လစဉ် (၄.၇၅) သိန်းကျော် သွင်းရုံဖြင့် သိန်း (၉၀၀) တန် ကွန်ဒို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး
×









Credit:  PannPwint
#Unicode Version#
တစ်ချို့ တစ်ချို့ဘဝတွေဟာ လူတွေထင်တာထက် ပိုပြီး ကြမ်းတမ်းခက်ခဲနေတာ ရှိပါတယ်။ တရုတ်နိုင်ငံမှ ညီအစ်မ နှစ်ယောက်တွင် ရောဂါတစ်ခု အတူတူဖြစ်ပွား ခံစားနေရပါတယ်။

ကလေးမလေးဟာ သူ့ညီမလေးကို အရမ်းချစ်တဲ့အတွက် ညီမလေးအတွက် ရောဂါသက်သာစေချင်သည် ဟုဆိုသည်။ သူကတော့ နောက်မှကုမည် ညီမလေးကို အရင်ကုသပေးဖို့ တောင်းဆိုခဲ့သည်။

သူတို့ကတော့ တရုတ်နိုင်ငံမှာ နေတာပဲဖြစ်ကြပါတယ်။ ကလေးနှစ်ယာက်လုံးဟာ Idiopathic juvenile osteoporosis လို့ အင်္ဂလိပ်လိုခေါ်သည့် အရိုးပွ ရောဂါတစ်ခု ခံစားနေကြရတာ ဖြစ်ပါတယ်။ ကျောရိုးနာခြင်း၊ တင်ပါး၊ ခြေထောက်များ နာခြင်းတွေကို ခံစားကြရပြီး လှမ်းလျှောက်ရတာ ခက်ခဲပါတယ်။

ကလေးမိဘတွေရဲ့ ပြောဆိုချက်အရ သူတို့ကလေးနှစ်ယောက်အတွက် သင့်တော်မည့် ရိုးတွင်းခြင်ဆီ လှူဒါန်းမည့်သူကတော့ ရှိသည်ဟုသိရသည်။ ကံမကောင်းစွာပဲ ခွဲစိတ်ကုသစရိတ်က များစွာကုန်ကျသည်။

ကလေးတစ်ယောက်အတွက် ခွဲစိတ်ကုသစရိတ်က ယွမ် ၅၀၀,၀၀၀ ကျန်ကျမည်ဟု ဆရာဝန်ကပြောသည်။ ထို့ကြောင့် ကလေးတစ်ယောက်အတွက်သာ ခွဲစိတ်ခ တတ်နိုင်မည်ဖြစ်သည်။

အသက် ၇ နှစ်အရွယ် ဝမ်ယူ ကအရိုးပွရောဂါကို ငယ်ငယ်လေးတည်းက ခံစားနေခဲ့ရာတာဖြစ်ပါတယ်။ သူမရဲ့အရိုးတွေဟာ သိမ်လှီပြီး ကျိုးလွယ်ခဲ့သည်။

အနည်းငယ်လောက် မတော်တဆဖြစ်ရုံနှင့် ပြင်းထန်စွာခံစားရပြီး၊ အသက်သေသွားနိုင်သည်။ ထို့ကြောင့် ကုသမှုကတော့ အရေးတကြီး လိုအပ်နေတာဖြစ်ပါတယ်။

ဒါပေမယ့် ဝမ်ယူက သူ့ဘဝကို အသက်တစ်နှစ်အရွယ် သူ့ညီမလေးအတွက် လဲလှယ်ခဲ့သည်။ ညီမလေးကလည်း သူ့လိုပဲ အရိုးပွရောဂါ ခံစားနေရတာဖြစ်ပါတယ်။ ဝမ်ယူက သူ့ကိုကုသမည့် အစီအစဉ်ကို ငြင်းပယ်ခဲ့ပြီး ညီမလေးကို ခွဲစိပ်ကုသပေးဖို့ ပြောဆိုခဲ့သည်။

သူကတော့ တရုတ်ရိုးရာ တိုင်းရင်းဆေးတွေပဲ နေတိုင်း သောက်နေခဲ့သည်။
ခက်ခဲကြပ်တည်းသော ဘဝရပ်ဝန်းတွေမှာ သာမန်လူအသိုက်အဝန်းတွေမှာ မတွေ့ရတဲ့ အကြင်နာတရားတွေ တွေ့ရတတ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:  PannPwint
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top