Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မေလးရွားနုိင္ငံ ကြာလာလမ္ပူၿမိဳ႕မွာ က်င္းပေနတဲ့ ၂၉ ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွ အားကစားပြဲေတာ္ ဆီးဂိမ္းမွာ ျမန္မာ ပရိသတ္ေတြကို ေတြ႔ရစဥ္။ Photo: Myanmar Football Federation
မေလးရွားနုိင္ငံ ကြာလာလမ္ပူၿမိဳ႕မွာ က်င္းပေနတဲ့ ၂၉ ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွ အားကစားပြဲေတာ္ ဆီးဂိမ္း အမ်ိဳးသားေဘာလံုးပြဲမွာ ဒီကေန႔ ျမန္္မာ ေဘာလံုးအသင္းနဲ႔ အိမ္ရွင္ မေလးရွား အသင္းတို႔ အုပ္စု ဗိုလ္လုပြဲ ကစားမွာျဖစ္တာေၾကာင္႔ ျမန္မာပရိသတ္ကို အကူအညီေပးဖို႔ မေလးရွားမွာရွိတဲ့ ျမန္မာ ပရဟိတ အဖြဲ႔ေတြနဲ႔ အဖြဲ႔ေပါင္းစံုက တာ၀န္ယူထားပါတယ္။

မေလးရွားအာဏာပိုင္ေတြဘက္ကလည္း ျမန္မာပရိသတ္ ၈၀၀၀ ေက်ာ္အတြက္ ေနရာသီးျခား သတ္မွတ္ေပး ထားပါတယ္။ ျမန္မာပရိသတ္အေနနဲ႔ ႀကိဳတင္စီစဥ္ထားတဲ့ ဘတ္စ္ကားေတြနဲ႔ ကြင္းထဲမွာရွိတဲ့ ကားရပ္နားေနရာကို တိုက္ရိုက္တန္း၀င္ၿပီး၊ လုပ္အားေပးအဖြဲ႔က ေနရာခ်ထားေပးမွာ ျဖစ္ပါတယ္။

လုပ္အားေပးအဖြဲ႔၀င္တစ္ဦးျဖစ္တဲ့ ကိုသီဟက အခုလို ေျပာျပပါတယ္။

"က်ေနာ္တို႔ အဖြဲ႔တစ္ဖြဲ႔ဖြဲ႔လိုက္တယ္ေပါ့၊ ရန္မျဖစ္ေအာင္၊ က်ေနာ္တို႔က လာကတည္းက စနစ္တက် ကားပါကင္ေရာက္မယ္၊ အဲဒီက က်ေနာ္တို႔ လက္မွတ္ေကာင္တာကိုေခၚသြားမယ္၊ လက္မွတ္ေကာင္တာ ကိုေရာက္ၿပီဆိုတာနဲ႔ လက္မွတ္ျဖတ္မယ္၊ ဂိတ္ျဖတ္မယ္၊ ခႏၡာကိုယ္စစ္ေဆးမယ္၊ ၿပီးတာနဲ႔ က်ေနာ္တို႔ လူေတြရွိမယ္ ထိုင္ခံုေတြဘက္ကိုေပါ့ေနာ္"

အလားတူ ေဘာလံုးပြဲၿပိီးခ်ိန္မွာလည္း ကားေပၚေရာက္တဲ့အထိ လုပ္အားေပးအဖြဲ႔ေတြက ျပန္ပို႔ေပးၿပီး ကြင္းထဲ က ျပန္ထြက္မွာျဖစ္ပါတယ္။ အဖြဲ႔အေနနဲ႔ မေလးရွားအာဏာပိုင္ေတြနဲ႔လည္း ညိဳႏိႈင္းမႈေတြ ေဆာင္ရြက္ထားတယ္ လို႔ သိရပါတယ္။

ျမန္မာနိုင္ငံသားတခ်ိဳ႕ စိုးရိမ္ေနတာက ေဘာလံုးပြဲအၿပီး အျပန္မွာ ေနထိုင္ခြင့္လက္မွတ္မရွိသူေတြကို မေလးရွား ရဲက ဖမ္းဆီးႏိုင္တဲ့ကိစၥျဖစ္ပါတယ္။ ဒီအတြက္လည္း ႀကိဳတင္ညိွႏိႈင္းတာေတြရွိတယ္လို႔ သိရပါတယ္။

 http://www.rfa.org/burmese

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  RFA Burmese

#Unicode Version#
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပနေတဲ့ ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် ဆီးဂိမ်းမှာ မြန်မာ ပရိသတ်တွေကို တွေ့ရစဉ်။ Photo: Myanmar Football Federation
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပနေတဲ့ ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် ဆီးဂိမ်း အမျိုးသားဘောလုံးပွဲမှာ ဒီကနေ့ မြန်မာ ဘောလုံးအသင်းနဲ့ အိမ်ရှင် မလေးရှား အသင်းတို့ အုပ်စု ဗိုလ်လုပွဲ ကစားမှာဖြစ်တာကြောင့် မြန်မာပရိသတ်ကို အကူအညီပေးဖို့ မလေးရှားမှာရှိတဲ့ မြန်မာ ပရဟိတ အဖွဲ့တွေနဲ့ အဖွဲ့ပေါင်းစုံက တာဝန်ယူထားပါတယ်။

မလေးရှားအာဏာပိုင်တွေဘက်ကလည်း မြန်မာပရိသတ် ၈၀၀၀ ကျော်အတွက် နေရာသီးခြား သတ်မှတ်ပေး ထားပါတယ်။ မြန်မာပရိသတ်အနေနဲ့ ကြိုတင်စီစဉ်ထားတဲ့ ဘတ်စ်ကားတွေနဲ့ ကွင်းထဲမှာရှိတဲ့ ကားရပ်နားနေရာကို တိုက်ရိုက်တန်းဝင်ပြီး၊ လုပ်အားပေးအဖွဲ့က နေရာချထားပေးမှာ ဖြစ်ပါတယ်။

လုပ်အားပေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုသီဟက အခုလို ပြောပြပါတယ်။

"ကျနော်တို့ အဖွဲ့တစ်ဖွဲ့ဖွဲ့လိုက်တယ်ပေါ့၊ ရန်မဖြစ်အောင်၊ ကျနော်တို့က လာကတည်းက စနစ်တကျ ကားပါကင်ရောက်မယ်၊ အဲဒီက ကျနော်တို့ လက်မှတ်ကောင်တာကိုခေါ်သွားမယ်၊ လက်မှတ်ကောင်တာ ကိုရောက်ပြီဆိုတာနဲ့ လက်မှတ်ဖြတ်မယ်၊ ဂိတ်ဖြတ်မယ်၊ ခန္ခာကိုယ်စစ်ဆေးမယ်၊ ပြီးတာနဲ့ ကျနော်တို့ လူတွေရှိမယ် ထိုင်ခုံတွေဘက်ကိုပေါ့နော်"

အလားတူ ဘောလုံးပွဲပြီးချိန်မှာလည်း ကားပေါ်ရောက်တဲ့အထိ လုပ်အားပေးအဖွဲ့တွေက ပြန်ပို့ပေးပြီး ကွင်းထဲ က ပြန်ထွက်မှာဖြစ်ပါတယ်။ အဖွဲ့အနေနဲ့ မလေးရှားအာဏာပိုင်တွေနဲ့လည်း ညိုနှိုင်းမှုတွေ ဆောင်ရွက်ထားတယ် လို့ သိရပါတယ်။

မြန်မာနိုင်ငံသားတချို့ စိုးရိမ်နေတာက ဘောလုံးပွဲအပြီး အပြန်မှာ နေထိုင်ခွင့်လက်မှတ်မရှိသူတွေကို မလေးရှား ရဲက ဖမ်းဆီးနိုင်တဲ့ကိစ္စဖြစ်ပါတယ်။ ဒီအတွက်လည်း ကြိုတင်ညှိနှိုင်းတာတွေရှိတယ်လို့ သိရပါတယ်။
http://www.rfa.org/burmese

ဖိုးသူတော် (www.phothutaw.com)
Credit:  RFA Burmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top