ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

  ဓာတ္ပံု − စည္သူလင္း
မႏၲေလးၿမိဳ႕တြင္ အစုိး ရျဖဳတ္ခ်ေရး သပိတ္စခန္းကုိ ရဲတပ္ဖြဲ႕က ဖယ္ရွားရွင္းလင္း ၿပီးေနာက္ ဖမ္း၀ရမ္းထုတ္ထားေသာ သံဃာ ရွစ္ပါးအနက္ ဖမ္းဆီးထားသည့္ သံဃာ ေျခာက္ပါးကုိ လူ၀တ္လဲ၍ မႏၲေလးအုိးဘုိ အက်ဥ္းေထာင္သုိ႔ပုိ႔ေဆာင္ခဲ့ေၾကာင္း မႏၲေလး ခ႐ုိင္ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီးမ်ိဳးေအာင္က ေျပာၾကားသည္။

‘‘တရား႐ံုးကေန ဖမ္း၀ရမ္းထုတ္ၿပီးသား ဆုိေတာ့ ဖမ္းၿပီးၿပီးခ်င္းမနက္အေစာမွာပဲ ေထာင္ကုိ ပုိ႔လုိက္တယ္။ ညေနက်မွ တရား ႐ုံးမွာ ခ်ဳပ္ရက္ရမန္ယူလုိက္ပါတယ္’’ ဟု ဒုရဲ မွဴးႀကီးမ်ိဳးေအာင္က ေျပာသည္။

အစုိးရဆန္႔က်င္ေရး သပိတ္ ေမွာက္သူမ်ားအနက္ သံဃာရွစ္ ပါးႏွင့္ လူပုဂၢိဳလ္မ်ားထဲမွ ဦးေဆာင္သူဦးျမင့္ဦးအပါအ၀င္ အမ်ိဳးသား ငါးဦးကုိ အမ်ားျပည္သူ၏ အက်ိဳး ပ်က္စီးေစမႈကိုျဖစ္ေစေသာပုဒ္မ ျဖစ္သည့္ ရာဇသတ္ႀကီးပုဒ္မ ၅၀၅(ခ)ျဖင့္ အမႈဖြင့္ၿပီး ဩဂုတ္ ၄ ရက္တြင္ ဖမ္း၀ရမ္းထုတ္ထား သည္။ သုိ႔ေသာ္ ဩဂုတ္ ၅ ရက္ နံနက္ ၂ နာရီခန္႔တြင္ သာသနာ ၂၅၀၀ ဗိမာန္ေတာ္ေရွ႕၌ ဖြင့္လွစ္ ထားေသာသပိတ္စခန္းကို ဖယ္ ရွားရွင္းလင္းရာ၌ ဖမ္း၀ရမ္းထုတ္ ထားေသာ သံဃာေျခာက္ပါးႏွင့္ ၀ရမ္းထုတ္မခံရေသာ သံဃာငါး ပါး စုစုေပါင္း ၁၁ ပါးႏွင့္ အမ်ိဳး သမီးႏွစ္ဦးကုိသာ ဖမ္းဆီးႏုိင္ခဲ့ သည္။

ထုိ႔ေၾကာင့္ ဖမ္း၀ရမ္းထုတ္ ခံရေသာ သံဃာႏွစ္ပါးႏွင့္ လူငါး ဦးတို႔ကုိ ဖမ္းဆီးရန္စုံစမ္းေနၿပီး ျပည္သူမ်ားက သတင္းေပးပူး ေပါင္းပါ၀င္ရန္ လုိအပ္ေၾကာင္း မႏၲေလးတိုင္းရဲတပ္ဖြဲ႕မွဴးရဲမွဴး ႀကီးေအာင္စုိး၀င္းက ေျပာသည္။ ဖမ္းဆီးႏုိင္ခဲ့ေသာ သံဃာ ၁၁ ပါး မွ ၀ရမ္းထုတ္ခံရေသာ သံဃာ ေျခာက္ပါးကုိ ေန႔ခ်င္းပင္ ခ်မ္းျမ သာစည္ၿမိဳ႕နယ္သံဃနာယက ႐ုံးတြင္ လူ၀တ္လဲၿပီး အုိးဘုိ ေထာင္သုိ႔ ပုိ႔ေဆာင္ခဲ့ျခင္းျဖစ္ သည္။

သို႔ေသာ္ က်န္ရွိသည့္သံဃာ  ငါးပါးႏွင့္ အမ်ိဳးသမီးႏွစ္ဦးတို႔ကို ခံဝန္လက္မွတ္ေရးထိုးခိုင္းၿပီး သက္ဆုိင္ရာၿမိဳ႕နယ္ သာသနာ ေရးဦးစီးမွဴးမ်ားက ၎တို႔၏ ေန ရပ္မ်ားသို႔ ျပန္လည္ပို႔ေဆာင္ခဲ့ သည္။

ဩဂုတ္ ၂ ရက္ကစတင္ဖြင့္ လွစ္၍ အစုိးရျဖဳတ္ခ်ေပးေရး ေတာင္းဆုိေနသည့္သပိတ္စခန္း ကုိ မႏၲေလးတိုင္းေဒသႀကီးရဲ တပ္ဖြဲ႕မွဴးဦးေဆာင္၍ အရပ္၀တ္ ၀တ္ဆင္ထားသည့္ရဲတပ္ဖြဲ႕အင္ အား ၇၀ ခန္႔ျဖင့္ ၿဖိဳခြင္းရွင္းလင္း ခဲ့သည္။ သပိတ္စခန္းဖယ္ရွားရာ တြင္ အရပ္၀တ္ျဖင့္ ရဲေမ ၁၀ ဦး လည္း ပါ၀င္သည္။

မႏၲေလးတိုင္းေဒသႀကီး အ စုိးရအဖြဲ႕ၫႊန္ၾကားခ်က္ျဖင့္ သ ပိတ္စခန္းကုိ လူစုခြဲေပးရန္ အ ႀကိမ္ႀကိမ္အသိေပးခဲ့ေသာ္လည္း လုပ္ေဆာင္ျခင္းမရွိ၍ ဥပေဒအ တုိင္း လုပ္ထုံးလုပ္နည္းႏွင့္အညီ ရွင္းလင္းေဆာင္ရြက္ခဲ့ျခင္းျဖစ္ၿပီး အစုိးရအေနျဖင့္ ပုဒ္မမ်ားစြာတပ္ ၍ အေရးယူႏုိင္ေသာ္လည္း တည္ ၿငိမ္ေအးခ်မ္းမႈကုိ လုိလားသျဖင့္ အဓိကက်သည့္ ပုဒ္မျဖင့္သာ အေရးယူခဲ့ျခင္းျဖစ္ေၾကာင္း မႏၲ ေလးတိုင္းေဒသႀကီးအစုိးရအဖြဲ႕ က ယမန္ေန႔ မြန္းလြဲ ၁ နာရီက ျပဳလုပ္ေသာ သတင္းစာရွင္းလင္း ပြဲတြင္ ၀န္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ ျမင့္ေမာင္က ေျပာၾကားသည္။

‘‘သပိတ္ေမွာက္တဲ့ အ ေၾကာင္းရင္းက မခုိင္လုံဘူး။မေန႔ ည (ဩဂုတ္ ၄) ၁၀ နာရီမွာ သတင္းေတြအရ သပိတ္မၿဖိဳခြင္း ေသးဘူးလားဆုိၿပီး လာၾကည့္တဲ့ သူကမ်ားေနတယ္။ အဲဒီေတာ့ မ်ိဳးေစ့မမွန္ရင္ အပင္မသန္ဘူး’’ ဟု ၀န္ႀကီးခ်ဳပ္က ေျပာသည္။

သပိတ္စခန္း ဦးေဆာင္သူ မ်ားကို အေရးယူရန္ ခ်မ္းျမသာ စည္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးက ဦးေဆာင္သူ ဦးျမင့္ဦးပါ ငါးဦးကုိ တရား႐ုံးသို႔ ဦးတိုက္ေလွ်ာက္ ထားခဲ့ၿပီး  မႏၲေလးခ႐ုိင္ သာသနာ ေရးမွဴးဦးတင္ေမာင္ေအးက တရား လုိလုပ္၍ ဦးဣေႏၵာဘာသပါ သံဃာရွစ္ပါးကုိ အေရးယူေပးရန္ ဦးတိုက္ေလွ်ာက္ထားခဲ့ကာ တရား ႐ုံးက ဖမ္း၀ရမ္းထုတ္ေပးခဲ့ျခင္း ျဖစ္သည္။

ရာဇသတ္ႀကီးပုဒ္မ ၅၀၅(ခ) သည္ ႏုိင္ငံေတာ္အစုိးရကုိျဖစ္ေစ၊ ႏုိင္ငံေတာ္ၿငိမ္၀ပ္ေရးကုိျဖစ္ေစ ထိခုိက္သည့္ျပစ္မႈကုိ တစ္ဦးတစ္ ေယာက္က က်ဴးလြန္ခ်င္ေအာင္ အမ်ားျပည္သူ ေသာ္လည္း ေကာင္း၊ အမ်ားျပည္သူ၏ သီး ျခားလူစုကုိေသာ္လည္းေကာင္း ေၾကာက္ျခင္း၊ ထိတ္လန္႔ျခင္းတစ္ ခုခုျဖစ္ေစရန္ အႀကံရွိလွ်င္ (သုိ႔မ ဟုတ္) ထုိသုိ႔ျဖစ္ေစတန္ရာသည့္ အေၾကာင္းရွိလွ်င္ အေရးယူႏုိင္ၿပီး ေထာင္ဒဏ္ ၂ ႏွစ္ျဖစ္ေစ၊ ေငြ ဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္စလုံးျဖစ္ ေစ ခ်မွတ္ႏိုင္သည္။

သပိတ္စခန္းဖယ္ရွားမႈသည္ မႏၲေလးတိုင္းအစုိးရအဖြဲ႕ၫႊန္ ၾကားခ်က္ျဖင့္ မႏၲေလးတြင္ ဇူ လိုင္ ၂၉ ရက္က ေတာင္သူမ်ား ၏ သပိတ္ၿဖိဳခြဲၿပီးေနာက္ ဒုတိယ ေျမာက္ သပိတ္စခန္းကို ၿဖိဳခြင္းခဲ့ ျခင္းျဖစ္သည္။ ထို႔အျပင္ လက္ ရွိအစိုးရလက္ထက္၌ သံဃာ ေတာ္အခ်ိဳ႕ကုိ ဖမ္းဆီးအေရးယူ ျခင္းသည္ ပထမဆံုးအႀကိမ္ျဖစ္ သည္။

ရန္ကုန္ၿမိဳ႕တြင္ ၿပီးခဲ့သည့္ ေမလ ၁၁ ရက္ညက မဂၤလာ ေတာင္ၫြန္႔ပဋိပကၡျဖစ္စဥ္၌ ပါ ဝင္ခဲ့သူမ်ားထဲမွ သံဃာႏွစ္ပါးကို ဖမ္းဝရမ္းထုတ္ထားေသာ္လည္း အေမရိကန္သံ႐ံုးေရွ႕တြင္ ဆႏၵျပ သူမ်ားထဲမွ သံဃာသံုးပါးကို ဖမ္း ဝရမ္းထုတ္ထားေသာ္လည္း ဒီ ခ်ဳပ္အစိုးရ လက္ေတြ႕ဖမ္းဆီး အေရးယူျခင္းမရွိခဲ့ေပ။ ထို႔ ေၾကာင့္ မႏၲေလးသပိတ္မွ သံဃာ ေျခာက္ပါးသည္ လက္ရွိအစိုးရ လက္ထက္ ပထမဆံုးဖမ္းဆီးခံခဲ့ရ ေသာ သံဃာမ်ားျဖစ္သည္။

‘‘ဒီလိုအစုအေဝးတစ္ခုလုပ္ ဖို႔ ဘယ္သူေတြ ေထာက္ပံ့ေပးႏိုင္ မွာလဲ။ ေထာက္ပံ့ေပးတာမရွိဘဲ နဲ႔ ဘယ္သူမွ မေဆာင္ရြက္ႏိုင္ဘူး။ ဆိုပါစို႔ ကားနဲ႔လာတယ္။ ကားခ ဘယ္သူေပးမွာလဲ။ အခုလာတဲ့သူ ေတြထဲမွာ ေတာင္ႀကီးကပါ တယ္။ ေနာက္ကြယ္က တစ္ ေယာက္ေယာက္ပါေနမွာ၊ေနာက္ ၿပီးေတာ့ ဆရာေတာ္ေတြေတာင္း ဆိုေနတာ ႏိုင္ငံေရးေတာင္းဆို ခ်က္ေတြျဖစ္တယ္။ ေလာေလာ ဆယ္ မတည္ၿငိမ္ေအာင္လုပ္ခ်င္ လို႔၊ မတည္ၿငိမ္ေအာင္လုပ္တာ ကာယကံရွင္က သိမွာပါ။ ဘယ္ သူလဲဆိုတာ အစိုးရအေနနဲ႔ ေဖာ္ ထုတ္ဖို႔ ခက္ခဲေနပါေသးတယ္။ ေနာက္ကြယ္မွာ တစ္စံုတစ္ရာ ေတာ့ရွိေနတယ္’’ ဟု ေဒါက္တာ ေဇာ္ျမင့္ေမာင္က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily


#Unicode Version#
ဓာတ်ပုံ − စည်သူလင်း

မန္တလေးမြို့တွင် အစိုး ရဖြုတ်ချရေး သပိတ်စခန်းကို ရဲတပ်ဖွဲ့က ဖယ်ရှားရှင်းလင်း ပြီးနောက် ဖမ်းဝရမ်းထုတ်ထားသော သံဃာ ရှစ်ပါးအနက် ဖမ်းဆီးထားသည့် သံဃာ ခြောက်ပါးကို လူဝတ်လဲ၍ မန္တလေးအိုးဘို အကျဉ်းထောင်သို့ပို့ဆောင်ခဲ့ကြောင်း မန္တလေး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမျိုးအောင်က ပြောကြားသည်။

‘‘တရားရုံးကနေ ဖမ်းဝရမ်းထုတ်ပြီးသား ဆိုတော့ ဖမ်းပြီးပြီးချင်းမနက်အစောမှာပဲ ထောင်ကို ပို့လိုက်တယ်။ ညနေကျမှ တရား ရုံးမှာ ချုပ်ရက်ရမန်ယူလိုက်ပါတယ်’’ ဟု ဒုရဲ မှူးကြီးမျိုးအောင်က ပြောသည်။

အစိုးရဆန့်ကျင်ရေး သပိတ် မှောက်သူများအနက် သံဃာရှစ် ပါးနှင့် လူပုဂ္ဂိုလ်များထဲမှ ဦးဆောင်သူဦးမြင့်ဦးအပါအဝင် အမျိုးသား ငါးဦးကို အများပြည်သူ၏ အကျိုး ပျက်စီးစေမှုကိုဖြစ်စေသောပုဒ်မ ဖြစ်သည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)ဖြင့် အမှုဖွင့်ပြီး ဩဂုတ် ၄ ရက်တွင် ဖမ်းဝရမ်းထုတ်ထား သည်။ သို့သော် ဩဂုတ် ၅ ရက် နံနက် ၂ နာရီခန့်တွင် သာသနာ ၂၅၀၀ ဗိမာန်တော်ရှေ့၌ ဖွင့်လှစ် ထားသောသပိတ်စခန်းကို ဖယ် ရှားရှင်းလင်းရာ၌ ဖမ်းဝရမ်းထုတ် ထားသော သံဃာခြောက်ပါးနှင့် ဝရမ်းထုတ်မခံရသော သံဃာငါး ပါး စုစုပေါင်း ၁၁ ပါးနှင့် အမျိုး သမီးနှစ်ဦးကိုသာ ဖမ်းဆီးနိုင်ခဲ့ သည်။

ထို့ကြောင့် ဖမ်းဝရမ်းထုတ် ခံရသော သံဃာနှစ်ပါးနှင့် လူငါး ဦးတို့ကို ဖမ်းဆီးရန်စုံစမ်းနေပြီး ပြည်သူများက သတင်းပေးပူး ပေါင်းပါဝင်ရန် လိုအပ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရဲမှူး ကြီးအောင်စိုးဝင်းက ပြောသည်။ ဖမ်းဆီးနိုင်ခဲ့သော သံဃာ ၁၁ ပါး မှ ဝရမ်းထုတ်ခံရသော သံဃာ ခြောက်ပါးကို နေ့ချင်းပင် ချမ်းမြ သာစည်မြို့နယ်သံဃနာယက ရုံးတွင် လူဝတ်လဲပြီး အိုးဘို ထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ် သည်။

သို့သော် ကျန်ရှိသည့်သံဃာ  ငါးပါးနှင့် အမျိုးသမီးနှစ်ဦးတို့ကို ခံဝန်လက်မှတ်ရေးထိုးခိုင်းပြီး သက်ဆိုင်ရာမြို့နယ် သာသနာ ရေးဦးစီးမှူးများက ၎င်းတို့၏ နေ ရပ်များသို့ ပြန်လည်ပို့ဆောင်ခဲ့ သည်။

ဩဂုတ် ၂ ရက်ကစတင်ဖွင့် လှစ်၍ အစိုးရဖြုတ်ချပေးရေး တောင်းဆိုနေသည့်သပိတ်စခန်း ကို မန္တလေးတိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူးဦးဆောင်၍ အရပ်ဝတ် ဝတ်ဆင်ထားသည့်ရဲတပ်ဖွဲ့အင် အား ၇၀ ခန့်ဖြင့် ဖြိုခွင်းရှင်းလင်း ခဲ့သည်။ သပိတ်စခန်းဖယ်ရှားရာ တွင် အရပ်ဝတ်ဖြင့် ရဲမေ ၁၀ ဦး လည်း ပါဝင်သည်။

မန္တလေးတိုင်းဒေသကြီး အ စိုးရအဖွဲ့ညွှန်ကြားချက်ဖြင့် သ ပိတ်စခန်းကို လူစုခွဲပေးရန် အ ကြိမ်ကြိမ်အသိပေးခဲ့သော်လည်း လုပ်ဆောင်ခြင်းမရှိ၍ ဥပဒေအ တိုင်း လုပ်ထုံးလုပ်နည်းနှင့်အညီ ရှင်းလင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အစိုးရအနေဖြင့် ပုဒ်မများစွာတပ် ၍ အရေးယူနိုင်သော်လည်း တည် ငြိမ်အေးချမ်းမှုကို လိုလားသဖြင့် အဓိကကျသည့် ပုဒ်မဖြင့်သာ အရေးယူခဲ့ခြင်းဖြစ်ကြောင်း မန္တ လေးတိုင်းဒေသကြီးအစိုးရအဖွဲ့ က ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲတွင် ဝန်ကြီးချုပ်ဒေါက်တာဇော် မြင့်မောင်က ပြောကြားသည်။

‘‘သပိတ်မှောက်တဲ့ အ ကြောင်းရင်းက မခိုင်လုံဘူး။မနေ့ ည (ဩဂုတ် ၄) ၁၀ နာရီမှာ သတင်းတွေအရ သပိတ်မဖြိုခွင်း သေးဘူးလားဆိုပြီး လာကြည့်တဲ့ သူကများနေတယ်။ အဲဒီတော့ မျိုးစေ့မမှန်ရင် အပင်မသန်ဘူး’’ ဟု ဝန်ကြီးချုပ်က ပြောသည်။

သပိတ်စခန်း ဦးဆောင်သူ များကို အရေးယူရန် ချမ်းမြသာ စည်မြို့နယ် အုပ်ချုပ်ရေးမှူးက ဦးဆောင်သူ ဦးမြင့်ဦးပါ ငါးဦးကို တရားရုံးသို့ ဦးတိုက်လျှောက် ထားခဲ့ပြီး  မန္တလေးခရိုင် သာသနာ ရေးမှူးဦးတင်မောင်အေးက တရား လိုလုပ်၍ ဦးဣန္ဒောဘာသပါ သံဃာရှစ်ပါးကို အရေးယူပေးရန် ဦးတိုက်လျှောက်ထားခဲ့ကာ တရား ရုံးက ဖမ်းဝရမ်းထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) သည် နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ် ယောက်က ကျူးလွန်ချင်အောင် အများပြည်သူ သော်လည်း ကောင်း၊ အများပြည်သူ၏ သီး ခြားလူစုကိုသော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်းတစ် ခုခုဖြစ်စေရန် အကြံရှိလျှင် (သို့မ ဟုတ်) ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် အရေးယူနိုင်ပြီး ထောင်ဒဏ် ၂ နှစ်ဖြစ်စေ၊ ငွေ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ် စေ ချမှတ်နိုင်သည်။

သပိတ်စခန်းဖယ်ရှားမှုသည် မန္တလေးတိုင်းအစိုးရအဖွဲ့ညွှန် ကြားချက်ဖြင့် မန္တလေးတွင် ဇူ လိုင် ၂၉ ရက်က တောင်သူများ ၏ သပိတ်ဖြိုခွဲပြီးနောက် ဒုတိယ မြောက် သပိတ်စခန်းကို ဖြိုခွင်းခဲ့ ခြင်းဖြစ်သည်။ ထို့အပြင် လက် ရှိအစိုးရလက်ထက်၌ သံဃာ တော်အချို့ကို ဖမ်းဆီးအရေးယူ ခြင်းသည် ပထမဆုံးအကြိမ်ဖြစ် သည်။

ရန်ကုန်မြို့တွင် ပြီးခဲ့သည့် မေလ ၁၁ ရက်ညက မင်္ဂလာ တောင်ညွန့်ပဋိပက္ခဖြစ်စဉ်၌ ပါ ဝင်ခဲ့သူများထဲမှ သံဃာနှစ်ပါးကို ဖမ်းဝရမ်းထုတ်ထားသော်လည်း အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြ သူများထဲမှ သံဃာသုံးပါးကို ဖမ်း ဝရမ်းထုတ်ထားသော်လည်း ဒီ ချုပ်အစိုးရ လက်တွေ့ဖမ်းဆီး အရေးယူခြင်းမရှိခဲ့ပေ။ ထို့ ကြောင့် မန္တလေးသပိတ်မှ သံဃာ ခြောက်ပါးသည် လက်ရှိအစိုးရ လက်ထက် ပထမဆုံးဖမ်းဆီးခံခဲ့ရ သော သံဃာများဖြစ်သည်။

‘‘ဒီလိုအစုအဝေးတစ်ခုလုပ် ဖို့ ဘယ်သူတွေ ထောက်ပံ့ပေးနိုင် မှာလဲ။ ထောက်ပံ့ပေးတာမရှိဘဲ နဲ့ ဘယ်သူမှ မဆောင်ရွက်နိုင်ဘူး။ ဆိုပါစို့ ကားနဲ့လာတယ်။ ကားခ ဘယ်သူပေးမှာလဲ။ အခုလာတဲ့သူ တွေထဲမှာ တောင်ကြီးကပါ တယ်။ နောက်ကွယ်က တစ် ယောက်ယောက်ပါနေမှာ၊နောက် ပြီးတော့ ဆရာတော်တွေတောင်း ဆိုနေတာ နိုင်ငံရေးတောင်းဆို ချက်တွေဖြစ်တယ်။ လောလော ဆယ် မတည်ငြိမ်အောင်လုပ်ချင် လို့၊ မတည်ငြိမ်အောင်လုပ်တာ ကာယကံရှင်က သိမှာပါ။ ဘယ် သူလဲဆိုတာ အစိုးရအနေနဲ့ ဖော် ထုတ်ဖို့ ခက်ခဲနေပါသေးတယ်။ နောက်ကွယ်မှာ တစ်စုံတစ်ရာ တော့ရှိနေတယ်’’ ဟု ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top