ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

   ေပ်ာက္ဆုံးေနသည့္ အမ်ဳိးသမီးတစ္ဦး ႐ုပ္အေလာင္းကို သယ္ေဆာင္လာစဥ္ (ဓာတ္ပံု − ေမာင္ကံ)
ေမာင္ေတာၿမိဳ႕နယ္ ကိုင္းႀကီး(ၿမိဳ)ရြာမွ ေပ်ာက္ဆံုးေန သည့္ ၿမိဳအမ်ိဳးသမီးႏွစ္ဦးအနက္ တစ္ဦး၏ ႐ုပ္အေလာင္းကို လံုၿခံဳ ေရးတပ္ဖြဲ႕ဝင္မ်ားက ဩဂုတ္ ၅ ရက္ ေန႔လယ္တြင္ ရြာအထက္ ပိုင္း ေမယုေတာင္ ေခ်ာင္းစပ္မွ ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း နယ္ျခား ေစာင့္ရဲစခန္းမွ အရာရွိတစ္ဦးက ေျပာသည္။

‘‘ေတာထဲက ေခ်ာင္းစပ္မွာ ရွာေတြ႕တာပါ။ ဒဏ္ရာကေတာ့ ေသနတ္ဒဏ္ရာ၊ ဓားဒဏ္ရာနဲ႔ ျဖစ္ပါတယ္’’ဟု နယ္စပ္လံုၿခံဳေရး အရာရွိက ဆုိသည္။

ရွာေဖြေတြ႕ရွိခဲ့သည့္ ၿမိဳအ မ်ိဳးသမီးသည္ အသက္ (၂၁)ႏွစ္ အရြယ္ မထုမ္ေဝျဖစ္ၿပီး ေပ်ာက္ဆံုးေနဆဲျဖစ္သည့္ (၄၀) ေက်ာ္အ ရြယ္ ၿမိဳအမ်ိဳးသမီးကို လံုၿခံဳေရး တပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ရွာေဖြေနေၾကာင္း ကိုင္းႀကီး (ၿမိဳ) ရြာသားကိုစိန္လွေမာင္က ေျပာသည္။ ရွာေဖြေတြ႕ရွိခဲ့သည့္ ၿမိဳအမ်ိဳးသမီး၏ ႐ုပ္အေလာင္းကို ေမာင္ေတာၿမိဳ႕နယ္ ျပည္သူ႔ေဆး ႐ံုသို႔ သယ္ယူကာ စစ္ေဆးၿပီး ဩဂုတ္ ၆ ရက္တြင္ သၿဂႋဳဟ္မည္ ျဖစ္သည္။

ဩဂုတ္ ၃ ရက္တြင္ ကိုင္းႀကီး (ၿမိဳ)ရြာေန ၿမိဳတုိင္းရင္းသားရွစ္ဦး သည္ ေမယုေတာင္ထဲသို႔ ေတာင္ ယာလုပ္ကိုင္ရန္ သြားေရာက္ခဲ့ရာ မွ အၾကမ္းဖက္သမားမ်ား သတ္ ျဖတ္မႈေၾကာင့္ ခုနစ္ဦးေသဆံုးၿပီး တစ္ဦးသည္ ေပ်ာက္ဆံုးေနဆဲျဖစ္ သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
ပျောက်ဆုံးနေသည့် အမျိုးသမီးတစ်ဦး ရုပ်အလောင်းကို သယ်ဆောင်လာစဉ် (ဓာတ်ပုံ − မောင်ကံ)

 မောင်တောမြို့နယ် ကိုင်းကြီး(မြို)ရွာမှ ပျောက်ဆုံးနေ သည့် မြိုအမျိုးသမီးနှစ်ဦးအနက် တစ်ဦး၏ ရုပ်အလောင်းကို လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ဩဂုတ် ၅ ရက် နေ့လယ်တွင် ရွာအထက် ပိုင်း မေယုတောင် ချောင်းစပ်မှ ရှာဖွေတွေ့ရှိခဲ့ကြောင်း နယ်ခြား စောင့်ရဲစခန်းမှ အရာရှိတစ်ဦးက ပြောသည်။

‘‘တောထဲက ချောင်းစပ်မှာ ရှာတွေ့တာပါ။ ဒဏ်ရာကတော့ သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာနဲ့ ဖြစ်ပါတယ်’’ဟု နယ်စပ်လုံခြုံရေး အရာရှိက ဆိုသည်။

ရှာဖွေတွေ့ရှိခဲ့သည့် မြိုအ မျိုးသမီးသည် အသက် (၂၁)နှစ် အရွယ် မထုမ်ဝေဖြစ်ပြီး ပျောက်ဆုံးနေဆဲဖြစ်သည့် (၄၀) ကျော်အ ရွယ် မြိုအမျိုးသမီးကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ရှာဖွေနေကြောင်း ကိုင်းကြီး (မြို) ရွာသားကိုစိန်လှမောင်က ပြောသည်။ ရှာဖွေတွေ့ရှိခဲ့သည့် မြိုအမျိုးသမီး၏ ရုပ်အလောင်းကို မောင်တောမြို့နယ် ပြည်သူ့ဆေး ရုံသို့ သယ်ယူကာ စစ်ဆေးပြီး ဩဂုတ် ၆ ရက်တွင် သင်္ဂြိုဟ်မည် ဖြစ်သည်။

ဩဂုတ် ၃ ရက်တွင် ကိုင်းကြီး (မြို)ရွာနေ မြိုတိုင်းရင်းသားရှစ်ဦး သည် မေယုတောင်ထဲသို့ တောင် ယာလုပ်ကိုင်ရန် သွားရောက်ခဲ့ရာ မှ အကြမ်းဖက်သမားများ သတ် ဖြတ်မှုကြောင့် ခုနစ်ဦးသေဆုံးပြီး တစ်ဦးသည် ပျောက်ဆုံးနေဆဲဖြစ် သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top