ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

‘ပီဇာ’ ဇာတ္ကားတြင္ အမိႈက္ေကာက္သည့္ ေကာင္ေလးတစ္ဦးပံုစံျဖင့္   သ႐ုပ္ေဆာင္ေနသည့္ ထြန္းထြန္းက ဇာတ္႐ုပ္ပီျပင္မႈရွိေစရန္    သ႐ုပ္ေဆာင္ရမည့္ ဇာတ္႐ုပ္တုိင္းကို ေသခ်ာစြာ ေလ့ လာျဖစ္ေၾကာင္း ေျပာသည္။

‘‘ကြၽန္ေတာ္တုိ႔ နိစၥဓူဝသြား လာေနတဲ့အခ်ိန္ ျမင္ေန၊ ေတြ႕ေန တဲ့အခါမွာ ကြၽန္ေတာ္ဆို ဖုန္းေလးနဲ႔ ႐ိုက္ထားတယ္။ ကာ႐ိုက္တာ ကို ေလ့လာတယ္။ အဝတ္အစား ပိုင္းဆုိင္ရာ၊ ေနထိုင္မႈပိုင္းဆုိင္ရာ ကိုလည္း ေလ့လာတယ္’’ဟု လက္ရွိသ႐ုပ္ေဆာင္ေနေသာ ဇာတ္႐ုပ္ ႏွင့္ပတ္သက္၍ ၎က ေျပာ သည္။   အမိႈက္ေကာက္သည့္ ဇာတ္႐ုပ္ပံုစံကို ယခင္ တစ္ႀကိမ္မွ် မ႐ိုက္ဖူးေသာေၾကာင့္ ဇာတ္႐ုပ္ ကို ပံ့ပိုးေပးႏုိင္မည့္ အဝတ္အစား ကအစ ေသေသခ်ာခ်ာျပင္ဆင္႐ိုက္ကူးေနေၾကာင္း ၎က ဆုိ သည္။
Image result for ထြန္းထြန္း examplez
‘‘ေကာင္ေလးနာမည္က ခ်မ္းသာ။ ဒါေပမဲ့ နာမည္နဲ႔ မလိုက္ဖက္ဘူး။ မခ်မ္းသာဘူး။ ေတာင္းစားၿပီး ေတေပေလလြင့္ ေနတာထက္ အမိႈက္ေကာက္ၿပီး သူ႔ဝမ္းစာကို ေက်ာင္းေနတာ။ အဲဒီမွာမွ  ေငြေၾကးဥစၥာလက္ထဲ ေရာက္လာတဲ့အခါမွာ ဘယ္လို ေျပာင္းလဲသြားလဲဆုိတဲ့ စ႐ိုက္ ေတြကိုပါ ေဖာ္က်ဴးထားတယ္’’ဟု ပီဇာဇာတ္ကားတြင္ ပါဝင္သ႐ုပ္ ေဆာင္ရမည့္ ဇာတ္႐ုပ္ကို ထြန္း ထြန္းက ေျပာသည္။

အဆုိပါဇာတ္ကားကို ဒါ႐ိုက္တာစတီးလ္က ႐ိုက္ကူးေနၿပီး ထြန္းထြန္းႏွင့္အတူ စည္ၿဖိဳး၊ ေရႊ သမီးႏွင့္ သြန္းဆက္တုိ႔ အဓိက ပါဝင္သ႐ုပ္ေဆာင္ထားသည္။

ထို႔အျပင္ ဩဂုတ္ ၁၂ ရက္ တြင္ စတင္႐ိုက္ကူးမည့္ Rose Rider ဇာတ္ကားအတြက္ ထြန္းထြန္းက ဆုိင္ကယ္သံုးစီးခန္႔ အသင့္ျပင္ဆင္ထားသည္။

မၾကာမီ ႐ံုတင္ျပသမည့္ ၎၏ ပထမဆံုးေခါင္းေဆာင္ ႐ုပ္ရွင္ဇာတ္ကားျဖစ္သည့္ ‘ပြဲခံမယ္’ႏွင့္ပတ္သက္၍ ထြန္းထြန္းက ‘‘ဒီႏွစ္အပိုင္းအျခားအလုပ္ေတြ ျပန္လုပ္ခြင့္ရတဲ့အခ်ိန္မွာ ယံုယံုၾကည္ၾကည္နဲ႔ ေခါင္းေဆာင္အျဖစ္ ႐ိုက္ကူးခြင့္ရတဲ့ကား။ ႐ိုး႐ိုးဟာသကားလည္းမဟုတ္ဘူး။ အ ခ်စ္ကားေတာင္မွ အၾကမ္းစားအခ်စ္ ကားေလးဆုိေတာ့ ေတာ္ေတာ္ ေလး ႀကိဳးစားထားရတယ္’’ဟု ေျပာသည္။

ထြန္းထြန္းသည္ ၿပီးခဲ့သည့္ ႏွစ္ ႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲတြင္ ‘အုတ္ၾကားျမက္ေပါက္’ ဇာတ္ကားျဖင့္ အေကာင္းဆံုးအမ်ိဳးသား ဇာတ္ေဆာင္ဆုရရွိခဲ့သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
‘ပီဇာ’ ဇာတ်ကားတွင် အမှိုက်ကောက်သည့် ကောင်လေးတစ်ဦးပုံစံဖြင့်   သရုပ်ဆောင်နေသည့် ထွန်းထွန်းက ဇာတ်ရုပ်ပီပြင်မှုရှိစေရန်    သရုပ်ဆောင်ရမည့် ဇာတ်ရုပ်တိုင်းကို သေချာစွာ လေ့ လာဖြစ်ကြောင်း ပြောသည်။

‘‘ကျွန်တော်တို့ နိစ္စဓူဝသွား လာနေတဲ့အချိန် မြင်နေ၊ တွေ့နေ တဲ့အခါမှာ ကျွန်တော်ဆို ဖုန်းလေးနဲ့ ရိုက်ထားတယ်။ ကာရိုက်တာ ကို လေ့လာတယ်။ အဝတ်အစား ပိုင်းဆိုင်ရာ၊ နေထိုင်မှုပိုင်းဆိုင်ရာ ကိုလည်း လေ့လာတယ်’’ဟု လက်ရှိသရုပ်ဆောင်နေသော ဇာတ်ရုပ် နှင့်ပတ်သက်၍ ၎င်းက ပြော သည်။   အမှိုက်ကောက်သည့် ဇာတ်ရုပ်ပုံစံကို ယခင် တစ်ကြိမ်မျှ မရိုက်ဖူးသောကြောင့် ဇာတ်ရုပ် ကို ပံ့ပိုးပေးနိုင်မည့် အဝတ်အစား ကအစ သေသေချာချာပြင်ဆင်ရိုက်ကူးနေကြောင်း ၎င်းက ဆို သည်။

‘‘ကောင်လေးနာမည်က ချမ်းသာ။ ဒါပေမဲ့ နာမည်နဲ့ မလိုက်ဖက်ဘူး။ မချမ်းသာဘူး။ တောင်းစားပြီး တေပေလေလွင့် နေတာထက် အမှိုက်ကောက်ပြီး သူ့ဝမ်းစာကို ကျောင်းနေတာ။ အဲဒီမှာမှ  ငွေကြေးဥစ္စာလက်ထဲ ရောက်လာတဲ့အခါမှာ ဘယ်လို ပြောင်းလဲသွားလဲဆိုတဲ့ စရိုက် တွေကိုပါ ဖော်ကျူးထားတယ်’’ဟု ပီဇာဇာတ်ကားတွင် ပါဝင်သရုပ် ဆောင်ရမည့် ဇာတ်ရုပ်ကို ထွန်း ထွန်းက ပြောသည်။

အဆိုပါဇာတ်ကားကို ဒါရိုက်တာစတီးလ်က ရိုက်ကူးနေပြီး ထွန်းထွန်းနှင့်အတူ စည်ဖြိုး၊ ရွှေ သမီးနှင့် သွန်းဆက်တို့ အဓိက ပါဝင်သရုပ်ဆောင်ထားသည်။

ထို့အပြင် ဩဂုတ် ၁၂ ရက် တွင် စတင်ရိုက်ကူးမည့် Rose Rider ဇာတ်ကားအတွက် ထွန်းထွန်းက ဆိုင်ကယ်သုံးစီးခန့် အသင့်ပြင်ဆင်ထားသည်။

မကြာမီ ရုံတင်ပြသမည့် ၎င်း၏ ပထမဆုံးခေါင်းဆောင် ရုပ်ရှင်ဇာတ်ကားဖြစ်သည့် ‘ပွဲခံမယ်’နှင့်ပတ်သက်၍ ထွန်းထွန်းက ‘‘ဒီနှစ်အပိုင်းအခြားအလုပ်တွေ ပြန်လုပ်ခွင့်ရတဲ့အချိန်မှာ ယုံယုံကြည်ကြည်နဲ့ ခေါင်းဆောင်အဖြစ် ရိုက်ကူးခွင့်ရတဲ့ကား။ ရိုးရိုးဟာသကားလည်းမဟုတ်ဘူး။ အ ချစ်ကားတောင်မှ အကြမ်းစားအချစ် ကားလေးဆိုတော့ တော်တော် လေး ကြိုးစားထားရတယ်’’ဟု ပြောသည်။

ထွန်းထွန်းသည် ပြီးခဲ့သည့် နှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ‘အုတ်ကြားမြက်ပေါက်’ ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုရရှိခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top