ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ရာသီတုပ္ေကြးေရာဂါ (H1N1) ေၾကာင့္ ႏွစ္ဦးထပ္မံေသဆံုးၿပီး စုစုေပါင္းေသဆံုးသူ ၂၉ ဦး အထိရွိလာတယ္လုိ႔ က်န္းမာေရး ႏွင့္အားကစားဝန္ႀကီးဌာနက ၾသဂုတ္ ၁၈ ရက္မွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ေသဆံုးသူႏွစ္ဦးက မႏၲေလးတိုင္းက တစ္ဦးနဲ႔ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ တစ္ဦးျဖစ္ကာ ၾသဂုတ္ ၁၇ ရက္ကေန ၁၈ ရက္အထိ တစ္ရက္အတြင္း သံသယ လူနာ ၂၂ ဦးကို ဓာတ္ခြဲစစ္ေဆးခဲ့ရာ ငါးဦးမွာ ရာသီတုပ္ေကြး ေရာဂါပိုးကူးစက္ခံရတာကို ေတြ႕ရွိရလို႔ ပိုးေတြ႕သူဦးေရ ငါးဦးထပ္မံတုိးလာတာ ျဖစ္ပါတယ္။

ဇူလိုင္ ၂၁ ရက္ကေန ၾသဂုတ္ ၁၈ ရက္အထိ ေရာဂါျဖစ္ပြားသူဦးေရ ၂၈၂ ဦးနဲ႔ ေသဆံုးသူ ၂၉ ဦးရွိလာၿပီျဖစ္ကာ ရာသီတုပ္ေကြးေရာဂါနဲ႔ ေဝဘာဂီေဆး႐ံုႀကီးမွာ အတြင္းလူနာ ေလးဦး၊ အျခားတိုင္းနဲ႔ ျပည္နယ္ေဆး႐ံုေတြမွာ အတြင္းလူနာ ၄၆ ဦး စုစုေပါင္း ၅၀ ဦး ဆက္လက္ ေဆးဝါးကုသမႈခံယူေနရတယ္လို႔ ဆိုပါတယ္။

လက္ရွိျဖစ္ပြားေနတဲ့ ရာသီေရာဂါပိုးေတြ႕လူနာေတြထဲမွာ တစ္အိမ္တည္းအတူ ေနထုိင္သူေတြ ေရာဂါပိုးကူးစက္ႏုိင္တာကို ေတြ႕ရွိခဲ့တယ္လို႔ ၾသဂုတ္ ၁၇ ရက္ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ကမၻာ႔က်န္းမာေရးအဖြဲ႕ရဲ႕စာရင္းေတြအရ ဇန္နဝါရီ ၁ ရက္မွ ၾသဂုတ္ ၅ ရက္အထိ ခုနစ္လတာအတြင္း ရာသီတုပ္ေကြးေရာဂါျဖစ္ပြားမႈက တ႐ုတ္မွာ လူဦးေရတစ္ေသာင္း ႏွစ္ေထာင္ေက်ာ္၊ အိႏၵိယမွာ ၁,၃၁၈ ဦး၊ နီေပါမွာ ၄၈၀ ဦး၊ သီရိလကၤာမွာ ၃၇၃ ဦး၊ ေမာ္လဒိုက္မွာ ၂၈၉ ဦး၊ ဘဂၤလားေဒ့ရွ္မွာ ၂၇၄ ဦး၊ ထိုင္းမွာ ၁၀၉ ဦး၊ မေလးရွားမွာ ၅၉ ဦး၊ ဘူတန္မွာ ၄၈ ဦးနဲ႔  အင္ဒိုနီးရွားႏိုင္ငံမွာ ႏွစ္ဦးျဖစ္ပြားခဲ့တယ္လုိ႔ သိရပါတယ္။

Source & Photos : 7DayDaily

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
ရာသီတုပ်ကွေးရောဂါ (H1N1) ကြောင့် နှစ်ဦးထပ်မံသေဆုံးပြီး စုစုပေါင်းသေဆုံးသူ ၂၉ ဦး အထိရှိလာတယ်လို့ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက သြဂုတ် ၁၈ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

သေဆုံးသူနှစ်ဦးက မန္တလေးတိုင်းက တစ်ဦးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှ တစ်ဦးဖြစ်ကာ သြဂုတ် ၁၇ ရက်ကနေ ၁၈ ရက်အထိ တစ်ရက်အတွင်း သံသယ လူနာ ၂၂ ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ ငါးဦးမှာ ရာသီတုပ်ကွေး ရောဂါပိုးကူးစက်ခံရတာကို တွေ့ရှိရလို့ ပိုးတွေ့သူဦးရေ ငါးဦးထပ်မံတိုးလာတာ ဖြစ်ပါတယ်။

ဇူလိုင် ၂၁ ရက်ကနေ သြဂုတ် ၁၈ ရက်အထိ ရောဂါဖြစ်ပွားသူဦးရေ ၂၈၂ ဦးနဲ့ သေဆုံးသူ ၂၉ ဦးရှိလာပြီဖြစ်ကာ ရာသီတုပ်ကွေးရောဂါနဲ့ ဝေဘာဂီဆေးရုံကြီးမှာ အတွင်းလူနာ လေးဦး၊ အခြားတိုင်းနဲ့ ပြည်နယ်ဆေးရုံတွေမှာ အတွင်းလူနာ ၄၆ ဦး စုစုပေါင်း ၅၀ ဦး ဆက်လက် ဆေးဝါးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ရာသီရောဂါပိုးတွေ့လူနာတွေထဲမှာ တစ်အိမ်တည်းအတူ နေထိုင်သူတွေ ရောဂါပိုးကူးစက်နိုင်တာကို တွေ့ရှိခဲ့တယ်လို့ သြဂုတ် ၁၇ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့စာရင်းတွေအရ ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၅ ရက်အထိ ခုနစ်လတာအတွင်း ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုက တရုတ်မှာ လူဦးရေတစ်သောင်း နှစ်ထောင်ကျော်၊ အိန္ဒိယမှာ ၁,၃၁၈ ဦး၊ နီပေါမှာ ၄၈၀ ဦး၊ သီရိလင်္ကာမှာ ၃၇၃ ဦး၊ မော်လဒိုက်မှာ ၂၈၉ ဦး၊ ဘင်္ဂလားဒေ့ရှ်မှာ ၂၇၄ ဦး၊ ထိုင်းမှာ ၁၀၉ ဦး၊ မလေးရှားမှာ ၅၉ ဦး၊ ဘူတန်မှာ ၄၈ ဦးနဲ့  အင်ဒိုနီးရှားနိုင်ငံမှာ နှစ်ဦးဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Source & Photos : 7DayDaily


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top