ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ေရငတ္ေနခ်ိန္မွာ ေရသန္႔တစ္ဘူးနဲ႔ ကိုလာတစ္ဘူးေရြးခ်ယ္ပါဆိုရင္ ဘာကိုေရြးခ်ယ္မိမလဲ။ ဘယ္အရာကိုေသာက္သံုးျခင္းက ေရငတ္ျခင္းကိုေျပေပ်ာက္ေစၿပီး ေရဓာတ္ျပန္လည္ ျပည္႔ဝေစမလဲ။ ပါးစပ္တစ္ခုလံုး ေျခာက္ကပ္ၿပီး ေရဓာတ္လိုအပ္ေၾကာင္း ေဖာ္ျပေနခ်ိန္မွာ ေရကလြဲၿပီး တျခားဘယ္အခ်ိဳရည္က ေရဆာမႈကို ေျဖေဖ်ာက္ႏိုင္မလဲ။ မွန္ပါတယ္။ ေရငတ္ေနခ်ိန္မွာ ေရေသာက္ေပးျခင္းသည္သာ အေကာင္းဆံုးပါပဲ။

ကြ်န္ေတာ္တို႔ရဲ႕ခႏၶာကိုယ္ကို ေရ (၇၅) ရာခိုင္ႏႈန္းနဲ႔ဖြဲ႕စည္းထားတဲ႔အတြက္ ေရဓာတ္ျပည္႔ဝေနဖို႔က အလြန္အေရးႀကီးတယ္ဆိုတာ ေျပာျပေနဖို႔ေတာင္မလိုပါဘူး။ "ထမင္းအသက္ (၇) ရက္၊ ေရအသက္ တစ္မနက္" ဆိုတဲ႔စကားေတာင္ရွိပါေသးတယ္။ ထမင္းမစားဘဲ (၇) ရက္ထိေတာင္႔ခံႏိုင္ေပမယ္႔ ေရမေသာက္ဘဲ တစ္မနက္ပဲေတာင္႔ခံႏိုင္မယ္လို႔ ဆိုလိုတာပါ။ ေရဓာတ္ခမ္းေျခာက္ျခင္းဆိုတာ မျဖစ္ေအာင္ ေရဓာတ္ခမ္းေျခာက္ေနၿပီလို႔ ခႏၶာကိုယ္ကသတိေပးတဲ႔ လကၡဏာေတြကိုသိထားတာလည္း မမွားပါဘူး။
၁။ ေရငတ္ျခင္း

ေရဓာတ္ခမ္းေျခာက္ျခင္းကို ေဖာ္ျပႏိုင္တဲ႔အေကာင္းဆံုးလကၡဏာကေတာ႔ ေရငတ္တာပါပဲ။ ေရငတ္ေနပါတယ္ဆိုမွေတာ႔ ေရဓာတ္ခမ္းေျခာက္ေနလို႔ပဲေပါ႔။ ဒါေၾကာင္႔လည္း ေန႕တစ္ေန႔ကိုအစပ်ိဳးေတာ႔မယ္ ဆိုတာနဲ႔ (ဒါမွမဟုတ္) ကိုယ္ကာယလႈပ္ရွားမႈ တစ္ခုကို ျပဳလုပ္ရေတာ႔မယ္ဆိုတာနဲ႔ ေရေသာက္ေပးဖို႔ အၾကံျပဳထားၾကတာျဖစ္ပါတယ္။ ေရကိုဝဝလင္လင္မေသာက္ဘဲ လႈပ္ရွားမိမယ္ဆိုရင္ ခံတြင္းေတြ ေျခာက္လာပါလိမ္႔မယ္။ ေရဓာတ္ခမ္းေျခာက္္ျခင္းေၾကာင္႔ျဖစ္တတ္တဲ႔ ေနာက္ဆက္တြဲေဘးထြက္ ဆိုးက်ိဳးေတြကို ကာကြယ္ဖို႔ ေရကိုဝဝလင္လင္ေသာက္သံုးေပးပါ။
၂။ ဆီးေအာင္႔ျခင္း
Image result for urine pain
ေရငတ္ျခင္း၊ ပါးစပ္ေျခာက္ျခင္းတို႔အျပင္ ေရဓာတ္ခမ္းေျခာက္ျခင္းကိုေဖာ္ျပေနတဲ႔ ေနာက္ထပ္လကၡဏာတစ္ခုကေတာ႔ ဆီးပါပဲ။ ဆီးအေရာင္နဲ႔ ဆီးသြားႏႈန္း/ ႀကိမ္ေရကိုၾကည္႔ၿပီး ခႏၶာကိုယ္က ေရဓာတ္ခမ္းေျခာက္ေနလား/ ေရဓာတ္လိုအပ္ေနလားဆိုတာကို သိရွိႏိုင္ပါတယ္။ ဆီးအေရာင္က အဝါရင္႔ေရာင္ျဖစ္ေနမယ္ဆိုရင္ ေရဓာတ္ခမ္းေျခာက္မႈက အလြန္ဆိုးဝါးေနေၾကာင္း ေဖာ္ျပတာပါပဲ။ ေရျမန္ျမန္ ေသာက္ေပးသင္႔ပါၿပီ။ အဝါေဖ်ာ႔ေရာင္ဆိုရင္ေတာ႔ ေရဓာတ္လံုလံုေလာက္ေလာက္ရွိေၾကာင္းေဖာ္ျပတာပါ။ ဆီးအေရာင္ေဖ်ာ႔ႏိုင္သမွ် ေဖ်ာ႔ေလ အေကာင္းဆံုးပါပဲ။
၃။ အေရျပားေျခာက္ေသြ႕တြန္႕ရႈံ႕ျခင္း

ေျခာက္ေသြ႕ၿပီး တြန္႕ရႈံ႕ေနတဲ႔အေရျပားက ခႏၶာကိုယ္ေရဓာတ္ခမ္းေျခာက္ေနျခင္းကို ေဖာ္ျပတဲ႔လကၡဏာတစ္ခုပါပဲ။ ဒီေနရာမွာ ေျခာက္ေသြ႕တဲ႔အေရျပားနဲ႔ ေရဓာတ္ခမ္းေျခာက္မႈေၾကာင္႔ျဖစ္တဲ႔ အေရျပားကို ကြဲကြဲျပားျပားသိဖို႔ေတာ႔ လိုအပ္ပါတယ္။ ေျခာက္ေသြ႕တဲ႔အေရျပားဆိုတာ အေရျပားဂလင္းေတြမွာလိုအပ္တဲ႔ ဆီဓာတ္ခမ္းေျခာက္မႈေၾကာင္႔ျဖစ္ၿပီး ေရဓာတ္ ခမ္းေျခာက္မႈေၾကာင္႔ ေျခာက္ေသြ႕တြန္႕ရႈံ႕တဲ႔ အေရျပားဆိုတာကေတာ႔ ေရဓာတ္နဲ႔ အစိုဓာတ္လိုအပ္မႈေၾကာင္႔ ျဖစ္ပြားပါတယ္။ လွပေခ်ာေမြ႕တဲ႔အသားအေရကိုပိုင္ဆိုင္ခ်င္ရင္ေတာ႔ ေရဓာတ္လံုေလာက္ေအာင္ ေသာက္သံုးေပးသင္႔ပါတယ္။
၄။ ဆာေလာင္ျခင္း

ဗိုက္ထဲက ျပင္းျပင္းပ်ပ်ဆာေလာင္တဲ႔ခံစားမႈေၾကာင္႔ ေရခြက္ဆီကို လက္လွမ္းမိဖူးပါသလား။ ဒါဟာ ေရဓာတ္ခမ္းေျခာက္ျခင္းက ဆာေလာင္ျခင္းအသြင္သ႑ာန္နဲ႔ အခ်က္ျပေနတာျဖစ္ပါတယ္။ ခႏၶာကိုယ္က ေရဓာတ္ခမ္းေျခာက္ျခင္းကို ဆာေလာင္မႈအျဖစ္ မွားယြင္းဘာသာျပန္မိၿပီး မလိုအပ္ဘဲ အစားအေသာက္ေတြကို စားမိတတ္ပါတယ္။ အဲဒီအခ်ိန္မွာ ကယ္လိုရီေတြပိုလွ်ံၿပီး အဝလြန္ျခင္းဆီ ဦးတည္ႏိုင္ပါတယ္။
၅။ ေမာပန္းႏြမ္းနယ္ျခင္း

ေမာပန္းႏြမ္းနယ္ျခင္းကို ျဖစ္ေစတဲ႔အေၾကာင္းရင္းအမ်ားႀကီးရွိပါတယ္။ အဲဒီထဲကတစ္ခုကေတာ႔ ေရဓာတ္ခမ္းေျခာက္ျခင္းပါပဲ။ ေရဓာတ္ခမ္းေျခာက္ၿပီဆိုရင္ ေမာပန္းႏြမ္းနယ္သလို ခံစားရရံုသာမက လုပ္ေနတဲ႔ အလုပ္အေပၚအာရံုစိုက္မႈကိုေတာင္ ေလ်ာ႔က်ေစပါတယ္။ မၾကာခဏေမာပန္းတတ္တယ္ဆိုရင္ ေကာ္ဖီလိုမ်ိဳး လႈံ႕ေဆာ္ေပးတဲ႔အရည္ေတြကို သိပ္မေသာက္ပါနဲ႔။ အဲဒီအစား ေရကိုသာမ်ားမ်ားေသာက္ေပးပါ။
၆။ ၾကြက္သားနာက်င္ျခင္း

အေျပးသမားေတြ၊ ေရကူးသမားေတြ၊ လက္ေဝွ႕သမားေတြလို အားကစားသမားေတြ ေရမ်ားမ်ားေသာက္ၾကတာ အေၾကာင္းရွိပါတယ္။ ဘာေၾကာင္႔လဲဆိုေတာ႔ သူတို႔ဟာ ေခြ်းထြက္ျခင္းေၾကာင္႔ သာမန္လူေတြထက္ ေရဓာတ္ပိုမို ဆံုးရႈံးႏိုင္လို႔ပါပဲ။ ေရဓာတ္ခမ္းေျခာက္မယ္ ဆိုရင္ ၾကြက္သားနာက်င္ျခင္းေဝဒနာကို ခံစားရႏိုင္ပါတယ္။ ၿပိဳင္ပြဲဝင္ေနရင္းတန္းလန္း ၾကြက္သားနာက်င္မယ္ဆိုရင္ ၾကြက္တက္ျခင္း ျဖစ္ေစႏိုင္ၿပီး အႏၱရာယ္လည္းအလြန္မ်ားပါတယ္။ ဒါေၾကာင္႔ ေရဓာတ္မဆံုးရႈံးရေလေအာင္ ဂရုစိုက္သင္႔ပါတယ္။

Source: stylecraze

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

ရေငတ်နေချိန်မှာ ရေသန့်တစ်ဘူးနဲ့ ကိုလာတစ်ဘူးရွေးချယ်ပါဆိုရင် ဘာကိုရွေးချယ်မိမလဲ။ ဘယ်အရာကိုသောက်သုံးခြင်းက ရေငတ်ခြင်းကိုပြေပျောက်စေပြီး ရေဓာတ်ပြန်လည် ပြည့်ဝစေမလဲ။ ပါးစပ်တစ်ခုလုံး ခြောက်ကပ်ပြီး ရေဓာတ်လိုအပ်ကြောင်း ဖော်ပြနေချိန်မှာ ရေကလွဲပြီး တခြားဘယ်အချိုရည်က ရေဆာမှုကို ဖြေဖျောက်နိုင်မလဲ။ မှန်ပါတယ်။ ရေငတ်နေချိန်မှာ ရေသောက်ပေးခြင်းသည်သာ အကောင်းဆုံးပါပဲ။

ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကို ရေ (၇၅) ရာခိုင်နှုန်းနဲ့ဖွဲ့စည်းထားတဲ့အတွက် ရေဓာတ်ပြည့်ဝနေဖို့က အလွန်အရေးကြီးတယ်ဆိုတာ ပြောပြနေဖို့တောင်မလိုပါဘူး။ "ထမင်းအသက် (၇) ရက်၊ ရေအသက် တစ်မနက်" ဆိုတဲ့စကားတောင်ရှိပါသေးတယ်။ ထမင်းမစားဘဲ (၇) ရက်ထိတောင့်ခံနိုင်ပေမယ့် ရေမသောက်ဘဲ တစ်မနက်ပဲတောင့်ခံနိုင်မယ်လို့ ဆိုလိုတာပါ။ ရေဓာတ်ခမ်းခြောက်ခြင်းဆိုတာ မဖြစ်အောင် ရေဓာတ်ခမ်းခြောက်နေပြီလို့ ခန္ဓာကိုယ်ကသတိပေးတဲ့ လက္ခဏာတွေကိုသိထားတာလည်း မမှားပါဘူး။
၁။ ရေငတ်ခြင်း

ရေဓာတ်ခမ်းခြောက်ခြင်းကို ဖော်ပြနိုင်တဲ့အကောင်းဆုံးလက္ခဏာကတော့ ရေငတ်တာပါပဲ။ ရေငတ်နေပါတယ်ဆိုမှတော့ ရေဓာတ်ခမ်းခြောက်နေလို့ပဲပေါ့။ ဒါကြောင့်လည်း နေ့တစ်နေ့ကိုအစပျိုးတော့မယ် ဆိုတာနဲ့ (ဒါမှမဟုတ်) ကိုယ်ကာယလှုပ်ရှားမှု တစ်ခုကို ပြုလုပ်ရတော့မယ်ဆိုတာနဲ့ ရေသောက်ပေးဖို့ အကြံပြုထားကြတာဖြစ်ပါတယ်။ ရေကိုဝဝလင်လင်မသောက်ဘဲ လှုပ်ရှားမိမယ်ဆိုရင် ခံတွင်းတွေ ခြောက်လာပါလိမ့်မယ်။ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့်ဖြစ်တတ်တဲ့ နောက်ဆက်တွဲဘေးထွက် ဆိုးကျိုးတွေကို ကာကွယ်ဖို့ ရေကိုဝဝလင်လင်သောက်သုံးပေးပါ။
၂။ ဆီးအောင့်ခြင်း

ရေငတ်ခြင်း၊ ပါးစပ်ခြောက်ခြင်းတို့အပြင် ရေဓာတ်ခမ်းခြောက်ခြင်းကိုဖော်ပြနေတဲ့ နောက်ထပ်လက္ခဏာတစ်ခုကတော့ ဆီးပါပဲ။ ဆီးအရောင်နဲ့ ဆီးသွားနှုန်း/ ကြိမ်ရေကိုကြည့်ပြီး ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်နေလား/ ရေဓာတ်လိုအပ်နေလားဆိုတာကို သိရှိနိုင်ပါတယ်။ ဆီးအရောင်က အဝါရင့်ရောင်ဖြစ်နေမယ်ဆိုရင် ရေဓာတ်ခမ်းခြောက်မှုက အလွန်ဆိုးဝါးနေကြောင်း ဖော်ပြတာပါပဲ။ ရေမြန်မြန် သောက်ပေးသင့်ပါပြီ။ အဝါဖျော့ရောင်ဆိုရင်တော့ ရေဓာတ်လုံလုံလောက်လောက်ရှိကြောင်းဖော်ပြတာပါ။ ဆီးအရောင်ဖျော့နိုင်သမျှ ဖျော့လေ အကောင်းဆုံးပါပဲ။
၃။ အရေပြားခြောက်သွေ့တွန့်ရှုံ့ခြင်း

ခြောက်သွေ့ပြီး တွန့်ရှုံ့နေတဲ့အရေပြားက ခန္ဓာကိုယ်ရေဓာတ်ခမ်းခြောက်နေခြင်းကို ဖော်ပြတဲ့လက္ခဏာတစ်ခုပါပဲ။ ဒီနေရာမှာ ခြောက်သွေ့တဲ့အရေပြားနဲ့ ရေဓာတ်ခမ်းခြောက်မှုကြောင့်ဖြစ်တဲ့ အရေပြားကို ကွဲကွဲပြားပြားသိဖို့တော့ လိုအပ်ပါတယ်။ ခြောက်သွေ့တဲ့အရေပြားဆိုတာ အရေပြားဂလင်းတွေမှာလိုအပ်တဲ့ ဆီဓာတ်ခမ်းခြောက်မှုကြောင့်ဖြစ်ပြီး ရေဓာတ် ခမ်းခြောက်မှုကြောင့် ခြောက်သွေ့တွန့်ရှုံ့တဲ့ အရေပြားဆိုတာကတော့ ရေဓာတ်နဲ့ အစိုဓာတ်လိုအပ်မှုကြောင့် ဖြစ်ပွားပါတယ်။ လှပချောမွေ့တဲ့အသားအရေကိုပိုင်ဆိုင်ချင်ရင်တော့ ရေဓာတ်လုံလောက်အောင် သောက်သုံးပေးသင့်ပါတယ်။
၄။ ဆာလောင်ခြင်း

ဗိုက်ထဲက ပြင်းပြင်းပျပျဆာလောင်တဲ့ခံစားမှုကြောင့် ရေခွက်ဆီကို လက်လှမ်းမိဖူးပါသလား။ ဒါဟာ ရေဓာတ်ခမ်းခြောက်ခြင်းက ဆာလောင်ခြင်းအသွင်သဏ္ဍာန်နဲ့ အချက်ပြနေတာဖြစ်ပါတယ်။ ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်ခြင်းကို ဆာလောင်မှုအဖြစ် မှားယွင်းဘာသာပြန်မိပြီး မလိုအပ်ဘဲ အစားအသောက်တွေကို စားမိတတ်ပါတယ်။ အဲဒီအချိန်မှာ ကယ်လိုရီတွေပိုလျှံပြီး အဝလွန်ခြင်းဆီ ဦးတည်နိုင်ပါတယ်။
၅။ မောပန်းနွမ်းနယ်ခြင်း

မောပန်းနွမ်းနယ်ခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းအများကြီးရှိပါတယ်။ အဲဒီထဲကတစ်ခုကတော့ ရေဓာတ်ခမ်းခြောက်ခြင်းပါပဲ။ ရေဓာတ်ခမ်းခြောက်ပြီဆိုရင် မောပန်းနွမ်းနယ်သလို ခံစားရရုံသာမက လုပ်နေတဲ့ အလုပ်အပေါ်အာရုံစိုက်မှုကိုတောင် လျော့ကျစေပါတယ်။ မကြာခဏမောပန်းတတ်တယ်ဆိုရင် ကော်ဖီလိုမျိုး လှုံ့ဆော်ပေးတဲ့အရည်တွေကို သိပ်မသောက်ပါနဲ့။ အဲဒီအစား ရေကိုသာများများသောက်ပေးပါ။
၆။ ကြွက်သားနာကျင်ခြင်း

အပြေးသမားတွေ၊ ရေကူးသမားတွေ၊ လက်ဝှေ့သမားတွေလို အားကစားသမားတွေ ရေများများသောက်ကြတာ အကြောင်းရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ချွေးထွက်ခြင်းကြောင့် သာမန်လူတွေထက် ရေဓာတ်ပိုမို ဆုံးရှုံးနိုင်လို့ပါပဲ။ ရေဓာတ်ခမ်းခြောက်မယ် ဆိုရင် ကြွက်သားနာကျင်ခြင်းဝေဒနာကို ခံစားရနိုင်ပါတယ်။ ပြိုင်ပွဲဝင်နေရင်းတန်းလန်း ကြွက်သားနာကျင်မယ်ဆိုရင် ကြွက်တက်ခြင်း ဖြစ်စေနိုင်ပြီး အန္တရာယ်လည်းအလွန်များပါတယ်။ ဒါကြောင့် ရေဓာတ်မဆုံးရှုံးရလေအောင် ဂရုစိုက်သင့်ပါတယ်။

Source: stylecraze

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top