ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

လူအုပ္အတြင္းသုိ႔ ကားျဖင့္ ၀င္တုိက္ခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားၿပီးေနာက္ ၀မ္းနည္းပူေဆြးေနသူမ်ား (Justin Ide/reuters)
ၿပီးခဲ့သည့္ စေနေန႔က ဗာဂ်ီးနီးယား ျပည္နယ္ ရွားေလာ့စ္ေဗးလ္ ၿမိဳ႕မွာျဖစ္ပြားခဲ့ေသာ လူျဖဴလူမ်ိဳး ႀကီး၀ါဒသမားမ်ားႏွင့္ဆန္႔က်င္သူ မ်ားအၾကား ထိပ္တုိက္တိုးမႈ ေၾကာင့္ လူသံုးဦးေသဆံုးခဲ့သည္။ ေသဆံုးသူမ်ားတြင္ ဟီသာေဟ ရာဆိုသည့္ ၃၂ ႏွစ္အရြယ္ အမ်ိဳး သမီးတစ္ဦးပါ၀င္၏။ သူသည္ လူ ျဖဴလူမ်ိဳးႀကီး၀ါဒ ျပင္းထန္သူ အ သက္ (၂၀) အရြယ္ဂ်ိမ္းအဲလက္စ္ ဖီးလ္က လူအုပ္ထဲကို ကားႏွင့္ တိုက္မိရာမွ ေသဆံုးျခင္းျဖစ္ သည္။

ထိုသတင္းသည္ အေမရိ ကန္တစ္ႏုိင္ငံလံုးကို ေခ်ာက္ခ်ား သြားေစသည္။ ထို႔အတူ လူအမ်ား ၏ စိတ္ထဲမွာ တစ္ခ်ိန္က အေမရိ ကကို ႐ုပ္ဆိုးအက်ည္းတန္ခဲ့ ေသာ လူျဖဴလူမ်ိဳးႀကီး၀ါဒ ျပန္ လည္ႏုိးထလာၿပီဟု စိုးရိမ္မႈေတြ ၀င္ေရာက္လာသည္။ အမ်ားစုက ထိုကဲ့သို႔ လူျဖဴလူမ်ိဳးႀကီး၀ါဒသည္ သမၼတထရန္႔ႏွင့္ သူ႔ကိုေထာက္ခံခ်က္မ်ားကေန စတင္ႏုိးၾကားလာျခင္းျဖစ္၍ ထရန္႔ကို အျပစ္ တင္သည္။ သမၼတထရန္႔၏ ေရြး ေကာက္ပဲြကာလအတြင္း အေမရိ ကန္မ်ားကို အခြင့္အေရးမရေစ ေသာ တရားမ၀င္ေရႊ႕ေျပာင္းအ ေျခခ်သူမ်ားကို ကန္႔သတ္ေရး အစီအစဥ္မ်ားကေန ထရန္႔သည္ လူျဖဴလူမ်ိဳးႀကီး၀ါဒကို အသက္ ျပန္သြင္းလာသူျဖစ္သည္။ သူ သမၼတျဖစ္ၿပီး ေျခာက္လသက္ တမ္းအတြင္းမွာ လူျဖဴလူမ်ိဳးႀကီး ၀ါဒီသမားေတြ၊ တက္ႂကြလႈပ္ရွား  မႈေတြ တျဖည္းျဖည္းအသက္၀င္ လာၿပီး ယခုကဲ့သို႔ လူေသဆံုး သည့္အေျခအေနကို ေရာက္လာ ခဲ့ျခင္းျဖစ္၏။ သည္အေျခအေန က အေမရိကန္ကေရာက္ လူျဖဴ မဟုတ္ေသာ တျခားလူမ်ိဳးမ်ားကို စိုးရိမ္စိတ္ပူေစသည္။ အံုႂကြမႈ မ်ား ျဖစ္မလာေသးေသာ္လည္း ၾကားေနရေသာ သတင္းမ်ားက သတင္းေကာင္းမ်ားမဟုတ္ေပ။

 
ဆႏၵျပသူခ်င္း ႐ုန္းရင္းဆန္ခတ္ျဖစ္ပြားေနစဥ္ (Joshua Roberts/reuters)

‘‘ဖိုတီးဖိုက္ (အေမရိကန္၏ ၄၅ ေယာက္ေျမာက္ သမၼတ ထရန္႔ကို ဆိုလိုသည္) ယခုထိ သမၼတျဖစ္ေနေသးတာကို ကၽြန္ ေတာ္စိတ္ပ်က္တယ္။ လူျဖဴလူ မ်ိဳးႀကီး၀ါဒဟာ အေမရိကန္ အား လံုးအတြက္ အႏၲရာယ္တစ္ခုပါ။ တျခားအျဖဴေတြအတြက္လည္း အႏၲရာယ္ရွိပါတယ္။ ကၽြန္ေတာ့္ ေရွ႕မွာ အဲဒီလုိခဲြျခားမႈေတြေတြ႕ရ ရင္ ကၽြန္ေတာ္လည္း ဆန္႔က်င္ ဆႏၵျပတဲ့အထဲမွာပါမွာပဲ’’ဟု အ သက္ (၃၀) အရြယ္ ၀ါရွင္တန္ဒီစီ ၿမိဳ႕က မစၥတာခ်န္နင္းေ၀ါလကာ က သူ၏ စုိးရိမ္မႈကို ေျပာျပသည္။ မၾကာေသးခင္ကလည္း ေလဆိပ္ တစ္ခုမွာ အေမရိကန္တစ္ဦးက စပိန္စကားေျပာဆုိေနသူႏွစ္ဦးကို ႐ိုင္းစိုင္းစြာ ေျပာဆုိခဲ့သည့္ ျဖစ္ ရပ္၊ စားေသာက္ဆိုင္တစ္ခုတြင္ လည္း မြတ္စလင္အမ်ိဳးသမီးမ်ား ကို လူျဖဴမ်ားက နင္တို႔ တိုင္းျပည္မဟုတ္ေသာ အခုျပန္ဟု ေျပာၾကားျခင္းျဖစ္ရပ္မ်ားကို သတင္းေတြမွာ ျမင္ေတြ႕ခဲ့ရသည္။

စေနေန႔က အဓိက႐ုဏ္း  ျဖစ္သြားခဲ့သည့္ ဗာဂ်ီးနီးယားရွား ေလာ့စ္ေဗးလ္က လူျဖဴလူမ်ိဳးႀကီး ၀ါဒေထာက္ခံပဲြမွာ ပါ၀င္ခဲ့သူလူ ျဖဴမ်ားက သူတို႔၏ ေနရာကို မည္ သူမွ်အစား၀င္လို႔မရဟု ေႂကြး ေၾကာ္သံမ်ား ေႂကြးေၾကာ္ခဲ့သည္။ ထိုပဲြမွာ ပါ၀င္ခ့ဲၿပီး သူ႔ကိုယ္သူ လူျဖဴလူမ်ိဳးႀကီး၀ါဒီသမားဟု ခံယူထားသူ ပီတာစီဗက္ႏိုဗစ္က ‘‘တျခားယဥ္ေက်းမႈေတြလို ဥေရာပသားအျဖဴေတြရဲ႕ ယဥ္ေက်းမႈကလည္း ဒီေနရာမွာရွိေနရမယ့္အ ခြင့္အေရးရွိတယ္။ ကၽြန္ေတာ္တုိ႔မွာရွိတဲ့အရာကို ကၽြန္ေတာ္တုိ႔ ကာကြယ္ထိန္းသိမ္းခ်င္႐ံုသက္သက္ပါ’’ဟု ေျပာၾကား၏။

သို႔ေသာ္လည္း ကြဲျပားျခား နားမႈသည္ အေမရိကန္၏ အင္ အားဆုိသည့္ သမၼတ အုိဘားမား လက္ထက္က ေႂကြးေၾကာ္ခဲ့သည့္ အတိုင္း လူျဖဴအမ်ားႏွင့္ အျခား အေမရိကရွိ လူမ်ိဳးေပါင္းစံုက လူ မ်ိဳးႀကီး၀ါဒႏွင့္ လူမ်ိဳးခဲြျခားဆက္ ဆံမႈကို အျပင္းအထန္႐ႈတ္ခ်ခဲ့ၾက သည္။

လူျဖဴခ်ီတက္ပဲြမွာ ပါ၀င္ခဲ့ သူမ်ားကို ေဖာ္ထုတ္ၿပီး အလုပ္ႏွင့္ ေက်ာင္းမ်ားကေန ထုတ္ပယ္ရန္ ေတာင္းဆုိေနၾကသည္။ အခင္းျဖစ္ပြားခဲ့သည့္ ဗာဂ်ီးနီးယားျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး တယ္ရီမက္ခ္ အူလီဇီက လူျဖဴလူမ်ိဳးႀကီး၀ါဒီဆႏၵျပသူမ်ားကို

‘‘ဒီကေန႔ ရွားေလာ့စ္ေဗးလ္ကိုလာၾကတဲ့ လူျဖဴလူမ်ိဳးႀကီး၀ါဒီေတြနဲ႔ နာဇီ၀ါဒသမားေတြအတြက္ ကၽြန္ေတာ္ေျပာစရာရွိတယ္။ ေျပာခ်င္တာကေတာ့ ရွင္းရွင္းေလးပဲ။ ခင္ဗ်ားတုိ႔ အိမ္ျပန္၊ ဘယ္ေတာ့မွ ျပန္မလာနဲ႔ လူမ်ိဳးစံုေနၾကတဲ့ ဒီျပည္နယ္က ခင္ဗ်ားကို အလိုမရွိဘူး။ ခင္ဗ်ားအတြက္ရွက္မိတယ္။ ခင္ဗ်ာတို႔ ကုိယ့္ကုိယ္ကိုယ္ မ်ိဳးခ်စ္ေယာင္ေဆာင္ထားတယ္။ တကယ္ေတာ့ ခင္ဗ်ားက ဒီကုိလာၿပီး လူေတြကို ဒုကၡေပးတယ္။ ခင္ဗ်ားတုိ႔အတြက္ အေမရိကမွာ ေနရာမရွိဘူး’’ဟု ေျပာဆုိတုံ႔ျပန္ခဲ့သည္။

ယခုျဖစ္ရပ္ႏွင့္ပတ္သက္ၿပီး ထရန္႔က သမၼတတစ္ဦးအေနျဖင့္ ခ်က္ခ်င္းတုံ႔ျပန္ရာမွာ လူျဖဴလူမ်ိဳး ႀကီး၀ါဒကို ႐ႈတ္ခ်တိုက္ခိုက္သည့္ အသံုးကိုမသံုးခဲ့ေခ်။ ဒုတိယ သမၼတ မိုက္ခ္ပန္႔ကပင္ လူျဖဴလူ မ်ိဳးႀကီး၀ါဒကို ေဖာ္ထုတ္ဆန္႔က်င္ ေျပာေသာ္လည္း ထရန္႔က တုံ႔ ဆုိင္းေန၏။ အဘယ္ေၾကာင့္ဆိုေသာ္ သူကိုယ္တိုင္ကပင္လွ်င္ သူ႔ ကို ေထာက္ခံသူကို ေထာက္ခံသူအခ်ိဳ႕၏ လူမ်ိဳးခဲြျခားမႈ၀ါဒကို အားေပးသူ တစ္ဦးျဖစ္ေနေသာ ေၾကာင့္ဟု ၀ါရွင္တန္ပို႔စ္သတင္း စာက ေရးသားထားသည္။ ထို႔ ေၾကာင့္ လူေတြက ထရန္႔ကို ေဒါသထြက္ခဲ့ၾကသည္။

သို႔ေသာ္လည္း တနလၤာေန႔ တြင္ ထရန္႔က လူျဖဴလူမ်ိဳးႀကီး၀ါဒ ႏွင့္ လူမ်ိဳးေရးခဲြျခားမႈကို ႐ႈတ္ခ် သည့္ စကားကို တရား၀င္ေျပာၾကားခဲ့သည္။

‘‘ဒီလို အမုန္းတရားေတြ။ ကိုယ္နဲ႔ အျမင္မတူသူေတြကို ဆန္႔က်င္သူေတြ၊ အၾကမ္းဖက္မႈေတြကို ကၽြန္ေတာ္တို႔ ႐ႈတ္ခ်ကန္႔ကြက္ပါတယ္။ ဒါေတြအတြက္ အေမရိကမွာ ေနရာမရွိပါဘူး’’

လူျဖဴလူမ်ိဳးႀကီး၀ါဒကို ကန္႔ ကြက္မႈကို သမၼတက ခ်က္ခ်င္းမ ေျပာသျဖင့္ စိတ္ပ်က္သူမ်ားရွိသ ကဲ့သို႔ ယခုကဲ့သို႔ တရား၀င္မိန္႔ ခြန္းေျပာၿပီး ကန္႔ကြက္ခဲ့သည့္အ တြက္လည္း စိတ္သက္သာရာရ မႈမ်ားလည္းရွိသည္။ မည္သုိ႔ပင္ျဖစ္ေစ အေမရိကမွာ ၁၉၆၀ မ်ားမွာ ေခတ္စားခဲ့ေသာ လူျဖဴ၀ါဒ အေငြ႕အသက္မ်ားကို ျမင္လာရသည္က အမွန္တရားပင္ျဖစ္သည္။

ယခုလက္ရွိတြင္ အေမရိကန္ လူဦးေရက သန္း ၃၂၀ ေက်ာ္ၿပီး ကမၻာေပၚက လူမ်ိဳးေပါင္းစံုရွိေနသျဖင့္ လူမ်ိဳးခဲြျခားမႈပံုစံက ဘယ္လိုသြားမည္မသိဟု စိတ္ပူသူက ပူေနၾကသည္။

အေမရိကန္ႏုိင္ငံ အရီဇိုးနား ျပည္နယ္က ဖက္ရွင္ဆရာ ျမန္မာ အမ်ိဳးသား ကိုေအာင္လင္းက ‘‘အရင္က အသားအေရာင္ အျဖဴ အမည္းခဲြျခားတယ္ေပါ့။ အခုက ဘယ္လိုလဲ ဘယ္လိုခဲြျခားမလဲ အျဖဴအ၀ါလား၊ အျဖဴနဲ႔ စပိန္ လား၊ ဥေရာပနဲ႔ အာရွက လူေတြ ကိုလား။ ၿပီးေတာ့ ကၽြန္ေတာ္ ျမန္မာဆုိေတာ့ အျဖဴလည္းမ ဟုတ္ အမည္းလည္းမဟုတ္။ အသားက အညိဳဆုိေတာ့ ဘယ္ထဲပါမလဲ။ အဲဒါေတာ့ ေတြးေနမိတယ္’’

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
လူအုပ်အတွင်းသို့ ကားဖြင့် ဝင်တိုက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဝမ်းနည်းပူဆွေးနေသူများ (Justin Ide/reuters)

ပြီးခဲ့သည့် စနေနေ့က ဗာဂျီးနီးယား ပြည်နယ် ရှားလော့စ်ဗေးလ် မြို့မှာဖြစ်ပွားခဲ့သော လူဖြူလူမျိုး ကြီးဝါဒသမားများနှင့်ဆန့်ကျင်သူ များအကြား ထိပ်တိုက်တိုးမှု ကြောင့် လူသုံးဦးသေဆုံးခဲ့သည်။ သေဆုံးသူများတွင် ဟီသာဟေ ရာဆိုသည့် ၃၂ နှစ်အရွယ် အမျိုး သမီးတစ်ဦးပါဝင်၏။ သူသည် လူ ဖြူလူမျိုးကြီးဝါဒ ပြင်းထန်သူ အ သက် (၂၀) အရွယ်ဂျိမ်းအဲလက်စ် ဖီးလ်က လူအုပ်ထဲကို ကားနှင့် တိုက်မိရာမှ သေဆုံးခြင်းဖြစ် သည်။

ထိုသတင်းသည် အမေရိ ကန်တစ်နိုင်ငံလုံးကို ချောက်ချား သွားစေသည်။ ထို့အတူ လူအများ ၏ စိတ်ထဲမှာ တစ်ချိန်က အမေရိ ကကို ရုပ်ဆိုးအကျည်းတန်ခဲ့ သော လူဖြူလူမျိုးကြီးဝါဒ ပြန် လည်နိုးထလာပြီဟု စိုးရိမ်မှုတွေ ဝင်ရောက်လာသည်။ အများစုက ထိုကဲ့သို့ လူဖြူလူမျိုးကြီးဝါဒသည် သမ္မတထရန့်နှင့် သူ့ကိုထောက်ခံချက်များကနေ စတင်နိုးကြားလာခြင်းဖြစ်၍ ထရန့်ကို အပြစ် တင်သည်။ သမ္မတထရန့်၏ ရွေး ကောက်ပွဲကာလအတွင်း အမေရိ ကန်များကို အခွင့်အရေးမရစေ သော တရားမဝင်ရွှေ့ပြောင်းအ ခြေချသူများကို ကန့်သတ်ရေး အစီအစဉ်များကနေ ထရန့်သည် လူဖြူလူမျိုးကြီးဝါဒကို အသက် ပြန်သွင်းလာသူဖြစ်သည်။ သူ သမ္မတဖြစ်ပြီး ခြောက်လသက် တမ်းအတွင်းမှာ လူဖြူလူမျိုးကြီး ဝါဒီသမားတွေ၊ တက်ကြွလှုပ်ရှား  မှုတွေ တဖြည်းဖြည်းအသက်ဝင် လာပြီး ယခုကဲ့သို့ လူသေဆုံး သည့်အခြေအနေကို ရောက်လာ ခဲ့ခြင်းဖြစ်၏။ သည်အခြေအနေ က အမေရိကန်ကရောက် လူဖြူ မဟုတ်သော တခြားလူမျိုးများကို စိုးရိမ်စိတ်ပူစေသည်။ အုံကြွမှု များ ဖြစ်မလာသေးသော်လည်း ကြားနေရသော သတင်းများက သတင်းကောင်းများမဟုတ်ပေ။

ဆန္ဒပြသူချင်း ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေစဉ် (Joshua Roberts/reuters)

‘‘ဖိုတီးဖိုက် (အမေရိကန်၏ ၄၅ ယောက်မြောက် သမ္မတ ထရန့်ကို ဆိုလိုသည်) ယခုထိ သမ္မတဖြစ်နေသေးတာကို ကျွန် တော်စိတ်ပျက်တယ်။ လူဖြူလူ မျိုးကြီးဝါဒဟာ အမေရိကန် အား လုံးအတွက် အန္တရာယ်တစ်ခုပါ။ တခြားအဖြူတွေအတွက်လည်း အန္တရာယ်ရှိပါတယ်။ ကျွန်တော့် ရှေ့မှာ အဲဒီလိုခွဲခြားမှုတွေတွေ့ရ ရင် ကျွန်တော်လည်း ဆန့်ကျင် ဆန္ဒပြတဲ့အထဲမှာပါမှာပဲ’’ဟု အ သက် (၃၀) အရွယ် ဝါရှင်တန်ဒီစီ မြို့က မစ္စတာချန်နင်းဝေါလကာ က သူ၏ စိုးရိမ်မှုကို ပြောပြသည်။ မကြာသေးခင်ကလည်း လေဆိပ် တစ်ခုမှာ အမေရိကန်တစ်ဦးက စပိန်စကားပြောဆိုနေသူနှစ်ဦးကို ရိုင်းစိုင်းစွာ ပြောဆိုခဲ့သည့် ဖြစ် ရပ်၊ စားသောက်ဆိုင်တစ်ခုတွင် လည်း မွတ်စလင်အမျိုးသမီးများ ကို လူဖြူများက နင်တို့ တိုင်းပြည်မဟုတ်သော အခုပြန်ဟု ပြောကြားခြင်းဖြစ်ရပ်များကို သတင်းတွေမှာ မြင်တွေ့ခဲ့ရသည်။

စနေနေ့က အဓိကရုဏ်း  ဖြစ်သွားခဲ့သည့် ဗာဂျီးနီးယားရှား လော့စ်ဗေးလ်က လူဖြူလူမျိုးကြီး ဝါဒထောက်ခံပွဲမှာ ပါဝင်ခဲ့သူလူ ဖြူများက သူတို့၏ နေရာကို မည် သူမျှအစားဝင်လို့မရဟု ကြွေး ကြော်သံများ ကြွေးကြော်ခဲ့သည်။ ထိုပွဲမှာ ပါဝင်ခဲ့ပြီး သူ့ကိုယ်သူ လူဖြူလူမျိုးကြီးဝါဒီသမားဟု ခံယူထားသူ ပီတာစီဗက်နိုဗစ်က ‘‘တခြားယဉ်ကျေးမှုတွေလို ဥရောပသားအဖြူတွေရဲ့ ယဉ်ကျေးမှုကလည်း ဒီနေရာမှာရှိနေရမယ့်အ ခွင့်အရေးရှိတယ်။ ကျွန်တော်တို့မှာရှိတဲ့အရာကို ကျွန်တော်တို့ ကာကွယ်ထိန်းသိမ်းချင်ရုံသက်သက်ပါ’’ဟု ပြောကြား၏။

သို့သော်လည်း ကွဲပြားခြား နားမှုသည် အမေရိကန်၏ အင် အားဆိုသည့် သမ္မတ အိုဘားမား လက်ထက်က ကြွေးကြော်ခဲ့သည့် အတိုင်း လူဖြူအများနှင့် အခြား အမေရိကရှိ လူမျိုးပေါင်းစုံက လူ မျိုးကြီးဝါဒနှင့် လူမျိုးခွဲခြားဆက် ဆံမှုကို အပြင်းအထန်ရှုတ်ချခဲ့ကြ သည်။

လူဖြူချီတက်ပွဲမှာ ပါဝင်ခဲ့ သူများကို ဖော်ထုတ်ပြီး အလုပ်နှင့် ကျောင်းများကနေ ထုတ်ပယ်ရန် တောင်းဆိုနေကြသည်။ အခင်းဖြစ်ပွားခဲ့သည့် ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး တယ်ရီမက်ခ် အူလီဇီက လူဖြူလူမျိုးကြီးဝါဒီဆန္ဒပြသူများကို

‘‘ဒီကနေ့ ရှားလော့စ်ဗေးလ်ကိုလာကြတဲ့ လူဖြူလူမျိုးကြီးဝါဒီတွေနဲ့ နာဇီဝါဒသမားတွေအတွက် ကျွန်တော်ပြောစရာရှိတယ်။ ပြောချင်တာကတော့ ရှင်းရှင်းလေးပဲ။ ခင်ဗျားတို့ အိမ်ပြန်၊ ဘယ်တော့မှ ပြန်မလာနဲ့ လူမျိုးစုံနေကြတဲ့ ဒီပြည်နယ်က ခင်ဗျားကို အလိုမရှိဘူး။ ခင်ဗျားအတွက်ရှက်မိတယ်။ ခင်ဗျာတို့ ကိုယ့်ကိုယ်ကိုယ် မျိုးချစ်ယောင်ဆောင်ထားတယ်။ တကယ်တော့ ခင်ဗျားက ဒီကိုလာပြီး လူတွေကို ဒုက္ခပေးတယ်။ ခင်ဗျားတို့အတွက် အမေရိကမှာ နေရာမရှိဘူး’’ဟု ပြောဆိုတုံ့ပြန်ခဲ့သည်။

ယခုဖြစ်ရပ်နှင့်ပတ်သက်ပြီး ထရန့်က သမ္မတတစ်ဦးအနေဖြင့် ချက်ချင်းတုံ့ပြန်ရာမှာ လူဖြူလူမျိုး ကြီးဝါဒကို ရှုတ်ချတိုက်ခိုက်သည့် အသုံးကိုမသုံးခဲ့ချေ။ ဒုတိယ သမ္မတ မိုက်ခ်ပန့်ကပင် လူဖြူလူ မျိုးကြီးဝါဒကို ဖော်ထုတ်ဆန့်ကျင် ပြောသော်လည်း ထရန့်က တုံ့ ဆိုင်းနေ၏။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်ကပင်လျှင် သူ့ ကို ထောက်ခံသူကို ထောက်ခံသူအချို့၏ လူမျိုးခွဲခြားမှုဝါဒကို အားပေးသူ တစ်ဦးဖြစ်နေသော ကြောင့်ဟု ဝါရှင်တန်ပို့စ်သတင်း စာက ရေးသားထားသည်။ ထို့ ကြောင့် လူတွေက ထရန့်ကို ဒေါသထွက်ခဲ့ကြသည်။

သို့သော်လည်း တနင်္လာနေ့ တွင် ထရန့်က လူဖြူလူမျိုးကြီးဝါဒ နှင့် လူမျိုးရေးခွဲခြားမှုကို ရှုတ်ချ သည့် စကားကို တရားဝင်ပြောကြားခဲ့သည်။

‘‘ဒီလို အမုန်းတရားတွေ။ ကိုယ်နဲ့ အမြင်မတူသူတွေကို ဆန့်ကျင်သူတွေ၊ အကြမ်းဖက်မှုတွေကို ကျွန်တော်တို့ ရှုတ်ချကန့်ကွက်ပါတယ်။ ဒါတွေအတွက် အမေရိကမှာ နေရာမရှိပါဘူး’’

လူဖြူလူမျိုးကြီးဝါဒကို ကန့် ကွက်မှုကို သမ္မတက ချက်ချင်းမ ပြောသဖြင့် စိတ်ပျက်သူများရှိသ ကဲ့သို့ ယခုကဲ့သို့ တရားဝင်မိန့် ခွန်းပြောပြီး ကန့်ကွက်ခဲ့သည့်အ တွက်လည်း စိတ်သက်သာရာရ မှုများလည်းရှိသည်။ မည်သို့ပင်ဖြစ်စေ အမေရိကမှာ ၁၉၆၀ များမှာ ခေတ်စားခဲ့သော လူဖြူဝါဒ အငွေ့အသက်များကို မြင်လာရသည်က အမှန်တရားပင်ဖြစ်သည်။

ယခုလက်ရှိတွင် အမေရိကန် လူဦးရေက သန်း ၃၂၀ ကျော်ပြီး ကမ္ဘာပေါ်က လူမျိုးပေါင်းစုံရှိနေသဖြင့် လူမျိုးခွဲခြားမှုပုံစံက ဘယ်လိုသွားမည်မသိဟု စိတ်ပူသူက ပူနေကြသည်။

အမေရိကန်နိုင်ငံ အရီဇိုးနား ပြည်နယ်က ဖက်ရှင်ဆရာ မြန်မာ အမျိုးသား ကိုအောင်လင်းက ‘‘အရင်က အသားအရောင် အဖြူ အမည်းခွဲခြားတယ်ပေါ့။ အခုက ဘယ်လိုလဲ ဘယ်လိုခွဲခြားမလဲ အဖြူအဝါလား၊ အဖြူနဲ့ စပိန် လား၊ ဥရောပနဲ့ အာရှက လူတွေ ကိုလား။ ပြီးတော့ ကျွန်တော် မြန်မာဆိုတော့ အဖြူလည်းမ ဟုတ် အမည်းလည်းမဟုတ်။ အသားက အညိုဆိုတော့ ဘယ်ထဲပါမလဲ။ အဲဒါတော့ တွေးနေမိတယ်’’

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top