မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး (ဆဋ္ဌမအကြိမ်မြောက်)
×


 
Image result for ၀င်းနဲ့ဇော်



(၁) တရားခံ ဇော်လင်းနှင့် ၀င်ဇော်ထွန်းတိုသည် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ(၂၈၈)-၂၈၉(၇)-၂၇၆(၃)- ၈၃ အရ ၄င်း





ပုဒ်မ(၈၃)- နှစ်ယောက်ထက်ပိုသော သူများကပြစ်မှုပူးပေါင်းကြံစည်ခြင်းအတွက် ကျူးလွန်သောပြစ်မှု့အပေါ်ပြစ်ဒဏ်။








#Unicode Version#
ဒီနေ့သည် ဝင်းနဲ့ ဇော်အတွက် နောက်ဆုံး အဆုံးဖြတ်ပေးမယ့်နေ့လေးမို့ပါ။ အခုတစ်လော fb မှာ တက်နေတဲ့ဝင်း နဲ့ ဇော် လုံးဝ ကွင်းလုံးကျွတ်လွတ်ပြီဆိုတဲ့သတင်းလုံးဝမဟုတ်ပါဘူး။ မသမာသူတွေက ဝင်းနဲ့ဇော်ကိုမေ့သွားအောင် တမင်ဝါဒဖြန့်ထားတာပါ။ ဒါကြောင့်လူအများသွေးအေးမသွားအောင် SHARE လုပ်ပြီး ဆုတောင်းပေးကြစေချင်ပါတယ်။

ဝင်း နဲ့ ဇော် ပုံများကို တတ်နိုင်သလောက် ရှာဖွေ တင်ပြပေးထားပါသည်။ထိုင်းရောက်မြန်မာများအခုလိုအဖြစ်မျိုးကင်းဝေးကြပါစေ ။

်( 21 .8 . 2017 ) နောက်ဆုံးအယူခံတက်ရန်

ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်ကျွန်း(လိပ်ကျွန်း)အမှု့တွင် ကြိုတင်ထွက်ဆိုချက်ပေးခဲ့ကြသောသက်သေ(၃)ဦး)-

တရားစီရင်ချက်ချမှတ်ခံထားရသည်မှာ-

(၁) တရားခံ ဇော်လင်းနှင့် ဝင်ဇော်ထွန်းတိုသည် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ(၂၈၈)-၂၈၉(၇)-၂၇၆(၃)- ၈၃ အရ ၎င်း

(၂)တရားခံ ဝင်းဇော်ထွန်းသည် ပြစ်မှု့ပုဒ်မ ၃၅၅(၁) ပထမအပိုဒ် နှင့် ၂၅၅၂ ခုနှစ် -လဝက ဥပဒေ ပုဒ် မ၁၂(၁)-၁၈(၂)-၆၂(၁)များကို ကိုယ်ကျူးလွန်သည်ဟု သုံးသပ်ကာ သေဒဏ်ကျခံစေသည် ။

ပုဒ်မ(၂၈၈) – ကြံရွယ်ချက်ဖြင့် လူသတ်မှု့ကိုကျူးလွန်လျှင်-တသက်တကျွန်း (သို့) ထောင်ဒဏ်(၁၀)နှစ် မှ (၁၅)နှစ်။

ပုဒ်မ(၂၈၉/၇)- အပြစ်ကိုဖုန်းကွယ်လိုသဖြင့်လူသတ်မှု့ကျူးလွန်လျှင်-သေဒဏ်။

ပုဒ်မ (၂၇၆/၃)- မိမိကာမပိုင်မဟုတ်သောအမျိုးသမီးကို မုဒိမ်းမှု့ကျူးးလွန်ခြင်းအတွက်- ထောင်ဒဏ်(၂၀)နှစ်။

ပုဒ်မ(၈၃)- နှစ်ယောက်ထက်ပိုသော သူများကပြစ်မှုူပူးပေါင်းကြံစည်ခြင်းအတွက် ကျူးလွန်သောပြစ်မှု့အပေါ်ပြစ်ဒဏ်။

ပုဒ်မ(၃၃၅/၁) – ညအချိန် နှစ်ယောက်ထက်ပိုသူများကလက်နက်စွဲကိုင်ကာ လုယက်မှု့ကျူးလွန်ခြင်းအတွက်ထောင်ဒဏ်(၃)နှစ် သို့ ဘတ်(၅၀၀၀)ထက်မပိုသော ဒဏ်ငွေ။

၂၅၅၂-ခုနှစ် ထိုင်းလဝက ဥပဒေ တရားမဝင်ဝင်ရောက်လာခြင်းအတွက် ထောင်ဒဏ်(၆)လ။ဆက်လက်နေထိုင်မှု့အတွက် (၆)ဖြစ်ကြရာရာဇဝတ်ပြစ်မှု့ကြောင်း ဥပဒေ ပုဒ်မ(၉၁)အရဖြစ်မှု့တခုချင်းစီအတွက်ပြစ်ဒဏ်ချခြင်း ခံခဲ့ရပြီး-တရားခံ(၂)ဦးစလုံးကို သေဒဏ်ကျခံစေရန်ချမှတ် ထားပြီးဖြစ်၍ထောင်ဒဏ်များကိုကထခံစေရန် မဖြစ်နိုင်တော့ပေ။

ထိုကြောင့်တရားခံ(၂)ဦးစလုံးကို သေဒဏ်ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။

သက်သေခံပစ္စည်းဖြစ်သော ပေါက်တူးကိုပိုင်ရှင်ထံပြန်ပေးအပ်ရမည်။၂-တရားခံ ဝင်ဇော်ထွန်း သည်လက်ကိုင်ဖုန်း၏တန်ကြေးဖြစ်သောဘတ်ငွေ(၁၅၀၀၀) ကို သေသူHannah ၏ အမွေဆက်ခံခွင့်ရှိသူကိုပေးလျော်ရမည်။

အထက်ပါအမိန့်ကို ထိုင်းနိုင်ငံတော်၏အဆင့် အမြင့်ဆုံးတရားရုံးသို့(၂၁-၈-၂၀၁၇) ရက်နေ့မတိုင်မီ –အယူခံတက်ရောက်ကြမည်ဖြစ်သည် ။

ကိုထွန်းနိုင် (ရိုးမသစ္စာငွေလွှဲ)မှာ ရှာဖွေတင်ပြသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:  ရှေ့နေဦးအောင်မျိုးသန့်
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top