ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ျမန္မာအသင္းကိုၾကည့္ရတာေတာ္ေတာ္ေလးေကာင္းေနပံုရၿပီး ၿပိဳင္ပြဲမွာထင္ရွားေနတဲ့ ကစားသမားတစ္ေယာက္လည္း ရွိေနပါ တယ္။

ေအာင္သူဟာ ၿပီးခဲ့တဲ့တနလၤာေန႔ကတည္းကစတင္တဲ့ ပထမဆံုးပြဲမွာကတည္းက ျမန္မာအသင္းမွာပါဝင္ကစားေ နပါ တ ယ္။ သံုးပြဲ မွာ ေလးဂိုးသြင္းထားတဲ့ အခ်က္အလက္ေတြက အထင္ႀကီးစရာပါ။ White Angles ေတြ အုပ္စု (က) ထိပ္ ဆံုးေရာက္ေနၿပီး တစ္ပြဲကစားဖို႔က်န္ေသးေပမယ့္ ဆီမီးတက္ႏိုင္ခဲ့တာမွာ ဒီတိုက္စစ္မွဴးက အဓိကအေၾကာင္းရင္းတစ္ခုလဲ ျဖစ္ပါတယ္။

က်န္တဲ့ပြဲက မေလးရွားနဲ႔ကစားရမယ့္ပြဲျဖစ္ပါတယ္။ ျမန္မာအသင္းကသိပ္ေကာင္းေနၿပီး ႏွစ္သင္းလံုးအႏိုင္ လိုအ ပ္ေ နခ်ိ န္မွာ အိမ္ရွင္အသင္းနဲ႔ ပရိသတ္အမ်ားႀကီးေရွ႕ ရင္ဆိုင္ရမွာျဖစ္လို႔ စြဲမက္စရာေကာင္းတဲ့ပြဲတစ္ပြဲပါပဲ။ မၾကာခင္ျဖစ္လာေ တာ့မွာပါ။

အသက္ ၂၁ ႏွစ္အရြယ္တိုက္စစ္မွဴးဟာ စင္ကာပူကို ၂-၀ ဂိုးနဲ႔ႏိုင္တဲ့အဖြင့္ပြဲမွာ ႏွစ္ဂိုးစလံုးကိုသြင္းယူေပးခဲ့ပါတယ္။ လာ အိုကို ၃-၁ ဂိုး၊ ဘ႐ူႏိုင္းကို ၆-၀ ဂိုးနဲ႔ေခ်မႈန္းတဲ့ပြဲေတြမွာလည္း အဖြင့္ဂိုးေတြသြင္းယူခဲ့ျပန္ပါတယ္။ အဲဒီအဆင့္စမ္းသပ္မႈေ တြက အခက္ဆံုး ေတြမဟုတ္ခဲ့ေပမယ့္လည္း ေအာင္သူဟာ အဲဒီသံုးပြဲစလံုးမွာ အေရးပါတဲ့အဖြင့္ဂိုးေတြသြင္း ခဲ့တာဆို တာကိုေတာ့ မေမ့သင့္ပါဘူး။

စင္ကာပူနဲ႔ပြဲမွာဆိုရင္ သူ႔ရဲ႕အာ႐ံုစူးစိုက္မႈနဲ႔ ပင္ကိုယ္စြမ္းရည္ကိုျပသႏိုင္ခဲ့ပါတယ္။ ရတနာပံုၾကယ္ပြင့္ဟာ ေရွ႕တန္းတစ္ေ လွ်ာက္ သူ႔ရဲ႕ ေျပးႏႈန္း၊ ေရြ႕လ်ားမႈနဲ႔ အရာအားလံုးကိုဖန္တီးႏိုင္တာမဟုတ္ေပမယ့္လည္း ကၽြမ္းက်င္မႈတစ္ခုေတာ့ရွိေ န တယ္။ အဲဒီ ကၽြမ္းက်င္မႈမ်ိဳးက အာဆီယံေဘာလံုးေလာကမွာ သိပ္အမ်ားႀကီးေတြ႕ရေလ့မရွိဘူး။ ဂိုးဧရိယာအတြင္း ေနရာ လြတ္ရွာေဖြျခင္း ပါပဲ။

အဲဒါေၾကာင့္ပဲ စင္ကာပူနဲ႔ပြဲမွာ သူ႔ရဲ႕ပထမဂိုးကိုသြင္းႏိုင္ခဲ့တယ္။ ဂိုးဧရိယာထဲမေယာင္မလည္လုပ္ေနရင္းနဲ႔ စင္ထြက္ လာ တဲ့ ေဘာလံုးကို ေနာက္တန္းကမရွင္းႏိုင္ေသးခင္မွာတင္ ဂိုးသမားကိုျဖတ္ၿပီး ျမန္ျမန္ပဲ ကန္သြင္းသြားခဲ့တယ္။ ဒုတိယဂိုး က ပိုေကာင္းတယ္။ ညာျခမ္းကလာတဲ့ေဘာလံုးကို အနီးကပ္ေျပးဝင္ၿပီး ပိတ္သြင္းယူသြားခ့ဲတာပါ။

သူ႔ကိုၾကည့္ရတာ ငယ္ရြယ္တဲ့အသက္အရြယ္နဲ႔ေတာင္ မလိုက္ပါဘူး။ ၂၀၁၅ နယူးဇီလန္ ယူ-၂၀ ကမာၻ႔ဖလားၿပိဳင္ ပြဲဝင္ခြ င့္ရ ျမန္မာယူ-၂၀ အသင္းရဲ႕ မရွိမျဖစ္ကစားသမားတစ္ဦးျဖစ္ခဲ့ၿပီး အိမ္ရွင္ဘက္ကိုဂိုးသြင္းႏိုင္ခဲ့တ့ဲ ေအာင္သူဟာ ေျခစြမ္း တစ္ဆင့္ခ်င္းတိုးတက္လာခဲ့ၿပီး ၂၀၁၆ ဆူဇူကီးဖလားၿပိဳင္ပြဲတုန္းကလည္း အမိေျမမွာ ေနာက္ထပ္ေျခစြမ္းေကာင္း ကိုျပ သႏိုင္ခဲ့ ပါတယ္။

ဒီညမွာ ရွာအလမ္ကြင္းထဲ အိမ္ရွင္နဲ႔ကစားရမယ့္ပြဲမွာ သူ ပါသည္ျဖစ္ေစ မပါသည္ျဖစ္ေစ မေလးရွား၊ စင္ကာပူ၊ အင္ဒိုနီး ရွား ဒါမွမဟုတ္ ထိုင္းကလပ္ေတြအေနနဲ႔ သူ႔ကိုေခၚယူဖို႔အသင့္ျဖစ္ေနရမယ့္ အခ်ိန္ေရာက္လာခဲ့ပါၿပီ။

သူဘာလုပ္ႏိုင္လဲဆိုတာကို ထပ္ခါထပ္ခါ ျပသခဲ့ၿပီးပါၿပီ။ ျမန္တယ္၊ အျမင္ရွိတယ္၊ ဘယ္ေရာ ညာေရာ အသံုးျပဳႏိုင္တယ္။ သူဘယ္ေလာက္ေကာင္းလာဦးမလဲဆိုတဲ့ ေမးခြန္းတစ္ခုပဲရွိေနေတာ့တယ္။ အဲဒါက သူ႔ရဲ႕ စိတ္ပိုင္းဆိုင္ရာအေပၚမူတည္ ပါတယ္။ ျမန္မာကစားသမားေတြ ျပည္ပထြက္ကစားတာရွားတ့ဲအေျခအေနလည္း ရွိေနတယ္

ျပည္ပကလပ္ေတြအေနနဲ႔ မၾကာေသးခင္ႏွစ္ေတြကအထိ ျမန္မာကစားသမားေတြကိုေခၚဖို႔ အရမ္းခက္တဲ့ ႏိုင္ငံရဲ႕သမိုင္းေ ၾကာင္း ေၾကာင့္လို႔ပဲ နားလည္ရပါတယ္။ စာခ်ဳပ္တိုင္းအတြက္ အုပ္ခ်ဳပ္ေရးပိုင္းရဲ႕ အတည္ျပဳခ်က္ကိုရယူရၿပီး ကိစၥတစ္ခု လံုးက စိတ္အႏွာက္အယွက္ျဖစ္ရတာန႔ဲေတာင္ မတန္ခဲ့ဘူး။

အခုေတာ့ လြယ္သြားပါၿပီ။ တစ္ခါတရံ ကစားသမားေတြအသင္းေျပာင္းဖို႔ တြန္႔ဆုတ္ေနတတ္တာကလြဲလို႔ေပါ့။ စင္ကာပူ ကလပ္ ဘလက္စတီယာခါဆာအသင္းက ျမန္မာကစားသမားသံုးေယာက္ကို ရာသီအစမွာ ေခၚယူထားပါတယ္။

အသင္းရဲ႕ကြင္းဟာ စင္ကာပူေရာက္ ျမန္မာအသိုင္းအဝိုင္းရဲ႕ သမိုင္းဝင္ႏွလံုးသည္းပြတ္ေနရာမွာ ရွိပါတယ္။ ကစားသ မားေတြကလည္း တစ္ျပည္တည္းသားေတြနဲ႔ ေရာေႏွာၿပီးအတူေနလို႔ရတဲ့ အိမ္ရာမွာေနခ်င္တယ္လို႔ ပြင့္ပြင့္လင္းလင္း ဝန္ခံထားၾကပါတယ္။

အဲဒါကႏိုင္ငံတြင္းမွာ ေဘာလံုးတိုးတက္ဖို႔ အေျပာင္းအလဲျဖစ္ဖို႔ရွိၿပီး ေအာင္သူထက္ပိုေကာင္းေအာင္လုပ္ႏိုင္မယ့္ ကစား သမား လည္း မရွိဘူးလို႔ နားလည္ထားပါတယ္။

အေျပာင္းအေရႊ႕တစ္ခုဟာ အရာရာတိုင္းအေပၚ အလြန္အမင္းအက်ိဳးသက္ေရာက္မႈရွိဖို႔ မလိုအပ္ပါဘူး။ လက္ရွိအခ်ိန္မွာ ဂ်ပန္၊ ကိုရီးယားဆိုတာက ကြင္းတြင္း၊ ကြင္းျပင္ အလွမ္းကြာလြန္းေနတဲ့အေျခအေနပါ။

အိမ္နီးခ်င္းႏိုင္ငံေတြမွာထြက္ကစားဖို႔ကိုသာ အႀကံျပဳခ်င္ၿပီး သူ႔အေနနဲ႔ အေရွ႕ေတာင္အာရွရဲ႕ ႀကိဳက္တဲ့ႏိုင္ငံမွာ ကစားႏို င္တဲ့ ေျခစြမ္းလည္းရွိေနပါတယ္။

ထိုင္းကလပ္ေတြကလည္း စိတ္ဝင္စားေနၾကတယ္။ အဲဒီလိဂ္က ေဒသတြင္းမွာအေတာင့္တင္းဆံုးျဖစ္သလို လာမယ့္ရာ သီဆိုရင္ အာဆီယံကစားသမားေတြအတြက္ ေနရာတစ္ေနရာပိုေပးေတာ့မယ္။ အိမ္နီးခ်င္းႏိုင္ငံလည္းျဖစ္လို႔ ေခ်ာေမြ႕ တဲ့အကူးအေျပာင္း ျဖစ္ေစလိမ့္မယ္။

ဒါေပမဲ့ မေလးရွားနဲ႔ စင္ကာပူကလပ္ေတြကလည္း သူ ထိုင္းကိုေရာက္မသြားေအာင္ အစြမ္းကုန္ႀကိဳးစားၾကသင့္ပါတယ္။ ေအာင္သူဟာ လိဂ္ပံုရိပ္ကိုျမႇင့္တင္ေပးႏိုင္မယ့္ ကစားသမားမ်ိဳးလည္းျဖစ္ပါတယ္။ မထင္မ႐ွား ဘရာဇီးေတြကိုေခၚေနမယ့္ အစား အာဆီယံၾကယ္ပြင့္အစစ္အမွန္ေတြကိုေခၚယူတာက ကြင္းတြင္းကြင္းျပင္ မွန္ကန္တဲ့ေခၚယူမႈျဖစ္ပါတယ္။

ေအာင္သူအေနနဲ႔ ဒီၿပိဳင္ပြဲန႔ဲတင္မလံုေလာက္ေသးဘူးဆိုရင္ေတာင္ သူ႔ရဲ႕ေျခစြမ္းကိုသက္ေသထပ္ျပဖို႔ အဆင္သင့္ျဖ စ္ လို႔ေနပါ ေတာ့တယ္။

(ၾသစေၾတးလ်အေျခစိုက္ fox sports သတင္းဌာနက ေရးထားတဲ့ Why Aung Thu needs to play in Singapore or Malaysia ကို ဆီေလ်ာ္ေအာင္ျပန္ဆိုထားပါသည္။)

ေဝဘုန္းလူ (ၾသစေၾတးလ်အေျခစိုက္ fox sports သတင္းဌာနက ေရးထားတဲ့ Why Aung Thu needs to play in Singapore or Malaysia ကို ဆီေလ်ာ္ေအာင္ျပန္ဆိုထားပါသည္။)

ဓါတ္ပံု MFF


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Waiphone Lu

#Unicode Version#
မြန်မာအသင်းကိုကြည့်ရတာတော်တော်လေးကောင်းနေပုံရပြီး ပြိုင်ပွဲမှာထင်ရှားနေတဲ့ ကစားသမားတစ်ယောက်လည်း ရှိနေပါ တယ်။

အောင်သူဟာ ပြီးခဲ့တဲ့တနင်္လာနေ့ကတည်းကစတင်တဲ့ ပထမဆုံးပွဲမှာကတည်းက မြန်မာအသင်းမှာပါဝင်ကစားေ နပါ တ ယ်။ သုံးပွဲ မှာ လေးဂိုးသွင်းထားတဲ့ အချက်အလက်တွေက အထင်ကြီးစရာပါ။ White Angles တွေ အုပ်စု (က) ထိပ် ဆုံးရောက်နေပြီး တစ်ပွဲကစားဖို့ကျန်သေးပေမယ့် ဆီမီးတက်နိုင်ခဲ့တာမှာ ဒီတိုက်စစ်မှူးက အဓိကအကြောင်းရင်းတစ်ခုလဲ ဖြစ်ပါတယ်။

ကျန်တဲ့ပွဲက မလေးရှားနဲ့ကစားရမယ့်ပွဲဖြစ်ပါတယ်။ မြန်မာအသင်းကသိပ်ကောင်းနေပြီး နှစ်သင်းလုံးအနိုင် လိုအ ပ်ေ နချိ န်မှာ အိမ်ရှင်အသင်းနဲ့ ပရိသတ်အများကြီးရှေ့ ရင်ဆိုင်ရမှာဖြစ်လို့ စွဲမက်စရာကောင်းတဲ့ပွဲတစ်ပွဲပါပဲ။ မကြာခင်ဖြစ်လာေ တာ့မှာပါ။

အသက် ၂၁ နှစ်အရွယ်တိုက်စစ်မှူးဟာ စင်ကာပူကို ၂-၀ ဂိုးနဲ့နိုင်တဲ့အဖွင့်ပွဲမှာ နှစ်ဂိုးစလုံးကိုသွင်းယူပေးခဲ့ပါတယ်။ လာ အိုကို ၃-၁ ဂိုး၊ ဘရူနိုင်းကို ၆-၀ ဂိုးနဲ့ချေမှုန်းတဲ့ပွဲတွေမှာလည်း အဖွင့်ဂိုးတွေသွင်းယူခဲ့ပြန်ပါတယ်။ အဲဒီအဆင့်စမ်းသပ်မှုေ တွက အခက်ဆုံး တွေမဟုတ်ခဲ့ပေမယ့်လည်း အောင်သူဟာ အဲဒီသုံးပွဲစလုံးမှာ အရေးပါတဲ့အဖွင့်ဂိုးတွေသွင်း ခဲ့တာဆို တာကိုတော့ မမေ့သင့်ပါဘူး။

စင်ကာပူနဲ့ပွဲမှာဆိုရင် သူ့ရဲ့အာရုံစူးစိုက်မှုနဲ့ ပင်ကိုယ်စွမ်းရည်ကိုပြသနိုင်ခဲ့ပါတယ်။ ရတနာပုံကြယ်ပွင့်ဟာ ရှေ့တန်းတစ်ေ လျှာက် သူ့ရဲ့ ပြေးနှုန်း၊ ရွေ့လျားမှုနဲ့ အရာအားလုံးကိုဖန်တီးနိုင်တာမဟုတ်ပေမယ့်လည်း ကျွမ်းကျင်မှုတစ်ခုတော့ရှိေ န တယ်။ အဲဒီ ကျွမ်းကျင်မှုမျိုးက အာဆီယံဘောလုံးလောကမှာ သိပ်အများကြီးတွေ့ရလေ့မရှိဘူး။ ဂိုးဧရိယာအတွင်း နေရာ လွတ်ရှာဖွေခြင်း ပါပဲ။

အဲဒါကြောင့်ပဲ စင်ကာပူနဲ့ပွဲမှာ သူ့ရဲ့ပထမဂိုးကိုသွင်းနိုင်ခဲ့တယ်။ ဂိုးဧရိယာထဲမယောင်မလည်လုပ်နေရင်းနဲ့ စင်ထွက် လာ တဲ့ ဘောလုံးကို နောက်တန်းကမရှင်းနိုင်သေးခင်မှာတင် ဂိုးသမားကိုဖြတ်ပြီး မြန်မြန်ပဲ ကန်သွင်းသွားခဲ့တယ်။ ဒုတိယဂိုး က ပိုကောင်းတယ်။ ညာခြမ်းကလာတဲ့ဘောလုံးကို အနီးကပ်ပြေးဝင်ပြီး ပိတ်သွင်းယူသွားခဲ့တာပါ။

သူ့ကိုကြည့်ရတာ ငယ်ရွယ်တဲ့အသက်အရွယ်နဲ့တောင် မလိုက်ပါဘူး။ ၂၀၁၅ နယူးဇီလန် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင် ပွဲဝင်ခွ င့်ရ မြန်မာယူ-၂၀ အသင်းရဲ့ မရှိမဖြစ်ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး အိမ်ရှင်ဘက်ကိုဂိုးသွင်းနိုင်ခဲ့တဲ့ အောင်သူဟာ ခြေစွမ်း တစ်ဆင့်ချင်းတိုးတက်လာခဲ့ပြီး ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲတုန်းကလည်း အမိမြေမှာ နောက်ထပ်ခြေစွမ်းကောင်း ကိုပြ သနိုင်ခဲ့ ပါတယ်။

ဒီညမှာ ရှာအလမ်ကွင်းထဲ အိမ်ရှင်နဲ့ကစားရမယ့်ပွဲမှာ သူ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီး ရှား ဒါမှမဟုတ် ထိုင်းကလပ်တွေအနေနဲ့ သူ့ကိုခေါ်ယူဖို့အသင့်ဖြစ်နေရမယ့် အချိန်ရောက်လာခဲ့ပါပြီ။

သူဘာလုပ်နိုင်လဲဆိုတာကို ထပ်ခါထပ်ခါ ပြသခဲ့ပြီးပါပြီ။ မြန်တယ်၊ အမြင်ရှိတယ်၊ ဘယ်ရော ညာရော အသုံးပြုနိုင်တယ်။ သူဘယ်လောက်ကောင်းလာဦးမလဲဆိုတဲ့ မေးခွန်းတစ်ခုပဲရှိနေတော့တယ်။ အဲဒါက သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာအပေါ်မူတည် ပါတယ်။ မြန်မာကစားသမားတွေ ပြည်ပထွက်ကစားတာရှားတဲ့အခြေအနေလည်း ရှိနေတယ်

ပြည်ပကလပ်တွေအနေနဲ့ မကြာသေးခင်နှစ်တွေကအထိ မြန်မာကစားသမားတွေကိုခေါ်ဖို့ အရမ်းခက်တဲ့ နိုင်ငံရဲ့သမိုင်းေ ကြာင်း ကြောင့်လို့ပဲ နားလည်ရပါတယ်။ စာချုပ်တိုင်းအတွက် အုပ်ချုပ်ရေးပိုင်းရဲ့ အတည်ပြုချက်ကိုရယူရပြီး ကိစ္စတစ်ခု လုံးက စိတ်အနှာက်အယှက်ဖြစ်ရတာနဲ့တောင် မတန်ခဲ့ဘူး။

အခုတော့ လွယ်သွားပါပြီ။ တစ်ခါတရံ ကစားသမားတွေအသင်းပြောင်းဖို့ တွန့်ဆုတ်နေတတ်တာကလွဲလို့ပေါ့။ စင်ကာပူ ကလပ် ဘလက်စတီယာခါဆာအသင်းက မြန်မာကစားသမားသုံးယောက်ကို ရာသီအစမှာ ခေါ်ယူထားပါတယ်။

အသင်းရဲ့ကွင်းဟာ စင်ကာပူရောက် မြန်မာအသိုင်းအဝိုင်းရဲ့ သမိုင်းဝင်နှလုံးသည်းပွတ်နေရာမှာ ရှိပါတယ်။ ကစားသ မားတွေကလည်း တစ်ပြည်တည်းသားတွေနဲ့ ရောနှောပြီးအတူနေလို့ရတဲ့ အိမ်ရာမှာနေချင်တယ်လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံထားကြပါတယ်။

အဲဒါကနိုင်ငံတွင်းမှာ ဘောလုံးတိုးတက်ဖို့ အပြောင်းအလဲဖြစ်ဖို့ရှိပြီး အောင်သူထက်ပိုကောင်းအောင်လုပ်နိုင်မယ့် ကစား သမား လည်း မရှိဘူးလို့ နားလည်ထားပါတယ်။

အပြောင်းအရွှေ့တစ်ခုဟာ အရာရာတိုင်းအပေါ် အလွန်အမင်းအကျိုးသက်ရောက်မှုရှိဖို့ မလိုအပ်ပါဘူး။ လက်ရှိအချိန်မှာ ဂျပန်၊ ကိုရီးယားဆိုတာက ကွင်းတွင်း၊ ကွင်းပြင် အလှမ်းကွာလွန်းနေတဲ့အခြေအနေပါ။

အိမ်နီးချင်းနိုင်ငံတွေမှာထွက်ကစားဖို့ကိုသာ အကြံပြုချင်ပြီး သူ့အနေနဲ့ အရှေ့တောင်အာရှရဲ့ ကြိုက်တဲ့နိုင်ငံမှာ ကစားနို င်တဲ့ ခြေစွမ်းလည်းရှိနေပါတယ်။

ထိုင်းကလပ်တွေကလည်း စိတ်ဝင်စားနေကြတယ်။ အဲဒီလိဂ်က ဒေသတွင်းမှာအတောင့်တင်းဆုံးဖြစ်သလို လာမယ့်ရာ သီဆိုရင် အာဆီယံကစားသမားတွေအတွက် နေရာတစ်နေရာပိုပေးတော့မယ်။ အိမ်နီးချင်းနိုင်ငံလည်းဖြစ်လို့ ချောမွေ့ တဲ့အကူးအပြောင်း ဖြစ်စေလိမ့်မယ်။

ဒါပေမဲ့ မလေးရှားနဲ့ စင်ကာပူကလပ်တွေကလည်း သူ ထိုင်းကိုရောက်မသွားအောင် အစွမ်းကုန်ကြိုးစားကြသင့်ပါတယ်။ အောင်သူဟာ လိဂ်ပုံရိပ်ကိုမြှင့်တင်ပေးနိုင်မယ့် ကစားသမားမျိုးလည်းဖြစ်ပါတယ်။ မထင်မရှား ဘရာဇီးတွေကိုခေါ်နေမယ့် အစား အာဆီယံကြယ်ပွင့်အစစ်အမှန်တွေကိုခေါ်ယူတာက ကွင်းတွင်းကွင်းပြင် မှန်ကန်တဲ့ခေါ်ယူမှုဖြစ်ပါတယ်။

အောင်သူအနေနဲ့ ဒီပြိုင်ပွဲနဲ့တင်မလုံလောက်သေးဘူးဆိုရင်တောင် သူ့ရဲ့ခြေစွမ်းကိုသက်သေထပ်ပြဖို့ အဆင်သင့်ဖြ စ် လို့နေပါ တော့တယ်။

(သြစတြေးလျအခြေစိုက် fox sports သတင်းဌာနက ရေးထားတဲ့ Why Aung Thu needs to play in Singapore or Malaysia ကို ဆီလျော်အောင်ပြန်ဆိုထားပါသည်။)

ဝေဘုန်းလူ (သြစတြေးလျအခြေစိုက် fox sports သတင်းဌာနက ရေးထားတဲ့ Why Aung Thu needs to play in Singapore or Malaysia ကို ဆီလျော်အောင်ပြန်ဆိုထားပါသည်။)

ဓါတ်ပုံ MFF


ဖိုးသူတော် (www.phothutaw.com)
Credit: Waiphone Lu
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top