Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

     ခ်စ္သူႏွင့္အတူေတြ႕ရသည့္ မိတ္ကပ္ညီညီေမာင္ (ဓာတ္ပံု-ေနမင္းထြန္း)
အလွဖန္တီးရွင္တစ္ဦး အျဖင့္ ႏွစ္ေပါင္း ၂၀ ေက်ာ္ ရပ္တည္ျဖတ္သန္းခဲ့ေသာ မိတ္ကပ္ညီညီေမာင္ (စမ္းေခ်ာင္း)က လတ္တေလာတြင္ လိင္ေျပာင္းလဲရန္ စီစဥ္ထားေသာ္လည္း ႏွလံုးေသြးေၾကာက်ဥ္းေရာဂါရွိေန၍ အစီအစဥ္ကို လာမည့္ႏွစ္သို႔ ေရႊ႕ဆုိင္းလိုက္ေၾကာင္း ေျပာသည္။

‘‘ခဲြစိတ္မႈကို ေရွ႕ႏွစ္ ေလးလ ပိုင္း (သို႔မဟုတ္) ရွစ္လပိုင္းကို ျပန္ေရႊ႕ထားတယ္။ ခဲြစိတ္ခ်ိန္က ရွစ္နာရီၾကာမွာျဖစ္တဲ့အတြက္ ခဲြ စိတ္ေနရင္း တစ္ခုခုျဖစ္သြားမွာ ကို အရမ္းစိုးရိမ္ၿပီး ခဲြစိတ္မႈကို ေနာက္ဆုတ္လိုက္တာပါ’’ဟု ၎ က ေျပာသည္။

ဘန္ေကာက္ၿမိဳ႕ ရန္ဟီးေဆး ႐ံုတြင္ ခဲြစိတ္ရန္စီစဥ္ထားၿပီး က်ပ္သိန္းတစ္ရာ့ေျခာက္ဆယ္ ကုန္က်မည္ျဖစ္ကာ သႀကၤန္ပိတ္ရက္ႏွင့္ မိုးတြင္းအလုပ္ပါးခ်ိန္ကို ရက္ေရြး၍ ေရႊ႕ဆိုင္းခ့ဲျခင္းျဖစ္သည္။

‘‘ႏႈတ္ခမ္း၊ ႏွာေခါင္းျပင္ ထားတယ္။ မ်က္ႏွာထဲကို ႀကိဳး ထိုးထားတယ္။ ရင္သားခဲြစိတ္မႈ လုပ္ထားတယ္။ အခု ဒီလ ၁၅ ရက္နဲ႔ ၂၀ ေနာက္ပိုင္းေလာက္မွ ဘန္ေကာက္ကို ထပ္သြားမယ္။ ေမးေစ့ခဲြစိတ္တာေလး သြားလုပ္ မလို႔ပါ။ အေသးစားခဲြစိတ္မႈေတြ ကေတာ့ လုပ္လုိ႔ရတယ္ဆိုေတာ့ အဲဒါေလးေတြ နည္းနည္းသြား လုပ္ဖို႔ရွိတယ္’’ဟု ၎က အလွအ ပဆုိင္ရာ ခဲြစိတ္ကုသမႈခံယူထား ျခင္းႏွင့္ပတ္သက္၍ ေျပာသည္။

လက္ရွိတြင္ အဆီက်ေဆး ေသာက္ေန၍ ခႏၶာကုိယ္ ေပ်ာ့ ေပ်ာင္းကာ အသားအေရတဲြေန သျဖင့္ ဘန္ေကာက္သို႔ ေရာက္ရွိခ်ိန္၌ ဆရာ၀န္မ်ားႏွင့္ တုိင္ပင္ကာအဆင္ေျပပါက ခႏၶာကိုယ္ရွိ အဆီမ်ားကိုပါ ထုတ္ခဲ့မည္ဟု ၎က ဆုိသည္။

‘‘အရင္ကေတာ့ မိတ္ကပ္ ပညာရွင္ဆုိတာ လက္ေကာင္းရင္ ၿပီးၿပီလုိ႔ ထင္ခဲ့မိတယ္။ က်န္တာမ လုိဘူးေပါ့။ ဒါေပမဲ့ ႏႈတ္ခမ္းနဲ႔ ႏွာ ေခါင္းကို ျပင္လုိက္တ့ဲအခ်ိန္မွာ ရလာတဲ့ Result ကို ႀကိဳက္လာ တယ္။ ၿပီးေတာ့ အသက္ႀကီးလာ တာနဲ႔အမွ် အလွအပေရးရာက အေရးပါလာတယ္ဆုိတာကုိ သိရ တယ္။ အဲဒါေၾကာင့္မို႔ ျပင္ျဖစ္ တာပါ’’ဟု ၎က ေျပာသည္။

လိင္ေျပာင္းလဲျခင္းႏွင့္ပတ္ သက္ၿပီး ၎၏ ခ်စ္သူက စိတ္ပူေသာေၾကာင့္ မလုပ္ေစခ်င္ေသာ္လည္း ငယ္ငယ္ကတည္းက ျဖစ္ခ်င္ခဲ့သည့္ အိပ္မက္တစ္ခုျဖစ္သျဖင့္ စီစဥ္ခဲ့ျခင္းျဖစ္သည္။

‘‘Sex ခ်ိန္းျခင္း၊ မခ်ိန္းျခင္းနဲ႔ ပတ္သက္လို႔လည္း သုတို႔ရဲ႕အခ်စ္ ေရးက ဘာမွ မေျပာင္းလဲသြားပါ ဘူး။ သုတို႔ စီစဥ္ထားတာေလးလည္းရွိတယ္။ ေသခ်ာရင္ေျပာပါ့မယ္။ သုတို႔ႏွစ္ေယာက္နားလည္မႈလည္းရွိလာတဲ့အတြက္ ကိုယ့္သူငယ္ခ်င္း အေပါင္းအသင္းနဲ႔ ကုိုယ့္အသိုင္းအ၀ိုင္းနဲ႔ ဧည့္ခံပဲြေလးလုပ္ဖို႔ေတာ့ အစီအစဥ္ရွိတယ္’’ဟု ခ်စ္သူႏွင့္ လက္တဲြမည့္ အေျခအေနႏွင့္ပတ္သက္၍ ၎က ေျပာျပသည္။

လက္ရွိတြင္ ခ်စ္သူသက္တမ္း ၂ ႏွစ္ေက်ာ္ၿပီျဖစ္ၿပီး ၎၏ ခ်စ္သူသည္ ဒီဇိုင္နာတစ္ဦးျဖစ္ သည္ဟုဆုိသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
ချစ်သူနှင့်အတူတွေ့ရသည့် မိတ်ကပ်ညီညီမောင် (ဓာတ်ပုံ-နေမင်းထွန်း)

အလှဖန်တီးရှင်တစ်ဦး အဖြင့် နှစ်ပေါင်း ၂၀ ကျော် ရပ်တည်ဖြတ်သန်းခဲ့သော မိတ်ကပ်ညီညီမောင် (စမ်းချောင်း)က လတ်တလောတွင် လိင်ပြောင်းလဲရန် စီစဉ်ထားသော်လည်း နှလုံးသွေးကြောကျဉ်းရောဂါရှိနေ၍ အစီအစဉ်ကို လာမည့်နှစ်သို့ ရွှေ့ဆိုင်းလိုက်ကြောင်း ပြောသည်။

‘‘ခွဲစိတ်မှုကို ရှေ့နှစ် လေးလ ပိုင်း (သို့မဟုတ်) ရှစ်လပိုင်းကို ပြန်ရွှေ့ထားတယ်။ ခွဲစိတ်ချိန်က ရှစ်နာရီကြာမှာဖြစ်တဲ့အတွက် ခွဲ စိတ်နေရင်း တစ်ခုခုဖြစ်သွားမှာ ကို အရမ်းစိုးရိမ်ပြီး ခွဲစိတ်မှုကို နောက်ဆုတ်လိုက်တာပါ’’ဟု ၎င်း က ပြောသည်။

ဘန်ကောက်မြို့ ရန်ဟီးဆေး ရုံတွင် ခွဲစိတ်ရန်စီစဉ်ထားပြီး ကျပ်သိန်းတစ်ရာ့ခြောက်ဆယ် ကုန်ကျမည်ဖြစ်ကာ သင်္ကြန်ပိတ်ရက်နှင့် မိုးတွင်းအလုပ်ပါးချိန်ကို ရက်ရွေး၍ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။

‘‘နှုတ်ခမ်း၊ နှာခေါင်းပြင် ထားတယ်။ မျက်နှာထဲကို ကြိုး ထိုးထားတယ်။ ရင်သားခွဲစိတ်မှု လုပ်ထားတယ်။ အခု ဒီလ ၁၅ ရက်နဲ့ ၂၀ နောက်ပိုင်းလောက်မှ ဘန်ကောက်ကို ထပ်သွားမယ်။ မေးစေ့ခွဲစိတ်တာလေး သွားလုပ် မလို့ပါ။ အသေးစားခွဲစိတ်မှုတွေ ကတော့ လုပ်လို့ရတယ်ဆိုတော့ အဲဒါလေးတွေ နည်းနည်းသွား လုပ်ဖို့ရှိတယ်’’ဟု ၎င်းက အလှအ ပဆိုင်ရာ ခွဲစိတ်ကုသမှုခံယူထား ခြင်းနှင့်ပတ်သက်၍ ပြောသည်။

လက်ရှိတွင် အဆီကျဆေး သောက်နေ၍ ခန္ဓာကိုယ် ပျော့ ပျောင်းကာ အသားအရေတွဲနေ သဖြင့် ဘန်ကောက်သို့ ရောက်ရှိချိန်၌ ဆရာဝန်များနှင့် တိုင်ပင်ကာအဆင်ပြေပါက ခန္ဓာကိုယ်ရှိ အဆီများကိုပါ ထုတ်ခဲ့မည်ဟု ၎င်းက ဆိုသည်။

‘‘အရင်ကတော့ မိတ်ကပ် ပညာရှင်ဆိုတာ လက်ကောင်းရင် ပြီးပြီလို့ ထင်ခဲ့မိတယ်။ ကျန်တာမ လိုဘူးပေါ့။ ဒါပေမဲ့ နှုတ်ခမ်းနဲ့ နှာ ခေါင်းကို ပြင်လိုက်တဲ့အချိန်မှာ ရလာတဲ့ Result ကို ကြိုက်လာ တယ်။ ပြီးတော့ အသက်ကြီးလာ တာနဲ့အမျှ အလှအပရေးရာက အရေးပါလာတယ်ဆိုတာကို သိရ တယ်။ အဲဒါကြောင့်မို့ ပြင်ဖြစ် တာပါ’’ဟု ၎င်းက ပြောသည်။

လိင်ပြောင်းလဲခြင်းနှင့်ပတ် သက်ပြီး ၎င်း၏ ချစ်သူက စိတ်ပူသောကြောင့် မလုပ်စေချင်သော်လည်း ငယ်ငယ်ကတည်းက ဖြစ်ချင်ခဲ့သည့် အိပ်မက်တစ်ခုဖြစ်သဖြင့် စီစဉ်ခဲ့ခြင်းဖြစ်သည်။

‘‘Sex ချိန်းခြင်း၊ မချိန်းခြင်းနဲ့ ပတ်သက်လို့လည်း သုတို့ရဲ့အချစ် ရေးက ဘာမှ မပြောင်းလဲသွားပါ ဘူး။ သုတို့ စီစဉ်ထားတာလေးလည်းရှိတယ်။ သေချာရင်ပြောပါ့မယ်။ သုတို့နှစ်ယောက်နားလည်မှုလည်းရှိလာတဲ့အတွက် ကိုယ့်သူငယ်ချင်း အပေါင်းအသင်းနဲ့ ကိုယ့်အသိုင်းအဝိုင်းနဲ့ ဧည့်ခံပွဲလေးလုပ်ဖို့တော့ အစီအစဉ်ရှိတယ်’’ဟု ချစ်သူနှင့် လက်တွဲမည့် အခြေအနေနှင့်ပတ်သက်၍ ၎င်းက ပြောပြသည်။

လက်ရှိတွင် ချစ်သူသက်တမ်း ၂ နှစ်ကျော်ပြီဖြစ်ပြီး ၎င်း၏ ချစ်သူသည် ဒီဇိုင်နာတစ်ဦးဖြစ် သည်ဟုဆိုသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top