Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ထုိင္းႏုိင္ငံမွာ ဒီဇိုင္နာတစ္ဦးရဲ႕ ပိုက္ဆံအိတ္ကို တစ္ျပားမွမသံုးဘဲ ျပန္ေပးတဲ့ အိမ္ေျခမဲ့ အမ်ဳိးသားဟာ သူ႔ရဲ႕ျဖဴစင္တဲ့လုပ္ရပ္အတြက္ အဖိုးမျဖတ္ႏုိင္တဲ့ ဆုျပန္ရခဲ့ပါတယ္။အဲဒါကေတာ့ အလုပ္လက္မဲ့၊ အိမ္ေျခမဲ့တစ္ေယာက္ျဖစ္တဲ့ သူ႔အတြက္ အလုပ္နဲ႔ တုိက္ခန္းသစ္တစ္ခန္းပါပဲ။


အသက္ ၄၄ ႏွစ္အရြယ္ ဝါရာေလာ့ဟာ ဘတ္ ႏွစ္ေသာင္း (ေဒၚလာ ၄၄၀) ပါတဲ့ ပိုက္ဆံအိတ္နဲ႔ ခရက္ဒစ္ကတ္ေတြပါတဲ့ ပိုက္ဆံအိတ္ကို ေကာက္ရခ်ိန္မွာ သူ႔မွာ တစ္ေဒၚလာေတာင္မျပည့္တဲ့ ထုိင္းေငြ ၉ ဘတ္ သာ ရွိပါတယ္။

ဒါေပမဲ့ ဆာေလာင္ေနတဲ့ ဝါရာေလာ့ဟာ အဲဒီေငြေတြနဲ႔ စားစရာတစ္ခုခု ဝယ္မစားဘဲ ရဲစခန္းကိုသြားကာ ပိုက္ဆံအိတ္ကို ျပန္ေပးခဲ့ပါတယ္။ သူ႔ရဲ႕မြန္ျမတ္တဲ့စိတ္ဓာတ္ေလးဟာ လ်စ္လ်ဴ႐ႈမခံခဲ့ရပါဘူး။



ပိုက္ဆံအိတ္ပိုင္ရွင္ အသက္ ၃၀ အရြယ္ နယ္တီပြန္ခရင္ယိုဟာ သူ႔ပိုက္ဆံအိတ္ ေတြ႕ၿပီလို႔ ရဲတပ္ဖြဲ႕က ေျပာေတာ့ အရမ္းကို ဝမ္းသာသြားခဲ့ၿပီး ဝါရာေလာ့ကို ဘန္ေကာက္က သူ႔ရဲ႕ စက္႐ံုမွာ အလုပ္ေပးခဲ့ပါတယ္။

"ကၽြန္ေတာ္ ေပ်ာက္လို႔ေပ်ာက္သြားမွန္းေတာင္မသိတဲ့ ပိုက္ဆံအိတ္ကို ေတြ႕တယ္လို႔ ရဲက ေျပာေတာ့ အရမ္းအံ့ၾသသြားတယ္။ ကၽြန္ေတာ္သာ ပိုက္ဆံမရွိခ်ိန္ အဲဒီလို ေကာက္ရရင္ ယူထားလိုက္မိႏုိင္တယ္" လို႔ နစ္တီက ေျပာပါတယ္။


"ဒါေပမဲ့ သူက အိမ္ ေျခမဲ့ျဖစ္တဲ့အျပင္ လက္ထဲမွာ အေၾကြေလာက္သာရွိေပမဲ့ျပန္ေပးခဲ့တယ္။ ဒါဟာ ႐ိုးသားျဖဴစင္မႈကို ျပတာပဲ။ ဒါဟာ ကၽြန္ေတာ္တို႔လိုအပ္ေနတဲ့ ဝန္ထမ္းမ်ဳိးျဖစ္ေနတယ္ေလ" လို႔ သူက ဆုိပါတယ္။


နစ္တီက ဝါရာေလာ့ကို ဘတ္ ႏွစ္ေထာင္ေပးမယ္လုိ႔ စဥ္းစားမိေပမဲ့ ေနာက္မွ အလုပ္ေပးဖုိ႔ ဆံုးျဖတ္လုိက္ပါတယ္။

ဝါရာေလာ့ဟာ အခုဆုိရင္ ေနထိုင္စရာ တုိက္ခန္တစ္ခန္းနဲ႔ တစ္လကို ဘတ္ တစ္ေသာင္းတစ္ေထာင္ (ေဒၚလာ ၂၄၀) လစာ ရေနပါၿပီ။

Source & Photos : Metro

ဖိုးသူေတာ္ (www.phothutaw.com)
Credit:   Duwun

#Unicode Version#
ထိုင်းနိုင်ငံမှာ ဒီဇိုင်နာတစ်ဦးရဲ့ ပိုက်ဆံအိတ်ကို တစ်ပြားမှမသုံးဘဲ ပြန်ပေးတဲ့ အိမ်ခြေမဲ့ အမျိုးသားဟာ သူ့ရဲ့ဖြူစင်တဲ့လုပ်ရပ်အတွက် အဖိုးမဖြတ်နိုင်တဲ့ ဆုပြန်ရခဲ့ပါတယ်။အဲဒါကတော့ အလုပ်လက်မဲ့၊ အိမ်ခြေမဲ့တစ်ယောက်ဖြစ်တဲ့ သူ့အတွက် အလုပ်နဲ့ တိုက်ခန်းသစ်တစ်ခန်းပါပဲ။
play



အသက် ၄၄ နှစ်အရွယ် ဝါရာလော့ဟာ ဘတ် နှစ်သောင်း (ဒေါ်လာ ၄၄၀) ပါတဲ့ ပိုက်ဆံအိတ်နဲ့ ခရက်ဒစ်ကတ်တွေပါတဲ့ ပိုက်ဆံအိတ်ကို ကောက်ရချိန်မှာ သူ့မှာ တစ်ဒေါ်လာတောင်မပြည့်တဲ့ ထိုင်းငွေ ၉ ဘတ် သာ ရှိပါတယ်။

ဒါပေမဲ့ ဆာလောင်နေတဲ့ ဝါရာလော့ဟာ အဲဒီငွေတွေနဲ့ စားစရာတစ်ခုခု ဝယ်မစားဘဲ ရဲစခန်းကိုသွားကာ ပိုက်ဆံအိတ်ကို ပြန်ပေးခဲ့ပါတယ်။ သူ့ရဲ့မွန်မြတ်တဲ့စိတ်ဓာတ်လေးဟာ လျစ်လျူရှုမခံခဲ့ရပါဘူး။
play



ပိုက်ဆံအိတ်ပိုင်ရှင် အသက် ၃၀ အရွယ် နယ်တီပွန်ခရင်ယိုဟာ သူ့ပိုက်ဆံအိတ် တွေ့ပြီလို့ ရဲတပ်ဖွဲ့က ပြောတော့ အရမ်းကို ဝမ်းသာသွားခဲ့ပြီး ဝါရာလော့ကို ဘန်ကောက်က သူ့ရဲ့ စက်ရုံမှာ အလုပ်ပေးခဲ့ပါတယ်။

"ကျွန်တော် ပျောက်လို့ပျောက်သွားမှန်းတောင်မသိတဲ့ ပိုက်ဆံအိတ်ကို တွေ့တယ်လို့ ရဲက ပြောတော့ အရမ်းအံ့သြသွားတယ်။ ကျွန်တော်သာ ပိုက်ဆံမရှိချိန် အဲဒီလို ကောက်ရရင် ယူထားလိုက်မိနိုင်တယ်" လို့ နစ်တီက ပြောပါတယ်။
play
ဝါရာလော့နဲ့ နစ်တီ



"ဒါပေမဲ့ သူက အိမ်ခြေမဲ့ဖြစ်တဲ့အပြင် လက်ထဲမှာ အကြွေလောက်သာရှိပေမဲ့ပြန်ပေးခဲ့တယ်။ ဒါဟာ ရိုးသားဖြူစင်မှုကို ပြတာပဲ။ ဒါဟာ ကျွန်တော်တို့လိုအပ်နေတဲ့ ဝန်ထမ်းမျိုးဖြစ်နေတယ်လေ" လို့ သူက ဆိုပါတယ်။
play



နစ်တီက ဝါရာလော့ကို ဘတ် နှစ်ထောင်ပေးမယ်လို့ စဉ်းစားမိပေမဲ့ နောက်မှ အလုပ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဝါရာလော့ဟာ အခုဆိုရင် နေထိုင်စရာ တိုက်ခန်တစ်ခန်းနဲ့ တစ်လကို ဘတ် တစ်သောင်းတစ်ထောင် (ဒေါ်လာ ၂၄၀) လစာ ရနေပါပြီ။

Source & Photos : Metro

ဖိုးသူတော် (www.phothutaw.com)
Credit:   Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top