ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

စပိန္စူပါဖလားပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ရီးရဲမက္ဒရစ္အသင္းနဲ႔ ဘာစီလိုနာအသင္းတုိ႔ရဲ႕ပြဲစဥ္မွာ ခရစ္စတီယာႏုိေရာ္နယ္ဒိုဟာ ကြင္းလယ္ဒိုင္ ဘန္ဂို႔စ္စီယာကို တြန္းထိုးခဲ့တယ္လုိ႔ကြင္းလယ္ဒိုင္ရဲ႕ပြဲၿပီး အစီရင္ခံစာမွာ ေရးသားထားတာေၾကာင့္ ေရာ္နယ္ဒိုအေနနဲ႔ ၁၂ ပြဲအထိ ပြဲပယ္ခံရဖြယ္ရွိေနတာ ျဖစ္ပါတယ္။

စပိန္စူပါဖလား ပထမအေက်ာ့ပြဲစဥ္အျဖစ္ ဘာစီလိုနာအသင္းနဲ႔ယွဥ္ၿပိဳင္ကစားခဲ့ရတဲ့ပြဲစဥ္မွာ ရီးရဲမက္ဒရစ္အသင္းရဲ႕ေတာင္ပံကစားသမား ခရစ္စတီယာႏုိေရာ္နယ္ဒိုဟာ ဘာစီလုိနာအသင္းဘက္ကုိ ဂိုးသြင္းယူႏုိင္ခဲ့ၿပီး ေအာင္ပြဲခံရာမွာ အက်ီကို ခၽြတ္ၿပီး ေအာင္ပြဲခံခဲ့တာေၾကာင့္ ကြင္းလယ္ဒုိင္ရဲ႕အဝါကတ္ ျပသျခင္းကို ခံခဲ့ရပါတယ္။ ေနာက္ထပ္ မိနစ္အနည္းငယ္အၾကာမွာေတာ့ခရစ္စတီယာႏုိေရာ္နယ္ဒိုဟာ ဘာစီလိုနာအသင္းရဲ႕ ပင္နယ္တီဧရိယာထဲမွာ ဟန္ေဆာင္ဒိုင္ဗင္ထုိးခဲ့တယ္ဆုိၿပီး ကြင္းလယ္ဒိုင္က ေနာက္ထပ္ အဝါကတ္တစ္ကတ္ကို ျပသၿပီး အနီကတ္ျပၿပီးကြင္းအတြင္းက ထြက္ခြာသြားေစဖို႔ ေျပာၿပီး ျပန္လွည့္အထြက္မွာ ခရစ္စတီယာႏိုေရာ္နယ္ဒိုက ေနာက္ကေန တြန္းထုိးခဲ့တာျဖစ္ပါတယ္။

ကြင္းလယ္ဒိုင္ ဘန္ဂို႔စ္စီယာရဲ႕ ပြဲအၿပီး အစီရင္ခံစာမွာ ယင္းျဖစ္ရပ္ကို ထည့္သြြင္းေရးသားခဲ့ၿပီး "ရီးရဲမက္ဒရစ္အသင္းရဲ႕ကစားသမား ခရစ္စတီယာႏုိေရာ္နယ္ဒိုဟာ သူ႔ကို ျပသတဲ့အနီကတ္နဲ႔ပတ္သက္ၿပီး သေဘာမတူတဲ့အေနနဲ႔ ေနာက္ကေန တြန္းထိုးခဲ့ပါတယ္"လို႔  ေရးသားထားပါတယ္။ရီးရဲမက္ဒရစ္အသင္းရဲ႕ေတာင္ပံကစားသမား ခရစ္စတီယာႏုိေရာ္နယ္ဒိုအေနနဲ႔ စပိန္အားကစားအဖြဲ႕ခ်ဳပ္ရဲ႕စည္းမ်ဥ္းစာအုပ္ စာမ်က္ႏွာ ၉၆ ဒိုင္လူႀကီးကို က်ဴးလြန္ေသာျပစ္မႈမ်ားေခါင္းစဥ္အရ ၁၂ ပြဲအထိ ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံရႏိုင္ေၾကာင္းသိရပါတယ္။

ခရစ္စတီယာႏုိရဲ႕ကံၾကမၼာဟာ ယခုအခ်ိန္မွာေတာ့ စပိန္ေဘာလံုးၿပိဳင္ပြဲက်င္းပေရးေကာ္မတီအဖြဲ႕ခ်ဳပ္ရဲ႕လက္ထဲမွာ ရွိေနတာျဖစ္ၿပီး အသက္ ၃၂ ႏွစ္အရြယ္ကစားသမားကို အနီကတ္ေၾကာင့္တစ္ပြဲပယ္ ျပစ္ဒဏ္အျပင္ ေနာက္ထပ္ ဘယ္ႏွပြဲပယ္ ျပစ္ဒဏ္ခ်မွတ္မလဲဆုိတာကိုေတာ့ သူတုိ႔ကသာ ဆံုးျဖတ္ႏုိင္မွာျဖစ္ပါတယ္။ေရာ္နယ္ဒိုအေနနဲ႔ ၅ ပြဲအထက္ ပြဲပယ္ျပစ္ဒဏ္ရရွိခဲ့မယ္ဆုိရင္ လာလီဂါပြဲစဥ္အမ်ားစုကို လြဲေခ်ာ္မွာျဖစ္ၿပီး ၄ ပြဲေအာက္ ပြဲပယ္ခံရမယ္ဆုိရင္ စပိန္စူပါဖလားပြဲစဥ္ေတြကို လဲြေခ်ာ္မွာလည္း ျဖစ္ပါတယ္။

Source : Goal
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
စပိန်စူပါဖလားပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ရီးရဲမက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ပွဲစဉ်မှာ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ကွင်းလယ်ဒိုင် ဘန်ဂို့စ်စီယာကို တွန်းထိုးခဲ့တယ်လို့ကွင်းလယ်ဒိုင်ရဲ့ပွဲပြီး အစီရင်ခံစာမှာ ရေးသားထားတာကြောင့် ရော်နယ်ဒိုအနေနဲ့ ၁၂ ပွဲအထိ ပွဲပယ်ခံရဖွယ်ရှိနေတာ ဖြစ်ပါတယ်။

စပိန်စူပါဖလား ပထမအကျော့ပွဲစဉ်အဖြစ် ဘာစီလိုနာအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ရတဲ့ပွဲစဉ်မှာ ရီးရဲမက်ဒရစ်အသင်းရဲ့တောင်ပံကစားသမား ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဘာစီလိုနာအသင်းဘက်ကို ဂိုးသွင်းယူနိုင်ခဲ့ပြီး အောင်ပွဲခံရာမှာ အကျီကို ချွတ်ပြီး အောင်ပွဲခံခဲ့တာကြောင့် ကွင်းလယ်ဒိုင်ရဲ့အဝါကတ် ပြသခြင်းကို ခံခဲ့ရပါတယ်။ နောက်ထပ် မိနစ်အနည်းငယ်အကြာမှာတော့ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဘာစီလိုနာအသင်းရဲ့ ပင်နယ်တီဧရိယာထဲမှာ ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က နောက်ထပ် အဝါကတ်တစ်ကတ်ကို ပြသပြီး အနီကတ်ပြပြီးကွင်းအတွင်းက ထွက်ခွာသွားစေဖို့ ပြောပြီး ပြန်လှည့်အထွက်မှာ ခရစ်စတီယာနိုရော်နယ်ဒိုက နောက်ကနေ တွန်းထိုးခဲ့တာဖြစ်ပါတယ်။

ကွင်းလယ်ဒိုင် ဘန်ဂို့စ်စီယာရဲ့ ပွဲအပြီး အစီရင်ခံစာမှာ ယင်းဖြစ်ရပ်ကို ထည့်သွင်းရေးသားခဲ့ပြီး "ရီးရဲမက်ဒရစ်အသင်းရဲ့ကစားသမား ခရစ်စတီယာနိုရော်နယ်ဒိုဟာ သူ့ကို ပြသတဲ့အနီကတ်နဲ့ပတ်သက်ပြီး သဘောမတူတဲ့အနေနဲ့ နောက်ကနေ တွန်းထိုးခဲ့ပါတယ်"လို့  ရေးသားထားပါတယ်။ရီးရဲမက်ဒရစ်အသင်းရဲ့တောင်ပံကစားသမား ခရစ်စတီယာနိုရော်နယ်ဒိုအနေနဲ့ စပိန်အားကစားအဖွဲ့ချုပ်ရဲ့စည်းမျဉ်းစာအုပ် စာမျက်နှာ ၉၆ ဒိုင်လူကြီးကို ကျူးလွန်သောပြစ်မှုများခေါင်းစဉ်အရ ၁၂ ပွဲအထိ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရနိုင်ကြောင်းသိရပါတယ်။

ခရစ်စတီယာနိုရဲ့ကံကြမ္မာဟာ ယခုအချိန်မှာတော့ စပိန်ဘောလုံးပြိုင်ပွဲကျင်းပရေးကော်မတီအဖွဲ့ချုပ်ရဲ့လက်ထဲမှာ ရှိနေတာဖြစ်ပြီး အသက် ၃၂ နှစ်အရွယ်ကစားသမားကို အနီကတ်ကြောင့်တစ်ပွဲပယ် ပြစ်ဒဏ်အပြင် နောက်ထပ် ဘယ်နှပွဲပယ် ပြစ်ဒဏ်ချမှတ်မလဲဆိုတာကိုတော့ သူတို့ကသာ ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။ရော်နယ်ဒိုအနေနဲ့ ၅ ပွဲအထက် ပွဲပယ်ပြစ်ဒဏ်ရရှိခဲ့မယ်ဆိုရင် လာလီဂါပွဲစဉ်အများစုကို လွဲချော်မှာဖြစ်ပြီး ၄ ပွဲအောက် ပွဲပယ်ခံရမယ်ဆိုရင် စပိန်စူပါဖလားပွဲစဉ်တွေကို လွဲချော်မှာလည်း ဖြစ်ပါတယ်။

Source : Goal

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top