Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ၾသဂုတ္လ ၂၅ ရက္ မနက္၁ နာရီေလာက္က ေမာင္ေတာခ႐ိုင္ထဲက ရဲစခန္းနဲ႔ ရဲကင္းေတြကို အစြန္းေရာက္ ဘဂၤလီ အၾကမ္းဖက္သမားေတြက လက္လုပ္မိုင္းေတြနဲ႔ တခ်ိ္န္တည္း မိုင္းခြဲတိုက္ခိုက္တာေတြ ျပဳလုပ္ခဲ့တာေၾကာင့္ ရဲတပ္ဖြဲ႔၀င္ ၅ ဦးေသဆံုးၿပီး ေသနတ္ ၂ လက္ ဆံုးရံႈးသြားကာဘဂၤါလီအၾကမ္းဖက္သမား အေလာင္းခုနစ္ေလာင္း ရရိွခဲ့တယ္လို႔ သိရပါတယ္။
ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံေပးေကာ္မရွင္ရဲ႕ အၿပီးသတ္အစီရင္ခံစာ ထြက္ေပၚလာ: ဆင္းရဲဒုကၡၾကဳံေတြ႕ေနရတဲ့ လူထုအတြက္ ေမွ်ာ္လင့္ခ်က္ ေရာင္ျခည္ေပးႏုိင္ဖို႕ ခ်က္ျခင္းနဲ႕ ေရရွည္ေဆာင္ရြက္ရမယ့္ အၾကံျပဳခ်က္ေတြ ေပးထားတယ္လို႕ ဆုိပါတယ္။
ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံေပးေကာ္မရွင္ရဲ႕ အၿပီးသတ္အစီရင္ခံစာ ထြက္ေပၚလာ
ဆင္းရဲဒုကၡၾကဳံေတြ႕ေနရတဲ့ လူထုအတြက္ ေမွ်ာ္လင့္ခ်က္ ေရာင္ျခည္ေပးႏုိင္ဖို႕ ခ်က္ျခင္းနဲ႕ ေရရွည္ေဆာင္ရြက္ရမယ့္ အၾကံျပဳခ်က္ေတြ ေပးထားတယ္လို႕ ဆုိပါတယ္။

အစြန္းေရာက္ ဘဂၤလီ အၾကမ္းဖက္သမားေတြက မနက္ ၁ နာရီေလာက္ကေနစၿပီး နတ္ေခ်ာင္း၊ တမန္းသား၊ ကြမ္းသီးပင္ေခ်ာင္းဝ၊ နံ႕သာေတာင္၊ နံ႕သာေတာင္ေခ်ာင္းဝ၊ မီးတိုက္ေခ်ာင္းဝ၊ က်ီးကၽြန္း၊ ဇီးပင္ေခ်ာင္းဝ၊ ေလာင္းဒုံ၊ သီဟိုဠ္ကၽြန္း၊ ဇင္ပိုင္ညာ၊ သေရကုန္းေဘာင္၊ ပေညာင္ပင္ႀကီး၊ ေရႊရင္ေအး၊ ျမင္းလြတ္၊ အလယ္သံေက်ာ္၊ ဥေဒါင္း(နတလ)၊ သေဘၤာေကြ႕၊ ခ်ိန္ခါလီ၊ ကိုးတန္ေကာက္၊ သဝန္ေခ်ာင္း၊ ေတာင္ဘဇာ၊ ေဖာင္ေတာျပင္၊ ေမာင္ေတာ (နတလ) စတဲ့ေက်းရြာေတြက ရဲကင္းနဲ႔ ရဲစခန္းေတြကို တိုက္ခိုက္ခဲ့လို႔ ရဲတပ္ဖြဲ႕ဝင္ေတြက ျပန္လည္တိုက္ခိုက္ခဲ့ကာ ရဲတပ္ဖြဲ႕ဝင္တခ်ဳိ့ က်ဆုံးတာေတြနဲ႔ ထိခိုက္ဒဏ္ရာ ရရွိတာေတြျဖစ္ပြားခဲ့တာပါ။

ဒါ့အျပင္ ဒီေန႔မနက္ ၃ နာရီေလာက္မွာလည္း အစြန္းေရာက္ ဘဂၤါလီ အၾကမ္းဖက္သမား ၁၅၀ ေလာက္က ခမရ(၅၅၂) ဂိတ္ကို ႏွစ္ဖြဲ႕ခြဲၿပီး ဝင္ေရာက္ဖုိ႔ ႀကိဳးစားခဲ့တာေၾကာင့္ တပ္မေတာ္သားေတြက ျပန္လည္တိုက္ခိုက္ခဲ့တယ္လုိ႔ ဆိုပါတယ္။

လက္ရွိအခ်ိန္အထိ ေနရာတခ်ဳိ႕မွာ အျပန္အလွန္တိုက္ခိုက္မႈေတြ ျဖစ္ပြားေနဆဲ ျဖစ္ၿပီး တပ္မေတာ္နဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြ ပူးေပါင္းၿပီး အစြန္းေရာက္ ဘဂၤါလီ အၾကမ္းဖက္သမားေတြကို ေခ်မႈန္းေနတယ္လို႔ သိရပါတယ္။

ေဒါက္တာကိုဖီအာနန္ ဦးေဆာင္သည့္ ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံေပးေကာ္မရွင္မွ အၿပီးသတ္အစီရင္ခံစာ ထုတ္ျပန္တဲ့အခ်ိန္နဲ႔ အခ်ိန္ကိုက္ အၾကမ္းဖက္တိုက္ခိုက္မႈေတြ ေဆာင္ရြက္လာတာ ျဖစ္ပါတယ္။

Source : State Counsellor Office Information Committee
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#

သြဂုတ်လ ၂၅ ရက် မနက်၁ နာရီလောက်က မောင်တောခရိုင်ထဲက ရဲစခန်းနဲ့ ရဲကင်းတွေကို အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားတွေက လက်လုပ်မိုင်းတွေနဲ့ တချိန်တည်း မိုင်းခွဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး သေနတ် ၂ လက် ဆုံးရှုံးသွားကာဘင်္ဂါလီအကြမ်းဖက်သမား အလောင်းခုနစ်လောင်း ရရှိခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာ ထွက်ပေါ်လာ: ဆင်းရဲဒုက္ခကြုံတွေ့နေရတဲ့ လူထုအတွက် မျှော်လင့်ချက် ရောင်ခြည်ပေးနိုင်ဖို့ ချက်ခြင်းနဲ့ ရေရှည်ဆောင်ရွက်ရမယ့် အကြံပြုချက်တွေ ပေးထားတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာ ထွက်ပေါ်လာ
ဆင်းရဲဒုက္ခကြုံတွေ့နေရတဲ့ လူထုအတွက် မျှော်လင့်ချက် ရောင်ခြည်ပေးနိုင်ဖို့ ချက်ခြင်းနဲ့ ရေရှည်ဆောင်ရွက်ရမယ့် အကြံပြုချက်တွေ ပေးထားတယ်လို့ ဆိုပါတယ်။

အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားတွေက မနက် ၁ နာရီလောက်ကနေစပြီး နတ်ချောင်း၊ တမန်းသား၊ ကွမ်းသီးပင်ချောင်းဝ၊ နံ့သာတောင်၊ နံ့သာတောင်ချောင်းဝ၊ မီးတိုက်ချောင်းဝ၊ ကျီးကျွန်း၊ ဇီးပင်ချောင်းဝ၊ လောင်းဒုံ၊ သီဟိုဠ်ကျွန်း၊ ဇင်ပိုင်ညာ၊ သရေကုန်းဘောင်၊ ပညောင်ပင်ကြီး၊ ရွှေရင်အေး၊ မြင်းလွတ်၊ အလယ်သံကျော်၊ ဥဒေါင်း(နတလ)၊ သင်္ဘောကွေ့၊ ချိန်ခါလီ၊ ကိုးတန်ကောက်၊ သဝန်ချောင်း၊ တောင်ဘဇာ၊ ဖောင်တောပြင်၊ မောင်တော (နတလ) စတဲ့ကျေးရွာတွေက ရဲကင်းနဲ့ ရဲစခန်းတွေကို တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြန်လည်တိုက်ခိုက်ခဲ့ကာ ရဲတပ်ဖွဲ့ဝင်တချို့ ကျဆုံးတာတွေနဲ့ ထိခိုက်ဒဏ်ရာ ရရှိတာတွေဖြစ်ပွားခဲ့တာပါ။

ဒါ့အပြင် ဒီနေ့မနက် ၃ နာရီလောက်မှာလည်း အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား ၁၅၀ လောက်က ခမရ(၅၅၂) ဂိတ်ကို နှစ်ဖွဲ့ခွဲပြီး ဝင်ရောက်ဖို့ ကြိုးစားခဲ့တာကြောင့် တပ်မတော်သားတွေက ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ နေရာတချို့မှာ အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေဆဲ ဖြစ်ပြီး တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားတွေကို ချေမှုန်းနေတယ်လို့ သိရပါတယ်။

ဒေါက်တာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်တဲ့အချိန်နဲ့ အချိန်ကိုက် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

Source : State Counsellor Office Information Committee

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top