လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

အသားအေရ အဆီျပန္ေနလို႔ စိတ္ညစ္ေနလား။ အဆီျပန္တတ္တဲ့အသားအေရက ကိုယ္အသံုးျပဳမယ့္ အလွျပင္ ပစၥည္းေတြကို ဂရုစိုက္ဖို႔လိုအပ္ပါတယ္။ သူမ်ားနဲ႔ တည့္ရင္လည္း ကိုယ္နဲ႔ တည့္ခ်င္မွတည့္တာမို႔ပါ။ ဒီတခါေတာ့ အဆီျပန္ၿပီး ၀က္ၿခံထြက္တတ္တဲ့အသားအေရအတြက္ နည္းလမ္း ၂ သြယ္ကို မွ်ေ၀ေပးပါမယ္။

၁။ သံပုယုိရည္ နဲ႔ပ်ားရည္

သံပုယုိရည္ စားပြဲတင္ဇြန္း ၁ ဇြန္း (သံပုရာရည္ သံုးခ်င္လည္းရပါတယ္)

ပ်ားရည္ စားပြဲတင္ဇြန္း ၁ ဇြန္း

အသံုးျပဳနည္း

ပါ၀င္ပစၥည္းႏွစ္မ်ိဳးကို ခြက္တစ္လံုးထဲထည့္ၿပီး ေသခ်ာေမႊလိုက္ပါ။ ၿပီးရင္ မ်က္ႏွာနဲ႔ လည္ပင္းကို လိမ္းေပးလိုက္ပါ။ ၁၅ မိနစ္ မိနစ္ ၂၀ ေလာက္ထားၿပီး ေရေအးနဲ႔ ေဆးခ်လိုက္ပါ။

၀က္ၿခံလည္း အေရာင္ေလ်ာ့ၿပီး အသားအေရလည္း တျဖည္းျဖည္း ျဖဴ၀င္းလာမွာပါ။ ၀က္ၿခံေၾကာင့္ျဖစ္တဲ့ အာမာရြတ္ေတြကိုလည္း သက္သာေစမွာျဖစ္ပါတယ္။

၂။ ပဲမႈန္႔ နဲ႔ ဒိန္ (Curd)

ပဲမႈန္႔ လက္ဖက္ရည္ဇြန္း ၂ ဇြန္း

ဒိန္ လက္ဖက္ရည္ဇြန္း ၁ ဇြန္း

ျပဳလုပ္နည္း

ပါ၀င္ပစၥည္းေတြကို ခြက္တစ္လံုးထဲထည့္ၿပီး ေသခ်ာေမႊလိုက္ပါ။ အရည္က အရမ္းပ်စ္ေနရင္ သံပုရာရည္ ၂ စက္နဲ႔ နႏြင္းမႈန္႔ နည္းနည္း ထည့္ႏိုင္ပါတယ္။ ၿပီးရင္ ေသခ်ာထပ္ေမႊလိုက္ၿပီး မ်က္ႏွာနဲ႔ လည္ပင္းမွာလိမ္းေပးပါ။ မလိမ္းခင္မွာ မ်က္ႏွာကို ေသခ်ာသန္႔စင္ၿပီး ေျခာက္ေအာင္သုတ္ထားဖို႔လိုပါမယ္။ လိမ္းေပးၿပီးရင္ မိနစ္ ၂၀ ကေန ၃၀ ထိထားၿပီး ေရေႏြးေႏြးေလးနဲ႔ ေဆးခ်ပါ။ ၿပီးရင္ ေရေအးနဲ႔ ထပ္ေဆးပါ။

၀က္ၿခံလည္းသက္သာၿပီး အညစ္အေၾကးေတြကို သန္႔စင္ေပးႏိုင္မွာျဖစ္ပါတယ္။ ၁၀ ရက္ကို တစ္ႀကိမ္လုပ္ေပးႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mystylemyanmar

#Unicode Version#
အသားအရေ အဆီပြန်နေလို့ စိတ်ညစ်နေလား။ အဆီပြန်တတ်တဲ့အသားအရေက ကိုယ်အသုံးပြုမယ့် အလှပြင် ပစ္စည်းတွေကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။ သူများနဲ့ တည့်ရင်လည်း ကိုယ်နဲ့ တည့်ချင်မှတည့်တာမို့ပါ။ ဒီတခါတော့ အဆီပြန်ပြီး ဝက်ခြံထွက်တတ်တဲ့အသားအရေအတွက် နည်းလမ်း ၂ သွယ်ကို မျှဝေပေးပါမယ်။

၁။ သံပုယိုရည် နဲ့ပျားရည်

သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း (သံပုရာရည် သုံးချင်လည်းရပါတယ်)

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

အသုံးပြုနည်း

ပါဝင်ပစ္စည်းနှစ်မျိုးကို ခွက်တစ်လုံးထဲထည့်ပြီး သေချာမွှေလိုက်ပါ။ ပြီးရင် မျက်နှာနဲ့ လည်ပင်းကို လိမ်းပေးလိုက်ပါ။ ၁၅ မိနစ် မိနစ် ၂၀ လောက်ထားပြီး ရေအေးနဲ့ ဆေးချလိုက်ပါ။

ဝက်ခြံလည်း အရောင်လျော့ပြီး အသားအရေလည်း တဖြည်းဖြည်း ဖြူဝင်းလာမှာပါ။ ဝက်ခြံကြောင့်ဖြစ်တဲ့ အာမာရွတ်တွေကိုလည်း သက်သာစေမှာဖြစ်ပါတယ်။

၂။ ပဲမှုန့် နဲ့ ဒိန် (Curd)

ပဲမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဒိန် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေကို ခွက်တစ်လုံးထဲထည့်ပြီး သေချာမွှေလိုက်ပါ။ အရည်က အရမ်းပျစ်နေရင် သံပုရာရည် ၂ စက်နဲ့ နနွင်းမှုန့် နည်းနည်း ထည့်နိုင်ပါတယ်။ ပြီးရင် သေချာထပ်မွှေလိုက်ပြီး မျက်နှာနဲ့ လည်ပင်းမှာလိမ်းပေးပါ။ မလိမ်းခင်မှာ မျက်နှာကို သေချာသန့်စင်ပြီး ခြောက်အောင်သုတ်ထားဖို့လိုပါမယ်။ လိမ်းပေးပြီးရင် မိနစ် ၂၀ ကနေ ၃၀ ထိထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချပါ။ ပြီးရင် ရေအေးနဲ့ ထပ်ဆေးပါ။

ဝက်ခြံလည်းသက်သာပြီး အညစ်အကြေးတွေကို သန့်စင်ပေးနိုင်မှာဖြစ်ပါတယ်။ ၁၀ ရက်ကို တစ်ကြိမ်လုပ်ပေးနိုင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: mystylemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top