မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး (ဆဋ္ဌမအကြိမ်မြောက်)
×

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် လာမည့်နိုဝင်ဘာလ ကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ လာ ရောက်မည်ဖြစ်ပြီး ၎င်းသည် မြန်မာနိုင်ငံသို့လာသော ပထမဆုံး ကက်သလစ်သာသနာပိုင် ပုပ် ရဟန်းမင်းကြီးဖြစ်လာမည်ဟု ထင်ရှားသော အာရှကာသိုလစ် သတင်းဌာနက တနင်္လာနေ့၌ သ တင်းထုတ်ပြန်သည်။




Credit:7daydaily

#Unicode Version#

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် လာမည့်နိုဝင်ဘာလ ကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ လာ ရောက်မည်ဖြစ်ပြီး ၎င်းသည် မြန်မာနိုင်ငံသိ့ုလာသော ပထမဆုံး ကက်သလစ်သာသနာပိုင် ပုပ် ရဟန်းမင်းကြီးဖြစ်လာမည်ဟု ထင်ရှားသော အာရှကာသိုလစ် သတင်းဌာနက တနင်္လာနေ့၌ သ တင်းထုတ်ပြန်သည်။

ပုပ်ရဟန်းမင်းကြီးသည် နိုဝင်ဘာလတွင် မူလစီစဉ်ထား သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့မသွား မီ မြန်မာနိုင်ငံသို့ ဦးစွာလာရောက် မည်ဟု သတင်းက ဆိုသည်။ အ မည်မဖော်လိုသူ အကြီးတန်း ကာသိုလစ်သာသနာဂိုဏ်းတို့၏ ဆက်ဆံရေးသည် သိသာထင်ရှား သည့် တိုးတက်မှုတစ်ခုကို ကိုယ် စားပြုပြသရာ ဖြစ်လိမ့်မည်ဟု လည်း ဆိုသည်။

ရောမမြို့၌ ပုပ်ရဟန်းမင်း ကြီး ဖရန်စစ်နှင့် ဒေါ်အောင်ဆန်း စုကြည်တို့ တွေ့ဆုံပြီးနောက်ပိုင်း ကက်သလစ်ဘာသာဝင်တို့၏ ဗာတီကန်တိုင်းပြည်နှင့် မြန်မာ နိုင်ငံသည် မေလကစပြီး အပြည့် အ၀ သံတမန်ဆက်သွယ်မှု စတင် ခဲ့သည်။

ဖော်ပြထားသော သတင်းအ ရ ပုပ်ရဟန်းမင်းကြီးသည် ရန်ကုန် သို့ မလာမီ နေပြည်တော်ရှိ မြန်မာ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်နှင့် တွေ့ဆုံမည်ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံ၏ လူဦး ရေ ၈၈ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာ သာဝင်များဖြစ်သည်။ ဗာတီကန် ၏ ၂၀၁၅ နောက်ဆုံးစာရင်းများ အရ မြန်မာနိုင်ငံ၏ လူဦးရေ ၅၁ သန်းတွင် ကက်သလစ်ခရစ်ယာန် ဘာသာဝင် ၆၅၉,၀၀၀ ဦးနှင့် ဘုန်းတော်ကြီး ၃၈၄ ဦး ရှိသည်ဟု ဆိုသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top