Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေတာင္ေလွကားပုံစံ စိုက္ပ်ိဳးထားတဲ့ စိမ္းလန္းသန္စြမ္းတဲ့စပါးခင္းေတြနဲ႔ ေလွ်ာေစာက္ အေဝ့အဝိုက္ပုံစံ ေျမမ်က္ႏွာသြင္ျပင္ေတြပတ္လည္ဝန္းရံထားတဲ့ ေတာင္ေပၚ႐ြာေလးတစ္႐ြာျဖစ္တဲ့ ဘတ္စကာလန္ (Buscalan) ႐ြာကေလးမွာ အိမ္ေျခေပါင္း ၂၀၀ ခန႔္မွီတင္းေနထိုင္ၾကပါတယ္။ ႏွစ္တိုင္းႏွစ္တိုင္းမွာ ကမာၻလွည့္ခရီးသည္ေထာင္ေပါင္းမ်ားစြာဟာ ဒီ႐ြာေလးကိုအလည္လာၾကပါတယ္။ အေၾကာင္းရင္းကေတာ့ ဖိလစ္ပိုင္ႏိုင္ငံရဲ႕အသက္အႀကီးဆုံး ႐ိုးရာတက္တူးထိုးေပးတဲ့ အဖြားအို ဝွမ္အာ့ဒ္ေအာ့ေဂး (Whang Od Oggay)ကို ေတြ႕ဆုံဖို႔ပဲျဖစ္ပါတယ္။ ဝွမ္အာ့ဒ္ေအာ့ေဂး ဟာ ကာလင္ဂ( Kalinga) အမ်ိဳးအစား ႐ိုးရာတက္တူးထိုးျခင္း (hand-tapped tattoo) ကိုအသက္ ၁၅ ႏွစ္ကတည္းက စတင္လုပ္ကိုင္ခဲ့တာျဖစ္ၿပီး အခုဆိုရင္သူမဟာ အသက္ ၁၀၀ ဝန္းက်င္ရွိေနပါၿပီ။


လူေတြတက္တူးလာထိုးေနသမွ်ကာလပတ္လုံး ဆက္ၿပီးအလုပ္လုပ္ေနမွာပါလို႔ သူမက CNN Travel ကို ေျပာပါတယ္။ “ကြၽန္မအျမင္ေတြ ေကာင္းေနေသးသေ႐ြ႕ တက္တူးဆက္ထိုးေပးဦးမွာပါ။ အျမင္ေတြ မႈန္ဝါးလာရင္ေတာ့ ခ်က္ခ်င္းရပ္ပစ္မွာပါ။”လို႔ ဆိုပါတယ္။ ႐ိုးရာတက္တူးထိုးျခင္းဆိုတာ စက္ေတြမသုံးပဲ အပ္ သို႔မဟုတ္ အခြၽန္တစ္ခုခုထဲ မွင္ျဖည့္ၿပီး အသားထဲအႀကိမ္ေပါင္းမ်ားစြာ ထိုးစိုက္ျခင္းျဖင့္ မွင္ကို စြဲထင္ေစတာျဖစ္ပါတယ္။ စက္နဲ႔ထိုးတဲ့တက္တူးထက္ အဆေပါင္းမ်ားစြာ ပိုနာက်င္ပါတယ္။ ဒီဓေလ့ဟာ ဆန္မိုအာ (Samoa)၊ ေဘာ္နီယို (Borneo)နဲ႔ ဖိလစ္ပိုင္ (Philippines)လို ပစိဖိတ္ကြၽန္းႏိုင္ငံမ်ားမွာ ထင္ရွားတဲ့ဓေလ့တစ္ခုျဖစ္ပါတယ္။ ကာလင္ဂ႐ိုးရာတက္တူးထိုးျခင္းကို ဖိလစ္ပိုင္ႏိုင္ငံမွာ ဘာတက္ခ္(Batek)လို႔လည္း သိၾကပါတယ္။ ဘာတက္ခ္တက္တူးပုံစံေတြဟာ လူမ်ိဳးစုစစ္သည္ေတာ္ေတြရဲ႕ ရဲရင့္ျခင္းကို ကိုယ္စားျပဳပါတယ္။

 
“တကယ္လို႔ သူတို႔ဟာရန္သူတစ္ေယာက္ကို သတ္ႏိုင္ၿပီဆိုရင္ တက္တူးတစ္ခုရဖို႔ ထိုက္တန္သြားပါၿပီ။ ဘယ္စစ္သည္ေတာ္က ရန္သူကို သတ္ႏိုင္သလဲဆိုတာ ဒါကိုၾကည့္ၿပီးလူတိုင္းက သိႏိုင္ပါတယ္။” လို႔ ဝွမ္အာ့ဒ္က ဆိုပါတယ္။ အမ်ိဳးသမီးေတြအတြက္ေတာ့ ဒါက အလွအပအဆင္အယင္တစ္ခုအတြက္ပဲ ျဖစ္ပါတယ္။ “သူတို႔က ပိုလွခ်င္လို႔ တက္တူးထိုးၾကတယ္။ ”လို႔ဆိုပါတယ္။ သူမလက္ေမာင္းေတြနဲ႔ ေျခေထာက္ေတြမွာလည္း တက္တူးပုံေတြခ်ည္းပါပဲ။ အခုေတာ့ လူမ်ိဳးစုစစ္သည္ေတာ္ေတြလည္း မရွိၾကေတာ့ပါဘူး။ တက္တူးေတြကိုလည္း လူတိုင္းလိုလိုထိုးေနၾကပါၿပီ။ သူမက တစ္ေန႔တက္တူးရွစ္ခုေလာက္ ထိုးေပးျဖစ္ပါတယ္။ သူမဆြဲေပးလိုက္တဲ့ လိုင္းတိုင္း အေဝ့အဝိုက္တိုင္းမွာ နက္ရႈိင္းတဲ့အဓိပၸါယ္ေတြပါတယ္လို႔ ဆိုပါတယ္။

“ကမာၻလွည့္ခရီးသည္ေတြ ဒီကိုလာတာႀကိဳက္ပါတယ္။ ႏိုင္ငံျခားဝင္ေငြရတာေပါ့၊ သူတို႔ေတြ အၿမဲလာေနပါေစလို႔ ကြၽန္မဆႏၵျပဳပါတယ္”လို႔သူမကေျပာပါတယ္။ တက္တူးထိုးေပးတဲ့ေနရာမွာ သူမအသုံးျပဳတဲ့ပစၥည္းေတြကေတာ့ ကြၽဲေကာပင္က ဆူးခြၽန္တစ္ေခ်ာင္း၊ ဝါးေခ်ာင္းအရွည္တစ္ခု၊ အိုးမည္းနဲ႔ ေရတို႔ပဲ ျဖစ္ပါတယ္။ မွင္ကိုေတာ့ သူမကိုယ္တိုင္စပ္ထားတဲ့ မွင္ကို အသုံးျပဳပါတယ္။ “ကြၽန္မနဲ႔႐ြယ္တူတက္တူးထိုးေပးသူေတြကေတာ့ ေသကုန္ၾကပါၿပီ။ ဒီ႐ိုးရာေပ်ာက္သြားမွာေတာ့ မေၾကာက္ပါဘူး။ ဘာလို႔လဲဆိုေတာ့ အခု ဒီ႐ိုးရာတက္တူးထိုးတာကို လက္ဆင့္ကမ္းသင္ေပးထားတဲ့သူေတြထဲမွာ လူေတာ္ေတြအမ်ားႀကီးပါတယ္။”လို႔ သူမက ေျပာပါတယ္။ အသက္ ၁၀၀ အထိ အသက္ရွည္ေနရျခင္း လွ်ိဳ႕ဝွက္ခ်က္ကဘာလဲလို႔ သူမကိုေမးေတာ့ သူမက “ကြၽန္မ စည္သြပ္ဘူးေတြ အဆီမ်ားတဲ့အစာေတြနဲ႔ တာရွည္ခံေအာင္လုပ္ထားတာေတြကို မစားပါဘူး။ သဘာဝ အသီးအ႐ြက္ေတြနဲ႔ ပဲေတြကိုပဲ စားပါတယ္။”တဲ့။

Ref: CNN Travel : Meet Whang Od Oggay: The Philippines’ oldest tattoo artist

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Sophia (ရုိးရာေလး)


#Unicode Version#
တောင်လှေကားပုံစံ စိုက်ပျိုးထားတဲ့ စိမ်းလန်းသန်စွမ်းတဲ့စပါးခင်းတွေနဲ့ လျှောစောက် အဝေ့အဝိုက်ပုံစံ မြေမျက်နှာသွင်ပြင်တွေပတ်လည်ဝန်းရံထားတဲ့ တောင်ပေါ်ရွာလေးတစ်ရွာဖြစ်တဲ့ ဘတ်စကာလန် (Buscalan) ရွာကလေးမှာ အိမ်ခြေပေါင်း ၂၀၀ ခန့်မှီတင်းနေထိုင်ကြပါတယ်။ နှစ်တိုင်းနှစ်တိုင်းမှာ ကမ္ဘာလှည့်ခရီးသည်ထောင်ပေါင်းများစွာဟာ ဒီရွာလေးကိုအလည်လာကြပါတယ်။ အကြောင်းရင်းကတော့ ဖိလစ်ပိုင်နိုင်ငံရဲ့အသက်အကြီးဆုံး ရိုးရာတက်တူးထိုးပေးတဲ့ အဖွားအို ဝှမ်အာ့ဒ်အော့ဂေး (Whang Od Oggay)ကို တွေ့ဆုံဖို့ပဲဖြစ်ပါတယ်။ ဝှမ်အာ့ဒ်အော့ဂေး ဟာ ကာလင်ဂ( Kalinga) အမျိုးအစား ရိုးရာတက်တူးထိုးခြင်း (hand-tapped tattoo) ကိုအသက် ၁၅ နှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး အခုဆိုရင်သူမဟာ အသက် ၁၀၀ ဝန်းကျင်ရှိနေပါပြီ။

လူတွေတက်တူးလာထိုးနေသမျှကာလပတ်လုံး ဆက်ပြီးအလုပ်လုပ်နေမှာပါလို့ သူမက CNN Travel ကို ပြောပါတယ်။ “ကျွန်မအမြင်တွေ ကောင်းနေသေးသရွေ့ တက်တူးဆက်ထိုးပေးဦးမှာပါ။ အမြင်တွေ မှုန်ဝါးလာရင်တော့ ချက်ချင်းရပ်ပစ်မှာပါ။”လို့ ဆိုပါတယ်။ ရိုးရာတက်တူးထိုးခြင်းဆိုတာ စက်တွေမသုံးပဲ အပ် သို့မဟုတ် အချွန်တစ်ခုခုထဲ မှင်ဖြည့်ပြီး အသားထဲအကြိမ်ပေါင်းများစွာ ထိုးစိုက်ခြင်းဖြင့် မှင်ကို စွဲထင်စေတာဖြစ်ပါတယ်။ စက်နဲ့ထိုးတဲ့တက်တူးထက် အဆပေါင်းများစွာ ပိုနာကျင်ပါတယ်။ ဒီဓလေ့ဟာ ဆန်မိုအာ (Samoa)၊ ဘော်နီယို (Borneo)နဲ့ ဖိလစ်ပိုင် (Philippines)လို ပစိဖိတ်ကျွန်းနိုင်ငံများမှာ ထင်ရှားတဲ့ဓလေ့တစ်ခုဖြစ်ပါတယ်။ ကာလင်ဂရိုးရာတက်တူးထိုးခြင်းကို ဖိလစ်ပိုင်နိုင်ငံမှာ ဘာတက်ခ်(Batek)လို့လည်း သိကြပါတယ်။ ဘာတက်ခ်တက်တူးပုံစံတွေဟာ လူမျိုးစုစစ်သည်တော်တွေရဲ့ ရဲရင့်ခြင်းကို ကိုယ်စားပြုပါတယ်။

“တကယ်လို့ သူတို့ဟာရန်သူတစ်ယောက်ကို သတ်နိုင်ပြီဆိုရင် တက်တူးတစ်ခုရဖို့ ထိုက်တန်သွားပါပြီ။ ဘယ်စစ်သည်တော်က ရန်သူကို သတ်နိုင်သလဲဆိုတာ ဒါကိုကြည့်ပြီးလူတိုင်းက သိနိုင်ပါတယ်။” လို့ ဝှမ်အာ့ဒ်က ဆိုပါတယ်။ အမျိုးသမီးတွေအတွက်တော့ ဒါက အလှအပအဆင်အယင်တစ်ခုအတွက်ပဲ ဖြစ်ပါတယ်။ “သူတို့က ပိုလှချင်လို့ တက်တူးထိုးကြတယ်။ ”လို့ဆိုပါတယ်။ သူမလက်မောင်းတွေနဲ့ ခြေထောက်တွေမှာလည်း တက်တူးပုံတွေချည်းပါပဲ။ အခုတော့ လူမျိုးစုစစ်သည်တော်တွေလည်း မရှိကြတော့ပါဘူး။ တက်တူးတွေကိုလည်း လူတိုင်းလိုလိုထိုးနေကြပါပြီ။ သူမက တစ်နေ့တက်တူးရှစ်ခုလောက် ထိုးပေးဖြစ်ပါတယ်။ သူမဆွဲပေးလိုက်တဲ့ လိုင်းတိုင်း အဝေ့အဝိုက်တိုင်းမှာ နက်ရှိုင်းတဲ့အဓိပ္ပါယ်တွေပါတယ်လို့ ဆိုပါတယ်။

“ကမ္ဘာလှည့်ခရီးသည်တွေ ဒီကိုလာတာကြိုက်ပါတယ်။ နိုင်ငံခြားဝင်ငွေရတာပေါ့၊ သူတို့တွေ အမြဲလာနေပါစေလို့ ကျွန်မဆန္ဒပြုပါတယ်”လို့သူမကပြောပါတယ်။ တက်တူးထိုးပေးတဲ့နေရာမှာ သူမအသုံးပြုတဲ့ပစ္စည်းတွေကတော့ ကျွဲကောပင်က ဆူးချွန်တစ်ချောင်း၊ ဝါးချောင်းအရှည်တစ်ခု၊ အိုးမည်းနဲ့ ရေတို့ပဲ ဖြစ်ပါတယ်။ မှင်ကိုတော့ သူမကိုယ်တိုင်စပ်ထားတဲ့ မှင်ကို အသုံးပြုပါတယ်။ “ကျွန်မနဲ့ရွယ်တူတက်တူးထိုးပေးသူတွေကတော့ သေကုန်ကြပါပြီ။ ဒီရိုးရာပျောက်သွားမှာတော့ မကြောက်ပါဘူး။ ဘာလို့လဲဆိုတော့ အခု ဒီရိုးရာတက်တူးထိုးတာကို လက်ဆင့်ကမ်းသင်ပေးထားတဲ့သူတွေထဲမှာ လူတော်တွေအများကြီးပါတယ်။”လို့ သူမက ပြောပါတယ်။ အသက် ၁၀၀ အထိ အသက်ရှည်နေရခြင်း လျှို့ဝှက်ချက်ကဘာလဲလို့ သူမကိုမေးတော့ သူမက “ကျွန်မ စည်သွပ်ဘူးတွေ အဆီများတဲ့အစာတွေနဲ့ တာရှည်ခံအောင်လုပ်ထားတာတွေကို မစားပါဘူး။ သဘာဝ အသီးအရွက်တွေနဲ့ ပဲတွေကိုပဲ စားပါတယ်။”တဲ့။

Ref: CNN Travel : Meet Whang Od Oggay: The Philippines’ oldest tattoo artist

ဖိုးသူတော် (www.phothutaw.com)
Credit: Sophia (ရိုးရာလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top