ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

လန္ဒန္- မန္ယူတြင္ သြင္းဂိုးအ မ်ားဆံုးစံခ်ိန္တင္ၿပီး ယခုေႏြရာသီ ၌ အဲဗာတန္သို႔ ထြက္ခြာသြား ေသာ တိုက္စစ္မွဴး ရြန္းေနက ၎ စံခ်ိန္ကို မက္ဆီ(သို႔မဟုတ္) ေရာ္ နယ္ဒိုကသာ ခ်ိဳးဖ်က္ႏုိင္လိမ့္မည္ ဟု ေျပာၾကားသည္။

ရြန္းေနသည္ ဆယ္ေက်ာ္ သက္အရြယ္က အဲဗာတန္မွထြက္ လာၿပီး မန္ယူတြင္ ၁၃ ႏွစ္ၾကာကစားခဲ့ကာ အသင္းေဟာင္းႏွင့္ ျပန္လည္လက္တဲြခဲ့သည္။

ရြန္းေနသည္ ယခင္က မန္ယူ၏ ဂိုးသြင္းအမ်ားဆံုး ေဘာ္ ဘီခ်ာတန္၏ စံခ်ိန္ကုိ ခ်ိဳးဖ်က္ ကာ စုစုေပါင္း ၂၅၃ ဂိုးျဖင့္ စံခ်ိန္ သစ္တစ္ရပ္တင္ႏုိင္ခဲ့သည္။

ယေန႔ေခတ္ ေဘာလံုးသမား မ်ားသည္ ကလပ္မ်ားတြင္ ေရ ရွည္ေနေလ့မရွိၾကသျဖင့္ ပဲြအေျဖ ကို ေျပာင္းႏုိင္ေသာ အရည္အ ခ်င္းရွိ ကစားသမားတစ္ဦးဦး မ ေရာက္လာလွ်င္ မိမိစံခ်ိန္သည္ ဂုဏ္ယူစရာ ဆက္လက္ရွိေနမည္ ဟု ရြန္းေန (၃၁)ႏွစ္ကေျပာၾကားသည္။

ယင္းစံခ်ိန္ကို မန္ယူတြင္ ကစားခဲ့သည့္ ကာလအတိုင္း ကစားေသာ ကစားသမားတစ္ဦး ဦးကသာ ခ်ိဳးဖ်က္ႏုိင္လိမ့္မည္ဟု ရြန္းေနက ေျပာသည္။

ရြန္းေနသည္ ယင္းစံခ်ိန္ကို စတုတ္စီးတီးႏွင့္ ဇန္န၀ါရီက ကစားခဲ့ေသာပဲြတြင္ တင္ႏုိင္ခဲ့ ျခင္းျဖစ္ၿပီး စေနေန႔၌ အဲဗာတန္အတြက္ ပါ၀င္ကစားခ်ိန္၌ စတုတ္စီးတီးႏွင့္ ရင္ဆုိင္ရမည္  ျဖစ္သည္။           

-Ref:Goal



ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily


#Unicode Version#
လန်ဒန်- မန်ယူတွင် သွင်းဂိုးအ များဆုံးစံချိန်တင်ပြီး ယခုနွေရာသီ ၌ အဲဗာတန်သို့ ထွက်ခွာသွား သော တိုက်စစ်မှူး ရွန်းနေက ၎င်း စံချိန်ကို မက်ဆီ(သို့မဟုတ်) ရော် နယ်ဒိုကသာ ချိုးဖျက်နိုင်လိမ့်မည် ဟု ပြောကြားသည်။

ရွန်းနေသည် ဆယ်ကျော် သက်အရွယ်က အဲဗာတန်မှထွက် လာပြီး မန်ယူတွင် ၁၃ နှစ်ကြာကစားခဲ့ကာ အသင်းဟောင်းနှင့် ပြန်လည်လက်တွဲခဲ့သည်။

ရွန်းနေသည် ယခင်က မန်ယူ၏ ဂိုးသွင်းအများဆုံး ဘော် ဘီချာတန်၏ စံချိန်ကို ချိုးဖျက် ကာ စုစုပေါင်း ၂၅၃ ဂိုးဖြင့် စံချိန် သစ်တစ်ရပ်တင်နိုင်ခဲ့သည်။

ယနေ့ခေတ် ဘောလုံးသမား များသည် ကလပ်များတွင် ရေ ရှည်နေလေ့မရှိကြသဖြင့် ပွဲအဖြေ ကို ပြောင်းနိုင်သော အရည်အ ချင်းရှိ ကစားသမားတစ်ဦးဦး မ ရောက်လာလျှင် မိမိစံချိန်သည် ဂုဏ်ယူစရာ ဆက်လက်ရှိနေမည် ဟု ရွန်းနေ (၃၁)နှစ်ကပြောကြားသည်။

ယင်းစံချိန်ကို မန်ယူတွင် ကစားခဲ့သည့် ကာလအတိုင်း ကစားသော ကစားသမားတစ်ဦး ဦးကသာ ချိုးဖျက်နိုင်လိမ့်မည်ဟု ရွန်းနေက ပြောသည်။

ရွန်းနေသည် ယင်းစံချိန်ကို စတုတ်စီးတီးနှင့် ဇန်နဝါရီက ကစားခဲ့သောပွဲတွင် တင်နိုင်ခဲ့ ခြင်းဖြစ်ပြီး စနေနေ့၌ အဲဗာတန်အတွက် ပါဝင်ကစားချိန်၌ စတုတ်စီးတီးနှင့် ရင်ဆိုင်ရမည်  ဖြစ်သည်။           



-Ref:Goal



ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top