဲ့တယ္လို႔ ေျပာပါတယ္။ သည္အင္းဆက္ေရာင္းလိုအားတက္လာတာေၾကာင့္ သူဟာေနာက္ပိုင္းမွာ သူ႔ရဲ႕ပုိးဟပ္ေတြအားလံုးကို၀ယ္ယူတဲ့ အ၀ယ္ေတာ္ ရွီနဲ႔ေတြ႔ဆံုခဲ့ပါတယ္။ အတူပူးေပါင္းလုပ္ကိုင္ၿပီးတဲ့ေနာက္မွာေတာ့ ရွီဟာ တျဖည္းျဖည္းနဲ႔ ေတာင္းရဲ႕လက္လီေရာင္းခ်သူတစ္ဦး ျဖစ္လာပါတယ္။ လက္ရွိမွာေတာ့ သည္ေက်ာင္းသားဟာ သူ႔ပိုးဟပ္ၿခံထဲမွာ အမ်ိဳးအစားမတူတဲ့ပိုးဟပ္ေပါင္း ၂.၇သန္းေက်ာ္ ေမြးျမဴထားၿပီး ရွီဆီကို လက္ကားေရာင္းခ်ေပးေနပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  KUMUDRA JOURNAL

#Unicode Version#
ပိုးဟပ်ဆိုတာ ကမ္ဘာမှာနာမည်အဆိုးဆုံးအင်းဆက်တစ်မျိုးဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ထိုင်ဝမ်တက္ကသိုလ် ကျောင်းသားတစ်ယောက်ကတော့ သည်အင်းဆက်တွေကို စိတ်ပါလက်ပါ မွေးမြူ ရောင်းချပြီးတော့ သူ့အတွက် ဝင်ငွေရပေါက်ကြီးတစ်ခုဖြစ်အောင် ပြောင်းလဲလိုက်ပါတယ်။ သူ့ရဲ့စီးပွားရေးလာဘ်မြင်မှုအရရော သည်မနှစ်မြို့ဖွယ်အင်းဆက်အပေါ် အတော်လေးသည်းခံနိုင်တာကြောင့်ပါ အသက်နှစ်ဆယ်ပဲရှိသေးတဲ့ သူဟာ သူ့ရဲ့ပိုးဟပ်မွေးမြူရေးခြံကနေ တစ်လကို ထိုင်ဝမ်ဒေါ်လာနှစ်သိန်း (အမေရိကန် ဒေါ်လာ ၆၆၂၂) ရအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ချိုင်းနားပရက်စ်မှာဖော်ပြထားတဲ့သတင်းတစ်ပုဒ်ကို ကိုးကားပြီးတော့ သည်ဆန်းက ဖော်ပြရာမှာ သည်ကျောင်းသား တောင်း ဟာ သူမွေးထားတဲ့တိရစ္ဆာန်ကိုကျွေးဖို့ ပိုးဟပ်တွေကိုရှာရခက်လာပြီးနောက် တစ်နှစ်ခန့်အကြာမှာ သူ့တိုက်ခန်းမှာပဲ ပိုးဟပ်တွေကိုစပြီးမွေးမြူခဲ့တယ်လို့ ပြောပါတယ်။ သည်လိုအစာရှားပါးတာကိုဖြေရှင်းဖို့အတွက် သူဟာ ပိုးဟပ်ခြံတစ်ခု စပြီးလုပ်ခဲ့တယ်လို့ပြောပါတယ်။ ပိုးဟပ်တွေဟာ အချိန်တိုတွင်းမှာပဲ ကြောက်စရာကောင်းလောက်အောင် ပွားများလာတာကတော့ အံ့သြစရာ မရှိပါဘူး။ World of Buzz အဆိုအရ တောင်းဟာ ပိုးဟပ်တွေကိုရွံရှာတဲ့အတွက် အစပိုင်းမှာတော့ သည်လောက်များများ စားစား ဖြစ်လာတဲ့ပိုးဟပ်အရေအတွက်ကို ဖြန့်ဖြူးရောင်းချဖို့အခက်တွေ့ခဲ့တယ်လို့ ပြောပါတယ်။

သည်ပိုးဟပ် တွေနဲ့ပတ်သက်ပြီးတော့လည်း အိပ်မက်ဆိုးတွေတစ်လကျော်လောက် ညတိုင်းမက်ခဲ့ဖူးတယ်လို့လည်း ပြောပါတယ်။ နှစ်ဝက်အတွင်းမှာတော့ သူ့ရဲ့တိုက်ခန်းအတွင်းမှာပဲ မွေးမြူထားတဲ့ ပိုးဟပ်သုံးသောင်းနဲ့လေးသောင်းကြားအတွက် သူဈေးခေါ်ထားတာရဲ့တစ်ဝက်ကျော်ပြန်ရရှိခဲ့တယ်လို့ ပြောပါတယ်။ သည်အင်းဆက်ရောင်းလိုအားတက်လာတာကြောင့် သူဟာနောက်ပိုင်းမှာ သူ့ရဲ့ပိုးဟပ်တွေအားလုံးကိုဝယ်ယူတဲ့ အဝယ်တော် ရှီနဲ့တွေ့ဆုံခဲ့ပါတယ်။ အတူပူးပေါင်းလုပ်ကိုင်ပြီးတဲ့နောက်မှာတော့ ရှီဟာ တဖြည်းဖြည်းနဲ့ တောင်းရဲ့လက်လီရောင်းချသူတစ်ဦး ဖြစ်လာပါတယ်။ လက်ရှိမှာတော့ သည်ကျောင်းသားဟာ သူ့ပိုးဟပ်ခြံထဲမှာ အမျိုးအစားမတူတဲ့ပိုးဟပ်ပေါင်း ၂.၇သန်းကျော် မွေးမြူထားပြီး ရှီဆီကို လက်ကားရောင်းချပေးနေပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:  KUMUDRA JOURNAL

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top