လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

ၿမဳိ႔သစ္သုသာန္ရွိ ၀ိညာဥ္မ်ားကို သုသာန္ေျပာင္းေရႊ႕ေပးရာသို႔ လာေရာက္ၾကည့္႐ႈေနသူမ်ား (ဓာတ္ပံု - ညီညီေဇာ္)
အညာေဒသ မံုရြာၿမိဳ႕၏ ပူျပင္းလွသည့္ ေန႔လယ္ခင္းတစ္ခုတြင္ ၿမိဳ႕၏ေျမာက္ဘက္ပိုင္း အိုးဘိုေတာင္ရပ္ကြက္ရွိ လမ္းသြယ္တစ္ခုအတြင္းသို႔ လူအမ်ားက ေျခက်င္ျဖင့္တစ္သြယ္၊ ဆိုင္ကယ္ျဖင့္တစ္ဖံု ၀င္ေရာက္သြားလာေနၾက၏။ ရပ္ရြာ၊ ၿမိဳ႕နယ္ ေဘာလံုးပြဲလည္းမရွိ။ H1N1 ရွိေန၍ ပြဲလမ္းသဘင္မ်ား ျပဳလုပ္ခြင့္ ပိတ္ထားေသာေၾကာင္႔ ဘုရားပြဲလည္း မဟုတ္ႏိုင္။ ထိုလမ္းသြယ္အတြင္း အနည္းငယ္၀င္ေရာက္သြားေတာ့ ဆိုင္းဘုတ္အနီတစ္ခု ေထာင္ထား သည္ကို ေတြ႕ရသည္။ ဆိုင္းဘုတ္ေပၚမွာေတာ့ ယခုေနရာတြင္ ေျမျမႇဳပ္တာေတြ၊ သၿဂႋဳဟ္တာေတြမလုပ္ဖို႔ တားထားျခင္းျဖစ္သည္။ ထိုစာအရ ထိုေနရာက သုသာန္တစ္ခုဆိုတာကို သိရသည္။

သုသာန္ဟု ဆိုေသာ္လည္း သုသာန္ေျမႏွင္႔ေတာ့ သိပ္မတူလွပါ။ ေဘးနားတြင္ လူေနအိမ္မ်ား ရွိေနသည္။ တခ်ိဳ႕ကေတာ့ ၿခံေျမအလြတ္မွာ ၀င္းၿခံေတြ ခတ္ထားၾကသည္။ မၾကာခင္ အေဆာက္အအံုေတြ ေဆာက္ေတာ့မည္ဟု လည္း ယူဆရသည္။ သုသာန္က လူေနရပ္ကြက္ေတြႏွင့္ နီးလာ၍လည္း ယခုသုသာန္မွာ နာေရးကိစၥေတြ မျပဳလုပ္ဖို႔ မံုရြာစည္ပင္က တားျမစ္လိုက္တာျဖစ္သည္။ သုသာန္နာမည္ကေတာ့ ၿမိဳ႕သစ္သုသာန္္တဲ့။ အက်ယ္သံုးဧကခြဲ ေလာက္တြင္ အုတ္ဂူတစ္ရာနီးပါး ရွိသည္။ ဆိုင္းဘုတ္က စာအရ ၿမိဳ႕သစ္သုသာန္မွာ ၂၀၁၇ ခုႏွစ္ ဇြန္လ ၂၂ ရက္ေန႔ကတည္းက နာေရးကိစၥေတြ ေဆာင္ရြက္ျခင္းမျပဳဖို႔ တားျမစ္ထားတာျဖစ္သည္။ ဒါဆိုလွ်င္ လူေတြတဖြဲဖြဲ သြားေနရျခင္းမွာ နာေရးကိစၥေၾကာင့္လည္း မျဖစ္ႏိုင္ျပန္ေတာ့ပါ။ ဒါဆို လူေတြအဘယ္ေၾကာင့္ ထိုသုသာန္ ေဟာင္းအတြင္းသို႔ အတင္း၀င္ေရာက္ေနၾကပါသနည္း။

ရာသီဥတုအပူဒဏ္ကိုလည္း မမႈ၊ H1N1 ကိုလည္း ထည့္မတြက္ဘဲ တဖြဲဖြဲလာေရာက္ၾကျခင္းမွာ သူတို႔၏ စိတ္အာ႐ံုကို သုသာန္္သို႔ လာေရာက္ရန္ ဆြဲ ေဆာင္ေစခဲ့သည့္ သတင္းတစ္ခု ေၾကာင့္ျဖစ္၏။ ထိုသတင္းကား အျခားမဟုတ္။ မုံရြာက ၿမိဳ႕သစ္သုသာန္္ႏွင့္ အိုးဘိုေတာင္ရပ္ကြက္ရွိ သုသာန္္တို႔မွ  ပရေလာကသားမ်ားအား သုသာန္ေျပာင္း ေရႊ႕ေပးမည့္သတင္းေၾကာင့္ ျဖစ္ေလ၏။ အုိးဘုိေတာင္သုသာန္မွာ အုိးဘိုေတာင္ရြာစတည္ကတည္း ကရွိခဲ့ၿပီး တစ္ဧကခြဲေလာက္ က်ယ္သည္။ အုတ္ဂူ ၂၀ ခန္႔သာရွိၿပီး အမ်ားစုက ေျမျမႇဳပ္သၿဂႋဳဟ္ ထားျခင္းျဖစ္သည္။

အမ်ားစုက သုသာန္ဆိုလွ်င္ သရဲတေစၧ၊ နာနာဘာ၀ေတြ ေနထိုင္ၾကသည္ဟု ယံုၾကည္ၾကသည္။ သရဲတေစၧ၊ ၀ိညာဥ္ေလာကေတြအေၾကာင္းဆိုလွ်င္ ႐ုပ္ရွင္ပဲ႐ိုက္႐ိုက္၊ စာအုပ္ပဲထုတ္ထုတ္ လူစိတ္၀င္စားမႈရွိေနတာေၾကာင့္ သူတို႔ကို သုသာန္ေျပာင္းေပးမည္ဆိုေတာ့လည္း လူေတြစိတ္၀င္စားၾကသည္။ သုသာန္ေျပာင္းသည့္ အေတြ႕အႀကဳံေတြ ႀကံဳဖူးထားသူ ေတြကလည္း သူတို႔အေတြ႕အႀကံဳ ေတြကို ပြဲမစခင္ အာေပါင္အာရင္းသန္သန္ျဖင့္ မွ်ေ၀ေနၾက သည္။ ၎တို႔အနက္ လူမႈကူညီ ေရးအသင္းတစ္သင္းမွ အသက္(၅၀)ခန္႔ အမ်ိဳးသားႀကီးတစ္ဦးကလည္း သူ႔အေတြ႕အႀကံဳေတြကို ယခုလို ေျပာျပသည္။ ဘယ္ႏွစ္၊ ဘယ္ကာလတုန္းကရယ္ သူမမွတ္မိ။ နည္းနည္းေတာ့ ၾကာၿပီဟုဆိုသည္။ မံုရြာက သခ်ႋဳင္းတစ္ခုက ၀ိညာဥ္ေတြကို ေရႊ႕ၾကသည္။ ယခုလို ေန႔ခင္းေၾကာင္ေတာင္ေတာ့မဟုတ္။ ညဘက္ႀကီးျဖစ္သည္။ ထိုသို႔ေရႊ႕ၾကရင္း ၀ိညာဥ္တစ္ေကာင္က လူေနရပ္ကြက္တစ္ခုထဲ က်န္ေနရစ္ခဲ့ သည္တဲ့။ ထို၀ိညာဥ္က ၀င္ေရာက္ ပူးကပ္ေျပာဆိုရာမွ ထို၀ိညာဥ္ကို သုသာန္သစ္သို႔ ထပ္လိုက္ပို႔လိုက္ ရသည္တဲ့။ နားေထာင္သူေတြက မ်က္လံုးကေလး အ၀ိုင္းသားျဖင့္ နားေထာင္ေနၾကသည္။

ေနာက္တစ္ဦးကေတာ႔ ယခု လိုဆိုျပန္သည္။ ကားေပၚတက္ၾက၊ တက္ၾကဆိုေတာ့ တ၀ုန္း၀ုန္းနဲ႔တက္လိုက္ၾကတာ ကားေအာက္က ‘ေလး’ေတာင္ ေျဖာင့္သြားေစသည္အထိ သိသာခဲ့သည္တဲ့။ နားေထာင္သူေတြကေတာ့ ပခံုးက ေလး ပင့္သူကပင့္သြားသည္။ ၿဖိဳ ဖ်က္ထားသည့္ ေဘးနားက အုတ္ဂူေတြ လွမ္းၾကည့္သူက ၾကည့္သည္။ ကားေခါင္းခန္းထဲက စည္ပင္၀န္ထမ္းေတြကေတာ့ ေအာက္ကေျပာေနတာေတြ နားစြင့္ေနသည္။ သုသာန္္အတြင္း လူေတြသာ မ်ားေနေသာ္လည္း ေျပာျပ ေနသူတို႔ အသံမွလြဲ၍ တိတ္ ဆိတ္ေနလ်က္ရွိသည္။

ေန႔ခင္း ၁ နာရီ ၀န္းက်င္ေလာက္မွာေတာ့ သုသာန္ရွိ သရဏဂံုတင္သည့္ ဇရပ္မွသံဃာေတာ္မ်ားက ၿမိဳ႕သစ္သုသာန္္ရွိ ၀ိညာဥ္မ်ားအား အမွ်အတန္းေပး ေ၀သည္။ ထုိ႔အျပင္ ေျပာင္းေရႊ႕ သည့္အခါ လမ္းမွာဆင္းမေနခဲ့ဘဲ ကားေပၚ ေကာင္းေကာင္းမြန္မြန္လိုက္သြားဖို႔၊ လာေရာက္ကူညီ ေဆာင္ရြက္ေပးေနသူေတြကို အ ေႏွာင့္အယွက္မေပးဖို႔၊ အ႐ုပ္အသံအနံ႔ေတြလည္း မျပဖို႔၊ မေျခာက္လွန္႔ဖို႔ သတိေပးမိန္႔ၾကားၾကသည္။

ထိို႔ေနာက္ မံုရြာၿမိဳ႕နယ္စည္ပင္မွ ဒုဦးစီးမွဴးကေန အမိန္႔စာဖတ္ၾကားသည္။ ယေန႔တြင္ ခရီးထြက္ခြာေနေသာ မၾကားႏိုင္၊ မျမင္ႏိုင္ေသာ ပရေလာကသားမ်ားရွိပါက မက်န္ေစဖို႔ ပရေလာကသားအခ်င္းခ်င္း အသိေပးရန္၊ အသင့္စီမံေပးထားသည့္ ကားေပၚ မိနစ္ ၃၀ အတြင္း အၿပီးတက္ၾကရန္၊ လမ္းတစ္ေလွ်ာက္က လူမ်ား၊ တိရစာၦန္မ်ားအား အႏၱရာယ္ ျပဳျခင္း၊ ေႏွာင့္ယွက္ျခင္း၊ က်ီစားျခင္းမ်ား မျပဳၾကရန္၊ ယာဥ္ေမာင္း ႏွင္မည့္သူမ်ားအား အေႏွာင့္အ ယွက္ေပးျခင္း၊ အနံ႔ေပးျခင္း၊ အသိေပးျခင္းမ်ား မျပဳၾကရန္၊ လမ္းခရီးတြင္ ကားေပၚမွ ခုန္ခ်ဆင္း ေနျခင္းမျပဳရန္၊ သုသာန္္အသစ္ ေရာက္ရွိသည့္အခါ ၁၅ မိနစ္အ တြင္း ဆင္းေပးၾကရန္ႏွင့္ သက္ဆိုင္ရာ ဘာသာအသီးသီး သု သာန္္မ်ားတြင္ မကြၽတ္မလြတ္မီ ကာလအတြင္း ေအးခ်မ္းစြာ မွီ တင္းေနထိုင္ၾကရန္တို႔ကို ဖတ္ၾကားခဲ့သည္။


မံုရြာၿမိဳ႕နယ္စည္ပင္ဒုဦးစီးမွဴး ဦးမင္းမင္းသန္႔က အမိန္႔စာဖတ္ၾကားေနစဥ္ (ဓာတ္ပံု - ညီညီေဇာ္)

အမိန္႔ဖတ္ၾကားၿပီးေတာ့ လူေတြရဲ႕အာ႐ံုက ကားေတြဆီ ေရာက္သြားၾကသည္။ စည္ပင္သာယာမွ စီစဥ္ေပးထားသည့္ အမိႈက္ကားျပာႀကီးႏွစ္စီးႏွင့္အရန္ ယာဥ္တစ္စီးတို႔က သခ်ႋဳင္းေျမကို တန္းစီရပ္ကာ ေက်ာေပးထားၾက သည္။ ေရွ႕ဆံုးကားေနာက္ပိုင္းတြင္ ပလတ္စတစ္ထိုင္ခံုတစ္ခံုခ် ေပးထားသည္။ ကားက အနည္းငယ္ျမင့္ေန၍ျဖစ္သည္။ ကားက နည္းနည္းျမင့္ေန၍ ကေလး ၀ိညာဥ္ဆိုလွ်င္ မမီေလာက္ဘူးဟု ႀကံဖန္စိတ္ပူကာ အႀကံေပးသံ လည္း ၾကားရသည္။ တခ်ိဳ႕က ကားဘီးႏွင့္ ကားေဘာ္ဒီအကြာအေ၀းကို လက္ႏွင့္ခ်ိန္ဆကာ တိုင္းထားၾကသည္။ တေစၦေတြတက္လာလွ်င္ သိသာေအာင္ျဖစ္သည္။ အမ်ားစုကေတာ့ ကားေပၚတက္ရန္ ခ်ထားေပးထားသည့္ ပလတ္စတစ္ထိုင္ခံုကို မ်က္ေတာင္မခတ္တမ္း ထိုင္ၾကည့္ေနၾကသည္။ အကယ္၍ ထူးျခားတာ တစ္ခုခုမ်ား ျဖစ္လာခဲ႔လွ်င္ ေဖ့စ္ဘြတ္ခ္တင္လို႔ရေအာင္ ဖုန္းကင္မရာျဖင္႔ မွတ္တမ္းတင္သူေတြကလည္း တင္ထားၾကသည္။

‘‘ကဲ တက္ၾကပါဗ်ာ။ တက္ၾကပါ။ တက္တယ္ဆိုတာ သိသာေအာင္လည္း ခံုကေလးျဖစ္ျဖစ္ လႈပ္သြားၾကပါ’’ဟု လာၾကည့္သူတစ္ေယာက္က ေအာ္ေျပာလိုက္ျခင္းျဖစ္သည္။ ဆရာေတာ္ေတြ၊ အရာရွိေတြက ၀ိညာဥ္ေတြ မ ေျခာက္လွန္ဖို႔ ေမတၱာရပ္ခံေနပါတယ္ဆိုမွ သူက ခံုကေလးလႈပ္ျပခိုင္းေနသည္။ သူတင္လားေတာ့မဟုတ္။ တျခားသူေတြကလည္း ေနပူက်ဲတဲႀကီးမွာ သုသာန္္ေျမကိုလာရတာ လာရက်ိဳးနပ္သြားခ်င္ပံုရသည္။ ၀ိညာဥ္ေတြ ကားေပၚ တက္မည့္ခံု လႈပ္သြားေလမလား မ်က္ေတာင္မခတ္တမ္း ၾကည့္သည္။ ခံုက ေလတိုက္လို႔ေတာင္မေရြ႕။ ကားဘီးေတြပဲ ျပားလာ မလား သြားၾကည့္သူက ၾကည့္သည္။ တုတ္တုတ္ေတာင္မလႈပ္။

တစ္စီးၿပီးတစ္စီးသာ တက္ ခိုင္းေနေသာ္လည္း သိသာသည့္ ထင္ရွားမႈတစ္ခုမွရွိမလာေသး။ လူေတြလည္း ကားေတြနား အံုခဲကာ ၾကည့္ေနရသည္မွာ စိတ္မရွည္ေတာ့။ ေနကလည္း ပူသထက္ပူလာ။ ေခြၽးဒီးဒီးက်ေလၿပီ။ ‘‘အရင္တုန္းက ညခင္းေတြ ေရႊ႕တာပါ။ ခုက်ေတာ့ ေန႔ခင္းေရႊ႕ေတာ့ သူတို႔လည္း သြားခ်င္ရာသြားေနမွာေပါ့’’ဟု အမ်ိဳးသား တစ္ေယာက္က ေျပာသည္။ တစ္ေယာက္ကလည္း ဆိုေသးသည္။ ‘‘ကားေတြက အမိုးအကာမပါတဲ႔ အမိႈက္ကားေတြနဲ႔ဆိုေတာ့ သူတို႔လည္း ဘယ္လိုက္ခ်င္ပါ႔မလဲ။ အိတ္စပတ္ကားေလးနဲ႔ဆို ေတာ္ ေသး’’တဲ့။

တစ္ေယာက္တစ္မ်ိဳး အမ်ိဳးမ်ိဳး ေျပာဆိုေ၀ဖန္ရင္း ကားသံုးစီးသာ ထြက္သြားသည္။ ဘာဆိုဘာ မွမျမင္လိုက္ရ။ မၾကားလိုက္ရ။ ယုတ္စြအဆံုး စိတ္ေက်နပ္ေအာင္ ခံုကေလးေတာင္ လႈပ္ေပးမသြား ခဲ့ၾက။ ‘‘အတန္းခ်ိန္ ႏွစ္ခ်ိန္ေတာ႔ ကုန္ပါၿပီ’’၊ ‘‘ဂ်င္းထည့္ခံရတာပါကြာ’’  လာၾကည့္သူေတြ ပြစိပြစိ ေျပာရင္း သုသာန္္ထဲကေန ထြက္ခြာသြားၾကသည္။

စိတ္၀င္စား၍ လာၾကည့္သူမ်ားအဖို႔ စိတ္ေက်နပ္မႈမရခဲ့ ေသာ္လည္း မႀကံဳစဖူး ၀ိညာဥ္ေတြကို ေျပာင္းေရႊ႕သည့္ တာ၀န္ယူခဲ့ရသည့္ စည္ပင္၀န္ထမ္းမ်ား အဖို႔ စိတ္လႈပ္ရွားမႈေတြ ႀကံဳခဲ့ရ သည့္ေန႔တစ္ေန႔ျဖစ္ခဲ့ပုံေပၚသည္။ ၿမိဳ႕မသုသာန္္ေရာက္မွ ဇရပ္ေပၚ ေျပးတက္ကာ ေျခပစ္လက္ပစ္နားၾကသည္။ ေမာင္းရတာ နည္း နည္းေတာ့ သိသာတယ္ဟု ဆိုသူကဆိုသည္။  ေျပာင္းေရႊ႕ရာတြင္ အမိန္႔စာျပန္ခဲ့သည့္ စည္ပင္ဒုဦးစီးမွဴး ဦးမင္းမင္းသန္႔တစ္ေယာက္ ကေတာ့ စည္ပင္လုပ္သက္ (၁၇) ႏွစ္အတြင္း ပထမဆံုး ဝိညာဥ္ေရႊ႕ေျပာင္းရေသာ အေတြ႕အႀကံဳတြင္ ေၾကာက္ျခင္း၊ မေၾကာက္ျခင္း ထက္ တစ္စံုတစ္ရာ အတိမ္းအေစာင္းျဖစ္မွာ စိုးရိမ္ခဲ့ေၾကာင္း၊ သုသာန္္သို႔ ပို႔ၿပီးမွသာ ဟင္းခနဲ သက္ျပင္းခ်ႏိုင္ခဲ့ေၾကာင္း ေျပာျပ သည္။

ဝိညာဥ္ေတြ ေရႊ႕ေျပာင္းရင္း လမ္းမွာ ကားေတြ စက္ရပ္သြားတာမ်ိဳး ျဖစ္တတ္ေသာေၾကာင့္ ထိုသို႔ႀကံဳလာပါက ဝိညာဥ္မ်ားကို ကားေျပာင္းေရႊ႕တက္ေပးရန္ေျပာၾကားေပးရမည့္ စာသားမ်ားကိုပါ ႀကိဳတင္ေရးသားထားရသည္။

လမ္းခရီးတစ္ေလွ်ာက္ ႀကိဳတင္သ တင္းၾကားထားသူ မံုရြာေဒသခံအခ်ိဳ႕က ေရွ႕က ဆရာေတာ္မ်ား ဦးေဆာင္သည့္ ကားေနာက္ပါလာေသာ ဝိညာဥ္မ်ား တင္ေဆာင္လာသည့္ ကားသံုးစီးကို စိတ္ဝင္တစားၾကည့္ေနၾကသည္။ ကံေကာင္း ေထာက္မ၍ လမ္းခရီးတြင္ ဘာ တစ္ခုမွမျဖစ္ဘဲ ၿမိဳ႕မသုသာန္သို႔ ေခ်ာေခ်ာေမာေမာ ေရာက္ရွိခဲ့ သည္။ ၀ိညာဥ္ေတြ ဖယ္ရွားၿပီးျဖစ္ သည့္ ထိုသုသာန္ေဟာင္းႏွစ္ခုကေတာ့ မၾကာခင္ ရွင္းလင္းေရးေတြ ေဆာင္ရြက္ေတာ့မည္ ျဖစ္သည္။ ေျမရွင္းလင္းေရးေတြ လုပ္ၿပီးလွ်င္ေတာ့ စည္ပင္သာယာပိုင္ေျမျဖစ္သြားၿပီျဖစ္သည့္အတြက္ ၿမိဳ႕ျပဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းေတြ အေကာင္အထည္ ေဖာ္ၾကမည္ျဖစ္သည္။ သုသာန္ဆိုသည္က လူေနရပ္ကြက္ေတြႏွင့္ ေ၀းရာမွာ သတ္မွတ္ေလ့ရွိေသာ္လည္း တျဖည္းျဖည္း လူဦးေရေတြ တိုးတက္လာသည္ႏွင့္အမွ် အိမ္ေျခရာေျခေတြလည္း တိုးပြားလာကာ သုသာန္ေျမနား လူေနရပ္ကြက္ ေတြ ျဖစ္လာခဲ့ရသည္။

ယခင္ကေတာ့ သုသာန္္ေျမက စီးပြားမျဖစ္ဘူး၊ ခုိက္တာဘာညာ အယူအဆေတြ ရွိခဲ့ေသာ္လည္း သုသာန္္ေျမေနရာေတြမွာ စီးပြားျဖစ္ေနသည့္ ေစ်း၀ယ္စင္တာႀကီးေတြ၊ ေက်ာက္မ်က္ေစ်း ႀကီးေတြ၊ လူေနတိုက္တာေတြက ျမန္မာျပည္ တစ္နံတစ္လ်ားမ်ားမွ မ်ား။  သုသာန္ေျမနား အိမ္လာ ေဆာက္ၿပီး လူေနရပ္ကြက္ေတြႏွင့္ မသင့္ေတာ္ဟုဆိုကာ သုသာန္္ ေတြ ေရႊ႕ေပးရျပန္သည္။ သုသာန္္ ေတြေရႊ႕ေတာ့လည္း သုသာန္္မွာ မီွတင္းေနထိုင္ၾကသည့္ ၀ိညာဥ္ ေတြ၊ ပရေလာကသားေတြကိုပါ ယခုလို ေျပာင္းေရႊ႕ေပးရျပန္သည္။ သရဲေတြ၊ ၀ိညာဥ္ေတြခမ်ာ လူေတြကို ေျခာက္ဖို႔လွန္႔ဖို႔၊ က်ီစားဖို႔မေျပာႏွင့္ သူတို႔ေနသည့္ သခ်ႋဳင္းေတြ ဘယ္ေတာ့မ်ား ေရႊ႕ ေပးရမလဲ၊ ဘယ္ေတာ့မ်ား ေနဖို႔ ဘံုေတြ ေပ်ာက္ဦးမလဲ စိုးရိမ္ေန ၾကပါလိမ့္မည္။ ၀ိညာဥ္ေတြ ေရႊ႕ ေျပာင္းေပးသည့္ပြဲကို လာၾကည့္ သည့္ ေဒသခံတစ္ေယာက္က ေတာ့ စိတ္ပ်က္လက္ပ်က္ႏွင့္ အခုလို ညည္းသည္။ ‘‘ငါတို႔ အလွည့္ က်ရင္ေတာ့ အေ၀းႀကီးသြားရ ေတာ့မွာ’’ဟူ၏။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily


#Unicode Version#
မြို့သစ်သုသာန်ရှိ ဝိညာဉ်များကို သုသာန်ပြောင်းရွှေ့ပေးရာသို့ လာရောက်ကြည့်ရှုနေသူများ (ဓာတ်ပုံ - ညီညီဇော်)

အညာဒေသ မုံရွာမြို့၏ ပူပြင်းလှသည့် နေ့လယ်ခင်းတစ်ခုတွင် မြို့၏မြောက်ဘက်ပိုင်း အိုးဘိုတောင်ရပ်ကွက်ရှိ လမ်းသွယ်တစ်ခုအတွင်းသို့ လူအများက ခြေကျင်ဖြင့်တစ်သွယ်၊ ဆိုင်ကယ်ဖြင့်တစ်ဖုံ ဝင်ရောက်သွားလာနေကြ၏။ ရပ်ရွာ၊ မြို့နယ် ဘောလုံးပွဲလည်းမရှိ။ H1N1 ရှိနေ၍ ပွဲလမ်းသဘင်များ ပြုလုပ်ခွင့် ပိတ်ထားသောကြောင့် ဘုရားပွဲလည်း မဟုတ်နိုင်။ ထိုလမ်းသွယ်အတွင်း အနည်းငယ်ဝင်ရောက်သွားတော့ ဆိုင်းဘုတ်အနီတစ်ခု ထောင်ထား သည်ကို တွေ့ရသည်။ ဆိုင်းဘုတ်ပေါ်မှာတော့ ယခုနေရာတွင် မြေမြှုပ်တာတွေ၊ သင်္ဂြိုဟ်တာတွေမလုပ်ဖို့ တားထားခြင်းဖြစ်သည်။ ထိုစာအရ ထိုနေရာက သုသာန်တစ်ခုဆိုတာကို သိရသည်။

သုသာန်ဟု ဆိုသော်လည်း သုသာန်မြေနှင့်တော့ သိပ်မတူလှပါ။ ဘေးနားတွင် လူနေအိမ်များ ရှိနေသည်။ တချို့ကတော့ ခြံမြေအလွတ်မှာ ဝင်းခြံတွေ ခတ်ထားကြသည်။ မကြာခင် အဆောက်အအုံတွေ ဆောက်တော့မည်ဟု လည်း ယူဆရသည်။ သုသာန်က လူနေရပ်ကွက်တွေနှင့် နီးလာ၍လည်း ယခုသုသာန်မှာ နာရေးကိစ္စတွေ မပြုလုပ်ဖို့ မုံရွာစည်ပင်က တားမြစ်လိုက်တာဖြစ်သည်။ သုသာန်နာမည်ကတော့ မြို့သစ်သုသာန်တဲ့။ အကျယ်သုံးဧကခွဲ လောက်တွင် အုတ်ဂူတစ်ရာနီးပါး ရှိသည်။ ဆိုင်းဘုတ်က စာအရ မြို့သစ်သုသာန်မှာ ၂၀၁၇ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ကတည်းက နာရေးကိစ္စတွေ ဆောင်ရွက်ခြင်းမပြုဖို့ တားမြစ်ထားတာဖြစ်သည်။ ဒါဆိုလျှင် လူတွေတဖွဲဖွဲ သွားနေရခြင်းမှာ နာရေးကိစ္စကြောင့်လည်း မဖြစ်နိုင်ပြန်တော့ပါ။ ဒါဆို လူတွေအဘယ်ကြောင့် ထိုသုသာန် ဟောင်းအတွင်းသို့ အတင်းဝင်ရောက်နေကြပါသနည်း။

ရာသီဥတုအပူဒဏ်ကိုလည်း မမှု၊ H1N1 ကိုလည်း ထည့်မတွက်ဘဲ တဖွဲဖွဲလာရောက်ကြခြင်းမှာ သူတို့၏ စိတ်အာရုံကို သုသာန်သို့ လာရောက်ရန် ဆွဲ ဆောင်စေခဲ့သည့် သတင်းတစ်ခု ကြောင့်ဖြစ်၏။ ထိုသတင်းကား အခြားမဟုတ်။ မုံရွာက မြို့သစ်သုသာန်နှင့် အိုးဘိုတောင်ရပ်ကွက်ရှိ သုသာန်တို့မှ  ပရလောကသားများအား သုသာန်ပြောင်း ရွှေ့ပေးမည့်သတင်းကြောင့် ဖြစ်လေ၏။ အိုးဘိုတောင်သုသာန်မှာ အိုးဘိုတောင်ရွာစတည်ကတည်း ကရှိခဲ့ပြီး တစ်ဧကခွဲလောက် ကျယ်သည်။ အုတ်ဂူ ၂၀ ခန့်သာရှိပြီး အများစုက မြေမြှုပ်သင်္ဂြိုဟ် ထားခြင်းဖြစ်သည်။

အများစုက သုသာန်ဆိုလျှင် သရဲတစ္ဆေ၊ နာနာဘာဝတွေ နေထိုင်ကြသည်ဟု ယုံကြည်ကြသည်။ သရဲတစ္ဆေ၊ ဝိညာဉ်လောကတွေအကြောင်းဆိုလျှင် ရုပ်ရှင်ပဲရိုက်ရိုက်၊ စာအုပ်ပဲထုတ်ထုတ် လူစိတ်ဝင်စားမှုရှိနေတာကြောင့် သူတို့ကို သုသာန်ပြောင်းပေးမည်ဆိုတော့လည်း လူတွေစိတ်ဝင်စားကြသည်။ သုသာန်ပြောင်းသည့် အတွေ့အကြုံတွေ ကြုံဖူးထားသူ တွေကလည်း သူတို့အတွေ့အကြုံ တွေကို ပွဲမစခင် အာပေါင်အာရင်းသန်သန်ဖြင့် မျှဝေနေကြ သည်။ ၎င်းတို့အနက် လူမှုကူညီ ရေးအသင်းတစ်သင်းမှ အသက်(၅၀)ခန့် အမျိုးသားကြီးတစ်ဦးကလည်း သူ့အတွေ့အကြုံတွေကို ယခုလို ပြောပြသည်။ ဘယ်နှစ်၊ ဘယ်ကာလတုန်းကရယ် သူမမှတ်မိ။ နည်းနည်းတော့ ကြာပြီဟုဆိုသည်။ မုံရွာက သချႋုင်းတစ်ခုက ဝိညာဉ်တွေကို ရွှေ့ကြသည်။ ယခုလို နေ့ခင်းကြောင်တောင်တော့မဟုတ်။ ညဘက်ကြီးဖြစ်သည်။ ထိုသို့ရွှေ့ကြရင်း ဝိညာဉ်တစ်ကောင်က လူနေရပ်ကွက်တစ်ခုထဲ ကျန်နေရစ်ခဲ့ သည်တဲ့။ ထိုဝိညာဉ်က ဝင်ရောက် ပူးကပ်ပြောဆိုရာမှ ထိုဝိညာဉ်ကို သုသာန်သစ်သို့ ထပ်လိုက်ပို့လိုက် ရသည်တဲ့။ နားထောင်သူတွေက မျက်လုံးကလေး အဝိုင်းသားဖြင့် နားထောင်နေကြသည်။

နောက်တစ်ဦးကတော့ ယခု လိုဆိုပြန်သည်။ ကားပေါ်တက်ကြ၊ တက်ကြဆိုတော့ တဝုန်းဝုန်းနဲ့တက်လိုက်ကြတာ ကားအောက်က ‘လေး’တောင် ဖြောင့်သွားစေသည်အထိ သိသာခဲ့သည်တဲ့။ နားထောင်သူတွေကတော့ ပခုံးက လေး ပင့်သူကပင့်သွားသည်။ ဖြို ဖျက်ထားသည့် ဘေးနားက အုတ်ဂူတွေ လှမ်းကြည့်သူက ကြည့်သည်။ ကားခေါင်းခန်းထဲက စည်ပင်ဝန်ထမ်းတွေကတော့ အောက်ကပြောနေတာတွေ နားစွင့်နေသည်။ သုသာန်အတွင်း လူတွေသာ များနေသော်လည်း ပြောပြ နေသူတို့ အသံမှလွဲ၍ တိတ် ဆိတ်နေလျက်ရှိသည်။

နေ့ခင်း ၁ နာရီ ဝန်းကျင်လောက်မှာတော့ သုသာန်ရှိ သရဏဂုံတင်သည့် ဇရပ်မှသံဃာတော်များက မြို့သစ်သုသာန်ရှိ ဝိညာဉ်များအား အမျှအတန်းပေး ဝေသည်။ ထို့အပြင် ပြောင်းရွှေ့ သည့်အခါ လမ်းမှာဆင်းမနေခဲ့ဘဲ ကားပေါ် ကောင်းကောင်းမွန်မွန်လိုက်သွားဖို့၊ လာရောက်ကူညီ ဆောင်ရွက်ပေးနေသူတွေကို အ နှောင့်အယှက်မပေးဖို့၊ အရုပ်အသံအနံ့တွေလည်း မပြဖို့၊ မခြောက်လှန့်ဖို့ သတိပေးမိန့်ကြားကြသည်။

ထို့နောက် မုံရွာမြို့နယ်စည်ပင်မှ ဒုဦးစီးမှူးကနေ အမိန့်စာဖတ်ကြားသည်။ ယနေ့တွင် ခရီးထွက်ခွာနေသော မကြားနိုင်၊ မမြင်နိုင်သော ပရလောကသားများရှိပါက မကျန်စေဖို့ ပရလောကသားအချင်းချင်း အသိပေးရန်၊ အသင့်စီမံပေးထားသည့် ကားပေါ် မိနစ် ၃၀ အတွင်း အပြီးတက်ကြရန်၊ လမ်းတစ်လျှောက်က လူများ၊ တိရစ္ဆာန်များအား အန္တရာယ် ပြုခြင်း၊ နှောင့်ယှက်ခြင်း၊ ကျီစားခြင်းများ မပြုကြရန်၊ ယာဉ်မောင်း နှင်မည့်သူများအား အနှောင့်အ ယှက်ပေးခြင်း၊ အနံ့ပေးခြင်း၊ အသိပေးခြင်းများ မပြုကြရန်၊ လမ်းခရီးတွင် ကားပေါ်မှ ခုန်ချဆင်း နေခြင်းမပြုရန်၊ သုသာန်အသစ် ရောက်ရှိသည့်အခါ ၁၅ မိနစ်အ တွင်း ဆင်းပေးကြရန်နှင့် သက်ဆိုင်ရာ ဘာသာအသီးသီး သု သာန်များတွင် မကျွတ်မလွတ်မီ ကာလအတွင်း အေးချမ်းစွာ မှီ တင်းနေထိုင်ကြရန်တို့ကို ဖတ်ကြားခဲ့သည်။


မုံရွာမြို့နယ်စည်ပင်ဒုဦးစီးမှူး ဦးမင်းမင်းသန့်က အမိန့်စာဖတ်ကြားနေစဉ် (ဓာတ်ပုံ - ညီညီဇော်)

အမိန့်ဖတ်ကြားပြီးတော့ လူတွေရဲ့အာရုံက ကားတွေဆီ ရောက်သွားကြသည်။ စည်ပင်သာယာမှ စီစဉ်ပေးထားသည့် အမှိုက်ကားပြာကြီးနှစ်စီးနှင့်အရန် ယာဉ်တစ်စီးတို့က သချႋုင်းမြေကို တန်းစီရပ်ကာ ကျောပေးထားကြ သည်။ ရှေ့ဆုံးကားနောက်ပိုင်းတွင် ပလတ်စတစ်ထိုင်ခုံတစ်ခုံချ ပေးထားသည်။ ကားက အနည်းငယ်မြင့်နေ၍ဖြစ်သည်။ ကားက နည်းနည်းမြင့်နေ၍ ကလေး ဝိညာဉ်ဆိုလျှင် မမီလောက်ဘူးဟု ကြံဖန်စိတ်ပူကာ အကြံပေးသံ လည်း ကြားရသည်။ တချို့က ကားဘီးနှင့် ကားဘော်ဒီအကွာအဝေးကို လက်နှင့်ချိန်ဆကာ တိုင်းထားကြသည်။ တစ္ဆေတွေတက်လာလျှင် သိသာအောင်ဖြစ်သည်။ အများစုကတော့ ကားပေါ်တက်ရန် ချထားပေးထားသည့် ပလတ်စတစ်ထိုင်ခုံကို မျက်တောင်မခတ်တမ်း ထိုင်ကြည့်နေကြသည်။ အကယ်၍ ထူးခြားတာ တစ်ခုခုများ ဖြစ်လာခဲ့လျှင် ဖေ့စ်ဘွတ်ခ်တင်လို့ရအောင် ဖုန်းကင်မရာဖြင့် မှတ်တမ်းတင်သူတွေကလည်း တင်ထားကြသည်။

‘‘ကဲ တက်ကြပါဗျာ။ တက်ကြပါ။ တက်တယ်ဆိုတာ သိသာအောင်လည်း ခုံကလေးဖြစ်ဖြစ် လှုပ်သွားကြပါ’’ဟု လာကြည့်သူတစ်ယောက်က အော်ပြောလိုက်ခြင်းဖြစ်သည်။ ဆရာတော်တွေ၊ အရာရှိတွေက ဝိညာဉ်တွေ မ ခြောက်လှန်ဖို့ မေတ္တာရပ်ခံနေပါတယ်ဆိုမှ သူက ခုံကလေးလှုပ်ပြခိုင်းနေသည်။ သူတင်လားတော့မဟုတ်။ တခြားသူတွေကလည်း နေပူကျဲတဲကြီးမှာ သုသာန်မြေကိုလာရတာ လာရကျိုးနပ်သွားချင်ပုံရသည်။ ဝိညာဉ်တွေ ကားပေါ် တက်မည့်ခုံ လှုပ်သွားလေမလား မျက်တောင်မခတ်တမ်း ကြည့်သည်။ ခုံက လေတိုက်လို့တောင်မရွေ့။ ကားဘီးတွေပဲ ပြားလာ မလား သွားကြည့်သူက ကြည့်သည်။ တုတ်တုတ်တောင်မလှုပ်။

တစ်စီးပြီးတစ်စီးသာ တက် ခိုင်းနေသော်လည်း သိသာသည့် ထင်ရှားမှုတစ်ခုမှရှိမလာသေး။ လူတွေလည်း ကားတွေနား အုံခဲကာ ကြည့်နေရသည်မှာ စိတ်မရှည်တော့။ နေကလည်း ပူသထက်ပူလာ။ ချွေးဒီးဒီးကျလေပြီ။ ‘‘အရင်တုန်းက ညခင်းတွေ ရွှေ့တာပါ။ ခုကျတော့ နေ့ခင်းရွှေ့တော့ သူတို့လည်း သွားချင်ရာသွားနေမှာပေါ့’’ဟု အမျိုးသား တစ်ယောက်က ပြောသည်။ တစ်ယောက်ကလည်း ဆိုသေးသည်။ ‘‘ကားတွေက အမိုးအကာမပါတဲ့ အမှိုက်ကားတွေနဲ့ဆိုတော့ သူတို့လည်း ဘယ်လိုက်ချင်ပါ့မလဲ။ အိတ်စပတ်ကားလေးနဲ့ဆို တော် သေး’’တဲ့။

တစ်ယောက်တစ်မျိုး အမျိုးမျိုး ပြောဆိုဝေဖန်ရင်း ကားသုံးစီးသာ ထွက်သွားသည်။ ဘာဆိုဘာ မှမမြင်လိုက်ရ။ မကြားလိုက်ရ။ ယုတ်စွအဆုံး စိတ်ကျေနပ်အောင် ခုံကလေးတောင် လှုပ်ပေးမသွား ခဲ့ကြ။ ‘‘အတန်းချိန် နှစ်ချိန်တော့ ကုန်ပါပြီ’’၊ ‘‘ဂျင်းထည့်ခံရတာပါကွာ’’  လာကြည့်သူတွေ ပွစိပွစိ ပြောရင်း သုသာန်ထဲကနေ ထွက်ခွာသွားကြသည်။

စိတ်ဝင်စား၍ လာကြည့်သူများအဖို့ စိတ်ကျေနပ်မှုမရခဲ့ သော်လည်း မကြုံစဖူး ဝိညာဉ်တွေကို ပြောင်းရွှေ့သည့် တာဝန်ယူခဲ့ရသည့် စည်ပင်ဝန်ထမ်းများ အဖို့ စိတ်လှုပ်ရှားမှုတွေ ကြုံခဲ့ရ သည့်နေ့တစ်နေ့ဖြစ်ခဲ့ပုံပေါ်သည်။ မြို့မသုသာန်ရောက်မှ ဇရပ်ပေါ် ပြေးတက်ကာ ခြေပစ်လက်ပစ်နားကြသည်။ မောင်းရတာ နည်း နည်းတော့ သိသာတယ်ဟု ဆိုသူကဆိုသည်။  ပြောင်းရွှေ့ရာတွင် အမိန့်စာပြန်ခဲ့သည့် စည်ပင်ဒုဦးစီးမှူး ဦးမင်းမင်းသန့်တစ်ယောက် ကတော့ စည်ပင်လုပ်သက် (၁၇) နှစ်အတွင်း ပထမဆုံး ဝိညာဉ်ရွှေ့ပြောင်းရသော အတွေ့အကြုံတွင် ကြောက်ခြင်း၊ မကြောက်ခြင်း ထက် တစ်စုံတစ်ရာ အတိမ်းအစောင်းဖြစ်မှာ စိုးရိမ်ခဲ့ကြောင်း၊ သုသာန်သို့ ပို့ပြီးမှသာ ဟင်းခနဲ သက်ပြင်းချနိုင်ခဲ့ကြောင်း ပြောပြ သည်။

ဝိညာဉ်တွေ ရွှေ့ပြောင်းရင်း လမ်းမှာ ကားတွေ စက်ရပ်သွားတာမျိုး ဖြစ်တတ်သောကြောင့် ထိုသို့ကြုံလာပါက ဝိညာဉ်များကို ကားပြောင်းရွှေ့တက်ပေးရန်ပြောကြားပေးရမည့် စာသားများကိုပါ ကြိုတင်ရေးသားထားရသည်။

လမ်းခရီးတစ်လျှောက် ကြိုတင်သ တင်းကြားထားသူ မုံရွာဒေသခံအချို့က ရှေ့က ဆရာတော်များ ဦးဆောင်သည့် ကားနောက်ပါလာသော ဝိညာဉ်များ တင်ဆောင်လာသည့် ကားသုံးစီးကို စိတ်ဝင်တစားကြည့်နေကြသည်။ ကံကောင်း ထောက်မ၍ လမ်းခရီးတွင် ဘာ တစ်ခုမှမဖြစ်ဘဲ မြို့မသုသာန်သို့ ချောချောမောမော ရောက်ရှိခဲ့ သည်။ ဝိညာဉ်တွေ ဖယ်ရှားပြီးဖြစ် သည့် ထိုသုသာန်ဟောင်းနှစ်ခုကတော့ မကြာခင် ရှင်းလင်းရေးတွေ ဆောင်ရွက်တော့မည် ဖြစ်သည်။ မြေရှင်းလင်းရေးတွေ လုပ်ပြီးလျှင်တော့ စည်ပင်သာယာပိုင်မြေဖြစ်သွားပြီဖြစ်သည့်အတွက် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ အကောင်အထည် ဖော်ကြမည်ဖြစ်သည်။ သုသာန်ဆိုသည်က လူနေရပ်ကွက်တွေနှင့် ဝေးရာမှာ သတ်မှတ်လေ့ရှိသော်လည်း တဖြည်းဖြည်း လူဦးရေတွေ တိုးတက်လာသည်နှင့်အမျှ အိမ်ခြေရာခြေတွေလည်း တိုးပွားလာကာ သုသာန်မြေနား လူနေရပ်ကွက် တွေ ဖြစ်လာခဲ့ရသည်။

ယခင်ကတော့ သုသာန်မြေက စီးပွားမဖြစ်ဘူး၊ ခိုက်တာဘာညာ အယူအဆတွေ ရှိခဲ့သော်လည်း သုသာန်မြေနေရာတွေမှာ စီးပွားဖြစ်နေသည့် ဈေးဝယ်စင်တာကြီးတွေ၊ ကျောက်မျက်ဈေး ကြီးတွေ၊ လူနေတိုက်တာတွေက မြန်မာပြည် တစ်နံတစ်လျားများမှ များ။  သုသာန်မြေနား အိမ်လာ ဆောက်ပြီး လူနေရပ်ကွက်တွေနှင့် မသင့်တော်ဟုဆိုကာ သုသာန် တွေ ရွှေ့ပေးရပြန်သည်။ သုသာန် တွေရွှေ့တော့လည်း သုသာန်မှာ မှီတင်းနေထိုင်ကြသည့် ဝိညာဉ် တွေ၊ ပရလောကသားတွေကိုပါ ယခုလို ပြောင်းရွှေ့ပေးရပြန်သည်။ သရဲတွေ၊ ဝိညာဉ်တွေခမျာ လူတွေကို ခြောက်ဖို့လှန့်ဖို့၊ ကျီစားဖို့မပြောနှင့် သူတို့နေသည့် သချႋုင်းတွေ ဘယ်တော့များ ရွှေ့ ပေးရမလဲ၊ ဘယ်တော့များ နေဖို့ ဘုံတွေ ပျောက်ဦးမလဲ စိုးရိမ်နေ ကြပါလိမ့်မည်။ ဝိညာဉ်တွေ ရွှေ့ ပြောင်းပေးသည့်ပွဲကို လာကြည့် သည့် ဒေသခံတစ်ယောက်က တော့ စိတ်ပျက်လက်ပျက်နှင့် အခုလို ညည်းသည်။ ‘‘ငါတို့ အလှည့် ကျရင်တော့ အဝေးကြီးသွားရ တော့မှာ’’ဟူ၏။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top