ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

၂၉ ႀကိမ္ႀကိမ္ေျမာက္ ဆီးဂိမ္းေဘာလုံးျပိဳင္ပဲြသည္ တျဖည္းျဖည္းခ်င္း ဇာတ္ရွိန္ျမင့္တက္လာေနျပီျဖစ္ပါတယ္။ အုပ္စု(က) အိမ္ရွင္ပါ၀င္သည့္ ပဲြစဥ္မ်ားကေတာ့ ၃ ပဲြစီ ကစားျပီးသာနဲ႔ အုပ္စုဗိုလ္က ဘယ္သူဘယ္၀ါဆုိတာ ကဲြျပားေသာရလဒ္ထြ က္ေပၚခဲ့ျပီးျဖစ္ပါတယ္။

လက္ရွိမွာ မိမိတုိ႔ ျမန္မာအသင္းကေတာ့ ေလးပဲြကစား သုံးပဲြႏုိင္ တစ္ပဲြရႈံး ရမွတ္ ၉ မွတ္ျဖင့္ အုပ္စုဇယားထိပ္မွာရွိတုန္းပါ။ သုိ႔ေသာ္ အိမ္ရွင္ မေလးရွားက မနက္ျဖန္လက္က်န္ လာအုိနဲ႔ တစ္ပဲြက်န္ေသးျပီး အႏုိင္သုိ႔ သေရ ျဖစ္ပါက အုပ္စုပထမျဖ စ္ရန္ အလားလာေကာင္းကို ပုိင္ဆုိင္ေနျပီျဖစ္ပါတယ္။

ထုိ႔ေၾကာင့္ ျမန္မာအသင္းအေနျဖင့္ အုပ္စု (A)မွာ ဒုတိယ ရရွိဖို႔ ေသခ်ာေနၿပီလုိ႔ ေျပာရပါမယ္။ ထုိသုိ႔ အုပ္စု ဒုတိယျဖင့္ ဆီမီးဖိုင္နယ္ တက္သြားပါက ျမန္မာအသင္း ဘယ္အသင္းေတြ နဲ႔ေတြမလဲ? အုပ္စု(B) ကိုတစ္ခ်က္ေလ့လာရေအာင္-

အုပ္စု (B) မွာ ၄ပဲြစီကစားၿပီးခ်ိန္မွာေတာ့ ဗီယက္နမ္ နဲ႔ ထိုင္းက ရမွတ္ ၁၀ မွတ္စီ ရမွတ္တူ ဂိုးကြာျခားခ်က္အရ အုပ္စု ပထမ နဲ႔ ဒုတိယ ေနရာမွာ ရပ္တည္ေနၿပီး အင္ဒိုနီးရွား အသင္းက ရမွတ္ ၈ မွတ္နဲ႔ အုပ္စု တတိယေနရာမွာ ရပ္တည္ေန ပါတယ္။

ဒါေၾကာင့္ အုပ္စု ေနာက္ဆံုး ပဲြစဥ္ေတြဟာ အေရးပါေနၿပီး အုပ္စု ေနာက္ဆုံး ပဲြစဥ္ေတြမွာေတာ့ အုပ္စု ပထမ ဗီယက္နမ္ အသင္းနဲ႔ ဒုတိယ ထိုင္း အသင္း ထိပ္တိုက္ေတြ႔ဆုံေနၿပီး အင္ဒိုနီးရွားအသင္းကေတာ့ ကေမာၻဒီယား အသင္းနဲ႔ ယွဥ္ၿပိဳင္ရ မွာ ျဖစ္ပါတယ္။ ထုိင္းနဲ႔ ဗီယက္နမ္ ေတြ႔ဆံုတဲ့ပဲြစဥ္ဟာ အေရးပါဆံုးျဖစ္ေနၿပီး အႏုိင္ရရွိတဲ့ အသင္းဟာ အုပ္စုဗိုလ္အေနနဲ႔ ဆီးမီးဖုိင္နယ္ကို တက္ေရာက္ႏုိင္မွာျဖစ္ပါတယ္။

အင္ဒိုနီးရွား အသင္းအေနနဲ႔လည္း ကေမ႓ာဒီးယား အသင္းကို ဂိုးျပတ္ အႏိုင္ရဖို႔ လိုအပ္ေနပါတယ္။ အကယ္လုိ႔ က် ဥ္းေျမာင္းတဲ႔ ဂိုးရလာဒ္နဲ႔ အႏိုင္ရခဲ႔ၿပီး ဗီယက္နမ္ – ထိုင္း ပဲြစဥ္ သေရရလာဒ္ ထြက္ေပၚခဲ႔လွ်င္ျဖင့္ အင္ဒိုနီးရွား အသင္း အုပ္စုကေန ထြက္ရမွာ ျဖစ္ပါတယ္။

စာေရးသူ တစ္ဦးတည္းအျမင္အရ ထုိငး္နဲ႔ ဗီယက္နမ္တို႔ ပဲြစဥ္ကို အေရးမထားဘဲ ကေမာၻဒီးယားကိုသာ ၃ ဂိုးအထက္ သြင္းထားႏုိင္ပါက အင္ဒိုနီးရွားရဲ႕ ဆီးမီးဖုိင္နယ္ဟာ အေသခ်ာဆံုးျဖစ္ၿပီး ထုိငး္နဲ႔ မေလးရွားကေတာ့ ႏုိင္တဲ့ အသင္း တက္ေရာက္မွာ ျဖစ္ပါတယ္။

ဆီးမီးဖိုင္နယ္တြင္ ျမန္မာအသင္း ေတြ႕ဆံုႏုိင္သည့္ အသင္းမ်ား- ျမန္မာ -ထုိင္း(သို႔) ဗီယက္နမ္(ထုိင္းနဲ႔ ဗီယက္နမ္ တို႔ သေရမက်ဘဲ တစ္သင္းသင္း အႏုိင္အရႈံးျပက္သားပါက)

ျမန္မာ-အင္ဒိုနီးရွား(ထုိင္းနဲ႔ ဗီယက္နမ္ သေရက်ၿပီး အင္ဒိုနီးရွား ေနာက္ဆံုးပဲြစဥ္ ၃ ဂိုးအထက္ အႏုိင္ရပါက) စာေရးသူ တစ္ဦးတည္းရဲ႕ အျမင္သာျဖစ္ၿပီး လြတ္လပ္စြာ သေဘာထားကဲြလဲြႏုိင္ပါတယ္

@NYK


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Kankaw Medai

#Unicode Version#
၂၉ ကြိမ်ကြိမ်မြောက် ဆီးဂိမ်းဘောလုံးပြိုင်ပွဲသည် တဖြည်းဖြည်းချင်း ဇာတ်ရှိန်မြင့်တက်လာနေပြီဖြစ်ပါတယ်။ အုပ်စု(က) အိမ်ရှင်ပါဝင်သည့် ပွဲစဉ်များကတော့ ၃ ပွဲစီ ကစားပြီးသာနဲ့ အုပ်စုဗိုလ်က ဘယ်သူဘယ်ဝါဆိုတာ ကွဲပြားသောရလဒ်ထွ က်ပေါ်ခဲ့ပြီးဖြစ်ပါတယ်။

လက်ရှိမှာ မိမိတို့ မြန်မာအသင်းကတော့ လေးပွဲကစား သုံးပွဲနိုင် တစ်ပွဲရှုံး ရမှတ် ၉ မှတ်ဖြင့် အုပ်စုဇယားထိပ်မှာရှိတုန်းပါ။ သို့သော် အိမ်ရှင် မလေးရှားက မနက်ဖြန်လက်ကျန် လာအိုနဲ့ တစ်ပွဲကျန်သေးပြီး အနိုင်သို့ သရေ ဖြစ်ပါက အုပ်စုပထမဖြ စ်ရန် အလားလာကောင်းကို ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

ထို့ကြောင့် မြန်မာအသင်းအနေဖြင့် အုပ်စု (A)မှာ ဒုတိယ ရရှိဖို့ သေချာနေပြီလို့ ပြောရပါမယ်။ ထိုသို့ အုပ်စု ဒုတိယဖြင့် ဆီမီးဖိုင်နယ် တက်သွားပါက မြန်မာအသင်း ဘယ်အသင်းတွေ နဲ့တွေမလဲ? အုပ်စု(B) ကိုတစ်ချက်လေ့လာရအောင်-

အုပ်စု (B) မှာ ၄ပွဲစီကစားပြီးချိန်မှာတော့ ဗီယက်နမ် နဲ့ ထိုင်းက ရမှတ် ၁၀ မှတ်စီ ရမှတ်တူ ဂိုးကွာခြားချက်အရ အုပ်စု ပထမ နဲ့ ဒုတိယ နေရာမှာ ရပ်တည်နေပြီး အင်ဒိုနီးရှား အသင်းက ရမှတ် ၈ မှတ်နဲ့ အုပ်စု တတိယနေရာမှာ ရပ်တည်နေ ပါတယ်။

ဒါကြောင့် အုပ်စု နောက်ဆုံး ပွဲစဉ်တွေဟာ အရေးပါနေပြီး အုပ်စု နောက်ဆုံး ပွဲစဉ်တွေမှာတော့ အုပ်စု ပထမ ဗီယက်နမ် အသင်းနဲ့ ဒုတိယ ထိုင်း အသင်း ထိပ်တိုက်တွေ့ဆုံနေပြီး အင်ဒိုနီးရှားအသင်းကတော့ ကမ္ဘောဒီယား အသင်းနဲ့ ယှဉ်ပြိုင်ရ မှာ ဖြစ်ပါတယ်။ ထိုင်းနဲ့ ဗီယက်နမ် တွေ့ဆုံတဲ့ပွဲစဉ်ဟာ အရေးပါဆုံးဖြစ်နေပြီး အနိုင်ရရှိတဲ့ အသင်းဟာ အုပ်စုဗိုလ်အနေနဲ့ ဆီးမီးဖိုင်နယ်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။

အင်ဒိုနီးရှား အသင်းအနေနဲ့လည်း ကမ္ဘောဒီးယား အသင်းကို ဂိုးပြတ် အနိုင်ရဖို့ လိုအပ်နေပါတယ်။ အကယ်လို့ ကျ ဉ်းမြောင်းတဲ့ ဂိုးရလာဒ်နဲ့ အနိုင်ရခဲ့ပြီး ဗီယက်နမ် – ထိုင်း ပွဲစဉ် သရေရလာဒ် ထွက်ပေါ်ခဲ့လျှင်ဖြင့် အင်ဒိုနီးရှား အသင်း အုပ်စုကနေ ထွက်ရမှာ ဖြစ်ပါတယ်။

စာရေးသူ တစ်ဦးတည်းအမြင်အရ ထိုင်းနဲ့ ဗီယက်နမ်တို့ ပွဲစဉ်ကို အရေးမထားဘဲ ကမ္ဘောဒီးယားကိုသာ ၃ ဂိုးအထက် သွင်းထားနိုင်ပါက အင်ဒိုနီးရှားရဲ့ ဆီးမီးဖိုင်နယ်ဟာ အသေချာဆုံးဖြစ်ပြီး ထိုင်းနဲ့ မလေးရှားကတော့ နိုင်တဲ့ အသင်း တက်ရောက်မှာ ဖြစ်ပါတယ်။

ဆီးမီးဖိုင်နယ်တွင် မြန်မာအသင်း တွေ့ဆုံနိုင်သည့် အသင်းများ- မြန်မာ -ထိုင်း(သို့) ဗီယက်နမ်(ထိုင်းနဲ့ ဗီယက်နမ် တို့ သရေမကျဘဲ တစ်သင်းသင်း အနိုင်အရှုံးပြက်သားပါက)

မြန်မာ-အင်ဒိုနီးရှား(ထိုင်းနဲ့ ဗီယက်နမ် သရေကျပြီး အင်ဒိုနီးရှား နောက်ဆုံးပွဲစဉ် ၃ ဂိုးအထက် အနိုင်ရပါက) စာရေးသူ တစ်ဦးတည်းရဲ့ အမြင်သာဖြစ်ပြီး လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်

@NYK



ဖိုးသူတော် (www.phothutaw.com)
Credit: Kankaw Medai
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top