လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

အဂၤါ ၆-ပါးႏွင့္ ျပည့္စံ ုေသာ အလွဴလွဴၾကရေအာင္ . . ။

ရဟန္းတို႔ ဤသာသနာေတာ္၌ ေပးလွဴတတ္သူဒါယကာ၏အဂၤါ၃-ပါး၊ အလွဴခံ ပုဂၢိဳလ္တို႔၏အဂၤါ၃-ပါးတို႔ျဖစ္၏။

အလွဴ႐ွင္သည္... ၁။မေပးလွဴမီ၀မ္းေျမာက္၏။ ၂။ေပးလွဴစဥ္စိတ္ၾကည္လင္၏။ ၃။ေပးလွဴၿပီးေနာက္ႏွစ္သက္ ၏။

အလွဴခံပုဂၢိဳလ္သည္... ၁။တပ္မက္ျခင္းရာဂကင္းကုန္၏။(သို႔)က်င့္ကုန္၏။ ၂။အမ်က္ထြက္ျခင္းေဒါသ ကင္းကုန္၏။(သို႔)က်င့္ကုန္၏။ ၃။ေတြေ၀ျခင္းေမာဟ ကင္းကုန္၏။(သို႔)က်င့္ကုန္၏။

ဤသို႔ အဂၤါ၆-ပါးႏွင့္ျပည့္စံုေသာ အလွဴကို ေပးလွဴသူသည္၊ ဤမွ်အတိုင္းအ႐ွည္႐ွိေသာ ခ်မ္းသာကိုေဆာင္တတ္ ၏၊ ေကာင္းျမတ္ေသာအာ႐ံုကို ေပးတတ္၏၊ နတ္ျပည္၌ျဖစ္ေစတတ္၏၊ ႏွစ္သက္ဖြယ္ ျမတ္ႏိုးဖြယ္ အစီးအပြါးခ်မ္းသာအလို႔ငွါ ျဖစ္၏ ဟူ၍ ေကာင္းမႈအတိုင္းအ႐ွည္ပမာဏကို ယူျခင္းငွါ မလြယ္ကူေခ်။

စင္စစ္ ေသာ္ကား မေရမတြက္ႏိုင္ေသာ ေကာင္းမႈကုသိုလ္အစုဟူ၍သာလွ်င္ ေရတြက္ ျခင္းသို႔ေရာက္၏။

(ဒါနသုတ္၊အဂုၤတၱိဳရ္-ဒု၊ စာ ၃၇၉။)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:   youngbuddhistassociation.mm

#Unicode Version#
အင်္ဂါ ၆-ပါးနှင့် ပြည့်စံ ုသော အလှူလှူကြရအောင် . . ။

ရဟန်းတို့ ဤသာသနာတော်၌ ပေးလှူတတ်သူဒါယကာ၏အင်္ဂါ၃-ပါး၊ အလှူခံ ပုဂ္ဂိုလ်တို့၏အင်္ဂါ၃-ပါးတို့ဖြစ်၏။

အလှူရှင်သည်... ၁။မပေးလှူမီဝမ်းမြောက်၏။ ၂။ပေးလှူစဉ်စိတ်ကြည်လင်၏။ ၃။ပေးလှူပြီးနောက်နှစ်သက် ၏။

အလှူခံပုဂ္ဂိုလ်သည်... ၁။တပ်မက်ခြင်းရာဂကင်းကုန်၏။(သို့)ကျင့်ကုန်၏။ ၂။အမျက်ထွက်ခြင်းဒေါသ ကင်းကုန်၏။(သို့)ကျင့်ကုန်၏။ ၃။တွေဝေခြင်းမောဟ ကင်းကုန်၏။(သို့)ကျင့်ကုန်၏။

ဤသို့ အင်္ဂါ၆-ပါးနှင့်ပြည့်စုံသော အလှူကို ပေးလှူသူသည်၊ ဤမျှအတိုင်းအရှည်ရှိသော ချမ်းသာကိုဆောင်တတ် ၏၊ ကောင်းမြတ်သောအာရုံကို ပေးတတ်၏၊ နတ်ပြည်၌ဖြစ်စေတတ်၏၊ နှစ်သက်ဖွယ် မြတ်နိုးဖွယ် အစီးအပွါးချမ်းသာအလို့ငှါ ဖြစ်၏ ဟူ၍ ကောင်းမှုအတိုင်းအရှည်ပမာဏကို ယူခြင်းငှါ မလွယ်ကူချေ။

စင်စစ် သော်ကား မရေမတွက်နိုင်သော ကောင်းမှုကုသိုလ်အစုဟူ၍သာလျှင် ရေတွက် ခြင်းသို့ရောက်၏။

(ဒါနသုတ်၊အဂုၤတ္တိုရ်-ဒု၊ စာ ၃၇၉။)

ဖိုးသူတော် (www.phothutaw.com)
Credit:   youngbuddhistassociation.mm
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top