Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

လွည္းကူးျမိဳ႕ မေစ်းမွာ ေငြစကၠဴအတုနဲ႔ေစ်း၀ယ္လာသူ အမ်ဳိးသမီးကိုထံမံစစ္ေဆးတဲ့အခါ ငါးေထာင္တန္ေငြစကၠဴအတု ၂၇ရြက္ကို သိမ္းဆည္းရမိ လွည္းကူးျမိဳ႕ မေစ်းမွာ ေငြစကၠဴအတုနဲ႔ေစ်း၀ယ္လာသူ အမ်ဳိးသမီးကိုထံမံစစ္ေဆးတဲ့အခါ ငါးေထာင္တန္ေငြစကၠဴအတု ၂၇ရြက္ကို သိမ္းဆည္းရမိ
ရန္ကုန္၊ ၾသဂုတ္ ၂၀။ ။လွည္းကူးျမိဳ႕မေစ်းရွိ ကုန္စံုဆိုင္မွာ ေစ်း၀ယ္လာသူ အမ်ဳိးသမီးထံက ေငြစကၠဴအတု ေငြက်ပ္ ငါးေထာင္ေတြ႔ရွိတဲ့အတြက္ ထပ္မံစစ္ေဆးရာ ငါးေထာင္တန္ေငြစကၠဴအတု ၂၇ရြက္ကို ထပ္မံသိမ္းဆည္းရမိတယ္လို႔သိရပါတယ္။လွည္းကူးျမိဳ႕မရဲစခန္းမွတာ၀န္ရွိသူတစ္ဦးက“ ေငြစကၠဴအတုငါးေထာင္တန္ ၂၇ရြက္ေတြ႔ပါတယ္။ မ..ကိုဖမ္းမိထားျပီး လက္ရွိမွာစစ္ေဆးေနပါတယ္။တျခားကြင္းဆက္ေတြကိုလည္းလိုက္ေနပါတယ္။ ”ေျပာပါတယ္။ေငြစကၠဴကို ကြန္ပ်ဴတာနဲ႔စကင္ဖတ္ၾကည့္တဲ့အခါ စကၠဴသားေတြက ရိုးရိုးစကၠဴသားေတြျဖစ္ေနတယ္။ပရင္တာထုတ္တာ အသံုးျပဳခဲ့ျခင္းျဖစ္တဲ့အတြက္ ေငြစကၠဴအတုေပၚေပါက္ခဲ့ျခင္းျဖစ္ပါတယ္လို႔ လွည္းကူးျမိဳ႕မရဲစခန္းမွတာ၀န္ရွိသူတစ္ဦးကေျပာပါတယ္။လွည္းကူးျမိဳ႕နယ္၊ လွည္းကူးျမိဳ႕မေစ်းရွိတဲ့ ကုန္စံုဆိုင္မွာ ၾသဂုတ္လ ၁၉ရက္ေန႔ နံနက္ပိုင္းက လွည္းကူးျမိဳ႕နယ္၊ ဘုရားသံုးဆူရပ္ကြက္သစ္၊ ကေနာင္ (၂)လမ္းမွာေနထိုင္တဲ့ မ…အသက္ (၂၃)နွစ္ဟာ ေစ်း၀ယ္ျပီး ေငြက်ပ္ ငါးေထာင္တန္ထုတ္ေပးခဲ့တယ္လို႔သိရပါတယ္။အဆိုပါ ေငြက်ပ္ ငါေထာင္တန္ကို ဆိုင္ရွင္ျဖစ္သူက မသကၤာျဖစ္တဲ့အတြက္ လွည္းကူးျမိဳ႕မေစ်းတာ၀န္ခံကို သြားေရာက္ျပသကာ လွည္းကူးျမိဳ႕မရဲစခနး္ကို တိုင္တန္းခဲ့ျပီး ျမန္မာစီးပြားေရးဘဏ္မွ ေငြစကၠဴအတုဟုတ္မဟုတ္ စစ္ေဆးအတည္ျပဳခဲ့ရာ ေငြစကၠဴအတုျဖစ္ေၾကာင္းေပၚေပါက္ခဲ့တယ္လို႔သိရပါတယ္။ေငြစကၠဴအတုနဲ႔ ေစ်း၀ယ္လာသူအမ်ဳိးသမီးကို စစ္ေဆးတဲ့အခါ ေနာက္ထပ္ ေငြစကၠဴအတု ငါးေထာင္တန္ ၂၇ရြက္ကို ထပ္မံသိမ္းဆည္းရမိခဲ့တယ္လို႔သိရပါတယ္။လွည္းကူးျမိဳ႕မရဲစခန္းမွ မ..အသက္ (၂၃)နွစ္ကို ေငြစကၠဴအတုေတြ႔ရွိမႈနဲ႔ပတ္သက္ျပီး (ပ)၁၀၆၉/၂၀၁၇ ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္္ဥပေဒပုဒ္မ ၁၀၅/၁၀၆နဲ႔အမႈဖြင့္ထားတယ္လို႔သိရပါတယ္။

နွင္းနွင္း

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Kumudra

#Unicode Version#
လှည်းကူးမြို့ မဈေးမှာ ငွေစက္ကူအတုနဲ့ဈေးဝယ်လာသူ အမျိုးသမီးကိုထံမံစစ်ဆေးတဲ့အခါ ငါးထောင်တန်ငွေစက္ကူအတု ၂၇ရွက်ကို သိမ်းဆည်းရမိ လှည်းကူးမြို့ မဈေးမှာ ငွေစက္ကူအတုနဲ့ဈေးဝယ်လာသူ အမျိုးသမီးကိုထံမံစစ်ဆေးတဲ့အခါ ငါးထောင်တန်ငွေစက္ကူအတု ၂၇ရွက်ကို သိမ်းဆည်းရမိ
ရန်ကုန်၊ သြဂုတ် ၂၀။ ။လှည်းကူးမြို့မဈေးရှိ ကုန်စုံဆိုင်မှာ ဈေးဝယ်လာသူ အမျိုးသမီးထံက ငွေစက္ကူအတု ငွေကျပ် ငါးထောင်တွေ့ရှိတဲ့အတွက် ထပ်မံစစ်ဆေးရာ ငါးထောင်တန်ငွေစက္ကူအတု ၂၇ရွက်ကို ထပ်မံသိမ်းဆည်းရမိတယ်လို့သိရပါတယ်။လှည်းကူးမြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးက“ ငွေစက္ကူအတုငါးထောင်တန် ၂၇ရွက်တွေ့ပါတယ်။ မ..ကိုဖမ်းမိထားပြီး လက်ရှိမှာစစ်ဆေးနေပါတယ်။တခြားကွင်းဆက်တွေကိုလည်းလိုက်နေပါတယ်။ ”ပြောပါတယ်။ငွေစက္ကူကို ကွန်ပျူတာနဲ့စကင်ဖတ်ကြည့်တဲ့အခါ စက္ကူသားတွေက ရိုးရိုးစက္ကူသားတွေဖြစ်နေတယ်။ပရင်တာထုတ်တာ အသုံးပြုခဲ့ခြင်းဖြစ်တဲ့အတွက် ငွေစက္ကူအတုပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါတယ်လို့ လှည်းကူးမြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။လှည်းကူးမြို့နယ်၊ လှည်းကူးမြို့မဈေးရှိတဲ့ ကုန်စုံဆိုင်မှာ သြဂုတ်လ ၁၉ရက်နေ့ နံနက်ပိုင်းက လှည်းကူးမြို့နယ်၊ ဘုရားသုံးဆူရပ်ကွက်သစ်၊ ကနောင် (၂)လမ်းမှာနေထိုင်တဲ့ မ…အသက် (၂၃)နှစ်ဟာ ဈေးဝယ်ပြီး ငွေကျပ် ငါးထောင်တန်ထုတ်ပေးခဲ့တယ်လို့သိရပါတယ်။အဆိုပါ ငွေကျပ် ငါထောင်တန်ကို ဆိုင်ရှင်ဖြစ်သူက မသင်္ကာဖြစ်တဲ့အတွက် လှည်းကူးမြို့မဈေးတာဝန်ခံကို သွားရောက်ပြသကာ လှည်းကူးမြို့မရဲစခန်းကို တိုင်တန်းခဲ့ပြီး မြန်မာစီးပွားရေးဘဏ်မှ ငွေစက္ကူအတုဟုတ်မဟုတ် စစ်ဆေးအတည်ပြုခဲ့ရာ ငွေစက္ကူအတုဖြစ်ကြောင်းပေါ်ပေါက်ခဲ့တယ်လို့သိရပါတယ်။ငွေစက္ကူအတုနဲ့ ဈေးဝယ်လာသူအမျိုးသမီးကို စစ်ဆေးတဲ့အခါ နောက်ထပ် ငွေစက္ကူအတု ငါးထောင်တန် ၂၇ရွက်ကို ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။လှည်းကူးမြို့မရဲစခန်းမှ မ..အသက် (၂၃)နှစ်ကို ငွေစက္ကူအတုတွေ့ရှိမှုနဲ့ပတ်သက်ပြီး (ပ)၁၀၆၉/၂၀၁၇ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆နဲ့အမှုဖွင့်ထားတယ်လို့သိရပါတယ်။

နှင်းနှင်း

ဖိုးသူတော် (www.phothutaw.com)
Credit: Kumudra
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top